အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 17 March 2012

လှချင်ပါလျှက် . . .(Hirsutism)



ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီးထုကြီးကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် မလှချင်တဲ့ အမျိုးသမီးရယ်လို့ တစ်ဦး တစ်ယောက်မှ ရှိမယ်မထင်ပါဘူး ။ အမျိုးသမီးတွေဟာ လှချင်ပါလျှက် တချို့ကလည်း မီးယပ်ရောဂါတွေကြောင့် အခက် ကြုံရသလို တချို့ကလည်း ဟော်မုန်းပြောင်းလဲမှုတွေ ဓမ္မတာ မမှန်မှုတွေေ ကြာင့် သွေးသား ခမ်းခြောက်ပြီး နွမ်းနေတဲ့ ပန်းကလေးတွေလို ဖြစ်နေတတ်ပါတယ်။ ယခုတင်ဆက်ပေး မယ့်အကြောင်း အရာကတော့ လှနေပါလျှက် ခန္ဓာကိုယ်မှာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့ Hirsutism အကြောင်း ပဲဖြစ်ပါတယ်။ ဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင် ယောင်္ကျားလေးစစ်စစ် မိန်းကလေး စစ်စစ်ရယ် ဆိုပြီး တိတိကျကျ သတ်မှတ်လို့မရတဲ့အခြေအနေ ယူဆလို့မရတဲ့အခြေအနေတွေရှိပါတယ် ။ Sex ဆိုတဲ့ လိင်ကိုသတ်မှတ်ဖို့အတွက် အမျိုးမျိုး standard စံကို သုံးကြတာရှိပါတယ် ။ ဥပမာ ခရိုမိုဆုန်း ( chromosone ) မျိုးပွား အဂါင်္ ( Genital Organ Sex ) ကိုယ်ခန္ဓာအနေအထား ( Body appearance ) ပြီးတော့ စိတ်ဓါတ်ရေး ရာအခြေအနေ ( Pychological sex ) ဆိုပြီး အကြမ်းဖျင်းခွဲကြတာရှိပါတယ် ။ ထူးဆန်းတာတွေ ကမ္ဘာအနှံ့ဖြစ် ပျက်နေတာနဲ့အမျှ တချို့သောသူတွေမှာ က်ားအဂါၤေရာ မအဂါၤေရာ တြဲၿပီး မွေးဖွား လာကြတာတွေရှိပါတယ် ။ တချို့ကတော့ကျား သို့မဟုတ် မ ဖြစ်ပါတယ်လို့ တိတိကျကျ သတ်မှတ်ဖို့ရာ ခက်ခဲတဲ့ အခြေအနေတွေလည်းရှိပါတယ် ။ ဒီလိုမျိုးမှာဆိုရင်တော့ ခရိုမိုဇုန်း တွေကသာလျှင် တရားဝင် တိတိ ကျကျသတ်မှတ်ပေးနိုင်ပါတယ် ။

