အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 27 February 2013

ကောင်မလေး

ကောင်မလေး

ငါ နင့်ကို အရမ်းချစ်တယ်။ နင်မရှိတော့မှ ငါ နင့်ကို အရမ်းချစ်မှန်းသိခဲ့တယ်။ နင့်လောက် ငါ့အပေါ်မှာ သီးခံခဲ့တာ ငါမမြင်ဖူးဘူး။ ငါက တခြားသူတွေ အပေါ်မှာ ပုံမှန် ပြောဆိုဆက်ဆံ ပေမယ့် နင့် အပေါ်မှာတော့ အရမ်းဆိုးခဲ့ အနိုင်ကျင့်ခဲ့တယ်နော်။ ဘာသာမတူ လူမျိုးမတူလို့  နင့်ကိုပြန်ချစ်ဖို့ မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် လေ နင်ငါ့ကို ချစ်ရေးဆိုပြီး ခုချိန်ထိ တစ်နစ်ကျော်ကြာအောင် စိတ်ရှည်လက်ရှည်စောင့် ပေးခဲ့တယ်။ တကယ်ပြောတာပါ။ သူများနိုင်ငံမှာ ဝါသနာမပါ၊ အခြေခံမရှိဘဲ ဘာသာရပ်ကို အောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် အနေနဲ့ လိုလေသေးမရှိ ဖြူစင်စွာ စောင့်ရှောက်ပေးခဲ့တယ်နော်။ "မိုးလေး အဆင်ပြေတဲ့ အချိန်မှ ကျတော့်ကို အဖြေပေးပါ။ ကျတော် စောင့်နေပါ့မယ်။" နင့်စကားနဲ့  အညီ နင်နေခဲ့ တာ .. ခုဆို ငါ စာမေးပွဲလဲ အောင်ပြီ။ အလုပ်လဲ အဆင်ပြေပြီ။ နင့် ကို အရမ်းချစ် မှန်း လဲ ငါသိပြီ....
အမိမြေ ခဏ ပြန်သွားတဲ့ နင့်ကို လေယာဉ်ကွင်းမှာ ကြိုရင်း "ငါ နင့်ကို ..... " :)

ကောင်လေး

မိုးလေး.... ကျတော်ကိုခွင့်လွတ်ပါ။ ကျတော်လေ မိုးလေးကို အရမ်းချစ်ပါတယ်။ အဲဒါ ကြောင့်လည်း မိုးလေး ကျောင်းတက်နေတဲ့ အချိန်မှာ အစွမ်းကုန် ကူညီအားပေးခဲ့တာပါ။ မိုးလေးအချစ်ကို ကျတော် အရမ်းလိုချင်ခဲ့ပါတယ်။ တစ်နစ် ကြာတဲ့ အထိ မိုးလေး အဖြေကို ကျတော် မရခဲ့ဘူး။ မျှော်လည်းမမျှော်လင့်တော့ပါဘူး။ ပြန်ချစ်ခဲ့ရင်တောင် မိုးလေးမိဘတွေက သဘောမတူရင် ထားသွားမယ့် နေ့ ကို ရင်မဆိုင်ရဲဘူး။ အဖေမရှိတော့တဲ့ ကျတော်မှာ အမေ့စကားကို အမြဲနားထောင်ခဲ့တာပါ။ ကျ တော်လေ အမေ့ ဆန္ဒအတိုင်း ကျတော်နဲ့  မျိုးနွယ်တူတဲ့ မိန်းကလေးတစ်ယောက် နဲ့  လက်ထက်ခဲ့ပြီ။ ကျတော် မိုးလေးကိုတွေ့ ရင် "ငါ တို့ တသက်လုံး သူငယ်ချင်းတွေ ......"

ရေးသားသူ ..... တသက်တာ

အေးချမ်းမွန်မှ တသက်တာ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
စကားလေးတစ်ခွန်း

ကောင်မလေး

ငါ နင့်ကို အရမ်းချစ်တယ်။ နင်မရှိတော့မှ ငါ နင့်ကို အရမ်းချစ်မှန်းသိခဲ့တယ်။ နင့်လောက် ငါ့အပေါ်မှာ သီးခံခဲ့တာ ငါမမြင်ဖူးဘူး။ ငါက တခြားသူတွေ အပေါ်မှာ ပုံမှန် ပြောဆိုဆက်ဆံ ပေမယ့် နင့် အပေါ်မှာတော့ အရမ်းဆိုးခဲ့ အနိုင်ကျင့်ခဲ့တယ်နော်။ ဘာသာမတူ လူမျိုးမတူလို့  နင့်ကိုပြန်ချစ်ဖို့ မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် လေ နင်ငါ့ကို ချစ်ရေးဆိုပြီး ခုချိန်ထိ တစ်နစ်ကျော်ကြာအောင် စိတ်ရှည်လက်ရှည်စောင့် ပေးခဲ့တယ်။ တကယ်ပြောတာပါ။ သူများနိုင်ငံမှာ ဝါသနာမပါ၊ အခြေခံမရှိဘဲ ဘာသာရပ်ကို အောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် အနေနဲ့ လိုလေသေးမရှိ ဖြူစင်စွာ စောင့်ရှောက်ပေးခဲ့တယ်နော်။ "မိုးလေး အဆင်ပြေတဲ့ အချိန်မှ ကျတော့်ကို အဖြေပေးပါ။ ကျတော် စောင့်နေပါ့မယ်။" နင့်စကားနဲ့  အညီ နင်နေခဲ့ တာ .. ခုဆို ငါ စာမေးပွဲလဲ အောင်ပြီ။ အလုပ်လဲ အဆင်ပြေပြီ။ နင့် ကို အရမ်းချစ် မှန်း လဲ ငါသိပြီ....
အမိမြေ ခဏ ပြန်သွားတဲ့ နင့်ကို လေယာဉ်ကွင်းမှာ ကြိုရင်း "ငါ နင့်ကို ..... " :)

ကောင်လေး

မိုးလေး.... ကျတော်ကိုခွင့်လွတ်ပါ။ ကျတော်လေ မိုးလေးကို အရမ်းချစ်ပါတယ်။ အဲဒါ ကြောင့်လည်း မိုးလေး ကျောင်းတက်နေတဲ့ အချိန်မှာ အစွမ်းကုန် ကူညီအားပေးခဲ့တာပါ။ မိုးလေးအချစ်ကို ကျတော် အရမ်းလိုချင်ခဲ့ပါတယ်။ တစ်နစ် ကြာတဲ့ အထိ မိုးလေး အဖြေကို ကျတော် မရခဲ့ဘူး။ မျှော်လည်းမမျှော်လင့်တော့ပါဘူး။ ပြန်ချစ်ခဲ့ရင်တောင် မိုးလေးမိဘတွေက သဘောမတူရင် ထားသွားမယ့် နေ့ ကို ရင်မဆိုင်ရဲဘူး။ အဖေမရှိတော့တဲ့ ကျတော်မှာ အမေ့စကားကို အမြဲနားထောင်ခဲ့တာပါ။ ကျ တော်လေ အမေ့ ဆန္ဒအတိုင်း ကျတော်နဲ့  မျိုးနွယ်တူတဲ့ မိန်းကလေးတစ်ယောက် နဲ့  လက်ထက်ခဲ့ပြီ။ ကျတော် မိုးလေးကိုတွေ့ ရင် "ငါ တို့ တသက်လုံး သူငယ်ချင်းတွေ ......"

ရေးသားသူ ..... တသက်တာ

အေးချမ်းမွန်မှ  တသက်တာ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Tuesday 26 February 2013

(မျောလွင့် နေတဲ့ တိမ်


(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချ
မ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

ဝေးခဲ့ ပြီ…… အတိုးပေးပြီးငါကပိုက်ဆံချေးမလို့ …..သံဓိဏ္ဌာန်ချထားခဲ
့တာဘဲ…….ငါ မင်းဆီကများရမလားလို့ 
သူများဆ်ီမှာ အကြွေးတင်နေတာ…ဘယ်လိုပြန်ဆပ်ရမလဲ… မသိတော့ ဘူး
မင်းလိုချင်တဲ့ ၂ လုံးဂဏန်း..ငါ့ ဘက်ကမပေးနှိုင်….ယုံကြည်စွာမျှော်လင့် ခဲ့ 
ငါတို့ နှစ်ယောက်တော့ မဝေးနိုင်…..ဘာကြောင့်  ဒီနံပတ်ကမထွက်ရတာလဲ
ငါ့ ဦးနှောက်ကမတွေးနိုင်…ဒီနေ့ အထိမမေ့ နိုင်..ငါ ချဲထိုးဆဲပဲယနေ့ တိုင်
ငါ့ အခန်းနံရံတွေပေါ်မှာ..ချဲဂဏန်းတွေကပ်ထားဆဲ
ငါ့ နှလုံးသွေးလည်ပတ်မှုကတော့  ဒီနေ့ ကစပီးရပ်တန့် ခဲ့ 
ပါတ်လည်ရော…စီးရီးရော..ဘိုးတော်ဂဏန်းရော…အဆုံပါပဲ
ဒါလဲမပေါက်ဘူး…. ကုန်တာပါပဲ

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ၉ ရက်~~~
ဆိုးချက်ကရင်နင့် စရာ….တောင်ငူကိုသွားခဲ့ …ဆောင်ထူထူခြုံရင်းနဲ
့…အမှောင်ထူထူဖြတ်ခဲ့ 
ဗလောင်ဆူတဲ့ ရင်ခွင်နဲ့ ပေါ့ ………….
မင်းကChelsea ကိုအထင်ကြီးတာလား….Ferguson ကိုမက်မောတာလား
မကြားချင်ရင်လဲနားပိတ်ထားလိုက်…ငါကတော့ ဒါကိုဆက်ပြောမှာဘဲ
မင်းအပေါင်းအသင်းတွေလာလာကြပ်တဲ့ …၂လုံးဂဏန်းတွေနဲ့ တင်ပြာရာခပ်ခဲ့ 
ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့ ..ခုတော့ အပေါင်ဆိုင်ဆိုတာ ထဲငါဟာရောက်ခဲ့ 
နားလည်ပေးပါ..ပရိတ်သတ်ကြီးရယ်…ဘောလုံးပွဲလေးလောင်းတဲ့ ဟာကို
အပြစ်မဲ့ တာလို့ မပြောချင်..မုသာဝါဒါကြူးလွန်ခဲ့ …
တစ်လုံးပြား၂၀ ဆိုတာ….မဟုတ်ပါဘူး..ညာတာ..
တကယ်က…နှစ်လုံးသရေ...ဒိုင်နဲ့ ပေါင်းပြီးလောင်းတဲ့ အချိန်ကြတော့ 
ရဲကငါ့ ကိုဆွဲဆိ..ထောင်ကျခဲ့တာ၎နှစ်..ပျော်လို့ ထပ်ပီးနေတာ ၃နှစ်
အဖြစ်အပျက်တွေပြန်လည်တွေးရင်း..အိမ်ပြန်ခဲ့ ပါတော့ ကွာငါ့ အချစ်
တောင်းပန်တယ်ကွာ..တလောကလုံးဗျောင်းဆံနေတာဘဲ
ဘောလုံးပွဲဒိုင်ကိုင်တယ်ဆိုတာကတော့  လုက်ဇာတ်မဟုတ်ပါဘူး ပရိပ်သတ်ကြီးရယ်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….
ဒီဇင်ဘာ၈ရက်…နှလုံသားကိုဓာတ်လိုက်ပြီ ..တလုံးပဲလွဲသွားတယ်……………
ဖေဖော်ဝါရီ ၁၄ ရက်~~သူပေးတဲ့ လက်စွပ်မောင်းကွင်းလေးကို
လမ်းထိပ်ကဒေါ်ကြွက်မဆ်ီမှာ သွားပေါင်ခဲ့ ~~~ဘယ်တော့ မှ ပြန်မရွေးနှိုင်ခဲ့ 
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်းလေးထွက်သွားတယ် အိုး....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့  လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်………ကျွန်တော့်ဘ၀ကွဲပျက်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါ ချမ်းလို
့တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

