အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 28 November 2011

Lifestyle ပြောင်းလဲခြင်း



တစ်ခါတစ်လေမှာ ကိုယ်လုပ်နေတာတွေကို ကိုယ်ကိုယ်တိုင် သဘောမကျတာမျိုးဖြစ်ဖူးသလား။ ဘ၀နေထိုင်မှု ပုံစံ (Lifestyle) တစ်ခုလုံးကို ပြောင်းလဲပစ်ချင်စိတ်တွေရော ဖြစ်ဖူးသလား။
မင်းအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ -
မင်းဟာ မင်းရဲ့အကျင့်တွေထက် ပိုပြီး အားကြီးတယ်ဆိုတာပါပဲ။
ဒါကြောင့် မင်းမကြိုက်တဲ့အကျင့်တွေကို မင်းပြောင်းပစ်နိုင်ပါတယ်။
မှန်ထဲကို ကြည့်ပြီး ဒီလိုပြောလိုက် -
” ဟေး … မင်းရဲ့ အဲဒီအကျင့်တွေကို ငါမကြိုက်ဘူး ”
ပြီးရင် အဲဒီအကျင့်တွေကို ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးလိုက်ပေါ့။ လွယ်တော့ မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့ မင်းမလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။
ပြီးတော့ မင်းရဲ့ Lifestyle ကို ပြောင်းလဲဖို့အတွက် အရာရာ အစက ပြန်စဖို့မလိုပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မင်းသိတဲ့ အကောင်းဆုံးနည်းတွေနဲ့ မင်းဘ၀ကို နေထိုင်ခဲ့ပြီးပြီလေ။ ဒါကြောင့် မင်းဘ၀ကို သုညက ပြန်စဖို့ မလိုပါဘူး။ မင်းအခုရောက်နေတဲ့ နေရာကနေပဲ စနိုင်ပါတယ်။

