အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 31 March 2013

Love Coffee ညစ်ညမ်းကော်ဖီ




“သ င်္ကြန် အ တွင်း မိန်း က လေး များ အ ထူး သ တိ ပြု ရ မည့် ကာ မ စိတ် ကြွ စေ နိုင် သည့် ကော် ဖီ မစ်” ဆို တဲ့ သ တိ ပေး သ တင်း တ ခု ကို (ဖေ့စ် ဘွတ်) မှာ အ ခု တ လော တွေ့ ရ ပါ တယ်။ ဒါ နဲ့ လေ့ လာ ကြည့် တော့ ဒီ လို ဒီ လို တွေ့ ရ ပါ တယ်။
ကော် ဖီ မစ် တော့ မ ဟုတ် ပါ။ တ ရုပ် လုပ် ဖြစ် ပါ တယ်။ Love Coffee (XS-X0014-D) လို့ အ ရောင်း ကု မ္ပ ဏီ ရဲ့ ဝက်ဘ် ဆိုက်မှာ တွေ့ ရ ပါ တယ်။

Aphrodisiac coffee products "လိင် စိတ် အား ပေး စေ တဲ့ ကော်ဖီ" လို့ ရေး ထား ပါ တယ်။ ကြော် ညာ တဲ့ ဆိုက က ရေး ထား တဲ့ အ င်္ဂ လိပ် စာ က အ မြီး အ မောက် သိပ် မ တည့် တာ လည်း သ တိ ထား မိ ပါ တယ်။ ကြော် ညာ ထဲမှာ (ပရက် ဆီးဒင့်) ဆို သူ ဟာ ဒီ ကော် ဖီ ဆို တာ သောက် ပြီး ၁ဝ မိ နစ် နေတော့ အ သက် ရှူ မ ဝ သ လို ဖြစ် လာ၊ ခေါင်း ထဲ ရှိ တာ ကို ဖွင့် ပြ ချင် လာ၊ ဆန့် ကျင် ဘက် လိင်နဲ့ အ တူ နေ ချင် လာ တယ် လို့ ဆို ပါ တယ်။
3000 mg ပါတဲ့ ၄ ထုပ်ကို စက္ကူ ဘူးမှာ ထည့်ပြီး ရောင်းချ ပါ သတဲ့။ တထုပ်ကို ရေနွေး ပူပူ ၁၅ဝ စီစီ ထဲမှာ ဖျော် ရတယ်။
သတိ ပေးချက် တွေလည်း ရေးထား ပါသေး တယ်။ အသက် ၁၈ နှစ် အောက် မိန်း ကလေး များ မ သောက်ရ။ မဖွယ် မရာ လိင် ဆက်ဆံ ရာမှာ မသုံးရ။ ကိုယ်ဝန် ဆောင်နေရင် ရှောင်ကျဉ်ပါ။
ဒီ ကုမ္ပ ဏီရဲ့ ထုတ် ကုန် စာ ရင်း ထဲမှာ ဒါ တွေ လဲ ပါ သေး တယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာ ရေးနှင့် လိင်ဘက် ဆိုင်ရာ ထုတ် ကုန်များ = ကွန်ဒွမ်၊ လိင် ဆေး တောင့်၊ လိင် ဆေးပြား၊ ဗိုင် ယာ ဂရာ (ပန်း သေခြင်း အတွက် ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခု ပြော နေတာ က ဒီခေါင်း စဉ် အောက် ကပါ။
တရုပ် နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုး မြို့က ထုတ်နေ တာဖြစ် ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုး အတွက် ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျား အင်္ဂါ ကြီးဆေး၊
• Mens Coffee ယောက်ျား သောက် ကော်ဖီ၊
• Ten days erection ကျား အင်္ဂါ သန် မာ စေ မဲ့ ဆေး၊
• STIFF NIGHTS ကျား- စိတ် လာ ဆေး၊
• Love Coffee မ- စိတ် လာ ဆေး စတဲ့ တခြား ဆေး အ မျိုးမျိုး တွေလည်း ရောင်း တယ်လို့ ကြော် ညာမှာ  ပါတာ ဖတ် ရ ပါ တယ်။
ကြော် ညာ မှန်း သိ တာ တာ နောက် တ ချက်က သူ့ ဝက်ဘ် ဆိုက်ကို ဖွင့် နေရင်း ဆေး အရောင်း ကိုယ်စား လှယ်က We are online ကျွန်တော် တို့ အွန်လိုင်း မှာရှိ ပါတယ် ဆိုပြီး အသိ ပေးချက်က တောက်လျှောက် ထွက်နေ ပါတယ်။ FDA ခေါ်တဲ့ အစိုးရ ကနေ တရားဝင် ခွင့်ပြုချက် မပါတာ သတိထား ရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှု အတွက် သုတေ သန လုပ်ထား တာတွေ မတွေ့ ရပါ။
ဒေါက်တာတင့်ဆွေ