မိုးတွေရွာတုန်းမှာ~~နားခိုစရာဟာတကယ်မဲ့ လို
့~~~ငါတရောက်ထဲလျှောက်တယ်..အိုလမ်းများဟာ
မှားယွင်းတဲ့ လမ်းတွေမှာ….ချဲထိုးတာ ငါပျော်ခဲ့ ~~~~ ချဲပေါက်ဖို
့တကယ်ခက်ခဲ…လွဲမှားတဲ့ ဘ၀ကြီးကို
သိခဲ့ ရနောက်မှာလေ~~~~ အမှားများပြန်ပြင်တုန်းမှာ….အားလုံးနဲ့ ငါကဝေး
အူး…..အူး….အူး..အူး….အူး….အူး… အူး
အာ….အာ…အာ…အား.. အား….
(ကျွန်တော့်ကို သနားလို့တဲ့ သူတောင်းစားက ၂၀တန်တရွက် ချပေးသွားတယ်
အရှက်ကိုကွဲရော…..)
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်....ပန်....ပန်........ပန်

မျက်လုံးတိမ်စွဲခြင်း။ ရေတိမ် (Glaucoma)

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)
လူတစ်ယောက်ရဲ့မျက်လုံးမှာ အရည်တွေရှိပါတယ်။ အဲဒီအရည်တွေပာာ အ၀င်နဲ့အထွက်
မျှတနေရပါတယ်။ အဲလိုမျှတနေရာကနေပြီး အထွက်လမ်းကြောင်းတစ်နေရာမှာ
ပိတ်ဆို့ပြီး မျက်လုံးထဲမှာ ဖိအားတွေများလာပါတယ်။ အဲဒီ ဖိအားတွေက
မျက်စိရဲ့ အကြောတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းတာကကို ရေတိမ်
(Glaucoma) လို့ခေါ်ပါတယ်။
ရေတိမ်မှာ ၂မျိုးရှိပါတယ်။

Open angle glaucoma။ ။ ဒီအမျိုးအစားက တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်

အစပိုင်းမှာ ဘာလက္ခဏာမှမပြဘဲ မျက်စိအမြင်အာရုံရုတ်တရက် ထိခိုက်သွားတော့မှ
သိရပါတယ်။ လူနာပာာ တဖြည်းဖြည်းချင်းအမြင်ချို့ယွင်းလာတာကို သတိမထားမိဘဲ
နောက်ဆုံးလုံးဝအမြင်ကွယ်သွားမှ သိပါတယ်။ ဒီအမျိုးအစားကို အမြင်အာရုံ
သူခိုးလို့ခေါ်ပါတယ်။
Closed angle glaucoma။ ။ဒီအမျိုးအစားကတော့ ရုတ်တရက်ဖြစ်တဲ့
အမျိုးအစားဖြစ်ပါတယ်။ သူကမျက်စိတစ်ဖက်တည်းမှာ ဖြစ်လေ့ရှိပြီး လူနာက
နီ၊မှုန်၊ကိုက် နဲ့ရောက်လာတတ်ပါတယ်။ မျက်လုံးပာာ နီလဲနီပါတယ်။
မျက်စိအာရုံလည်းထိခိုက်နေပါတယ်။ ဒါ့အပြင်သူက နာပါတယ်။ အဲဒီ၃မျိုးနဲ့
လက္ခဏာပြပါတယ်။

ရေတိမ်ပာာ အောက်ပါလူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။
Age over 45 years (အသက် ၄၅နှစ်ကျော်သူတွေ)Family history of glaucoma
(မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရှိတဲ့သူတွေ)Black racial ancestry
(လူမည်းတွေ)Diabetes (ဆီးချိုရောဂါရှင်တွေ)History of elevated
intraocular pressure History of injury to the eye
(မျက်စိကိုထိခိုက်မိသူတွေ)Use of cortisone (steroids), either in the
eye or systemically (orally or injected) (steroid ပါတဲ့ဆေးတွေကို
အသုံးပြုသူတွေ) ရေတိမ်ကို အထက်မှာဖော်ပြထားတဲ့၂မျိုးအပြင်
အခြားအမျိုးအစားတွေလည်း အများကြီးခွဲထားပါသေးတယ်။ အဲဒီအမျိုးအစားတွေကတော့
အများကြီးသိရန် မလိုအပ်တဲ့အတွက် ချန်လှန်ထားခဲ့ပါတယ်။

ရေတိမ်ကိုကုသရာတွင် ဆေးဖြင့်ကုသခြင်း၊ ခွဲစိတ်ခြင်းနှင့်
လေဆာသုံးပြီးကုသခြင်းဆိုပြီးတော့ ၃မျိုးရှိပါတယ်။  ခွဲစိတ်ခြင်းနှင့်
လေဆာအသုံးပြုခြင်းတို့ကို တွဲပြီးလုပ်တတ်ပါတယ်။
ဆေးဖြင့်ကုသရာမှာ အထက်မှာ ဖြော်ပထားသလိုပဲ ရေတိမ်က အထွက်မှာ
အရည်လမ်းကြောင်းပိတ်လို့ ဖိအားများပြီးဖြစ်တာဆိုတော့ အရည်ထွက်တာကို
ပိတ်တဲ့ဆေးနဲ့၊ အထွက်လမ်းကြောင်းပိတ်တာကို တားဆီးတဲ့ဆေးဆိုပြီး ရှိပါတယ်။
အများအားဖြင့်အသုံးပြုတာတော့ မျက်စိထဲ့ဆေး Pilocarpine ဒါမှမပာုတ်
Timolol ကိုသုံးပါတယ်။ ထပ်မံဖြည့်စွက်တဲ့ဆေးတွေကတော့ Adrenaline,
Propine တို့နှင့်အတူ Acetazolamide ကို သောက်ဆေးအနေနဲ့သုံးပါတယ်။
နောက်ပိုင်မှာ ထပ်ထွက်တဲ့ ဆေးအသစ်တွေလည်းအများအပြားရှိပါတယ်။ တကယ်လို့
ဆေးနဲ့ကုသတာက မသက်သာဘူးဆိုရင်တော့ ခွဲစိတ်ခြင်းနှင့် လေဆာတို့ကို
အသုံးပြုရပါတယ်။
ဒီနေရာမှာ အရေးကြီးတာက Open angle glaucoma က တဖြည်းဖြည်းမှဖြစ်တာကြောင့်
ကုသရာမှာလည်း ချက်ခြင်းအရေးတကြီးလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် Closed
angle glaucoma ကတော့ ရုတ်တရက်ဖြစ်တာကြောင့် ဖြစ်တာနဲ့ အရေးတကြီး
ကုသရန်လိုအပ်ပါတယ်။

မျက်လုံးရေတိမ်မဖြစ်ရန် ကာကွယ်ရန်အတွက် အသက် ၄၀ကျော်များနှင့်
မျိုးရိုးထဲတွင် ရေတိမ်ရှိသူတွေအားလုံး နှစ်စဉ်ပုံမှန် မျက်လုံးရဲ့
ဖိအားကို တိုင်းတာရပါမယ်။ မျက်လုံးကို ထိခိုက်မိစေမယ့် အပြုအမူတွေကို
ရှောင်ရပါမယ်။ ဆီးချိုကို မှန်မှန်ထိန်းရပါမယ်။

မျက်လုံးတစ်ဖက်မှာ ရေတိမ်ဖြစ်ပြီဆိုရင် နောက်တဖက်မှာ ၅နှစ်အတွင်း
ဖြစ်ဖို့အတွက် ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါကြောင့် မျက်လုံးတစ်ဖက်မှာ
ရေတိမ်ဖြစ်ရင် အခြားတစ်ဖက်ကိုပါ လေဆာနဲ့ကြိုပြီး ကုသမှုခံယူထားသင့်ပါတယ်။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Thursday 21 February 2013

နိုင်ငံခြားခရီးထွက်ခဲ့ရင်ဆင်လုံးဝမစီးပါနဲ့


နိုင်ငံခြားခရီးထွက်ခဲ့ရင်ဆင်လုံးဝမစီးပါနဲ့



(ပိုက်ဆံနဲ့အရောင်းအ၀ယ်သာမရှိခဲ့ရင်..သွေးထွက်သံယိုကိစ္စမျိုးတွေမရှိနိုင်တော့ပါဘူး)



ထိုင်းရောက်လို့လမ်းမှာဆင်ပေါက်လေးတွေ...နှာမောင်းနဲ့ခြင်းလေးကိုချိတ်ပြီး...ပစ္စည်းတွေရောင်းနေတာတွေ့ရင်(လုံးဝ)မ၀ယ်ပါနဲ့



ရှင်တို့သိရဲ့လား



အဲဒီဆင်လေးတွေကသူတို့ဘယ်ရောက်နေမှန်းမသိကြပါဘူး...လူတွေကသူတို့ကိုထိန်းချုပ်ရလွယ်အောင်မျက်လုံးကန်းအောင်လုပ်ထားတာပါ



သူတို့ရောင်းတဲ့ပစ္စည်းကိုဝယ်ရင်..ဆင်လေးတွေကိုမျက်စိကန်းအောင်ထပ်လုပ်ခံရပြီ်းရောင်းခိုင်းဦးမှာပါ

အသက်ကြီးလာလို့အသုံးချစရာမရှိရင်..သူတို့လေးတွေစွန့်ပစ်ခံရမှာ။။။။:(



ပြီးတော့ဆင်တွေကိုသွားမစီးပါနဲ့..ဆင်တွေဘာလို့စကားနားထောင်လဲသိရဲ့လား



ဒါကဒီလိုပါ...





အဲ့ဒီလူတွေကဆင်တွေကိုမျက်လုံးနဲ့လက်သည်းပတ်ပတ်လည်မှာအပ်တွေနဲ့စိုက်ပြီး...

ကျဉ်းကျပ်တဲ့လှောင်အိမ်မှာတစ်ပတ်လောက်ပိတ်ထားပြီးမှ

ပြန်လွှတ်ပေးတာပါ...







ပြီးတော့ဆင်စီးရတာအရမ်းမိုက်တယ်လို့ထင်မိလား။။။

တကယ်တော့ဆင်မတွေက၂နှစ်လောက်ကိုယ်ဝန်လွယ်ပြီးမှကလေးမွေးတာပါ

ဆင်စီးတဲ့သူတွေကဆင်မမှာကိုယ်ဝန်ရှိမရှိမသိနိုင်ပါဘူး

အဲ့ဒီဆင်မတွေကခရီးသွားတွေကိုအခေါက်၂၀ ၊ ၃၀ လောက်ပတ်ပို့ပေးနေရရှာတယ်

သနားဖို့ကောင်းပါတယ်။ဗိုက်ထဲကကလေးဆုံးရရှာတယ်





Credit - Rainie Lv



---------------------------------------------------------

ကျေးဇူးပြု၍ ယဉ်ကျေးစွာကော်မန့် ပေးပါရန်



ကျေးဇူးအထူးတင်ပါတယ်



ရေးမိရေးရာလေးများ
နိုင်ငံခြားခရီးထွက်ခဲ့ရင်ဆင်လုံးဝမစီးပါနဲ့

(ပိုက်ဆံနဲ့အရောင်းအ၀ယ်သာမရှိခဲ့ရင်..သွေးထွက်သံယိုကိစ္စမျိုးတွေမရှိနိုင်တော့ပါဘူး)

ထိုင်းရောက်လို့လမ်းမှာဆင်ပေါက်လေးေ...တွ...နှာမောင်းနဲ့ခြင်းလေးကိုချိတ်ပြီး...ပစ္စည်းတွေရောင်းနေတာတွေ့ရင်(လုံးဝ)မ၀ယ်ပါနဲ့

ရှင်တို့သိရဲ့လား

အဲဒီဆင်လေးတွေကသူတို့ဘယ်ရောက်နေမှန်းမသိကြပါဘူး...လူတွေကသူတို့ကိုထိန်းချုပ်ရလွယ်အောင်မျက်လုံးကန်းအောင်လုပ်ထားတာပါ

သူတို့ရောင်းတဲ့ပစ္စည်းကိုဝယ်ရင်..ဆင်လေးတွေကိုမျက်စိကန်းအောင်ထပ်လုပ်ခံရပြီ်းရောင်းခိုင်းဦးမှာပါ
အသက်ကြီးလာလို့အသုံးချစရာမရှိရင်..သူတို့လေးတွေစွန့်ပစ်ခံရမှာ။။။။:(

ပြီးတော့ဆင်တွေကိုသွားမစီးပါနဲ့..ဆင်တွေဘာလို့စကားနားထောင်လဲသိရဲ့လား

ဒါကဒီလိုပါ...