ကျွန်တော်တို့ ကျား နဲ့ မမှာ ရှိတဲ့ ဟော်မုန်းတွေကို အကြမ်းဖျင်းလည်း ပြန်လည်လေ့လာကြည့်ရအောင် ။ ယောင်္ကျားလေးတွေမှာ ကျားဟော်မုန်း Testorterone နဲ့ မိန်းကလေးတွေမှာ မဟော်မုန်း Estrogen ဆိုပြီး ရှိပါ တယ် ။ အမျိုးသားတွေမှာ ကျားဟော်မုန်းတွေက အများစုရှိနေသော်လည်း မဟော်မုန်း အနည်း ငယ်က လည်း သွေးသားထဲမှာ ရှိနေတတ်ပါတယ် ။ အဲဒီလိုပဲ မိန်းကလေးတွေမှာ မ ဟော်မုန်းက အများစုနေ ရာယူထားပေမယ့်လည်း ကျားဟော်မုန်းတွေကလည်း သွေးသားထဲမှာ အနည်းငယ်ရှိနေပြန်ပါတယ် ။ အကြောင်း အမျိုးမျိုးကြောင့် ဟော်မုန်းဓါတ်ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ မရှိအပ် တဲ့ ဟော်မုန်းအချိုးအစားဟာ လွန်ကဲစွာ ဖြစ်ပေါ်လာတတ်ပါတယ် ။ ဒီလိုမျိုး မလိုရာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေကြောင့် Hirsutism ဟာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိထားဖို့လို ပါတယ် ။ အမျိုးသားတွေအတွက် ကျားဟော်မုန်းကို ဝှေးစေ့ ( Testis ) နဲ့ ကျောက် ကပ်ရဲ့ထိပ်ပိုင်းမှာရှိတဲ့ အကျိတ် ( Adrenal glands ) ကနေ ထုတ်လုပ်ပေးပါတယ် ။ အဲဒီဟော် မုန်းတွေကြောင့် သာ ယောင်္ကျားပီပီသသ ခန့်ခန့်ညားညား နဲ့ကျားကျားယားယား အသွင်း သဏ္ဍာန်တွေ ဖြစ်ပေါ်လာရပါ့တယ် ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်းဓါတ် တွေ ပိုမိုများပြား လာတဲ့အခါ အဲဒီအမျိုးသမီးရဲ့ အသွင်သဏ္ဍာန်နဲ့ စိတ်နေသဘောထားအချို့ကလည်း ပြောင်းလဲလာရပါတယ် ။



အမျိုးသမီး တွေရဲ့ မူလစွမ်းရည်တွေဖြစ်တဲ့ မီးယပ်သွေးပေါ်ခြင်းနဲ့ ရင်သားကြီးထွားလာခြင်း စတဲ့ အရာတွေကို အနှောက် အယှက်ပေးလာပါတယ် ။ ချိုချိုသာသာလေးနဲ့ ဆွဲဆောင်မှု ရှိတဲ့ ဥသြ သံလေး ကနေ ယောင်္ကျား ဆန်တဲ့ အသံသြသြကြီးတွေ ဖြစ်လာရပါတယ် ။ ပခုံးသား သွယ်သွယ်လေးနေရာမှာ ပခုံးကြွက် သားတွေကြီး လာပြီး မူမှန်မဟုတ်တဲ့နေရာတွေ ဥပမာ (ခြေသလုံး ၊ နှုတ်ခမ်း မွှေး ၊ မေးစေ့ ) စတာတွေမှာ အမွှေးအမျှင် တွေ ပေါက်လာပါတယ် ။ ဒီလို ကျားဆန်ခြင်း ကျားအသွင် အပြင်ဖြစ်နေ တဲ့အခြေ အနေကို ဆေးပညာလိုဆိုရင်တော့ Virilism လို့ခေါ်ပါတယ် ။ အမျိုးသမီးရဲ့ အသွင်းအပြင် ၊ အရည် အသွေးတွေမပျောက်သွားပဲနဲ့လည်း အမွှေးအမျှင် အနည်းငယ်များလာခြင်းမျိုးလည်း ကြုံရတတ်ပါတယ် ။

ယနေ့ခေတ်ကြီးမှာ အမျိုးသမီးငယ်လေးတွေ သတ်လက်အရွယ်တွေမှာ နှုတ်ခမ်းမွှေး ရေးရေးပေါ်ခြင်း လက်မွှေး ခြေသလုံးမွှေး ရေးရေးပေါ်လာခြင်း စတဲ့ပြောင်းလဲမှုတွေကြောင့် စိတ်အနှောက်အယှက်များစွာ ဖြစ်နေ ပြီး ပြဿနာတစ်ခုလို တွေ့ကြုံနေရပါတယ် ။ ဘယ်လို အထူးကုနဲ့ပြသပြီး ဘယ်လို နေရာမှာ ကုသရမှန်း တိုင်ပင်ရမှန်းမသိပဲဖြစ်နေတတ်ပါတယ် ။ နဂိုကတည်းက ကျားဆန်ဆန်နေချင်သူတွေအဖို့ က အခက်အခဲ သိပ်မရှိလှသော်လည်း မိန်းကလေးပီပီသသ နေချင်သူတွေအဖို့တော့အခက်ကြုံရလေ့ရှိပါတယ် ။



