အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ
Blogger templates
လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Saturday 2 March 2013
ကွန်ပျူတာနှေးနေလျှင်မြန်လာအောင်လုပ်နည်းများ
ကားမောင်းတဲ့သူကားပြင်တတ်မှကောင်းသလိုကွန်ပျူတာသုံး
နေတဲ့သူတွေလည်းကွန်ပျူတာပြင်တတ်ဖို လို မယ်လို့ ထင်ပါ
တယ်အားလုံးမသိတောင်အနဲအပါးသိကို  သိထားသင့်ပါတယ်
အဲ ကြောင့်မျှဝေချင်တာလေးကဒီလိုပါကျွန်တော်လည်း လက်ရှိ
သုံးနေပါတယ်ရုံးမှာဆိုကွန်ပျူတာ တွေနှေးကွေးနေတာ ခဏ ခဏဟမ်းဖြစ်တာ(ဖွင့်လိုက်ရင်ချက်ချင်းပွင့်မလာတာ)တွေကိုသိ   သလောက်လုပ်ပေးပါတယ်ငှက်မရှိတဲ့တောတောင်မှာစာထီးက
ငါအကြီးပေါ့ဗျာကျွန်တော်နဲ့ သိတဲ့အခုရုံးကတစ်ယောက်ဆိုစာစီ 
စာရိုက်လုပ်သက်13နှစ်ရှိပါပြီ အခုပြောမယ့် အောက်ပါအချက် လက်တွေကိုမသိပါဘူးသတိမမူဂူမမြင်သတိမူတော့မြူတောင် 
မြင်တယ်တဲ့ ကျွန်တော်လည်းလေ့လာနေတာကြာပါပြီတကယ့်လက်တွေ့ 
သုံးတယ်အချိန်ပေါင်းရင်သူအစွန်းထွက်ပဲရှိပါသေးတယ်ဒါပေမယ့်လေလာမှု အားပါပဲရုံးပိုင်းဆိုင်ရာစာရင်းဇယားရေးဆွဲ နည်းတွေလည်းသူ့ ဆီကသင်ရပါ 
တယ်စာရင်းဇယားကတော့သူသင်ပေးလို့ တတ်တာတွေအများကြီးပါသူများ
ရေးတဲ့ စာအုပ်တွေ ဘလော့တွေဖတ်မှ သိလာလို မျှဝေတာနော်ဆရာကြီး မဟုတ်သလိုကျွန်တော်ရည်ရွယ်ပြောပြ တာက Beginner လေးတွေလူအ 
သစ် ကလေးတွေအတွက်ပါကဲလက်တွေ့ လုပ်ကြည့်လိုက်ပါဒါကလည်းသူ
များရေးပြီးသားတွေပါလုပ်ပုံအတူတူပါပဲ.......
၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ     စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။
၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်း လဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့    အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေးမှတ်         ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ အဲ့နည်းလေးက စက်အဖွင့်အပိတ် ကိုမြန်စေပါတယ်ခဏလေးနဲ့ ပွင့်ပြီးshut down လုပ် တဲ့အခါလည်းအတော်    လေးမြန်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider ,  IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ်   ထားတဲ့အရာလေးပါ။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေကို ဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ်           ပါတယ်။နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲထိုနည်းအတိုင်း ပြုလုပ်ပါ။ 
ဒါတွေဟာwindow XP အခြေခံပြောပြတာပါ  window 7 မှာတော့ 
လုပ်ပုံမတူနိုင်ပါဘူး window 7ကxp ထက်သာတာတွေရှိသလို အားနည်း 
တာ တွေလည်းရှိပါတယ်ကားဘယ်လောက်မ်ာဒယ်မြင့်ပြီး ကောင်းနေ
ပါစေမောင်းနေကျ ကားလောက်တော့သွက်အောင်မမောင်းနိုင်သလို
သုံးနေကျXP လေးကပဲရိုး ရှင်းစွာရှိနေပါတယ်လို့ အကြံပေးချင်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ........
Thursday, November 11, 2010
ကွန်ပျူတာကိုမြန်ဆန်သွက်လက်စေရန်နှင့်Virus မ၀င်အောင်လုပ်ဆောင်နည်းများ
လိုက်နာရန်။  ။ pen drive လို့ ခေါ်တဲ့ စတစ်တွေမထိုးပါနဲ့ အများဆုံးဝင်လာတဲ့လမ်းကြောင်း ကတော့ memory stick ပါပဲဒါပေမယ့်ကွန်ပျူတာတိုင်းလိုလိုကတော့စတစ်တွေနဲ့ မကင်းနိုင်ပါ ဘူး မဖြစ်မနေသုံးရမယ်ဆိုရင်လည်း မိမိရဲ့ စက်မှာAuto Run ကိုပိတ်ထားပြီးAnti Virus  softwere တစ်ခုခုနဲ့ scan ဖတ်ပြီးမှသာသုံးစွဲသင့်ပါတယ်။
လုပ်ဆောင်ရန်။   ။ အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete ပါ
ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့
၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။
Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့
၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ လုပ်ကြည့်ပါ နားမလည်ပါကပြန်လည်မေးမြန်းနိုင်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ.......
0 comments:
Post a Comment