အဲ့ဒီလူတွေကဆင်တွေကိုမျက်လုံးနဲ့လက်သည်းပတ်ပတ်လည်မှာအပ်တွေနဲ့စိုက်ပြီး...
ကျဉ်းကျပ်တဲ့လှောင်အိမ်မှာတစ်ပတ်လောက်ပိတ်ထားပြီးမှ
ပြန်လွှတ်ပေးတာပါ...



ပြီးတော့ဆင်စီးရတာအရမ်းမိုက်တယ်လို့ထင်မိလား။။။
တကယ်တော့ဆင်မတွေက၂နှစ်လောက်ကိုယ်ဝန်လွယ်ပြီးမှကလေးမွေးတာပါ
ဆင်စီးတဲ့သူတွေကဆင်မမှာကိုယ်ဝန်ရှိမရှိမသိနိုင်ပါဘူး
အဲ့ဒီဆင်မတွေကခရီးသွားတွေကိုအခေါက်၂၀ ၊ ၃၀ လောက်ပတ်ပို့ပေးနေရရှာတယ်
သနားဖို့ကောင်းပါတယ်။ဗိုက်ထဲကကလေးဆုံးရရှာတယ်

မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?



ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။
` အမေ ဘာလို့ငိုနေတာလဲဟင် ´
` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´
... မိခင်က ကောင်လေးကိုပြန်ဖြေတယ် ။
` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ် ။ အဲဒီအခါ သူ့ အမေက ကောင်လေး ကို ထွေးပွေ့ လိုက်ပြီး ` မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ် ။
အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ် ။
` အဖေ အမေက ဘာအကြောင်းမှ မရှိပဲ ဘာလို့ ငိုတာလဲဟင် ´
`မိန်းမသားအားလုံးဟာ အကြောင်းပြချက်မရှိပဲ ငိုတတ်တယ်သားရဲ့ ´ လို့ သူ့အဖေက ကောင်လေးကို ပြန်ပြော ခဲ့တယ် ။
ဒီလိုနဲ့ ကောင်လေးဟာ အရွယ်တဖြည်းဖြည်းကြီးလာပြီး လူကြီးတစ်ဦးဖြစ်လာခဲ့တယ် ။ ဒါပေမယ့် သူဟာ ဘာကြောင့် မိန်း မတွေ ငိုရသလဲဆိုတာနဲ့ ပတ်သတ်ပြီး မရှင်းမလင်း နဲ့ သိချင်စိတ်ရှိနေတုန်းပါပဲ ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ဆီ ဖုန်းခေါ်လိုက်တယ် ။ ဘုရားသခင်က ဖုန်းကိုင်လိုက်တဲ့အခါ သူက မေးခဲ့တယ် ။
` ဘုရားသခင် ဘာကြောင့် မိန်းမသားတွေဟာ လွယ်လွယ်ကူကူ ငိုကြပါသလဲ ´
ဘုရားသခင်က ပြန်ဖြေခဲ့တယ် ။
` ငါဟာ မိန်းမသားတွေကို အထူးသီးသန့်ကွဲပြားခြားနားအောင်ဖန်ဆင်းခဲ့တယ် ကမ္ဘာကြီးရဲ့အလေးချိန်ကို ထမ်းထားနိုင်လောက်တဲ့ ပခုံးသားတွေ ဖန်ဆင်းပေးခဲ့တယ် တပါးသူကို နှစ်သိမ့် မှုပေးနိုင်အောင် နူးညံ့ညှင် သာ ခြင်းတွေ ပေးခဲ့တယ် ။ ကလေးမွေးဖွားနိုင်အောင် သားအိမ်သန်စွမ်းခိုင်မာမှုကို ဖန်ဆင်းပေးခဲ့သလို သူမွေးလာ တဲ့သား သမီးတွေ ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို နားလည်ခွင့်လွှတ်နိုင်အောင် ခံနိုင်ရည်စွမ်း ရှိအောင် ဖန်ဆင်းခဲ့တယ် ။သူတစ်ယောက် တည်းအ ထီးကျန်တဲ့အခါ ဆက်လက်ရှင်သန်နိုင်အောင် မာကြောမှု ကို ပေးခဲ့သလို သူ့မိသားစုကို ဖျားနာမှုတွေ မောပန်းနွမ်းနယ်မှုတွေကနေ ကာကွယ်ပေးနိုင်အောင်လည်း ဖန်ဆင်းခဲ့တယ် ။ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ဘယ်လို အရာမျိုးပဲ ဖြစ်ပျက်နေ ပါစေ နောက် ဆုံးသားသမီးတွေဆီက ခါးသီးတဲ့ နာကျင်မှုတွေ သူ့ကို ပေးတာတောင်တာတောင်မှ အပြုံးမပျက်ပဲ သူ့သားသမီးတွေ ကို အချစ်မပြယ်အောင် ချစ်ခြင်းမေတ္တာကို ပေးတော်မူခဲ့တယ် ။ သူ့ခင်ပွန်းရဲ့ အမှားတွေကို ခါးစည်းခံနိုင်လောက်တဲ့ စွမ်းရည်တွေ နောက်ဆုံး သူ့ခင်ပွန်းက သူ့နံရိုးတွေနဲ့ သူ့နှလုံးသားကိုကာရံပြီး ဖက်ရှင်အဖြစ် ၀တ်ချင်တယ်ဆိုရင်တောင် ပေးအပ်နိုင်တဲ့ အစွမ်းမျိုး ကိုလည်း ပေးအပ်ခဲ့တယ် ။ခင်ပွန်းကောင်း တစ်ယောက်ဟာ ဇနီးသည်အပေါ် ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အသိဥာဏ် မျိုးပေး ခဲ့တယ် ။ ဒါပေမယ့် တခါတရံမှာ စိန်ခေါ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် သူမ ယုံကြည်ချက်တွေ မ၀ံ့မရဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးတွေ ကြုံရတယ် ။ ဒါကြောင့် နောက်ဆုံးမှာ ငါ ဘုရား သူမကို မျက်ရည်တစ်စက်ပေးတော်မူခဲ့တယ် ။ သူမ ဘယ်အချိန်အဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အထူးသီးသန့်အ သုံးပြုဖို့အတွက်ပေါ့ ။
ဘုရားသခင်က ဆက်ပြောတယ် ။


` မြင်တယ်မဟုတ်လား ငါ့သား မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ သူဝတ်ထားတဲ့ အ၀တ်အ စားတွေမဟုတ်ဘူး သူမ ဆင်ယင်ထားတဲ့ အသွင်းသဏ္ဍာန်တွေမဟုတ်ဘူး သူမ ဆံပင်ကို ဘယ်လို ဖြီးသင်သ လဲဆိုတဲ့ နည်းလမ်းလည်းမဟုတ်ဘူး မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ ဟာ သူမရဲ့ မျက်လုံးတွေ ထဲမှာပဲရှိတယ် ။ ဘာကြောင့်လည်းဆိုတော့ မိန်းမသားတစ်ယောက်ရဲ့ မျက်လုံးဆို တာဟာ သူမအ ချစ်တွေ စုပြုံထားတဲ့ နှလုံးသားကနေ ထွက်ရှိလာတဲ့ တံခါးပေါက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ

ှ Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ခြင်းဖြစ်ပါသည်။
excellencemedia.myanmar@gmail.com
See More
မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?



ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။

` အမေ ဘာလို့ငိုနေတာလဲဟင် ´

` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´

မိခင်က ကောင်လေးကိုပြန်ဖြေတယ် ။

` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ် ။ အဲဒီအခါ သူ့ အမေက ကောင်လေး ကို ထွေးပွေ့ လိုက်ပြီး ` မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ် ။

အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ် ။

` အဖေ အမေက ဘာအကြောင်းမှ မရှိပဲ ဘာလို့ ငိုတာလဲဟင် ´

`မိန်းမသားအားလုံးဟာ အကြောင်းပြချက်မရှိပဲ ငိုတတ်တယ်သားရဲ့ ´ လို့ သူ့အဖေက ကောင်လေးကို ပြန်ပြော ခဲ့တယ် ။

ဒီလိုနဲ့ ကောင်လေးဟာ အရွယ်တဖြည်းဖြည်းကြီးလာပြီး လူကြီးတစ်ဦးဖြစ်လာခဲ့တယ် ။ ဒါပေမယ့် သူဟာ ဘာကြောင့် မိန်း မတွေ ငိုရသလဲဆိုတာနဲ့ ပတ်သတ်ပြီး မရှင်းမလင်း နဲ့ သိချင်စိတ်ရှိနေတုန်းပါပဲ ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ဆီ ဖုန်းခေါ်လိုက်တယ် ။ ဘုရားသခင်က ဖုန်းကိုင်လိုက်တဲ့အခါ သူက မေးခဲ့တယ် ။

` ဘုရားသခင် ဘာကြောင့် မိန်းမသားတွေဟာ လွယ်လွယ်ကူကူ ငိုကြပါသလဲ ´

ဘုရားသခင်က ပြန်ဖြေခဲ့တယ် ။

` ငါဟာ မိန်းမသားတွေကို အထူးသီးသန့်ကွဲပြားခြားနားအောင်ဖန်ဆင်းခဲ့တယ် ကမ္ဘာကြီးရဲ့အလေးချိန်ကို ထမ်းထားနိုင်လောက်တဲ့ ပခုံးသားတွေ ဖန်ဆင်းပေးခဲ့တယ် တပါးသူကို နှစ်သိမ့် မှုပေးနိုင်အောင် နူးညံ့ညှင် သာ ခြင်းတွေ ပေးခဲ့တယ် ။ ကလေးမွေးဖွားနိုင်အောင် သားအိမ်သန်စွမ်းခိုင်မာမှုကို ဖန်ဆင်းပေးခဲ့သလို သူမွေးလာ တဲ့သား သမီးတွေ ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို နားလည်ခွင့်လွှတ်နိုင်အောင် ခံနိုင်ရည်စွမ်း ရှိအောင် ဖန်ဆင်းခဲ့တယ် ။သူတစ်ယောက် တည်းအ ထီးကျန်တဲ့အခါ ဆက်လက်ရှင်သန်နိုင်အောင် မာကြောမှု ကို ပေးခဲ့သလို သူ့မိသားစုကို ဖျားနာမှုတွေ မောပန်းနွမ်းနယ်မှုတွေကနေ ကာကွယ်ပေးနိုင်အောင်လည်း ဖန်ဆင်းခဲ့တယ် ။ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ဘယ်လို အရာမျိုးပဲ ဖြစ်ပျက်နေ ပါစေ နောက် ဆုံးသားသမီးတွေဆီက ခါးသီးတဲ့ နာကျင်မှုတွေ သူ့ကို ပေးတာတောင်တာတောင်မှ အပြုံးမပျက်ပဲ သူ့သားသမီးတွေ ကို အချစ်မပြယ်အောင် ချစ်ခြင်းမေတ္တာကို ပေးတော်မူခဲ့တယ် ။ သူ့ခင်ပွန်းရဲ့ အမှားတွေကို ခါးစည်းခံနိုင်လောက်တဲ့ စွမ်းရည်တွေ နောက်ဆုံး သူ့ခင်ပွန်းက သူ့နံရိုးတွေနဲ့ သူ့နှလုံးသားကိုကာရံပြီး ဖက်ရှင်အဖြစ် ၀တ်ချင်တယ်ဆိုရင်တောင် ပေးအပ်နိုင်တဲ့ အစွမ်းမျိုး ကိုလည်း ပေးအပ်ခဲ့တယ် ။ခင်ပွန်းကောင်း တစ်ယောက်ဟာ ဇနီးသည်အပေါ် ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အသိဥာဏ် မျိုးပေး ခဲ့တယ် ။ ဒါပေမယ့် တခါတရံမှာ စိန်ခေါ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် သူမ ယုံကြည်ချက်တွေ မ၀ံ့မရဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးတွေ ကြုံရတယ် ။ ဒါကြောင့် နောက်ဆုံးမှာ ငါ ဘုရား သူမကို မျက်ရည်တစ်စက်ပေးတော်မူခဲ့တယ် ။ သူမ ဘယ်အချိန်အဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အထူးသီးသန့်အ သုံးပြုဖို့အတွက်ပေါ့ ။