အမျိုးသမီးတွေမှာ အရွယ်ရောက်ပြီဆိုတာနဲ့ သားဥ အိမ် ( Ovaries ) တွေကနေ မဟော်မုန်း estrogen တွေ ထွက်လာပါတယ် ။ ဒါပေမယ့်အကြောင်းအမျိုးမျိုး ရောဂါမျိုးမျိုးကြောင့် သားဥအိမ်မှလည်း ကျားဟော် မုန်းတွေ ထွက်နိုင်ပါတယ် ။ ကျောက်ကပ်ထိပ်ပိုင်း adreanl gland တွေကနေလည်း ကျားဟော်မုန်းတွေ ထွက်နိုင်ပါတယ် ။ တခါတရံမှာ ဟော်မုန်းထုတ်တဲံ ဇီဝကမ္မလမ်းကြောင်း Steroid pathway ဖောက် ပြန်တဲ့အ တွက် မဟော် မုန်းဖြစ်လုနီးနီး တစ်ဆင့်နှစ်ဆင့်လောက်အလိုမှာ မဟော်မုန်းမဖြစ်ပဲနဲ့ ကျားဟော် မုန်းပြောင်း သွားတာတွေ လည်း ရှိပါတယ် ။ ဒီလိုမျိုး မူမမှန်သော ထုတ်လုပ်မှု အနည်းအများအပေါ်မူတည်ပြီး ကျားအသွင် အနည်းအ များပြောင်းလဲလာကြခြင်းဖြစ်ပါတယ် ။

ဒီလို အမွှေးထူတဲ့ မလိုလားအပ်တဲ့ အမွေးတွေကို ဖယ်ရှားတဲ့နေရာမှာ မှားယွင်းတဲ့နည်းလမ်းတွေကို မသုံးမပြု မိကြဖို့ကလည်း အလွန်ပဲ အရေးကြီးပါတယ် ။ အထူးသဖြင့် ဓါးနဲ့ ရိတ်ခြင်းကို ရှောင်စေချင်ပါတယ် ။ နှုတ်ခမ်းမွှေးပေါက်တဲ့နေရာနဲ့မေးစေ့လိုနေရာမျိုးမှာ ထိမိရှမိသွားခဲ့ရင် ပိုးဝင် အနာ ရင်းပြီး နောက် ဆက် တွဲပြဿနာတွေပေါ်လာတတ်ပါတယ် ။ ဦးနှောက်သွေးကြောတွေ နဲ့ဆက်သွယ်မှုကာ ပိုးဝင်ပြီး ပျံ့နှံ့သွားခဲ့ရင် ပြင်းထန်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ် ။ ပိုးဝင်ဝင်ခြင်း အနာရင်းတာ မဖြစ်တဲ့အ တိုင်အောင် အမွေးတွေ ချက်ချင်းပြောင် သွားသော်လည်း အမြန်ပြန်ပေါက်စေပါတယ် ။ ရိတ်လေပေါက်လေ သန်လေ နဲ့ သံသရာလည်နေ တတ်ပါတယ် ။

ဘာကြောင့်ဖြစ်ရတာလဲ

၁ ။ သားဥရောဂါများ
- သားဥအရေအိတ်များ ( Polycysitic Ovarian Syndrome)
- သားဥအလုံးများ( Ovarian mass , cyst)
- ကျားဟော်မုန်းထုတ်သော သားဥအလုံးများ
- ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော သားဥအလုံး ( Pregnancy Lactomas)

၂ ။ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်
- မွေးရာပါအကျိတ် ( CAH)
- အလုံးဖြစ်ခြင်း
- ကျားဟော်မုန်း လွဲကဲစွာထုတ်ခြင်း ( Cushing's syndrome)