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ

မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံး များ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည်  အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ် မီဒီယာများ မှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ  အခြားအလှမယ်များ၏ ဘီကီနီများ ကို ဖော်ပြကြ သည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရား မ၀င် ထွက်လာကြလေသည်။
နောက်တစ်ကြိမ် လာမည့် Miss International ပြိုင်ပွဲအတွက် စကာတင် ၁၈ ဦး ရွေးချယ်ထားကြောင်း၊ အကောင်းမွန်ဆုံး ဖြစ်အောင် လေ့ကျင့်ပေးနေကြောင်း ရုပ်သံမီဒီယာများမှ ကြေငြာသည့်အခါ ဘယ်နေ့များ ဘီကီနီဖြင့် လေ့ကျင့် ပြိုင်ပွဲဝင်ကြမည်နည်း ဆိုသည့် အတွေးဝင်လာခဲ့သည်။ အပြိုင်အဆိုင် ပြိုင်ပွဲဝင်နေကြ သည့် အလှမယ်များကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ဟီရိသြတပ ဆိုသည့် အရှက်တရား မရှိတော့ ပြီလား ဟု တွေးပူမိလေသည်။ မြန်မာ မိန်းကလေးတစ်ယောက်၏ ကိုယ်ကာယ အလှကို ပွင့်လင်းမြင်သာ သည့် ခေတ်၊ ဆုတံဆိပ်၊ နာမည်ကြီးမှုတို့နှင့် အလွယ်တကူ လဲလှယ် သည့် ခောတ် ကို ရောက်နေသည် ဆိုပါက ကျွန်တော် ခေတ်နောက်ကျ ကျန်နေပြီလို့ ၀န်ခံပါသည်။
ပြောလည်းပြော ဒေါင်းလုပ်လဲချရင်း မြန်မာမယ်တို့၏ အဖော်အချွတ်၊ မဖော်မချွတ်၊ ဗီဒီယို၊ဓာတ်ပုံများ ကွန် ပျူ တာ ထဲတွင် အပြည့်ရှိပါသည်။ သို့သော် မိသားစု၊ မောင်နှမ ရှေ့တွင် ဖွင့်ကြည့်ခြင်း မရှိပါ။ HBO ရုပ်သံ လိုင်းမှ တိုက်တန်းနစ် အထွပ်အထိပ် ပန်းချီဆွဲခန်းကိုပင် လိုင်းပြောင်းကြည့်ရသည့် မိသားစုများ မြန်မာနိုင် ငံတွင် ၉၈ ရာခိုင်နှုန်း နေထိုင်ပါသည်။ စတိတ်ရှိုးပွဲများ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လျှပ်ပေါ်လော်လီသည့် အပြင် အဆင် အ၀တ် အစားများကို တွေ့ပါက အရှက်နည်းလိုက်တာ၊ ၀တ်ရဲလိုက်တာ ဟူ၍ ပြစ်တင်ဝေ ဖန်သူ ၉၈ ရာခိုင်နှုန်း ရှိပါသည်။သို့ပါဆိုလျှင် မည်သည့်အတွက် အဖော်အချွတ်များကို အစိုးရမှ တရားဝင် ခွင့်ပြုပေးေ နသနည်း။
အီရန်၊ဆော်ဒီ၊ အာဖဂန် တို့ကဲ့သို့ ၀တ်စားရမည်ဟု မဆိုလို။ နယ်မြို့များတွင် စကပ်တို ပေါင်ပေါ်ဝတ် လျှင် ပင် ရိုင်းသည်၊ လျှပ်ပေါ်သည်ဟု ယူဆချိန်တွင် ရန်ကုန်၌ မြန်မာမလေးများ အတွင်းခံဝတ်ပြီး ရှိုးပွဲ စလေပြီ ဖြစ် သည်။ လက်ခံသူ များစွာရှိသကဲ့သို့ လက်မခံသူ များစွာလည်း ရှိသည်။ ရင်ဟိုက်၊ လည်ဟိုက် လျှင်ပင် ဆင် ဆာ တားထားသည့် ဇာတ်ကားများ၊ နှုတ်ခမ်းချင်းစုတ် နမ်းလျှင် ဆင် ဆာဖြတ် ကျော် ပစ် သည့် ဇာတ် ကား များကို ကျွန်တော်တို့ မိသားစုများ စိတ်ဝင်တစား ကြည့်ကြသည်။ ယခုကဲ့ သို့ ပေါ်ပေါ် ထင်ထင် ချွတ်နိုင် ပါက မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ဖြတ်သည့် ဆင်ဆာမရှိတော့ ပါ။ 
 
