အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 13 June 2011

မန္တလေးသင်္ကြန်ကပုံ၇ိပ်တွေပါ

ကားပေါ်က ကောင်မလေး သုံးယောက်…
လမ်းပေါ်မှာ
ကောင်မလေးလို့ ထင်လားဟင်..
ဒီလိုဒီဇိုင်းတွေ များတယ်..။
ဒါလည်း ဆံပင်ဒီဇိုင်းတစ်မျိုးပဲ..
ဂျစ်ကားပေါ်က ကောင်မလေး…
ရေပက်ခံကားပေါ်မှာ
မဏ္ဍပ်အောက်မှာ…
ဒါက ဒီဇိုင်းတစ်မျိုး.. (ကြိုးပျောက်ဗျား) :P
လှလှလေးဖြစ်အောင် ပြင်…
ရိုးရာ အကကလည်း ချစ်စရာကောင်းပါတယ်နော..
လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသူ တစ်ဦး..
သစ်ပင်ခွကြားကနေ အမှန်အကန် မီးသတ်ပိုက်နဲ့ ထိုး…
မဏ္ဍပ်အောက်…
ကားပေါ်မှာ  ငုတ်တုတ်…
လူတွေနားချင်နေပြီ.. စိတ်တွေ မနားနိုင်သေး… (ဒါ သင်္ကြန်နောက်ဆုံးနေ့)
သစ်ပင်ပေါ်ကနေ အမှန်အကန်…
ဝေလျှံ
မျက်လုံး တစ်လုံးတည်း ပါတဲ့ လူလား ?
အားလုံးမေ့ပြီး က …
အုတ်ကျစ်ကျော်အေး ဂန်းစတား အုပ်စု (ဘယ်ကနေညာ .. သူရိန်..  ဒီဂျေအုပ်.. ဒီဂျေကလင်း.. ခရန်ကီ.. ဖွေးဖွေး)
ရေတွေနဲ့ ပက်ဖြန်းလိုက်မယ်… လောကကြီးသို့ အေးစေ…
သင်္ကြန်နောက်ဆုံးနေ့ ညနေ …
မဏ္ဍပ်တွေနားမှာ လုံးခြုံရေးတွေ ချထားတဲ့အပြင် မဏ္ဍပ်ပေါ်ထိ မိုင်းရှာစက်တွေနဲ့ ရှာဖွေတာမျိုးတွေ လုပ်ပါသေးတယ်..။ အဲဒီလို တင်းကြပ်နေတဲ့အချိန် ဖြစ်နေလေတော့ ညနေပိုင်း ဖြစ်သွားတာ တစ်ခုက ရယ်ရခက် ငိုရခက်နဲ့ မနည်းကြီး ထိန်းယူလိုက်ရတာ ဖြစ်သွားပါသေးတယ်..။ ဖြစ်ပုံက ရေစက်မှာ တပ်ထားတဲ့ ပန်ကာကြိုးက ပူလွန်းလို့ ညှော်တာကနေ ထွက်လာတဲ့ ညှော်နံ့လည်း ရရော မဏ္ဍပ်ပေါ်က လူတွေအကုန်လုံးဆင်းပြေးတာ လုံခြုံရေးခေါ်ပြီး ဇွတ်ဆွဲထိန်းရတဲ့အပြင် အလိုက်မသိ စက်ကိုက်ဆရာက ဆောင်းဘောက်တွေ ပိတ်ချပစ်လိုက်တော့ အာပေါက်အောင် အော်ပြောဖြေရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောသွားတော့တာပဲ..။
အားလုံး မင်္ဂလာရှိသော နှစ်သစ်ပါခင်ဗျား..။ ကျွန်တော် အခုလို ပုံတွေ မျှဝေခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်..။ ဒီနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်..။ သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေခင်ဗျာ..။