၃ ။ အချို့သော ဆေးဝါးများ
- Anabolic steroids
- Danazole
- Phenytoin
- Androgenic Progestrones

၎ ။ မျိုးရိုးစဉ်ဆက်ဖြစ်ပွားခြင်း ( အမွှေးများသည့်မျိုးနွယ်) စတာတွေကြောင့်ဖြစ်ပါတယ် ။ ဒီလိုဖြစ်ရပ် ကို ရောဂါ တစ်ခုဟာ မယူဆပါ ။

ဘယ်လိုစစ်ဆေးမှု တွေပြုလုပ်ရမလဲ

ထုံးစံအတိုင်းပဲ ဆေးမကုသခင်မှာ ဆရာဝန်တွေက လူနာကို ရောဂါရာဇ၀င်အသေးစိတ်မေးခြင်း ၊ စမ်းသပ်ခြင်း ၊ ဆီး ၀မ်း သွေးနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ် ။ အထူးသဖြင့် သွေးထဲမှာ ကျားဟော်မုန်း testosterone ပမာဏ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်မှ ဓါတ်ပေါင်း DEHA ထုတ်လုပ်မှုနဲ့ သား ဥတွေကျောက်ကပ်ထိပ်ပိုင်း တွေမှာ အလုံးအကျိတ်တွေရှိမရှိ Ultrasound ရိုက်တာတွေလုပ်ဖို့လိုပါတယ် ။ လိုအပ် ရင်တော့ CT နဲ့ MRI ပါလုပ်နိုင်ပါတယ် ။

ဘယ်လိုကုသမလဲ

၁ ။ သောက်ဆေးမပါပဲကုသနည်းများ

- ကိုယ်အလေးချိန်များပြီး ၀ နေတဲ့သူတွေကတော့ ကိုယ်အလေးချိန်လျော့ခြင်း
- အမွှေးအမှင်တွေကို ဆေးဆိုးခြင်း ဖယောင်းလိမ်း၍ နှုတ်ခြင်း လျှပ်စစ်ဓါတ် သုံးခြင်း နဲ့ လေဆာရောင်ခြည်ဖြင့် ကုသခြင်းတွေဖြစ်ပါတယ် ။

၂ ။ သောက်ဆေးများဖြင့် ကုသခြင်း

- Non-androgenic progestrones ခြောက်လကနေ ၁၈ လအထိ သောက်ဖို့လိုပါတယ် ။
- ကျားဟော်မုန်း ဆန့်ကျင်သောဆေးများ ( Anti-androgen ) ဥပမာ Cyproterone acetate (CPA)
- CPA နှင့် မဟော်မုန်းပေါင်းစပ်ဆေး ( CPA + Ethinyl estradiol ) များ
- Flutamide
- Sprionolactone စတဲ့ဆေးတွေဖြစ်ပါတယ် ။

၃ ။ ခွဲစိတ်ကုသခြင်း

အချို့အမျိုးသမီးတွေမှာ အမွေးများယံသာမကပဲ သားဥအလုံး ကျောက်ကပ်ထိပ်ပိုင်း အလုံးတွေရှိနေပါက လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေပြုလုပ်နိုင်ပါတယ် ။

အများစုဟာ ကျားဆန်ခြင်း နဲ့အမွေးထူခြင်း Virilism မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ မျိုးပွားဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်တွေ နဲ့ မီးယပ်သွေးမမှန်ခြင်း သွေးထိမ်ခြင်းနဲ့ သားသမီး ရနိုင်တဲ့စွမ်းရည်တွေကိုပါ ထိခိုက်စေနိုင် ပါတယ် ။ မျိုးရိုးအလိုက် အမွေးများခြင်းအတွက် လိုအပ်သရွေ့ကုသဖို့လိုပါတယ် ။ ခေတ်နဲ့ အမီတိုးတက် လာတဲ့ဆေးတွေပေါ်လာတာနဲ့အမျှ ယနေ့ခေတ် အမျိုးသမီးတွေအတွက် ကံကောင်းတဲ့အချက် တစ်ချက်ဖြစ် ပါတယ် ။ သင့်လျှော်တဲ့အထူးကုထံမှာ စိတ်ရှည်ရှည်နဲ့ကုသမှုခံယူစေချင်ပါတယ် ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အမျိုးသမီး ထုကြီးအားလုံး အစွမ်းကုန် ပွင့်လန်း လှပနိုင်ကြပါစေ ။