- မင်းမှာ ရှိနေတဲ့ မကောင်းတဲ့အကျင့်တွေ အားလုံးကို စဉ်းစားကြည့်လိုက်ပါ။ ဒါကို မင်းရဲ့ မြန်မာစာဆရာမကို စာစီစာကုံးအဖြစ် ရေးပြစရာမလိုဘူးနော်။ မင်းတစ်ယောက်တည်းပဲ ဖတ်မှာမို့ စိတ်ချလက်ချ ရေးချနိုင်ပါတယ်။
- ပြီးရင် မင်း အဲဒီအကျင့်တွေကို ဘာကြောင့်မကြိုက်သလဲ စဉ်းစားကြည့်ပါ။ အဲဒီအကျင့်တွေကို မင်းမကြိုက်တဲ့အကြောင်းရင်း၊ ပြီးတော့ အဲဒီအကျင့်တွေကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ အဲဒါတွေကို မင်း စဉ်းစားလို့ရသမျှ ချရေးပါ။ မင်း မကြိုက်တဲ့အချက်တွေ အများကြီးရလေလေ အဲဒီအကျင့်ကို မင်းပိုပြီး စွန့်လွှတ်ချင်လေပါပဲ။
- ပြီးရင် အဲဒီအကျင့်တစ်ခုချင်းစီကို မင်းဘယ်လိုစွန့်လွှတ်မလဲ။ ချက်ချင်းကြီး မဖြစ်နိုင်သေးရင် နည်းနည်းချင်း လျှော့ချနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကြည့်ပါ။
- အဲဒီအကျင့်တွေကို အစားထိုးဖို့ ဘယ်လိုမျိုး ကောင်းတဲ့အကျင့်တွေကို မင်းလိုချင်သလဲ။ ပြီးတော့ အဲဒါတွေကို လုပ်ဖို့ အချိန်တွေ ဘယ်လိုပေးမလဲ။
ကဲ.. အခုဆို မင်းရဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ဖို့လည်း ဆုံးဖြတ်ပြီးပြီ။ မင်း လိုချင်တဲ့ အကျင့်ကောင်းတွေကိုလည်း မင်းသတ်မှတ်ပြီးသွားပြီ။
မင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း မင်းနေထိုင်တော့မယ်ဆိုတာ သေချာပါတယ်။
အရေးကြီးဆုံးအရာ
ဒီနေရာမှာ မင်းအတွက် အရေးကြီးဆုံးအရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ စည်းကမ်း ဆိုတဲ့ အရာပါပဲ။
ဟုတ်ပါတယ်။ ဘာကိုပဲလုပ်လုပ် စည်းကမ်းဆိုတာ လိုတာပါပဲ။ မင်းရဲ့ Lifestyle ကို ပြောင်းလဲပစ်ဖို့လည်း စည်းကမ်းဆိုတာ လိုတာပဲပေါ့။
ဒါပေမဲ့ ကောင်းတာတစ်ခုက အဲဒီစည်းကမ်းတွေကို မင်းကိုယ်တိုင် ချမှတ်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် မင်းရဲ့စည်းကမ်းကိုတော့ မင်းကိုယ်တိုင် လိုက်နာရပါလိမ့်မယ်။
ဥပမာ- မင်း မနက် ၇ နာရီမှာ အိပ်ရာထဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် မဖြစ်ဖြစ်အောင်ထပါ။ ဒါဆို မင်းကိုယ်မင်း ယုံကြည်မှု ပိုရှိလာမယ်။ မင်းကိုယ်မင်း ပိုပြီး လေးစားလာမယ်။
တခြား ကိစ္စတွေမှာလည်း ဒီလိုပဲ မင်းဆုံးဖြတ်ထားတဲ့အတိုင်းသာ လုပ်သွားပါ။ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဘယ်အရာကမှ မင်းကို မနှောင့်ယှက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ မင်းဟာ မင်းမကြိုက်တဲ့အကျင့်တွေအားလုံးကို စွန့်လွှတ်နိုင်လာပါမယ်။ ပြီးတော့ မင်းလိုချင်တဲ့ ဘ၀နေထိုင်မှုပုံစံ (Lifestyle) တစ်ခုကိုလည်း စိတ်တိုင်းကျ တည်ဆောက်နိုင်ပါလိမ့်မယ်။
အခုဆို မင်း စိတ်တိုင်းကျ Lifestyle တစ်ခု တည်ဆောက်တော့မယ်ဆိုတာ ကိုယ် ယုံကြည်ပါတယ်။ မင်း ဘယ်လိုမျိုး Lifestyle တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပါသလဲ။ အဲဒီလို တည်ဆောက်ရာမှာ မင်း ဘယ်လောက်အထိ အောင်မြင်နေပြီလဲ။ မင်းရဲ့ အတွေ့အကြုံတွေ၊ မင်းရဲ့ ခံစားချက်၊ ပြီးတော့ မင်းရဲ့အကြံဥာဏ်တွေကို တခြားသူတွေကို မျှဝေပါ။ ဒါဟာ အလွန်ကောင်းပါတယ်။ ဒီစာရဲ့အဆုံးမှာ Comment ရေးပြီးတော့ပဲဖြစ်ဖြစ်၊ Your Life Success Community မှာ ၀င်ရောက်ရေးသားပြီးတော့ပဲဖြစ်ဖြစ် မင်းရဲ့ အတွေ့အကြုံတွေ၊ စိတ်ကူးအကြံဥာဏ်တွေကို တခြားသူတွေကို မျှဝေပါ။ ပြီးတော့ သူတို့ဆီက ဝေဖန်ချက်တွေ၊ အကြံပြုချက်တွေ၊ အတွေ့အကြုံတွေ ကိုလည်း ပြန်လည်ရယူပါ။http://yourlifesuccess.blog.com/2011/10/08/lifestyle-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B2%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/

1 comments:

Unknown said...

really thanks u , bro
i have seem changing lifestyle , but i can't change , maybe i don't want to change it , i will slowly to do and change better to a good lifestyle ,
i want to success in the life , and willing helping to others also get a good success mind to going their life , ;)
thank u , bro ,

Post a Comment