Apr 17 2010

Third Day of Mandalay Thingyan

အကြတ်နေ့ မန္တလေး သင်္ကြန်ပုံရိပ်တချို့ကို မျှဝေချင်ပါတယ်..။
ကဲ.. Get that man a Tiger! Cheers!
အမိုးဖွင့်ဂျစ်ကားနဲ့ သင်္ကြန်လည်တဲ့ ဖက်ရှင် မရိုးသေးဘူး..
ဈေးလေးနည်းနည်းကြီးလိုက်မိတာ ဘာဖြစ်လဲ… (ဈေးက အတော်ကြီးတာ.. အဲဒီ ရေသန့်ပုလင်း တစ်လုံး ၁၀၀၀ ကျပ်ဗျား.. ဘီယာတစ်လုံး ၃၀၀၀ ကျပ်ဗျား.. ကိုင်း)
အဝေးရောက်မြန်မာတွေအတွက်…
မဏ္ဍပ်ပေါ်မှာ…
မဏ္ဍပ်ပေါ်က စည်ပိုင်းပေါ်မှာ…
အဆိုတော် ထက်ထက်..
ဒီယံ.. (ရေလည် ဟဲ တယ်..)
က ဒီလို ဒီလို ဒီလို က..
အိုး.. ရင်ခွင်ထဲတိုး…
ပန့်ခ်ဒန့်စ်
ကားပေါ်မှာ က နေတဲ့ ကောင်မလေး… (ကြည့်သောသူ မြင်၏)
ကျုံးဘေးက မြောင်းထဲမှာ ရေတွေဆင်းကူးနေတဲ့ ချာတိတ်တွေ…
ဝမ်းစာ ဆိုတာ…
မျိုးဆက်သစ်..
ညနေခင်းအချိန်က အားကုန်လို့ ပြိုင်းတဲ့အချိန်ပေါ့..။
သင်္ကြန်အကြတ်နေ့ ဓါတ်ပုံတွေရိုက်နေတဲ့ အချိန်မှာ ရန်ကုန်သတင်း ဖုန်းဝင်လာပါတယ်..။ အဲဒီကိစ္စကို ရှုံ့ချပါတယ်..။ လူမဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ်ပါတယ်..။ အပြစ်မရှိတဲ့ လူတွေ သေကြကြေကြတဲ့ ကိစ္စကို စိတ်မကောင်း ဖြစ်မိပါတယ်..။