ဘုရားသခင်က ဆက်ပြောတယ် ။





` မြင်တယ်မဟုတ်လား ငါ့သား မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ သူဝတ်ထားတဲ့ အ၀တ်အ စားတွေမဟုတ်ဘူး သူမ ဆင်ယင်ထားတဲ့ အသွင်းသဏ္ဍာန်တွေမဟုတ်ဘူး သူမ ဆံပင်ကို ဘယ်လို ဖြီးသင်သ လဲဆိုတဲ့ နည်းလမ်းလည်းမဟုတ်ဘူး မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ ဟာ သူမရဲ့ မျက်လုံးတွေ ထဲမှာပဲရှိတယ် ။ ဘာကြောင့်လည်းဆိုတော့ မိန်းမသားတစ်ယောက်ရဲ့ မျက်လုံးဆို တာဟာ သူမအ ချစ်တွေ စုပြုံထားတဲ့ နှလုံးသားကနေ ထွက်ရှိလာတဲ့ တံခါးပေါက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ 



အေးချမ်းမွန်(အဲဆာန်မန်) မှ Myanmar News Update  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ခြင်းဖြစ်ပါသည်။

excellencemedia.myanmar@gmail.com

Tuesday 19 February 2013

မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ

မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ


မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ ဆိုတဲ့  ဆောင်းပါးတိုလေးကို
အဓိကရေးရတဲ့ ရည်ရွယ်ချက် ရှေ့ အစဉ်လာကို
အားလုံးကလေးစားကြလိုက်နာကြ ဘိုးဘွာအမွေတွေကိုထိန်းကြ သူတို
့လုပ်တဲ့အတိုင်း လိုက်လုပ်ကြတာပါပဲ ဒါပေမယ့် တချို့ သော့အယူစွဲများဟာ
မှားနေတာတယ်ဆိုတာရယ် ထေရဝါဒသာသနာ
အစစ်တိမ်ကော်ပျောက်ကွယ်သွားမည်
ဆိုးတယ်ကို
အဓိကရည်ရွယ်ထားပါတယ် ဒါပေမယ့် ကျနော်သိထားမှတ်ထား ကျက်ထားတာလေးက
ကလေးအသိလေးပါ အဲ့ကလေးအသိလေးကို လူကြီးတွေသိအောင်အနည်းတယ်တင်ပြပါရစေ။

အားလုံးသိကြတဲ့ အတိုင်း မြန်မာနိုင်ငံရဲ့  ၈၀ ရာခိုင်နုန်းက
ဗုဒ္ဒဘာသာဝင်များဖြစ်ကြပြီး  ၆၀ ရာခိုင်းနုန်လောက်တော့
မိရိုးဖလာဗုဒ္ဒဘာသာနဲ့ အတူ
နတ်များကိုပါရောယှက်ကိုးကွယ်ကြတာ နေရာဒေသအလိုက် ကွဲပြားပြီး ကိုးကွယ်ကြတဲ
့နတ်များမှာလဲ နေရာဒေသအလိုက် ယုံကြည်သက်ဝင်ကြတယ်၂၀ ရာခိုင်းနုန်းလောက်က
ထေရဝါဒအမှန်စင်စစ် လက်တစုတ်စာလောက်လေး ရှိနေမယ်လို့   ကျနော် ထင်မိပါတယ်
ဒီလိုရှားပါးနည်းပါးတဲ့  အမှန်တရားတွေလည်း ဒီထက်ပြန့် ပွားစေလိုပါတယ်
ကျနော်ကြားနာဖူးတဲ့  တရားထဲက ဦုးသင်္ဂလဟောထား တာ ထေရဝါဒ ဗုဒ္ဒသာသနာ အစစ်က
ဘုရား တရား သံဃာမှ တပါး ကိုးကွယ်ရာမရှိဆိုတာလေးကို ရင်ထဲက
စွဲစွဲမြဲမြဲရောက်ရှိခဲ့ တယ်။

သေချာစဉ်းစားကြည့်ရင် ကျနော်တို့ မြန်မာလူမျိုးတွေ
နတ်ကောင်းနတ်မြတ်တွေမတတန်ဘူးထင်ပါတယ်  မီးလောင်သေတာရယ် သူများသတ်လို
့သေတာရယ်
သေခြင်းကောင်းသေတာမရှိပါဘူး ဒါကိုပဲ အယူတိမ်းလို့ နတ်စိမ်း
ဖြစ်တယ်ပြောကြတာပေါ့ ၃၇ မင်းနှင့်အတူ နတ်များစွာ ရှိသည်အနက်
ကျနော်သိတာလေး
ပြောပြချင်တယ် စကိုင်းတိုင်းကပါပဲ အားလုံးအတိုင်း နတ်များစွာ ရှိသည်အနက်
မြင်းဖြူရှင် ကိုးကွယ်ကြတာလည်း အများပြားပါပဲ
မြင်းဖြူရှင် ပွဲတော်ကို တပေါင်းလမှာတွေမှာ ကျင်းပကြတယ် အဲလိုကျင်းပ
ရာမှာလည်း  ဝက်များရဲ့ အသက်ပေါင်းများစွာကိုသတ်ပြီး
အမျိုးမျိုး စီရင် ပြုလုပ်ပါတယ် ချက်တယ် ပြုတ်တယ် ကြော်တယ် ဆန်ပြုတ် အကင်
 အမျိုးမျိုးပြုလုပ်ပြီး မြင်းဖြူရှင် ဆိုတဲ့  နတ်ကို ပူဇော်ပသ
ယုံကြည်ကိုးကွယ်ပြီး  စီးပွားဥစ္စာတိုးတက်ရေး နှင့် အစစအဆင်ပြေစေဖို
့အတွက်လုပ်နေတာပါပဲ။

ဒါတွေဟာတကယ့်စဉ်းစားကြည်တော့ မှားနေတယ်လို့  ကျနော် ထင်မြင်မိတယ်
တခုရှိသေးတယ်ဗျ ကျနော် ပဲခူး ရွှေမောဓော ဘုရားဖူးသွားတော့
သုံးဘီးဆိုင်ကယ်တွေ နေနဲ့  မြင်ကွင်းတွေက အရမ်းကြည်နူးဖို့ ကောင်းပါတယ်
ရွှေသာလျောင်း  အခြား အထင်ကရ ပုရားတွေလည်းဖူးခဲ့ တယ်
ပြီးတော့ ကျနော် စိတ်ထဲ ထူးဆန်းနေတာလေးတစ်ခု ရွှေမော်ဓော ဘုရားပေါ်
စတတ်တော့ ဘေးပတ်လည်ကို အကဲခက်ကြည့်တယ် အားလုံးအေးဆည်ငြိမ်ပြီး
ဆည်းလည်းသံလေးတွေနဲ့ အတူ ရင်ထဲကို အေးမြစေပါတယ် အောက်ကိုပြန်ဆင်းလားတော့
ဘုရားရဲ့ ခြေရင်းမှာ ဆိုင်သံတွေ ကြားရတယ် ကျနော်က ပွရြှီလို့ 
ဇာတ်တွေများတိုက်နေသလားပေါ့ ဝါသနာက ခက်ပါပါရယ် စိတ်ဝင်စားတာနဲ့ 
စပ်စုလိုက်တာ နတ်ကနား ပေးနေတယ် ကနားစီးက အခြောက် ၃ယောက်
အရုပ်တွေစုံလို့   တကယ်ဆို ဘုရားနဲ့  အဲလိုနတ်မျိုးနဲ့ က ပြဒါးတလမ်း
သံတလမ်းပါ သာသနာပြုတဲ့ အထဲလည်း နတ်ကတော် မပါ။

ကျနော်ကိုတိုင်ကပဲ ပိုးကရင်ပါ ပါးပါး အဘိုးဘွားအမွေထိန်းတယ်ဆိုပြီ
ကရင်နတ်စားရပါတယ် ဒီလိုစားနဲ့ နေရာမှာဝက်ကို ကြိုးတုတ် ငယ်ထိတ်ကို
ပေါက်တူးတဲ့  မသေမသေချင်း ထုပါတယ် ဝက်ကလည်း ငယ်သံပါအောင် အော်တယ်ဗျ
ရွာတရွာလုံးကြားရတယ် ကြားဆို ရွာကလည်း အရှေ့ ပိုင်းက
လေလယ်ရင် အနောက်ပိုင်းက ကြားရတယ် အဲလောက် ရွာကြီးတာ  ဒါနဲ့ ဝက်သေရော
အထီးအမ နှစ်ကောင် သက်ရပါတယ် အူစုံ အသဲစုံ ပြုတ်ပြီး
ကရင် နတ်ဆိုတဲ့  ကောင်ကို ပူဇော်ပသရပါတယ် နတ်ဆရာလည်း ပင်ထားရပါတယ်
ဘာတွေလည်းမသိ ရွတ်ဖတ်နေတာ ဒီလို မပူဇော်ခင်
စိတ်ဝင်စားတာ တခုရှိသေးတယ် မပူဇော်ခင်လေး အဘိုးအဖွား အားလုံးကို
သွားခေါ်ရတယ် သချိ င်္င်းကပေါ့ သေပြီးသားလူတွေပေါ့ သစ်ခက်လေးနဲ့ 
သွားခေါ်တာဗျ ထူးခြားတာက သွားတုန်းက သစ်ခတ်ကက ပေါ့ပေါ့လေး  ပြန်လာတော့
လေးလာတယ်ဗျ အုတ်ခဲ့ တခဲ စာလောက် ၇ှိမယ် ထင်တယ်
ဒီလို နှစ်တိုင်းလုပ်တယ်ဗျ ပါးပါး စိတ်ချမ်းသာပါစေဆိုပြီး ကျနော်လည်း
လိုက်ရောညီထွေး နေပေးတာ ပါးပါး မဆုံးခင် ပြောသွားပါသေးတယ်
သား မင်းလည်း ဆက်လုပ်ချင်လုပ်ကွာတဲ့   စိတ်ထဲပြောလိုက်ပါတယ်
ပါးပါးမရှိရင် အားလုံး ကန်ထုတ်လိုက်မှာလို့  ဒီလိုပါပဲ
ဦးရှင်ကြီးပင့်နည်းတွေလည်း
ပါးပါးက သင်ထားလို့ ပြောပါတယ် အယူစွဲမဖြောက်နိုင်တဲ့  ပါးပါး ကို စိတ်ထဲ
ဂ၇ုနာဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး


နတ်နဲ့ နဂါး မလှည့်စားနဲ့ ဆိုတာလည်း သိကြမှာပေါ့ မလှည့်စားပါဘူး
အယုံကြည်လည်းမရှိပါဘူး လုပ်လည်းမလုပ်ပါဘူး ကောင်းတာတော့မပေးဘူး
ဆိုးတာပဲပေးကြတာများတယ်
အားလုံးသော မိတ်ဆွေအပေါင်းတို့ လည်း အဖိုးဘွားက လုပ်လာကြတာပဲဆိုပြီး
ရမ်းသမ်း မလုပ်ကြပါနဲ့  အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်
ဝေဖန်ပိုင်းခြားပြီး
စဉ်စဉ်းစားစားနဲ့  ဆင်ခြင်ပြီး  ဂရုနာစိတ် ကိုယ်ချင်းစာ
စိတ်လေးမွေးပြီးပညာ ဥာဏ်နဲ့  ဆုံးဖြတ်ကြပါလို့  တိုက်တွန်းရင် နိဂုံး ချုပ်လိုက်ပါတယ်။။
 
 
ဖိုးခွားလေး( ကော့မှုး)

