အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Tuesday 19 February 2013

မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ

မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ


မိရိုးဖလာ နတ်ကိုးကွယ်ခြင်းနှင့် ထေရဝါဒ ဆိုတဲ့  ဆောင်းပါးတိုလေးကို
အဓိကရေးရတဲ့ ရည်ရွယ်ချက် ရှေ့ အစဉ်လာကို
အားလုံးကလေးစားကြလိုက်နာကြ ဘိုးဘွာအမွေတွေကိုထိန်းကြ သူတို
့လုပ်တဲ့အတိုင်း လိုက်လုပ်ကြတာပါပဲ ဒါပေမယ့် တချို့ သော့အယူစွဲများဟာ
မှားနေတာတယ်ဆိုတာရယ် ထေရဝါဒသာသနာ
အစစ်တိမ်ကော်ပျောက်ကွယ်သွားမည်
ဆိုးတယ်ကို
အဓိကရည်ရွယ်ထားပါတယ် ဒါပေမယ့် ကျနော်သိထားမှတ်ထား ကျက်ထားတာလေးက
ကလေးအသိလေးပါ အဲ့ကလေးအသိလေးကို လူကြီးတွေသိအောင်အနည်းတယ်တင်ပြပါရစေ။

အားလုံးသိကြတဲ့ အတိုင်း မြန်မာနိုင်ငံရဲ့  ၈၀ ရာခိုင်နုန်းက
ဗုဒ္ဒဘာသာဝင်များဖြစ်ကြပြီး  ၆၀ ရာခိုင်းနုန်လောက်တော့
မိရိုးဖလာဗုဒ္ဒဘာသာနဲ့ အတူ
နတ်များကိုပါရောယှက်ကိုးကွယ်ကြတာ နေရာဒေသအလိုက် ကွဲပြားပြီး ကိုးကွယ်ကြတဲ
့နတ်များမှာလဲ နေရာဒေသအလိုက် ယုံကြည်သက်ဝင်ကြတယ်၂၀ ရာခိုင်းနုန်းလောက်က
ထေရဝါဒအမှန်စင်စစ် လက်တစုတ်စာလောက်လေး ရှိနေမယ်လို့   ကျနော် ထင်မိပါတယ်
ဒီလိုရှားပါးနည်းပါးတဲ့  အမှန်တရားတွေလည်း ဒီထက်ပြန့် ပွားစေလိုပါတယ်
ကျနော်ကြားနာဖူးတဲ့  တရားထဲက ဦုးသင်္ဂလဟောထား တာ ထေရဝါဒ ဗုဒ္ဒသာသနာ အစစ်က
ဘုရား တရား သံဃာမှ တပါး ကိုးကွယ်ရာမရှိဆိုတာလေးကို ရင်ထဲက
စွဲစွဲမြဲမြဲရောက်ရှိခဲ့ တယ်။

သေချာစဉ်းစားကြည့်ရင် ကျနော်တို့ မြန်မာလူမျိုးတွေ
နတ်ကောင်းနတ်မြတ်တွေမတတန်ဘူးထင်ပါတယ်  မီးလောင်သေတာရယ် သူများသတ်လို
့သေတာရယ်
သေခြင်းကောင်းသေတာမရှိပါဘူး ဒါကိုပဲ အယူတိမ်းလို့ နတ်စိမ်း
ဖြစ်တယ်ပြောကြတာပေါ့ ၃၇ မင်းနှင့်အတူ နတ်များစွာ ရှိသည်အနက်
ကျနော်သိတာလေး
ပြောပြချင်တယ် စကိုင်းတိုင်းကပါပဲ အားလုံးအတိုင်း နတ်များစွာ ရှိသည်အနက်
မြင်းဖြူရှင် ကိုးကွယ်ကြတာလည်း အများပြားပါပဲ
မြင်းဖြူရှင် ပွဲတော်ကို တပေါင်းလမှာတွေမှာ ကျင်းပကြတယ် အဲလိုကျင်းပ
ရာမှာလည်း  ဝက်များရဲ့ အသက်ပေါင်းများစွာကိုသတ်ပြီး
အမျိုးမျိုး စီရင် ပြုလုပ်ပါတယ် ချက်တယ် ပြုတ်တယ် ကြော်တယ် ဆန်ပြုတ် အကင်
 အမျိုးမျိုးပြုလုပ်ပြီး မြင်းဖြူရှင် ဆိုတဲ့  နတ်ကို ပူဇော်ပသ
ယုံကြည်ကိုးကွယ်ပြီး  စီးပွားဥစ္စာတိုးတက်ရေး နှင့် အစစအဆင်ပြေစေဖို
့အတွက်လုပ်နေတာပါပဲ။