ထိုင်းမလေး တစ်ယောက် မြန်မာစစ်သည် ရှေ့တွင် ဓာတ်ပုံရိုက်သည်က ထိုသို့ ဖြစ်၍ မြန်မာ မလေး တစ် ဦး မှ ဓာတ်ပုံရိုက်သည့် အခါတွင်တော့ 
ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမျိုးသားအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းရ မည့် မြန် မာ နိုင်ငံ၏ လမ်းဆုံလမ်းဂွ ဗီနိုင်းဘုတ်များ တွင် ရေကူးဝတ်စုံ များဖြင့် ကော့ ပျံနေသည့် မော်ဒယ်များကို မမြင်လိုတော့ပါ။ ဒီပုံအတိုင်းဆိုပါက ပိုးအိစံ ထုတ်ဝေခဲ့သည့် အကဲလေး ဂျာနယ်အပါအ၀င် ဂျာနယ်များကို သတိပေးခဲ့ခြင်းသည် အလုပ် မဖြစ်တော့ပါ ဆိုသည်ကိုလည်း သတိမူရပေမည်။
 
နန်းခင်ဇေယျာ စတင် ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးသည်ကား အဆုံးစွန်ပွင့်ရန် လက်တစ်လုံးခန့်သာ လိုပါတော့သည်ဟုသာ…
From:OE
www.mmdailystar.com

မ်ာဒယ်လေး.....နာမည်ကြီးချင်လို့ လား? လူသိများချင်လို့ လား?(ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာလား?


 
 အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။ 

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ 
 

ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။ 
 
 ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။
  ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ်   နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

 ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။
 ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။ အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။ ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

 ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။ အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။ 
 ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။ cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
 
 
၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။ vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။ ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

 ၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။ 
 
 ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။ ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။ 
 
၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။  
 
  ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူ့မျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။ 
 

From:စင်္ကာပူဖီး

(၃၀.၃.၁၃) ရက်နေ့ည တွင်ကျင်းပ ပြုလုပ်သွားသော စိုးသူ၏ တစ်ကိုယ်တော်ရှိုးပွဲမှာ ပုံရိပ်များနှင့် တက်ရောက်လာကြသော မင်းသမီးတို့၏ ပုံများစုစည်း

































 ယနေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီတွင် စိုးသူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