Autorun ကို ကွန်ပျုတာကနေ ပိတ်ထားရင် Virus ကူးမယ့်ဘေးမှဝေးမယ်

Autorun ကို ကွန်ပျုတာကနေ ပိတ်ထားရင် Virus ကူးမယ့်ဘေးမှဝေးမယ်


Auto play ကိုပိတ်ထားရင် Memory Card တွေနဲ့ အခွေ ထည့်တဲ့အခါ    အော်တိုပွင့်

လာတဲ့ ဘေးကနေ ဝေးတာပေါ့ ။ အခွေထည့်လိုက်တယ် nero သို့ မဟုတ် Cyber နဲ့ 

တန်းပွင့်လာနေတာ.ပြီးတော့စက်က ဟန်းသွားတယ်ဆိုတဲ့ သူများအတွက် ပိတ်နည်း

လေးရေးလိုက်ပါတယ် ။ပိတ်ထားတာကောင်းပါတယ် ။ Memory card မှာ ပါလာတဲ့

Virus ဘေးကနေဝေးမယ်။.ကောင်းကျိုးဘက်က ကြည့်ရင်တော့ ပိတ်ထားလိုက်တာ

အကောင်းဆုံးပါ.ကဲ Auntorun Virus ကိုတားပေးမယ့်နည်းလေးစမ်းကြည့်စေ......။

Run box ကိုဖွင့်လိုက်ပါ Window ပုံလေးနဲ့  R ကို နှိပ်ပါ အဆင်ပြေသလိုသာဖွင့်

ပြီးရင်း gpedit.msc  ရိုက်  Enter နှိပ်  Group policy Editer ရောက်လာမယ်

Computer Config အောက်က Administrative Templates,  ကိုဝင်လိုက်ပါ

System အောက်က Window Components, ထဲဝင် Autoplay Policies.မှာ 

Turn Off Autoplay. ထဲဝင်ပြီး  Enable ကိုတစ်ချက်နှိပ် အောက်းနားလေးမှာပဲ

Turn Off Autoplay on ဆိုတဲ့နေရာမှာ All Drives ကိုရွေးပြီး Ok ပေးလိုက်ပါ

ကဲ ကလိနိုင်ကြပါစေနော်  Group Policy Editer ထဲမှာ အများကြီး ကလိလို့ ရ၏

Xp သမားများကတော့ ဒီမှာကြည့် http://inforids.com/turn-off-autoplay

Sunday 17 February 2013

ဟာသဉာဏ်ဝင် စိတ်ပျော်ရွှင


 ကမ္ဘာ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။
“ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs,
Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။

“စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင်
လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့
ဘ၀က သက်သာလှမယ် ...မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု
မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။



ဘုရားရှင် တိုင်းရဲ့ အဆုံးအမ စကားကလည်း စိတ်ကို သန့်စင်အောင်၊
ကြည်လင်အောင်၊ လန်းဆန်းအောင်၊ ရွှင်ပျနေအောင် ထားတတ်ဖို့ လှုံ့ဆော် သွန်သင်
ပေးတယ်လေ။ “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” တဲ့။
အရာရာကို ယထာဘူတ သဘော (Realism) နဲ့ ရှုမြင်ပြီး၊ အကောင်းမြင်( Optimism)
ဓာတ်ခံနဲ့ ရယ်ရွှင်တတ်ဖို့ အားဖြည့်ပေး နေတာပဲပေါ့။

လူရယ်လို့ ဖြစ်လာကတည်းက မွေးမွေးချင်း အငိုနဲ့ စတယ်။ ဘယ်ကလေးမှ မွေးတာနဲ့
မရယ်ကြဘူး။ မငိုလို့တောင် သားဖွားခန်းမှာ နား(စ)မကြီး (Nurse) က
ရေနဲ့ပက်၊ ကျောကုန်းကို ဖြန်းခနဲ ရိုက်လိုက် ပါသေးတယ်။ အဆုတ်ပွင့်
အလုပ်လုပ်အောင် စေတနာနဲ့ပါ။

ဥမမည် စာမမြောက် ပူတူတူးလေး ဘ၀မှာ ငိုခဲ့ကြတာ တွေက“ဆာ”လို့ (Hungry)
ဖြစ်စေ၊ “နာ”လို့ (Painful) ဖြစ်စေ၊ တစ်ခုခုကြောင့် ဖြစ်မှာပါပဲ။
ဖေးမကူညီ စောင့်ရှောက်တတ်တဲ့ လူ့အဖွဲ့အစည်းထဲ ရောက်လာတဲ့ အခါ“ဆာ”တာတွေ
“ပြေ”လာတယ်။ “နာ”တာတွေ “ကျေ”လာတတ် တယ်လေ။ ဒီလိုနဲ့ လူ့ဘ၀ အဆန်ခရီး
နှင်ကြတဲ့ အခါမှာတော့ လောကဓံ တရားရဲ့ ရိုက်ပုတ်ခြင်း ဒဏ်ချက်တွေကြောင့်၊
ကလေးတွေလို တစ်ခါပြန်ပြီး “ဆာ”ရင် (လောဘကြောင့်) ငိုရတယ်။ “နာ”ရင်
(ဒေါသကြောင့်) ငိုကြရ ပြန်ပါတယ်။

လူ့ဘ၀ကြီးမှာ လောဘ၊ ဒေါသ၊ သောက၊ ပရိဒေ၀ အပူမီး တွေနဲ့ အမြဲတမ်း ဖက်တွယ်နေ
ထိုင်သွားရရင် မတန်ပါဘူး။ ဒါတွေကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်မယ့်
နည်းလမ်း တစ်ခုကတော့ “ပျော်ပျော်နေ သေခဲ” (Happy- go- Lucky) ဆိုတဲ့ စကား
အတိုင်းပါပဲ။ အစ ကတည်းမှာ “ဟာသဉာဏ်” (Sense of Humour) မွေးပြီး
နေထိုင်တတ်ရင် သက်သာရာ ရတဲ့အပြင် ပတ်ဝန်းကျင် နဲ့လည်း သဟဇာတ
ဖြစ်လွယ်ပါတယ်။ ဒါကြောင့် လူတိုင်းမှာ ဟာသဉာဏ် ရှိသင့် ရွှင်သင့်တာပေါ့။

နေ့စဉ် ဘ၀ကို ဖြတ်သန်းရင်း တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အချိန်မှာ ကိုယ်နေ
ခဲ့ရတဲ့ တစ်ရက်တာ လေးဟာ ထိုက်တန် ပါရဲ့လား။ အကျိုးရှိ ရဲ့လားဆိုတာ တွေးဆ
ဆင်ခြင်သင့် ပါတယ်။ ဘ၀ကို တန်ဖိုးရှိ၊ မရှိ၊ အကဲခတ် စဉ်းစားကြည့်မယ်
ဆိုရင်တော့ ဒီကနေ့ ငါဘာတွေ တွေးခဲ့၊ ပြောခဲ့၊ လုပ်ခဲ့ ပါသလဲ။
တစ်နည်းအားဖြင့် ကုသိုလ် (Merit)၊ ဥစ္စာ(Tealth)၊ ပညာ (Knowledge/Tisdom)
တစ်ခုခု ရနိုင်ခဲ့ရဲ့ လားဆိုပြီး ဝေဖန်ဆန်းစစ် ကြည့်နိုင်ပါတယ်။

ဘ၀ဆိုတာ အကျိုးရှိမှ နေပျော်တယ် မဟုတ်လား။ ဒါကြောင့် ဘ၀အတွက် အကျိုးများ
အဖိုးတန်စေတဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေ ရဖို့ ပထမ ဦးဆုံး အရေးကြီး တာက
ကျန်းမာရေး (Health) ကောင်းဖို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုရာမှာ
စိတ်ကျန်းမာရေး(Mental Health) ရော ရုပ်ကျန်းမာရေး (Physical Health)
ကိုပါ ဆိုလိုတာပါ။ ဒီနှစ်မျိုးလုံး ကောင်းမွန်မှသာ ကျန်းမာရေး
ကောင်းခြင်း(Good Health) မည်မှာပေါ့။ ဒီလို ကောင်းမွန်တဲ့ ကျန်းမာရေးကို
အခြေခံ ခြေကုပ်ယူပြီး နေ့စဉ် ဆိုသလို ကုသိုလ်ပြု၊ ဥစ္စာရှာ၊ ပညာ
ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ အထဲက တစ်ခုခု ရရင် ကောင်းပါတယ်။ နှစ်ခုရရင် ပိုကောင်းပါတယ်။
သုံးခုစလုံး ရနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့
ကုက္ကားပဲပေါ့။ အကောင်းဆုံး ပဲလေ။ ဘ၀ တစ်ခုရဲ့ ပစ္စုပ္ပန် တည့်တည့်ကျတဲ့
တစ်ခဏချင်း တဒင်္ဂ အချိန်လေးတွေ ဆက်စပ်နေတဲ့ တစ်နေ့တာ ခံစားချက် ပဲနော်။
ဘယ်လိုများ ခံစားလိုက်ရ ပါသလဲ။ ပျော်ရွှင်မှု (Happiness) ပဲပေါ့။

တကယ်တော့ ပျော်ရွှင်မှု ဆိုတာ လူတိုင်းရဲ့ ဘ၀ အောင်မြင်မှု(Success) ပါပဲ။
အောင်မြင်မှု ဆိုတာ ငွေ(Money) မဟုတ်ပါဘူး။ အာဏာ (Power) မဟုတ်ပါဘူး။
ရာထူး ဌာနန္တရ (Position) မဟုတ်ပါဘူး။ ထင်ပေါ်ကျော် ကြားမှု (Fame)  လည်း
မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဖြတ်သန်း ခဲ့ရတဲ့ ဘ၀ တစ်နေ့တာလေးတွေမှာ
ရသင့်ရထိုက် ယူသင့်ယူထိုက်တဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေကို ရနိုင်အောင်
ကြိုးစားရင်း အေးချမ်း ပျော်ရွှင်စွာနဲ့ အောင် မြင်မှု အသီးသီးကို
စက္ကန့်မလပ် အဆက်မပြတ် အောင်ပန်း ဆွတ်ခူးနိုင်ကြပါတယ်။

ကျန်းမာရေး ကောင်းမွန်ခြင်းကို အခြေခံ အုတ်မြစ်ချပြီး ဘ၀အတွက်
ရသင့်ရထိုက်တာတွေကို ရယူကာ ပျော်ရွှင်စွာနဲ့ အောင်မြင်မှု ပန်းတိုင်ကို
အရောက် လှမ်းနိုင်ပုံ လေးကို ပုံပြ အညွှန်းလေးနဲ့ မျက်မြင် လေ့လာကြည့်ရ
အောင်နော်-
အခုလို အောင်မြင်မှု စခန်းသာကို ပျော်ရွှင်စွာ လှမ်းချီရာမှာ ဟာသဥာဏ်
ရွှင်မြူး သူတွေက ဦးစွာ ပထမ ဆိုက်ရောက် တတ်ကြပါတယ်။ ဒါကြောင့် “ဟာသ”
(Humour) နဲ့ သက်ဆိုင်တဲ့ အင်္ဂလိပ် စကားလုံး အသုံး အနှုန်းတွေကို ဝေါဟာရ
မှော်ရုံတောမှာ ရှာဖွေ လေ့လာရင်း ဘ၀ အမောတွေ ပြေပျောက်စေဖို့ အားထုတ်
ကြည့်ကြမယ်လေ။

ရယ်အောင်ပြုံးအောင် လှုံ့ဆော်ပေးတဲ့ ဟာသ ပြက်လုံးကို Joke  လို့ ခေါ်တယ်။
အသံထွက်က ဂျိုး(ခ) လို့ ထွက်ရပါတယ်။ “ဂျုတ်” မဟုတ်ပါဘူး။ ဟာသလုပ်တဲ့
လူရွှင် တ်ာက Joker ဒါမှ မဟုတ် Clown  လို့ ခေါ်တယ်။ ဟာသဥာဏ် ရွှင်သူ၊ ဟာသ
ဆရာကို Humorist လို့ ခေါ်တယ်။ Humorous က ဟာသမြောက်သော၊ ရယ်စရာ
ကောင်းသော။ Humourless က မျက်နှာသေသော၊ ထုံတေတေ နိုင်သော ဖြစ်ပါတယ်။

ဒါနဲ့ ငယ်ငယ်တုန်းက အငြိမ့်ပြိုင်ပွဲ တွေထဲမှာ လူရွှင်တော် (တချို့က
လူပြက်လို့ ခေါ်တယ်) တွေ ပြက်လုံး ထုတ်ခဲ့တဲ့ အင်္ဂလိပ်စာ ပျက်ဟာသ စကား
တချို့ကို ပြန်လည် သတိရမိပါတယ်။ ဘာတဲ့-
‘Once upon a time’,  လေကြီးမိုးကြီး ၀ုန်းဒိုင်း။ The Prince  is ယက်ကန်
ယက်ကန် seven days in the  သမုဒ္ဒရာ”

အတည်လိုလို နောက်ပြောင် သလိုလို ပြောတော့ ရယ်ခဲ့ ရပါတယ်။ မြန်မာတွေ
အချင်းချင်း တွေ့ကြတဲ့ အခါ နောက်ပြောင်ပြောဆို တတ်ကြတဲ့ မြန်မာစကား
အင်္ဂလိပ်စာ ပျက်တွေ ရှိပါသေး တယ်။ ဒီလို-
Green wind blowing (လေစိမ်းတွေ တိုက် နေတယ်)၊
Don't break this hole (ဒီအပေါက်မျိုး မချိုးနဲ့)၊
Snake, snake, see the leg  (မြွေမြွေချင်း ခြေမြင်)
Water follow, Fish Follow. (ရေလိုက် ငါးလိုက်)၊
Cat, mountain, mountain  (ကြောင်တောင်တောင်)၊
This man and this man (ဒီလူနဲ့ ဒီလူပဲဟာ)

