အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 9 March 2013

အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ။

Nay Ko Ko shared Daweian Monk's photo.
အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ။

ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။

ရေငုပ်အလွန်ကျွမ်းကျင်တဲ့ အဲဒီဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိဆရာရဲ့ဆက်သွယ်ပေးမှုနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးနန္ဒ၀ံသ (ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေးတည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။
(အရင်က အ၀တ်မ၀တ်တဲ့ ဆလုံလူမျိုးတွေလဲ အ၀တ်အစားလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။)
ကျွန်းကလေးမှာ စာသင်ကျောင်းဖြစ်ပေါ်လာဖို့ အထက်ကို စာတင်လို့ အခုဆိုရင် မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျန်းမာရေးမှူးလဲ ရှိနေပါပြီ။ မြန်မာတွေလဲ အရောက်အပေါက်ရှိလာတော့ မြန်မာများနဲ့ အိမ်ထောင်ကျတဲ့ ဆလုံမလေးများလဲ မြိတ်မြို့ကို ပြောင်းသူပြောင်းနဲ့ အတော်ကို စည်ပင်နေပါပြီ။ မြန်မာရေတပ်ကနေ ဦးစီးပြီး ကထိန်သင်္ကန်းကပ်ပွဲများကိုလဲ နှစ်စဉ်ပြုလုပ်ကျင်းပလျှက် ရှိပါတယ်။

အဲဒီကျွန်းလေးကို မြိတ်မြို့ကနေ သွားမယ်ဆိုရင် လှေခရီး တနေ့နဲ့ တညအိပ်စီးရပါ့မယ်။ ကမ္ဘာ့ရေကြောင်းနဲ့အစပ်၊ မြန်မာရေပိုင်နက်အဆုံးနားမှာ ရှိပါတယ်။ တခါတရံ ကမ္ဘာ့ရေကြောင်းမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောကြီးတွေကနေပြီး ရွက်လှေလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလည်လာပြီး ကျွန်းသူ၊ကျွန်းသားများ အတွက် ကျန်းမာရေး ပညာရေးအတွက် အလှူငွေများ လှူဒါန်းသွားတတ်ပါတယ်။ အရင်က ပြည်မနဲ့ ဝေးခဲ့ကြတဲ့ ဆလုံလူမျိုးများမှာ အခုဆိုရင် ဘွဲ့ရသမီးပျိုတောင် ပိုင်ဆိုင်လို့ ကိုယ်နယ်မြေ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုနေသူများ ဖြစ်နေပါပြီ။

ဒီစာလေးရေးနေရင်း သူပြောခဲ့ဖူးတာလေး ပြန်သတိရလာတယ်။

'' တခါတလေဆိုကွာ ဗုဒ္ဓဘာသာရယ်လို့လဲ ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ပျင်းစရာလဲကောင်း၊ ကျွန်းပေါ်ကတောင် ခုန်ချချင်လာတယ်'' ဆိုပဲ့။ အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပါပကောလား။

အနေအစားချို့တဲ့စွာ လူသူမနီး ဝေးလံခေါင်ဖျားနယ်စပ်ကျွန်းကလေးမှာ သာသနာပြုနေရှာတဲ့သူငယ်ချင်းကို ဒီမစို့မပို့ စာတိုလေးနဲ့ ဂုဏ်ပြုရခြင်းရယ်ပါ။

0 comments:

Post a Comment