Apr 15 2010

Second Day of Mandalay Thingyan

2010 သင်္ကြန်အကျနေ့ပေါ့ခင်ဗျာ..။ ကျွန်တော် အဲဒီနေ့ ဓါတ်ပုံရိုက်တာ အရင်းအနှီးအတော်များပါတယ်..။ နောက်ပြီး အကြိုနေ့က လမ်းလျှောက်ရတာရယ် တစ်နေရာကနေ တစ်နေရာ ကူးပြီး သူငယ်ချင်းတစ်ယောက် သွားခေါ်ရတာရယ်.. ရေက စိုလိုက်ခြောက်လိုက် ဖြစ် အပူရှပ်ပြီး အညောင်းကိုင်ချင် အားပြတ်ချင်သလိုဖြစ်ပြီး နောက်နေ့ ထ တောင် မထနိုင်လောက်အောင် ဖြစ်နေတာကို နောက်နေ့ ထပြီး ရိုက်နိုင် ပြေးနိုင်အောင် ကူညီပေးတဲ့ ဆရာသမားနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်..။ ကိုသခင်ကြီးနဲ့ ကိုမောင်လှပေါ့ဗျာ..။ စပါကလင်နဲ့ ကြက်ဥနဲ့ ဖျော်တိုက်လိုတိုက်.. ပါဝါနဲ့ ဆော်ဒါနဲ့ ရောတိုက်လိုတိုက်နဲ့ မဆိုးဘူး..။ ကျနော် အတော်လေး ပြေးနိုင်လွှားနိုင် ရိုက်နိုင်လိုက်တယ်..။ သူတို့နှစ်ယောက် ကျေးဇူးပေါ့ဗျား..။
၂၆ လမ်းနဲ့ ၇၅ လမ်းထောင့်ပေါ့ဗျား..။ ဆိုက်ကယ်တွေ လူတွေ ကားတွေနဲ့ ကြပ်နေလိုက်တာ ကျနော်တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်တာတောင် ခဲရာခဲဆစ်ပဲ..။ လီဗိုင်းတစ်ထည်တော့ ဒူးပြဲသွားတယ်..။ လမ်းအကူးမှာ ဆိုက်ကယ်နဲ့ ငြိလို့..။
ပန့်ခ်ဒီဇိုင်း..။
သင်္ကြန်သမီးပျိုလေး..
ဝမ်းဝေးလို့ ခေါ်သလား… (ကျွန်တော့်အစ်ကိုကြီး ကိုရဲလွင်ဦး ကို ဒီလိုဆံပင်မျိုး ထားစေချင်မိတယ်..။ အဟဲ)
ရေပက်ခံဖို့ ကားပေါ်မှာ စောင့်…
ရေစက်တွေနဲ့ ထိတွေ့ခိုက်ခဏ…
ကိုယ့်လို ဝါသနာအိုးလည်း ရှိသဗျ…
တချို့များ ဒီလို ဗီဒီယို ကင်မလာကြီးနဲ့တောင် ဆော်သဗျ…
ဒါက မဏ္ဍပ်အောက်မှာ ရေပက်ခံကားလေးနဲ့ လည်တဲ့သူတွေပေါ့ဗျာ..
ဒါက နောက်ထပ်ကားတစ်စင်းပေါ့ဗျာ..။
ဓါတ်ပုံရိုက်နေတာမြင်တော့ ကျနော့်ကို လာမေးတယ်..။ where are you come from တဲ့..။ ဟ ငါမြန်မာပါ လို့ ပြောတော့ ဟိုက်ရှားပါး.. ခင်ဗျား ဘာလာချောင်းတာတုန်းတဲ့..။ ဘာမှမချောင်းပါဘူး ငါဓါတ်ပုံလေး ရိုက်မလို့ဆိုတော့ ကျုပ်တို့လည်း ရိုက်ပေးဆိုပြီး ဂျီလာကျတဲ့ မန္တလေးသားတစ်စု..။ ကျွန်တော် မန္တလေးသူ မန္တလေးသားတွေကို ချစ်တယ်ဗျ..။ သူတို့မှာ ပွင့်လင်းတဲ့စိတ်အခံလေးတွေရှိတယ်..။ ပျော်ချင်သလို ပျော်ကြပေမယ့် သိတတ်တာလေးတွေ ကြုံဖူးထားတာကိုး..။ :)
လမ်းပေါ်က ရေတွေနဲ့ ဆော့နေတဲ့ကလေးတွေ..
သင်္ကြန်မှာ လျှောက်လည်နေကြတဲ့ မိသားစု…
ကျွန်တော် ဓါတ်ပုံရိုက်နေတာကို ရအောင် လိုက်ရှောင်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ညီ…
မျက်နှာဖုံးစွပ် တပ်ထားတော့ ဘယ်သူ ဘယ်လိုကဲနေမှန်း မသိတော့ဘူး..
ဒါ အဆိုတော် ထက်ထက်ပါ..။
ပလက်ဖောင်းကို ဒန်းလော့မှန်သူတွေ…
မရင်းတပ်သားများ လမ်းမှားရောက်လာလေသလားလို့…
အိုကေ..။ ဒါသင်္ကြန်အကျနေ့ပုံလေးတွေဖြစ်ပါတယ်..။ အကျနေ့ဟာ ကျွန်တော့်အတွက် တော်တော်ပင်ပန်းစရာ ဖြစ်သွားပါတယ်..။ ကိုဟဲလေးကို သွားကြိုရင်း လမ်းလွဲလိုလွဲ.. မဆူဇီနဲ့ ကိုယုန်လေးကို မဏ္ဍပ်တစ်ခုနဲ့ တစ်ခုအကူးမှာ ကိုယုန်လေးအကူအညီတောင်းလို့ လိုက်ပို့ပေးရ ကာပေးရ ကွယ်ပေးရတာတစ်မျိုး.. အမှတ်တွေ အများကြီး ပေးထားမိတဲ့ တော်တော်လေးစားမိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လုပ်ရပ်တွေက ဇဝေဇဝါ ဖြစ်မိပြီး စိတ်မကောင်းဖြစ်မိလိုဖြစ်မိ..။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့ဗျား..။