ဒါတွေဟာ အင်္ဂလိပ် စကားလုံး အသုံးအနှုန်း အမှန်တွေ မဟုတ်ပါဘူး။ လုပ်ကြံ
ဖန်တီးပြီး သက်သက်နောက်ပြောင် ပြောဆို ထားတာပါ။ မှန်တာ မမှန်တာ အပထား။
ကလေး ဘ၀က ရယ်ခဲ့ရတာ အမြတ်ပဲပေါ့။

ဒီနေရာမှာ ရယ်နည်း ပြုံးနည်းတွေ ကလည်း အမျိုးမျိုး ရှိပါသေးတယ်။
ပန်းပွင့်လာတာ အဖူးက စတာပါ။ ရယ်မောခြင်းရဲ့ အစက အပြုံးပါပဲ။ Smile က
ပြုံးတာ၊ Grim က ပြုံးဖြဲဖြဲ လုပ်တာ။ Smirk က လှောင်ပြုံး ပြုံးတာပါ။
Laugh ကတော့ ရယ်မောတာ၊ Giggle/ Chuckle က တခစ်ခစ် ရယ်တာ၊ Snicker က
ကျိတ်ရယ်တာ၊ Titter က ခပ်အုပ်အုပ် ရယ်တာ၊ Chartle က ဟက်ဟက်ပက်ပက် ရယ်တာ၊
Cackle က မနှစ်မြို့ဖွယ် စူးစူးဝါးဝါး ရယ်တာ ဖြစ်ပါတယ်။
ကျယ်ကျယ်လောင်လောင် ရယ်တာကို Laugh out loud, ရုတ်တရက် ရယ်ချ လိုက်တာကို
Burst out laughing  ရယ်သံမောသံ သောသောညံ နေတာကို Roar with Laughter,
အော်ဟစ်ရယ်မော ပစ်လိုက်တာကို howl with Laughter, စီခနဲ အော်ဟစ် ရယ်မော
လိုက်တာကိုတော့ Shrick with Laughter လို့ ခေါ်ကြပါတယ်။

ဘ၀မှာ ပြုံးနိုင် ရယ်နိုင်တယ် ဆိုရင် အကောင်းဆုံး ပဲပေါ့။ ဘ၀ရဲ့
လက်ဆောင်မွန် ပါပဲ။ ပြုံးတာ ရယ်တာကြောင့် ခန္ဓာ ကိုယ်ထဲမှာ
ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်တယ်။ အစာကျေ စေတယ်။ ဦးနှောက်
ကြည်လင်စေတယ်။ ရယ်သောသူ အသက်ရှည်ဆိုတာ မကြာခဏ ကြားဖူးကြတယ် မဟုတ်လား။
ဒါအဟုတ်ပဲ။
Laugh and the world laughs with you. Cry and you cry alone.
ရယ်မောလိုက်ပါ။ ကမ္ဘာကြီးက သင်နဲ့ အတူ လိုက်ပြီး ရယ်ပါလိမ့်မယ်။
ငိုရင်တော့၊ သင်တစ်ယောက် တည်းပဲ ငိုရ လိမ့်မယ်တဲ့။ ကောင်းလိုက်တဲ့
အဆိုအမိန့်။

ရယ်စရာ ဟာသပြက်လုံး တွေကို ခေတ်အဆက်ဆက် ဖန်တီးခဲ့၊ ပြောဆိုခဲ့ ကြပါတယ်။
အငြိမ့်တွေ၊ ဇာတ်သဘင်တွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ၊ စာပေတွေ ထဲမှာပါ။
ဟာသပြက်လုံး ဆိုတာ ပါးစပ်နဲ့ ပြောရပြက်ရ တာပါ။ ကိုယ်လက်အင်္ဂါ လှုပ်ရှားမှုက
အဓိက မဟုတ်ပါဘူး။

လူရွှင်တော်တွေ တစ်ယောက်ရဲ့ ခေါင်းကို တစ်ယောက်က စက္ကူလိပ်နဲ့ တဖပ်ဖပ်
ရိုက်စရာ မလိုပါဘူး။ လင်ဗန်းနဲ့ တစ်ဖြန်းဖြန်း ထုစရာ မလိုပါဘူး။
ရိုင်းပျပါတယ်။ အ၀တ် အစားတွေ ထည်လဲနဲ့ ပေါက်တတ်ကရ ၀တ်ပြ နေစရာ မလိုပါဘူး။
လူရွှင်တော် ဆိုတာ ဉာဏ်နဲ့၊ အတွေးနဲ့၊ နှုတ်နဲ့၊ စကားနဲ့ ဟာသပြက်လုံး
တွေကို ဖန်တီးတီထွင် ရတာပါ။

တစ်ခါက မြန်မာ့ ရုပ်မြင်သံကြား အစီ အစဉ်မှာ ယိုးဒယားပြန် အမာစိန်ရဲ့
အငြိမ့် ခန်းလေးကို သွားသတိရ မိပါတယ်။ တွဲဖက်ပါ ၀င်ကြတဲ့ လူရွှင်တော်ကြီးက
နှစ်ဦးတည်းပါ။ မြို့တော် ဦးပေါစံနဲ့ ဦးရွှေငါး။ ထိုင်ရာ မထ၊ တိုက်ပုံ
မချွတ်၊ ခေါင်းပေါင်း မဖြုတ်စတမ်း ပြက်လုံးထုတ် ဟာသ လုပ်ပြသွားတာ စံနမူနာ
ယူစရာ ပါပဲ။ သူတို့ရဲ့ ပြက်လုံးလေး တစ်ကွက်ကို ခံစား ကြည့်ပါဦး-

ဦးပေါစံ။    ။ ဦးရွှေငါးရေ၊ ကျွန်တော်တို့ ဒီတစ်ခါ ကျေးငှက် သာရကာတွေ
ပါတဲ့ သီချင်းလေးတွေ စပ်ကြ ဆိုကြ ရအောင်ဗျာ။
ဦးရွှေငါး။    ။ ကောင်းပါ့ဗျာ ဦးပေါစံရဲ့။ ခင်ဗျားကပဲ စပြီးဆိုဗျာ။
ဦးပေါစံ။    ။ (ထိုင်နေလျက်) ရွှေကျီးညို လာရင်...(အစချီ သီချင်းကို
ဆိုပြတယ်။ ပြီးတော့...) ချိန်ခါဆည်းဆာ မြစ်ဧရာဝယ်၊ ပျံကာဝဲကာ
ငှက်စင်ရော်ရယ်...(သီချင်းကို ဆက်ဆို ပြန်ပါတယ်။ ပြီးတော့မှ...)
ကဲ..ဦးရွှေငါးရေ၊ ခင်ဗျား အလှည့်ပဲ။ ကျေးငှက် သာရကာပါတဲ့ သီချင်း
ဆိုပေတော့ဗျို့။
ဦးရွှေငါး။ ။ အေးပါဗျာ ဆိုပါ့မယ်။ ကဲ- သေချာနားထောင် ပေတော့။
(မတ်တတ်ရပ်လျှက် သီချင်းတစ်ပုဒ် သီဆိုပြတယ်။) မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့
တွေ့တဲ့သူ မတူ ပါဘူးကွယ်...”
ဦးပေါစံ။ ။ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲ ဦးရွှေငါးရဲ့။
ဦးရွှေငါး။ ။ သေချာ ဂရုစိုက်ပြီး နားထောင်ပါ ဆိုနေမှ။ ကဲ- နားထောင်ဦး။
မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့တွေ့ တဲ့သူ မတူ ပါဘူးကွယ်...။
ဦးပေါစံ။ ။ ဟင်း၊ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲဗျ။
ဦးရွှေငါး။ ။ ပါတာပေါ့ဗျာ။
ဦးပေါစံ။ ။ ဒါဆိုအဲဒါ ဘာသီချင်း လဲဗျ။
ဦးရွှေငါး။ ။ ကြက်သီချင်း လေဗျာ၊ သိပြီလား။
ဦးပေါစံ။ ။ အေး၊ ဟုတ်သားပဲဗျာ။

ရုပ်မြင် သံကြားကြည့် ပရိသတ်က တစိမ့်စိမ့် တွေးပြီးမှ၊ တစ်ဖြည်းဖြည်းနဲ့
ပြုံးကြ ရပါတယ်။ ဒါမျိုး ဟာသပြက် လုံးကို In -Joke လို့ ခေါ်ပါတယ်။
လူတချို့သာ ခံစား နားလည်နိုင်မယ့် ဟာသပြက်လုံး မျိုးပါ။ ဒီလိုသမား
စဉ်ပြက် လုံးတွေက ကြားရသူကို ဣရေ ယဉ်ယဉ်ကျေးကျေး ပြုံးနိုင်ရယ်
နိုင်စေပါတယ်။ ရယ်ရရင် ပြီးရောဆိုပြီး ပရိသတ် သည်းခြေကြိုက်
ခါးအောက်ပိုင်း၊ ချက်အောက်ပိုင်း ပြက်လုံးတွေ ကိုလောက် ပြောတတ်၊
ပြက်တတ်မယ် ဆိုရင်တော့ မီးချောင်း နှစ်ချောင်းနဲ့ လေးတိုင်စင်
လမ်းဘေးအဆင့် ရောက်သွား နိုင်ပါတယ်။ ဒါမျိုးက လူကြီး မပြောနဲ့ အရယ်
သန်ကြတဲ့ လူငယ်ဆယ် ကျော်သက်တွေတောင် နားရှက် မျက်နှာရှက် နှာခေါင်းရှုံ့
ကြရပါတယ်။

ဒီကနေ့ တစ်ခေတ်ဆန်းပြီး ဟာသအနု ပညာတွေ ပေါများ လာပါတယ်။ (ပေါတာတွေ
များလာတယ် ဆိုရင်တော့ သိပ်မကောင်း လှပါဘူး) အထူးသဖြင့် စာပေနဲ့ ရုပ်ရှင်
လောကမှာ ဖြစ်ပါတယ်။ ဟာသ မဂ္ဂဇင်းတွေ၊ ဟာသ စာအုပ်တွေက ပလူပျံလို့။ ရုပ်ရှင်
ဆိုရင်လည်း တစ်နှစ်ထွက်ရှိ သမျှ ဇာတ်ကားတွေရဲ့ အများစုက ဟာသဇာတ်
ကားတွေချည်း။ တကယ်တော့ သဘာဝ ကျကျ ရယ်စရာ ဖြစ်ရဲ့လား (ဓာတ်ခဲ
ရုပ်ရှင်ဇာတ်ကား လိုလေ)။ အောက်ကလိအာ လက်မြှောက် ကလိထိုးနဲ့ စင်ပေါ်မှာ
အငြိမ့် မင်းသမီးရဲ့ ထိုင်မသိမ်း ထဘီလှန်လို လှန်နဲ့။ စိတ်ညစ် စရာပါပဲ။

တကယ်တော့ ဟာသဆိုတာ ရသကိုးပါး ထဲမှာ အရှားပါးဆုံး ရသ တစ်ခုပါ။
ထုတ်လုပ်တိုင်း၊ ဖန်တီးတိုင်း၊ ပြောဆိုတိုင်း။ လုပ်ပြတိုင်း၊ ရေးပြတိုင်း
ဟာသဖြစ်တာ မဟုတ်ပါဘူး။ ဟာသ အမျိုးအစား တွေကို အင်္ဂလိပ် အက္ခရာ စဉ်လေးနဲ့
ခွဲခြားလေ့လာ ကြည့်ရအောင်နော်။ Amusing ဆိုတာ ရယ်ရွှင်စေသော ဆိုတဲ့
နာမ၀ိသေသန တစ်ခု။ Association က အတွေး၊ ခံစားချက်နဲ့ စိတ်ကူးတွေ ကြားမှာ
ရယ်ရွှင်ဖွယ်ရာ စိတ်ပိုင်း ဆက်နွှယ်မှုပါ။ Black Humour က လေးနက်တဲ့
ဝမ်းနည်းဖွယ်ရာ တစ်စုံ တစ်ရာကို ရွှင်မြူးစေတဲ့ နည်းလမ်းနဲ့ ကြည့်ရှုတာ၊
ပြုမူတာပါ။ Comedian  ကတော့ ထင်ပေါ် ကျော်ကြားတဲ့ သူတွေရဲ့ အပြုအမူ
အပြောအဆို တွေကို တုပပြီး ပြက်လုံးတွေ၊ ပုံပြင်တွေ ထုတ်ကာ လူတွေကို
ရယ်မောအောင် လုပ်ရတဲ့သူ ဖြစ်ပါတယ်။