ဒါတွေဟာတကယ့်စဉ်းစားကြည်တော့ မှားနေတယ်လို့  ကျနော် ထင်မြင်မိတယ်
တခုရှိသေးတယ်ဗျ ကျနော် ပဲခူး ရွှေမောဓော ဘုရားဖူးသွားတော့
သုံးဘီးဆိုင်ကယ်တွေ နေနဲ့  မြင်ကွင်းတွေက အရမ်းကြည်နူးဖို့ ကောင်းပါတယ်
ရွှေသာလျောင်း  အခြား အထင်ကရ ပုရားတွေလည်းဖူးခဲ့ တယ်
ပြီးတော့ ကျနော် စိတ်ထဲ ထူးဆန်းနေတာလေးတစ်ခု ရွှေမော်ဓော ဘုရားပေါ်
စတတ်တော့ ဘေးပတ်လည်ကို အကဲခက်ကြည့်တယ် အားလုံးအေးဆည်ငြိမ်ပြီး
ဆည်းလည်းသံလေးတွေနဲ့ အတူ ရင်ထဲကို အေးမြစေပါတယ် အောက်ကိုပြန်ဆင်းလားတော့
ဘုရားရဲ့ ခြေရင်းမှာ ဆိုင်သံတွေ ကြားရတယ် ကျနော်က ပွရြှီလို့ 
ဇာတ်တွေများတိုက်နေသလားပေါ့ ဝါသနာက ခက်ပါပါရယ် စိတ်ဝင်စားတာနဲ့ 
စပ်စုလိုက်တာ နတ်ကနား ပေးနေတယ် ကနားစီးက အခြောက် ၃ယောက်
အရုပ်တွေစုံလို့   တကယ်ဆို ဘုရားနဲ့  အဲလိုနတ်မျိုးနဲ့ က ပြဒါးတလမ်း
သံတလမ်းပါ သာသနာပြုတဲ့ အထဲလည်း နတ်ကတော် မပါ။

ကျနော်ကိုတိုင်ကပဲ ပိုးကရင်ပါ ပါးပါး အဘိုးဘွားအမွေထိန်းတယ်ဆိုပြီ
ကရင်နတ်စားရပါတယ် ဒီလိုစားနဲ့ နေရာမှာဝက်ကို ကြိုးတုတ် ငယ်ထိတ်ကို
ပေါက်တူးတဲ့  မသေမသေချင်း ထုပါတယ် ဝက်ကလည်း ငယ်သံပါအောင် အော်တယ်ဗျ
ရွာတရွာလုံးကြားရတယ် ကြားဆို ရွာကလည်း အရှေ့ ပိုင်းက
လေလယ်ရင် အနောက်ပိုင်းက ကြားရတယ် အဲလောက် ရွာကြီးတာ  ဒါနဲ့ ဝက်သေရော
အထီးအမ နှစ်ကောင် သက်ရပါတယ် အူစုံ အသဲစုံ ပြုတ်ပြီး
ကရင် နတ်ဆိုတဲ့  ကောင်ကို ပူဇော်ပသရပါတယ် နတ်ဆရာလည်း ပင်ထားရပါတယ်
ဘာတွေလည်းမသိ ရွတ်ဖတ်နေတာ ဒီလို မပူဇော်ခင်
စိတ်ဝင်စားတာ တခုရှိသေးတယ် မပူဇော်ခင်လေး အဘိုးအဖွား အားလုံးကို
သွားခေါ်ရတယ် သချိ င်္င်းကပေါ့ သေပြီးသားလူတွေပေါ့ သစ်ခက်လေးနဲ့ 
သွားခေါ်တာဗျ ထူးခြားတာက သွားတုန်းက သစ်ခတ်ကက ပေါ့ပေါ့လေး  ပြန်လာတော့
လေးလာတယ်ဗျ အုတ်ခဲ့ တခဲ စာလောက် ၇ှိမယ် ထင်တယ်
ဒီလို နှစ်တိုင်းလုပ်တယ်ဗျ ပါးပါး စိတ်ချမ်းသာပါစေဆိုပြီး ကျနော်လည်း
လိုက်ရောညီထွေး နေပေးတာ ပါးပါး မဆုံးခင် ပြောသွားပါသေးတယ်
သား မင်းလည်း ဆက်လုပ်ချင်လုပ်ကွာတဲ့   စိတ်ထဲပြောလိုက်ပါတယ်
ပါးပါးမရှိရင် အားလုံး ကန်ထုတ်လိုက်မှာလို့  ဒီလိုပါပဲ
ဦးရှင်ကြီးပင့်နည်းတွေလည်း
ပါးပါးက သင်ထားလို့ ပြောပါတယ် အယူစွဲမဖြောက်နိုင်တဲ့  ပါးပါး ကို စိတ်ထဲ
ဂ၇ုနာဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး


နတ်နဲ့ နဂါး မလှည့်စားနဲ့ ဆိုတာလည်း သိကြမှာပေါ့ မလှည့်စားပါဘူး
အယုံကြည်လည်းမရှိပါဘူး လုပ်လည်းမလုပ်ပါဘူး ကောင်းတာတော့မပေးဘူး
ဆိုးတာပဲပေးကြတာများတယ်
အားလုံးသော မိတ်ဆွေအပေါင်းတို့ လည်း အဖိုးဘွားက လုပ်လာကြတာပဲဆိုပြီး
ရမ်းသမ်း မလုပ်ကြပါနဲ့  အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်
ဝေဖန်ပိုင်းခြားပြီး
စဉ်စဉ်းစားစားနဲ့  ဆင်ခြင်ပြီး  ဂရုနာစိတ် ကိုယ်ချင်းစာ
စိတ်လေးမွေးပြီးပညာ ဥာဏ်နဲ့  ဆုံးဖြတ်ကြပါလို့  တိုက်တွန်းရင် နိဂုံး ချုပ်လိုက်ပါတယ်။။
 
 
ဖိုးခွားလေး( ကော့မှုး)

0 comments:

Post a Comment