အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 13 March 2013

အဇ္ဈတ္တတွေထဲ ကိုယ်ဟာ နေလိုမီးလို

အဇ္ဈတ္တတွေထဲ ကိုယ်ဟာ နေလိုမီးလို

လွန်းထိုးလူးလွန့်နေယုံပါပဲ
အဇ္ဈတ္တတွေထဲ ကိုယ်ဟာနေလိုမီးလို
ဝုန်းကနဲတောက်လိုက်
ဖျက်ကနဲငြိမ်းလိုက်နဲ့
သေတ၀က်ရှင်တ၀က်

ညမဆန်တဲ့ အယောင်ဆောင်ကောင်းကင်ထဲမှာမှ
ခက်တာက အိပ်မက်မဟုတ်ဘူး
ဖွဲလိုဇကွဲလို လွင့်စင်သွားဖို့အတွက်လောက်နဲ့
အသေအချာ လှီးဖြတ်ထားတဲ့ဒါဏ်ရာတွေကိုအားနာပါတယ်

သေသေသပ်သပ်ကလေးရှုပ်နေတဲ့လောကဓံက
ကျောပိုးချင်ယောင်ဆောင်ပြီးခါခါချတယ်
တကယ်ဆို ခါးတယ်ဆိုလည်းခါးတယ်ပေါ့
လူဖြစ်ကျိုးနပ်ချင်ယောင်ဆောင်နေစရာလိုပါဘူး

အလံထူဖို့ အလံစိုက်ခဲ့ခြင်းမဟုတ်တော့
ကိုယ့်အိပ်မက်နဲ့ကိုယ်ပဲ ပြန်ပြန်ပိတ်မိနေတယ်
ဒီမိုးနဲ့ဒီလေဟာ
ကိုယ့်အတွက်တော့ မုန်တိုင်းတဖြစ်လဲ
လေညှင်းတွေပါကွယ်

သက်တန့်ချို
25Like · ·

0 comments:

Post a Comment