From:ပေါ်ပြူလာ & 7day

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်

လွတ်လပ်သော လူ့အခွင့် အရေးပြည့်ဝစွာ ရရှိတယ် ဆိုသော အတိုက် အခံတို့ အများ အားကျ အတုယူ ပြောနေ ကြ သည့် အနောက်နိုင်ငံတွင် အဖေနဲ့သမီးပြန်ယူ၍ လူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချ နေကြ သည်။
အဖေကြောင့် ရသော ကိုယ်ဝန်ကို လူသိရှင်ကြား ကြေညာ၍ လူ့အခွင့်အရေးဆိုတာ ဘာလဲကို ပြနေကြ သည်။ ထိုကဲ့သို့ အရှက်မရှိ သတင်းကိုလည်း မီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြ၍ မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ဘယ်လိုပါဟု ဖော်ပြနေကြသည်။
သမီးကို မယားလုပ်၍ ရလာသောကလေးကို ဘယ်လိုဆွေမျိုးစပ်မည်နည်း။ သူ၏ သားသမီးလား။ မြေးလား။ သမီးအတွက်လည်း ယောင်္ကျားကလည်း ဒီလူ အဖေကလည်း ဒီလူ။ ဘယ်လိုဘယ်ပုံ ဆွေမျိုးစပ် မည်နည်း။ ထိုမိန်းကလေး၏ အမေနှင့် အစ်ကိုတွေကရော ဘယ်လို ဆွေမျိုးစပ်ကြမည်နည်း။
အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်တာလူ့အခွင့်အရေးလား?
အရက်မူး၍ သမီးမှားမသိလို့ ကျူးလွန်သည့် ဖြစ်ရပ်တွေသာ ကြားဖူးသည်။ ထိုကဲ့သို့ အဖေနဲ့သမီး သိပါ လျှက်နှင့် ကျူးကျူးလွန်လွန် ဖြစ်ကြ အကြင်မယား အဖြစ်နေကြသည်ကို မကြားဖူးသေး။ လူ့ယဉ်ကျေး အသိုင်းအ၀ိုင်းတွင် မကြုံဖူး မမြင်ဖူးသေး။ သို့သော် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ယဉ်ကျေးပါ သည်ဆိုသော လူ့အခွင့် အရေးအပြည့်ရသည်ဆိုသော အတိုက်အခံတို့၏ အဆိုအရ အနောက်နိုင်ငံ များတွင် တကယ်ဖြစ် နေသည်။
အဖေနှင့်သမီး ပြန်ယူနေသည်။ မြန်မာပြည်တွင်လည်း ဒီမိုကရေစီလမ်းစဉ် ကိုလျှောက်လှမ်း တာ မကြာ သေး။ လူ့အခွင့်အရေး လွတ်လပ်ခွင့်ဆိုပြီး ဖော်ချွတ်ပြနေကြ၊ ယောက်ကျားနဲ့ မိန်းမ အိပ်တာကို လူသိရှင် ကြား သီချင်းလုပ်ဆိုနေကြသည်။ အနောက်နိုင်ငံ၏ အရှက်တရားကင်းမဲ့မှု အဖော်အချွတ်များကို အတုယူ နေကြသည်။
မြန်မာပြည်၏ ဒီမိုကရေလမ်းစဉ်သည် ထိုသို့မဟုတ်။ ဒီမိုကရေ စနစ်စတင် ဖော်ဆောင်ကတည်းက ရည်ရွယ် ချက်သည် "စည်းကမ်းပြည့်ဝသော" ဒီမိုကရေ စနစ်ဆိုပြီး ဒီမိုကရေစီ ရှေ့တွင် စည်းကမ်း တကျ ရှိမှုကို ထည့်သွင်းထားသည်။
စည်းမရှိကမ်းမရှိ ဒီမိုကရေစီမဟုတ်။ ယခုလို ဆင်ဆာတွေ ကင်းလွတ်ပေး၊ မီဒီယာတွေ လွတ်လပ်ခွင့် ပေးထားခြင်းသည်လည်း အရှက်တရား မရှိ ဖော်ချွတ်ပြသဖို့ မဟုတ်။ ဒါကို မြန်မာမိန်းကလေးတွေ သတိချပ် မိဖို့လိုသည်။
ဆိုချင်သည်မှာ အနောက်နိုင်ငံများတွင် အဖေကို အဖေမှန်းမသိ သမီးကို သမီးမှန်းမသိ ထိုကဲ့သို့ ပြုမူ နေထိုင် နေကြသည်။
ထိုသို့ နေထိုင်ခြင်းကို လူ့အခွင့်အရေး ဒီမိုကရေစီဟုဆိုကာ မီဒီယာ စာမျက်နှာ ထက်တွင် ဖော်ပြ နေကြသည်။ မြန်မာလူမျိုးတို့ အနေနဲ့ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို အတုမယူသင့်။ ထိုအရာသည် လူ့အခွင့် အရေးမဟုတ်။
မိမိတို့ယဉ်ကျေးမှု ၊ မိမိတို့ လူမှုဘ၀နှင့် ကိုက်ညီသော "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" လမ်းစဉ် ပေါ်တွင် လက်ရှိအစိုးမှ ဦးဆောင်လျှောက်လှမ်းနေချိန်တွင် မြန်မာပြည်သူ များလည်း စည်းကမ်းတကျ ပြုမူနေ ထိုင်၍ လိုက်ပါသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။