Apr 14 2010

First Day of Mandalay Thingyan

မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ..။ ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်အခါသမယပါ ခင်ဗျာ..။ ကျွန်တော် သင်္ကြန်တွင်း ဘာမှမလုပ်ဘဲ အိမ်ထဲကုတ်နေမယ် စိတ်ကူးထားတာလေး ပျက်သွားပါတယ်..။ အကြောင်းကတော့ သင်္ကြန်ဒဏ်မခံနိုင်လို့ရယ်ပါ..။ လမ်းပေါ်ဖြတ်သွားတဲ့ သင်္ကြန်ကားတွေက အော်သံဟစ်သံတွေ FM တွေကနေ ထုတ်လွှင့်နေတဲ့ သင်္ကြန်သီချင်းဒဏ်တွေက ကြက်သီးမွှေးညင်းထလောက်အောင် သွေးကြွလာတာနဲ့ ကင်မရာကို စွန့်စားစွာ ထုတ်ကိုင်ပြီး မဏ္ဍပ်တွေရှိရာ ကျုံးဘေးကို ထွက်လာခဲ့ပါတယ်..။
မြို့မမပါရင် မန္တလေးသင်္ကြန်မဟုတ်ဘူး လို့ ပြောလို့ရမယ်ထင်တယ်..။
ငယ်ငယ်က တော်တော်စွဲစွဲလမ်းလမ်း ကြည့်ခဲ့ရဖူးတဲ့ တရုတ်ကားထဲက ဇာတ်ကောင်တချို့..
မဏ္ဍပ်ပေါ်က လူတွေ က လို့ကောင်းအောင်တင်မဟုတ်ဘဲ မဏ္ဍပ်အောက်ကလူတွေပါ ကွေးနေအောင် အရှိန်တင်ပေးတဲ့ DJ Oak …
GCH (Global Communication Hub) မဏ္ဍပ်ပေါ်က သူငယ်ချင်းတွေ…
GCH မဏ္ဍပ် တည်ထောင်တဲ့ သူငယ်ချင်းတွေ..
ကားပေါ်ထိုင်ရင်း ရေဘူးထဲရေဖြည့်… (ပြီးတော့…)
ကားပေါ်က ရေပက်ခံသူ မန်းသူလေးတစ်ယောက်…
ဒါ .. သင်္ကြန်ဖက်ရှင်…
နေ့လည်စာတဲ့…
မဏ္ဍပ်ပေါ်က ညနေ…
မီးလုံးတွေနဲ့ စီချယ်ထားတဲ့ အလှပြဖျော်ဖြေရေးယာဉ်…
ဒါတွေက အကြိုနေ့ ပုံရိပ်တချို့ပါ..။ ဒီနေ့အကျနေ့ ပုံရိပ်တွေအတွက် မနက်ဖြန်မနက်ပိုင်းမှာ တင်နိုင်အောင် ကြိုးစားကြည့်ပါမယ်..။ အခုလို မျှဝေခွင့်ရတဲ့အတွက်တော့ ပျော်ရွှင်မိတယ်
http://nyiminsan.com/blog/?category_name=2010-mdy-thingyan ဘလောမှ

0 comments:

Post a Comment