သက်တန့်ချို

ရယ်ရွှင်ဖွယ်ရာ ဆိုင်းဘုတ်များ

အင်တာနက်စာမျက်နှာမှာတွေ့ရတဲ့ ရယ်ရွှင်ဖွယ်ရာဆိုင်းဘုတ်လေးတွေကို သူငယ်ချင်းတွေ နဲ့မျှ ဝေခံစားဖို့ တင်ပေး လိုက်ပါတယ် ။ ကြည့်ကြရအောင်လားး))



သေးမပေါက်ရ ဖြတ်ပစ်မည် ။



ညာဖက်လည်းမကွေ့ရ နောက်ပြန်လည်း မဆုတ်ရ ရှေ့တည်းတည်းလည်းမသွားရး))



လမ်းမီးတိုင်တွင် အမျိုးသမီးများ မရပ်ရ ။



ကျေးဇူးပြုပြီး လေထုကို သန့်ရှင်းနေပါစေ ။ လေမလည်ရ ။



အရှိန်သတ်မှတ်ထားသည် ။ အမျိုးသား ၁၄၀ ၊ အမျိုးသမီး ၃၅ ။



အလေးမစွန့်ရ ။



အဲ . . ဘာပြောရမှန်းတောင်မသိတော့ပါဘူး ကိုယ့်ဘာသာကိုယ်ပဲတွေးကြပါတော့ ။

သက်တန့်ချို

အမျိုးသမီးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု

အမျိုးသမီးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု



ယနေ့ ၂၁ ရာစုခေတ်ကြီးမှာ အမျိုးသမီး တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုအတွက် လိုးရှင်းတွေ ၊ သန့်စင် ရည်တွေ ဟာ တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် အပြိုင်အဆိုင် ထွက်ပေါ်လို့ လာနေပါပြီ ။ အမျိုးသမီးတွေ အတွက် မိန်းမကိုယ် သန့်ရှင်းရေးဆေးကြောအရည်တွေဟာလည်း ဈေးကွက်ထဲမှာ အမျိုးအစားစုံလင်စွာ နဲ့ အလွယ် တကူ ၀ယ်ယူရရှိနေနိုင်ပါပြီ ။ မိန်ကလေးတွေအများစု ယုံကြည်နေတဲ့အချက်ကတော့ တစ်ကိုယ် ရည်သုံး လိုးရှင်းတွေသန့်စင်ရည်တွေဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်တယ် သန့်ရှင်းစင်ကျယ်စေတဲ့ ဖက်ရှင် (Cleaning fashion) တစ်ခုဖြစ်တယ်ဆိုတာပါပဲ ။ ခန့်မှန်းချက်အရကတော့ United states မှာဆိုရင် အမျိုး သမီး ၂၀ မီလီယံလောက်ဟာ Health care lotion လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံး လိုးရှင်းတွေကို တခါတရံ အ သုံးပြုကြပြီး ၊ အာဖရိကနဲ့ အာရှတွေမှာဆိုရင်တော့ အသုံးများပါတယ် ။ ဒီလိုလိုးရှင်းတွေကို အသုံးပြုကြ တာဟာ တကယ်ပဲ အမျိုးသမီးကျန်းမာရေးကို အထောက်အကူဖြစ်စေသလား ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်စေ သလား ဆိုတာ ပညာရှင်တွေက ဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှု Medical Research တွေပြု လုပ်နေ ကြပြီဖြစ် ပါတယ် ။