Comedy က ရယ်စရာ ဇာတ်ကြောင်းပါ။ Crack ဆိုတာ ဟာသပြက်လုံး တွေကို
ပြောတာပါ။ Double Enterdre  ဆိုတာ အနက် အဓိပ္ပာယ် ကောက်ယူမှု နှစ်ခွ
ဖြစ်စေတဲ့ စကားလုံး စကားစု တွေပဲ ဖြစ်ပါတယ်။ Droll ကတော့ သမားရိုးကျ
မဟုတ်တဲ့ နည်းနဲ့ ရွှင်မြူး စေသောတဲ့။ Dry Humour ဆိုတော့ အသံကျယ်ကျယ်
လောင်လောင် ထင်ထင်ရှားရှား မဟုတ်ဘဲ လိမ္မာ ပါးနပ်စွာ အလွန် ရယ်မောရတဲ့
ဟာသအမျိုး အစားပါ။ Exaggeration က သဘာဝ ကျတာ ထက်လွန်ပြီး ဟာသသဘော
သက်ရောက်လာအောင် ပုံကြီးချဲ့ ပြောဆိုမှု ဖြစ်ပါတယ်။

ဒါနဲ့ ကြားဖြတ်ပြီး နိုင်ငံခြား တိုင်းပြည် တစ်ခုကို ခေတ္တအလုပ်
သွားလုပ်ရင်း၊ အဲဒီက ဌာနေ နိုင်ငံသား တစ်ဦးနဲ့ ကျွန်တော်တို့
ကိုရွှေမြန်မာ တို့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ တွေ့ဆုံ ခဲ့ကြတယ်။ သူတို့
စကားပြောဆို နေကြပုံက ဒီလိုပါ-
ရွှေမြန်မာ။    ။ ဟေ့လူ၊ ဒါက ဘာကောင်လဲဗျ။
နိုင်ငံခြားသား။ ။ ဒါက ကမ္ဘာအကြီးဆုံး လိပ်မျိုးဗျ။ အင်မတန် ရှားပါးတယ်။
ရွှေမြန်မာ။ ။ အင်း၊ ကျုပ်တို့ဆီ မှာတော့ ပေါမှပေါပဲ။
နိုင်ငံခြားသား။ ။ သြော်- ဟုတ်လား။ ပြောစမ်းပါဦး။
ရွှေမြန်မာ။ ။ ဒါမျိုးကောင်တွေ ကျုပ်တို့ အိမ်မှာတောင် ရှိသေးတယ်။
နိုင်ငံခြားသား ။  ။ တယ်ဟုတ်ပါလား။ မွေးထား တာလားဗျ။
ရွှေမြန်မာ ။ ။ ဘယ်ဟုတ်ရ မှာလဲ။ အလိုလို ရောက်လာတာ။
နိုင်ငံခြားသား ။ ။ ဒါဆို ခင်ဗျားတို့ ဆီမှာ မြန်မာဘာသာ စကားနဲ့ ဘာခေါ်လဲဗျ။
ရွှေမြန်မာ ။ ။ “ကြမ်းပိုး”လို့ ခေါ်တယ်လေ။

သြော်- ကြွားလည်း ကြွားနိုင်ပါပေ့ ကိုရွှေမြန်မာရယ်။
ဆက်လက်ပြီး ဟာသဆိုင်ရာ ဝေါဟာရ လေးတွေကို လေ့လာ ကြပါဦး။ Facetious ဆိုတာ
လျော်ကန် သင့်မြတ်တယ်လို့ သဘော မထားတဲ့ အရာကို ရယ်သွမ်းသွေးပြီး ဟာသလုပ်
ပြောဆိုတာ ဖြစ်ပါတယ်။ Funny က ရယ်စရာ ကောင်းသောဆိုတဲ့ နာမ၀ိသေသနပါ။ Gag
ကတော့ ကျွမ်းကျင်ဟာသ ပညာရှင်က ပြောဆိုတဲ့ ဟာသပြက်လုံး ဖြစ်ပါတယ်။ Gallows
Humour ဆိုတာ ကတော့ သေခြင်း တရားလို၊ ရောဂါဘယ ဖြစ်ပွား မှုမျိုးလို
စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို ရယ်စရာ အဖြစ် လုပ်ပြောတာပါ။

Hilarious ကတော့ တသောသော ရယ်မော ရွှင်ပျ စေသောလို့ အဓိပ္ပာယ် ရပါတယ်။
Hyperbole ဆိုတာ မြန်မာလို ပြောတော့ အတိဿယ ၀ုတိ္တ အလင်္ကာပါ။ Incongruity က
မလျှော်ကန်တဲ့ အပြုအမူ၊ အတွေး အခေါ်တွေကို တွဲသုံးတဲ့ ဟာသမြောက် ပရိယာယ်
လှည့်ကွက်တွေပါ။ Irony ကတော့ ဇောက်ထိုး စကားလို့ ခေါ်ပါတယ်။ Jest က
ပြက်လုံး၊ ဟာသတွေပဲ ဖြစ်ပါတယ်။ Malaprops ကတော့ အပြစ် ကင်းစင်တဲ့
ဇာတ်ကောင်က ဘာသာ စကားမှာ မှားယွင်းစွာ အသုံး ပြုခြင်းပါပဲ။ Non sequitur
က ယုတ္တ မတန်တဲ့ ကောက်ချက်ပါ။ ဏကည ဆိုတာ သံတူကြောင်းကွဲ စကားလုံးနဲ့
အဓိပ္ပါယ် နှစ်ခွထွက်တဲ့ ဟာသမြောက် အသုံး အနှုန်းပဲပေါ့။ စကားဖန် လို့လည်း
ခေါ်ပါတယ်။

Runninggag ကတော့ ရှေ့က ပြောပြီးတဲ့ ပြက်လုံး စာသားကို ထပ်တလဲလဲ
ပြန်သုံးတာပါ။ Satire က လှောင်ပြောင်တဲ့ သရော်စာပါ။ Surprise  ဆိုတာကတော့
မျှော်လင့် မထားဘဲ အလစ်အငိုက် ဖမ်းတဲ့ အသစ် အဆန်းပဲ ဖြစ်ပါတယ်။ Telegraph
ကတော့ ပြောစရာ ဇာတ်လမ်းဆုံးတဲ့တိုင်အောင် အစပျိုး စကားတွေ ပြောလွန်း
အားကြီးတာပါ။
Hnderstatement က လျှော့ပြောတာ၊ ဖော့ပြောတာ ဖြစ်ပါတယ်။ နောက်ဆုံး Tit
ကတော့ ဟာသဉာဏ်၊ ဇ၀နဉာဏ် ရှိသူတွေကို ခေါ်တာပါပဲ။

ဒါနဲ့ လောကလူမှု အဖြစ် သနစ်တွေကို ဝေဖန်သမှု ပြုကြပုံတွေ မျိုးစုံထဲက
သရော်စာ ဆိုတဲ့ Satire ကို ခေတ်အဆက်ဆက် ရေးသား ခဲ့ကြရာမှာ မြန်မာပြည်မှာ
အင်္ဂလိပ် ကိုလိုနီ ခေတ်က လာရောက် အမှုထမ်း ခဲ့ဖူးတဲ့ ဗြိတိသျှ အရာရှိ
တစ်ဖြစ်လဲ၊ ကမ္ဘာကျော် စာရေး ဆရာကြီး George Prwel ရဲ့ Animal Farm ၀တ္ထုဟာ
နာမည်ကြီး ထင်ရှား လှပါတယ်။ မြန်မာပြည် နောက်ခံနဲ့ သရော်စာ ၀တ္ထုတို
တစ်ပုဒ်ကတော့ Sooting An Elephant ဖြစ်ပါတယ်။

မြန်မာစာပေ လောကမှာလည်း ထင်ရှားတဲ့ သရော်စာ ရေးသူတွေ ရှိကြပါတယ်။
ပေါ်လွင်သူ တွေကို အနည်းငယ် ဖော်ပြ ရမယ်ဆိုရင် ဆရာ မောင်သော်က၊
“မောင်သစ်”ကလောင် အမည်နဲ့ ရေးတဲ့ ဦးကိုယု၊ ၀တ္ထုတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ
ထဲမှာ ထည့်ညှပ် ရေးသားတတ်တဲ့ ဆရာမင်းလူ၊ ဓနုဖြူ ကျော်ထွန်း၊ အသက်တစ်
ထောင်ကွေး၊ ဂုရုကွေး အဖြစ် တစ်သက်တာလုံး သရော်စာတွေ စိုက်လိုက်မတ်တတ်
ရေးသွားခဲ့တဲ့ ဆရာကြီး အီကြာကွေးတို့ ဖြစ်ပါတယ်။

ပညာဆည်းပူး နေကြတဲ့ ဆယ်ကျော်သက် ဖူးငုံတို့ တစ်တွေသိဖို့ ဟာသဉာဏ်
အကြောင်း ပြောပြ ပါဦးမယ်။ အခြေခံ ပညာ ကျောင်းတွေမှာ ထင် ထင်ရှားရှား
ရေးသားထားတဲ့ ဆောင်ပုဒ် တစ်ခုကို တွေ့ရမှာပါ။ “ကျောင်းနေပျော်၍
စာတော်ရမည်”တဲ့။ ကောင်းလိုက်တဲ့ စာသား။ သဘော တရားဆိုတာ အကောင်အထည်
ဖော်နိုင်ရင် ကောင်းတာပေါ့။ ဦးစွာ ပထမ ဆရာတစ်ဦး အနေနဲ့ စာသင်ခန်း ထဲမှာ
ဘယ်ဘာသာ ရပ်ကို သင်သင်၊ သင်ခန်းစာနဲ့ နှီးနွှယ်ပြီး ဟာသဉာဏ်ထုတ်
သင်ကြားတတ်ရင် သိပ်ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းစာ အသစ်၊ မှတ်သားစရာ အသစ်ကို ဆည်းပူးရမယ့်
စာသင်သား တပည့်တွေဟာ တက်ကြွလန်းဆန်း သိချင် တတ်ချင်စိတ် အပြည့်အဝ
ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ စာကို မပင် မပန်းဘဲ အာရုံ
စူးစိုက်နိုင်တဲ့ စိတ်ဖြစ်ပေါ် နေမှာ ဖြစ်ပါတယ်။

စိတ်ပညာ သဘောအရ လူကို တက်ကြွနိုး ကြားစေတာ ဟာသဥာဏ်လည်း တစ်ခုအပါ အ၀င်
ဖြစ်ပါတယ်။ ရယ်ရွှင်စေတဲ့ သင်ကြားရေး ဆိုင်ရာ အထောက်အကူ ပြုအရာ (Humorous
Learning Material) တွေမှာ ကောင်းမွန်တဲ့ အကျိုး ကျေးဇူးတွေ များစွာ
ရှိပါတယ်။

ပထမ အချက်က ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ အားကောင်းတဲ့ ရွှင်မြူး
နေစေမှုကြောင့် စိတ်ဓာတ်တက်ကြွ နိုးကြားမှုကို တိုးပွား လာစေပါတယ်။ ဒုတိယ
ကတော့ ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ မှတ်မိ လွယ်စေပြီး၊ အရေးကြီး
သင်ခန်းစာ တွေကို လွယ်လင့်တကူ မှတ်မိနားလည် စေနိုင်ပါတယ်။ တတိယ အနေနဲ့
ကတော့ တခြားသူတွေ နဲ့လည်း ဟာသသဘော တွေကို ပြန်လည်ဝေမျှ ခံစား စေချင်တဲ့
သဘာဝ စိတ်ဆန္ဒ တွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။

