အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 28 November 2011

ပျာ်ရွှင်မှုကို ရွေးချယ်ပါ


တစ်ယောက်ယောက်က ဒီလိုပြောတာ ကြားဖူးပါသလား။ ” အင်း..အဲဒါတွေအားလုံး ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်ကိုက မပျော်နိုင်တာဗျ ” ဆိုတာမျိုး။  ဒါမှမဟုတ်
သင် ဘာကြောင့် ပျော်ရွှင်မှုကို ရှာမတွေ့နိုင်ရတာလဲလို့များ အံ့သြဖူးပါသလား။ ပျော်ရွှင်ဖို့အတွက် သင် ဘယ်လို ရွေးချယ်နိုင်သလဲဆိုတာ သိရဖို့ ဆက်ဖတ်ကြည့်ပါဦး။ ပျော်ရွှင်မှုဆိုတာ သင် မဖြစ်မနေ ရွေးချယ် ရမယ့်အရာတစ်ခုပါ။ လူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာရှိသမျှ ငွေတွေအားလုံးကို ပိုင်ဆိုင်နိုင်ပေမဲ့ သူတကယ်လိုချင်တဲ့အရာကိုတော့ မပိုင်ဆိုင်သေးဘူးဆိုရင် မပျော်မရွှင်ဖြစ်နေရမှာပါပဲ။ သူငယ်ချင်းတွေ ချစ်ရတဲ့သူတွေနဲ့ ခြံရံနေရပေမယ့် အထီးကျန်ဖြစ်နေဦးမှာပါပဲ။
လူတစ်ယောက်ဟာ ချမ်းချမ်းအေးအေးနဲ့ အကျဉ်းထောင်ခန်းလေးထဲမှာ ပိုးကောင်လေးတွေကိုစားပြီး အသက်ရှင်နေရတယ်၊ ဒါပေမဲ့ အသက်ရှင်နေရတာကိုပဲ သူ ပျော်ရွှင်နေတယ်။ ဒီပုဂ္ဂိုဟ်ဟာ သူရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ၀မ်းမြောက်ဝမ်းသာ လက်ခံတဲ့သူပါပဲ။ ပြီးတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ပိုပြီး နှစ်လိုဖွယ်ကောင်းအောင် လုပ်ဖို့အတွက် သူ့ပတ်ဝန်းကျင်အခြေအနေတွေထဲက ကောင်းတဲ့ ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ အဓိပ္ပါယ်တွေကို ရှာဇွေတယ်။ ဒီပုဂ္ဂိုဟ်ဟာ လက်ရှိဖြစ်နေတဲ့အခြေအနေကို အာရုံစိုက်တယ်၊ လက်ရှိအခြေအနေမှာလည်း အလားအလာတွေ ရှိနေတယ်ဆိုတာ သူသိတယ်။ သူဟာ သူ့မှာ ရှိနေတဲ့အရာနဲ့ ပျော်ရွှင်ဖို့ကို ရွေးချယ်တယ်။ ပျော်ရွှင်တတ်တဲ့အလေ့အကျင့်ကို ရဖို့ဆိုတာ လွယ်ကူပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ သင့်မှာ ရှိတဲ့အရာတွေကို တန်ဖိုးထားတတ်ရပါမယ်။ ပြီးတော့ အဲဒါတွေထဲက ကောင်းတဲ့ ဒါမှမဟုတ် ပိုပြီးကောင်းတဲ့အဓိပ္ပါယ်တွေကို ရှာဖွေကြည့်ဖို့ပါပဲ။
သင့်ရဲ့ အာရုံငါးပါးစလုံးမှာ သတိရှိနေဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ၀မ်းနည်းစရာနေ့ရက်တွေကို လတ်ဆတ်တဲ့ ကွတ်ကီမုန့် အနံ့လေးက ဘယ်လို ရွှင်မြူးသွားစေသလဲ။ အိပ်ပျော်နေတဲ့ သင့် သားသမီးငယ်လေးရဲ့ အသက်ရှူသံတိုးတိုးလေးက သင့်ကို ဘယ်လောက်များ ငြိမ်းအေးစေလိုက်ပါသလဲ။ ကျနော်တို့ဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေအပေါ်မှာ ပိုပြီး အာရုံစိုက်ရပါမယ်။ ပြီးတော့ အဲဒါတွေကို လက်ခံရပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ကျနော်တို့ ပျော်ရွှင်စေဖို့ ပြောင်းလဲပစ်လိုက်တာပါပဲ။ ဒါဟာ အသေးအမွှားလေးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သိသာတဲ့ ပြောင်းလဲမှုတွေကို တွေ့ရပါလိမ့်မယ်။ တစ်ကိုယ်ရေ ရေချိုးဇလုံမှာ ဖယောင်းတိုင်လေးတွေ ထွန်းတာမျိုး၊ သင့်စာကြည့်စားပွဲအတွက် မီးအိမ်ကောင်းကောင်းတစ်ခု ၀ယ်လိုက်တာမျိုးလိုပေါ့။
အရောင်တွေကလည်း လူတစ်ယောက်ရဲ့ စိတ်ခံစားချက်မှာ အရေးကြီးတဲ့နေရာက ပါဝင်တယ်လို့ သိပ္ပံနည်းကျ လေ့လာချက်တွေက ဆိုပါတယ်။ အစိမ်းနုရောင်နဲ့ လိမ္မော်ရောင်တို့ဟာ လူတွေကို ပိုပြီး ပျော်ရွှင်စေတယ်။ အနီရောင်ကတော့ လူတွေကို ဗိုက်ဆာလာစေတယ်။ ဒါကြောင့် လူအတော်များများဟာ သူတို့ စိတ်ခံစားမှုတွေ ပိုပြီးကောင်းဖို့အတွက် အိမ်အတွင်းပိုင်း အလှဆင်သူတွေကို အရောင်တွေ၊ ပုံစံတွေ၊ အပြင်အဆင်တွေ ပြုလိုက်ခိုင်းကြတယ်။ ဒါကြောင့် သင့်ရဲ့ အိမ်အပြင်အဆင်ဟာ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံကြီးမဖြစ်အောင်တော့ သတိထားသင့်ပါတယ်။
ဆိုလိုတာကတော့ သင့်ကို ပျော်ရွှင်စေမယ့်အရာတွေကိုသာ ပြုလုပ်ဖို့ပါပဲ။ အလွန်အကျွံလုပ်ရင် ဒါမှမဟုတ် တစ်ခုခုကို အလွန်အမင်းစွဲလန်းနေရင်တော့ သင် ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဟိုဟိုဒီဒီဈေးဝယ်ထွက်ပြီး သင်တကယ်လိုအပ်တဲ့ပစ္စည်းလေးတစ်ခု ရလာရင်လည်း သင်ပျော်ရွှင်တာပဲမဟုတ်လား။ ထပ်ပြောလိုတာကတော့ သတိရှိခြင်းဟာ ပျော်ရွှင်မှုရဲ့ သော့ချက်ပါ။ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ပတ်ဝန်းကျင်ကို သတိရှိလာပြီဆိုရင် သင်ဟာ သင့်မှာရှိတဲ့အရာတွေကိုတန်ဖိုးထားဖို့၊  ပျော်ရွှင်ဖို့ကို ရွေးချယ်နိုင်လာပါတယ်။http://yourlifesuccess.blog.com/2011/09/10/choosing-happiness/

0 comments:

Post a Comment