ဟာသဉာဏ် ရွှင်ရွှင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ ဆရာ၊ ဆရာမတွေ ဆိုရင်
တပည့်တွေက ပိုပြီး ခင်မင်လေးစား ကြပါတယ်။ ကြောက်ရင် စာမမေးရဲ တော့ပါဘူး။
“ပုဂ်္ဂိုလ်ခင်တော့ တရားမင်”ဆိုတဲ့အတိုင်း ဒီလိုဆရာ၊ ဆရာမ မျိုးတွေကို
ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီးချစ်ကြ ကြည်ညိုကြတော့ သူတို့သင်ကြား
ပေးလိုက်တဲ့ သင်ခန်းစာ ဘာသာရပ် တွေကိုပါ ပိုပြီး စိတ်ဝင်စား အာရုံစိုက်
လာကြတယ်။ ပိုပြီးလည်း မှတ်မိနားလည် လာကြတယ်။ နားလည်လို့လည်း ပျော်ရွှင်
နေကြတယ်လေ။ ဉာဏ်ရွှင်ရင် စာဝင်ပါတယ်။ ဥာဏ်ကစားရင် စာသွားပါတယ်။
ဉာဏ်လတ်ရင် စာတတ်တယ်ပေါ့။

ဒါတင် မကသေး ပါဘူး။ အလုပ်ခွင် တွေမှာလည်း ဟာသဉာဏ် ရွှင်ရင် လူမှု ဆက်ဆံရေး
ကို အထောက်အကူ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု မွန်းကျပ်မှုတွေကို
ပြေပျောက်စေနိုင်ပါတယ်။ အမြင်ရှုထောင့်တွေကို ဖြည့်စွမ်းရှုမြင်နိုင်စေပါ
တယ်။ အာရုံစူးစိုက်မှုနဲ့ စွမ်းအားတွေကို မြှင့်တင် ပေးနိုင်ပါတယ်။
ဒါတွေကို သုတေသန လုပ်ပြီးသား ဖြစ်ပါတယ်။

တစ်ဆက်တည်း ဟာသနဲ့ သက်ဆိုင်တဲ့ အဆိုအမိန့် လေးတွေကို ငဲ့ကြည့်လိုက်ရင်
ဒီလို တွေ့ရမှာပါ-
Humour builds bridges between cultures.
ဟာသက ယဉ်ကျေးမှုတွေ အကြား တံတားထိုး ပေးတယ်။
Humour releases tension.
ဟာသက တင်းမာမှု တွေကို လျော့ပါး သက်သာစေတယ်။
Humour develops creative thinking.    ဟာသက တီထွင်ဖန်တီး တွေးခေါ်
တတ်မှုကို ဖော်ဆောင်ပေးတယ်။
Humour enchances motivation.
ဟာသက နိုးကြား တက်ကြွမှုကို မြှင့်တင်ပေးတယ်။

A joke is a very serious thing.   ဟာသ ပြက်လုံးဆိုတာ အလွန်ကို အရေးပါ
လေးနက်တဲ့ ကိစ္စတစ်ရပ် ပါလို့ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း Sir Winston
Churchill  က ပြောဖူးပါတယ်။
The most wasted day is that in which we have not laughed.
ကျွန်ုပ်တို့ မရယ်မောဖြစ် တဲ့နေ့ဟာ အချည်းနှီး အဖြစ်ဆုံး နေ့ပဲလို့
ပြင်သစ် စာရေးဆရာ Sebastian Chamfort  က ဆိုတယ်။

The Sound of laughter is the most civilised music in the world.
ရယ်မောသံဟာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး ဂီတသံ ပါပဲလို့ ဗြိတိသျှ စာရေးဆရာ
Peter Ustinov  က ပြောခဲ့တယ်။ Laughter is the best medicine.  ရယ်မောသံ
တွေဟာ အကောင်းဆုံး ဆေးဝါးတွေလို့ အဆိုအမိန့် တစ်ခုလည်း ရှိပါသေးတယ်။

နောက်ပြီး မြန်မာ ဆိုရိုးစကား တွေမှာ ထောင်တန်သည့် စကားရယ်ပေါ့။
ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရ။ လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ။
လွမ်းစရာ ပေါ်လျှင် နာစရာနှင့် ဖျောက်။ ငိုချင် အူရွှင်။ ငိုအားထက်
ရယ်အားသန်။ ဇာတ်သမား လာလျှင် မှတ်သားစရာ ပါရမည်။ ဇာတ်သမား ပြန်လျှင်
မှတ်သားစရာ ကျန်ရမည်။ နာစရာ ရှိလျှင် လွမ်းစရာ နှင့်ဖြေ စသည်ဖြင့်
စသည်ဖြင့် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘ၀မှာ ရယ်မောခြင်း စွမ်းအင်ဟာ ကောင်းမွန် ပါတယ်ဆိုတာ
လူတိုင်း သိပြီးသားပါ။ ဒါကြောင့် ကမ္ဘာ့ လူသားတွေ ထာဝရ ပျော်ရွှင်ရယ်မော
နိုင်စေဖို့ အိနိ္ဒယ နိုင်ငံက ယောဂ ပညာရှင် Dr. Malen Kataria  က ၁၉၉၈
ခုနှစ်မှာ ကမ္ဘာ့ ရယ်သံများနေ့ (World Laughter Day)  ကို ဖန်တီးသတ်မှတ်
ပေးခဲ့ပါတယ်။ သူက တစ်ကမ္ဘာလုံး ဆိုင်ရာ ရယ်မောခြင်း ဆိုင်ရာ ယောဂ
လှုပ်ရှားမှုရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ရယ်မောသူ အသင်းပေါင်း ၆၀၀၀
ကျော် ရှိနေပါပြီ။ ကမ္ဘာ့ ပထမဆုံး ရယ်မော သံများနေ့ (The First  World
Laughter Day)  ၁၉၉၈ ခုနှစ်က အိနိ္ဒယ နိုင်ငံ၊ မွန်ဘွန်းမြို့မှာ
စတင်ကျင်းပ ခဲ့ပါတယ်။ ရယ်မောသံ တွေက တစ်ဆင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို
မြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ဆက်လက်ပြီး
နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမဆုံး တနင်္ဂနွေ နေ့ကို ကမ္ဘာ့ ရယ်မောသံများ
နေ့လို့ သတ်မှတ်ပြီး အခမ်း အနားတွေ ကျင်းပ လာကြပါတယ်။

ဒီပွဲတွေ ကျင်းပစဉ်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေ ပြုလုပ်
ကြပါတယ်။ နဖူးစည်း စာတန်းတွေ၊ လက်ကိုင် ကတ်ပြားတွေ ကိုင်ဆောင်
ထားကြပါတယ်။ စာသားတွေ ကတော့-
World Peace through Laughter.
ရယ်မောသံမှ တစ်ဆင့် ကမ္ဘာငြိမ်းချမ်း ရေးသို့။
The Whole World is An Extended Family.
တစ်ကမ္ဘာ လုံးဟာ တိုးချဲ့ မိသားစု တစ်ခုပါ။
Laugh and Make others Laugh.
ကိုယ်တိုင်လည်း ရယ်ပါ။ တခြား သူတွေကိုလည်း ရယ်အောင်လုပ်ပါ။
Join Laughter Club- it's FREE!
ရယ်မောသူ အသင်းသို့ ၀င်လိုက်ပါ။ အခမဲ့ ဖြစ်ပါတယ်။

ဒီလို စီတန်း လမ်းလျှောက် နေစဉ်မှာလည်း “ဟိုးဟိုး ဟားဟားဟား” (Ho, Ho,
Ha, Ha, Ha)  နဲ့ “သိပ်ကောင်း၊ အလွန်ကောင်း ဟုတ်ပါပေ့” (very good, very
good, Yeah) စတဲ့ ကြွေးကြော် အော်ဟစ်ပြီး လက်ခုပ်တီးကြ၊ ကခုန် ကြပါတယ်။
ပျော်စရာ ကြီးပါပဲ။ ပြီးတော့ ဥယျာဉ်၊ ပန်းခြံ၊ ရင်ပြင်၊ ကွက်လပ်၊
ကစားကွင်းလို နေရာမျိုး တွေမှာ ၁၀ မိနစ်ကြာ ဟားတိုက်ရယ် မောပွဲတွေ
ပြုလုပ် ကြပါတယ်။ အဆိုတွေ၊ အကတွေနဲ့ ရယ်မောခြင်း ပြိုင်ပွဲတွေ ကျင်းပရင်း
အကောင်းဆုံး ရယ်မော နိုင်သူတွေကို ဆုတွေ ချီးမြှင့် ကြပါတယ်။

လူ့ကမ္ဘာ ကြီးမှာ မရယ်နိုင်သူ တွေကတော့ အနည်းဆုံး ပြုံးတာလောက်တော့
လုပ်သင့်ကြ ပါတယ်။ အမြဲတမ်း ပြုံးနေကြပါ။ ကမ္ဘာကျော် မိတ္တဗလ ဋီကာကို ရေးသာ
ထုတ်ဝေခဲ့တဲ့ ဆရာ ကြီး Dale Carnegie   က သူ့ရဲ့ကျမ်းထဲမှာ မိတ်ဆွေရဖို့၊
ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့၊ လုပ်ငန်း အသီးသီး
အောင်မြင်နိုင်ဖို့ ကျင့်ဆောင်ရမယ့် လက်မွန်မဆွ ပထမ နည်းနာကတော့
“ပြုံးပါ’’ (Smile)  တဲ့။

လောကမှာ လူရယ်လို့ ဖြစ်လာရင် “ပုခက်နဲ့ ခေါင်းကြား (From the cradle to
the grave)  မှာ လျှောက်လှမ်း ကြရ စမြဲပါ။ လောကဓမ္မ သဘာဝ ကလည်း “ဇာတိ၊
ဇရာ၊ ဗျာဓိ၊ မရဏ”လို့ ပြဆိုပါတယ်။ ဘ၀မှာ ဧကန်မလွဲ ရင်ဆိုင် ကြရမှာက
“အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘာဝ။

ဘ၀ ခရီးစဉ် တစ်ခုကို လျှောက်လှမ်း ကြရာမှာ “လမ်းသိသူ”က ခရီး ပေါက်တယ်။
သက်သာတယ်။ “လမ်းမသိသူ”က လမ်းပျောက်တယ်။ ခရီး မရောက်ဘဲ ခက်ခဲပင်ပန်း
လှပါတယ်။

လောကရေးရာ အမှုကိစ္စ တွေကို ဖြေရှင်းရာမှာ စိတ်တွေ လေးပင်နေရင်
လွဲချော်မှားယွင်း တတ်ပါတယ်။ စိတ်လက်ပေါ့ပါး နေမှသာ ကြည်လင် ပြတ်သားစွာ
ရှုမြင် သုံးသပ်နိုင်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန် နိုင်ပါတယ်။

ဒါကြောင့် လောကဓမ္မ၊ လောက သဘာဝ၊ လောက နိယာမ၊ လောက သစ္စာတွေကို
နှလုံးအိမ်မှာ သိမ်းပိုက်မိဖို့ ကြိုးစားရင်း ဘ၀ကို ထိုက်တန်အောင်
နေနိုင်ရ ပါလိမ့်မယ်။ ဒါမှသာ အဖိုးတန်တဲ့ ဘ၀မျိုးကို ရယူပိုင်ဆိုင်
နိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းဟာ ကိုယ့်ရဲ့ ဘ၀ကို တန်ဖိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်
ကြမှာပါ။ ဒီလို နေချင်ရင်တော့ ကိုယ့်ရဲ့ ရွှေမျက်နှာ တော်ပေါ်မှာ
“ပ”လေးလုံး ကို ဆောင်ထားကြပါ။ “ဂ”လေးလုံး ကိုတော့ ဝေးဝေး
ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ဖူးငုံလေးတို့ရေ- ဒါက ငယ်စဉ် ကတည်းက ရရှိ ထားသင့်တဲ့
အလေ့အကျင့် စရိုက် သဘာဝလေး တစ်ခုပါ။ ဘ၀မှာ ပျော်ချင်ရင်ပြုံး။ ပြုံးရင်
ပျော်ပါလိမ့်မယ်။ မပြုံးနိုင်ရင် နုံးသွားမှာနော။ ဒါကြောင့်-

မျက်ခုံးလေးပြုံး၊
မျက်လုံးလေးပြုံး၊
နှာခေါင်းလေးပြုံး၊
နှုတ်ခမ်းလေးပြုံး၊
မျက်နှာလေး ပြုံးပြီး၊
ကိုယ်စိတ်နှလုံး ရွှင်ပြုံး နိုင်ကြပါစေ။
ဆယ်ကျော်သက် ထက်မြက်ပါစေ။

Written by ဦးအေးချစ် EEAC
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)


                ကိုတင့်