သားအိမ်ခေါင်း ၊ သားအိမ်အတွင်းပိုင်းနဲ့ mucosa ၊ မိန်းမကိုယ်နံရံတွေမှာရှိတဲ့ microbes လို့ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းကိရိယာဖြင့်သာမြင်နိုင်တဲ့ပိုးမွှားတွေကို vaginal flora က ပုံမှန်အတိုင်းသဘာဝအလျှောက် သန့် စင်ဆေးကြောပေးပါတယ် ။ အမျိုးသမီးတွေရဲ့သဘာဝ vaginal flora မှာ ပြင်ပပိုးမွှားတွေကို ကာကွယ် တိုက်ထုတ်နိုင်တဲ့ လူ့ခန္ဓာကိုယ်အကျိုးပြုဘတ်တီးရီးယား lactic acid bacteria တွေ 80 million/ml လောက်အထိပါဝင်ပါတယ် ။ သူ့ရဲ့ အဓိက တာဝန်ကတော့ ပြင်ပကနေ ပိုးမွှားတွေ လွယ်လွယ် ကူကူ ၀င်ရောက်နိုင်ခြင်း ကို ကာကွယ်တားဆီးဖို့ ဖြစ်ပြီး lactic acid bacteria တွေကို Guardian of health အဖြစ်တင် စားပြောဆိုကြပါတယ် ။ Lactobacillus တွေများစွာပါဝင်တဲ့ အမျိုးသမီးမိန်းမကိုယ်ထဲက ထွက်တဲ့ အရည်တွေဟာ မိန်းမကိုယ်ကို ဘသာဝအလျှောက် သန့်ရှင်းစင်ကြယ်စေခြင်း ( self cleaning function) ကို လုပ်ဆောင်ပေးပါတယ် ။ လေ့လာစမ်းသပ်မှုတစ်ခုရဲ့အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် ၄၀ အရွယ်အမျိုး သမီးတွေ မှာ lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး ၊ အသက် ၆၀ အရွယ်မျာတော့ ၆၀ ရာခိုင်နှုန်း သာ ပါဝင် ပါတော့ တယ် ။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့နည်းသွားစေနိုင်ပါတယ် ။



လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီး မိန်းမကိုယ်ဆေးကြောရည် စမ်းသပ်မှု (women's vaginal washing the report) အရ တစ်ပတ်ကို တစ်ကြိမ်ဆေးကြောခြင်း သို့မဟုတ် ဒီထက်ပို ပြီး အကြိမ် အရည် အတွက်များစွာ ဆေးကြောခြင်းဟာ တင်ပဆုံအတွင်းပိုင်း ပိုးမွှားဝင်ရောက်မှု ( pelvic infection ) ကိုပို များစေခြင်း ၊ နေရာလွှဲမှား သန္ဓေသား ပြဿနာ ( ectopic pregnancy ) ကို များပြားစေခြင်း ၊ ပိုးမွှား ၀င်ရောက်စေ မှု များပြားစေခြင်း စသည်တို့ကိုတွေ့ရှိခဲ့ရပါတယ် ။ American Journal of Public Health မှ report အ ရ မိန်းမကိုယ်ထဲမှာ အရည် vaginal fluid မရှိတဲ့ အမျိုးသမီးတွေဟာ ပုံမှန် မိန်းမကိုယ်ထဲ အရည်ရှိတဲ့ အမျိုးသမီးတွေထက် Pelvic infection ဖြစ်ပွားစေတဲ့ နှုန်းကို ၇၃ ရာခိုင်နှုန်းထိ ပိုများတယ်လို့ သိရပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အမျိုးသမီးမိန်းမကိုယ်အရည်ရဲ့ မိမိဘာသာ သန့်ရှင်း စင်ကြယ်စေခြင်း ဆိုတဲ့ self cleaning function ပျက်ဆီးသွားပြီး သားအိမ်ခေါင်း ၊ သားအိမ် ၊ fallopian tube ( သားအိမ်နှင့် သားဥအိမ်ဆက်သွယ်ထားသောလမ်းကြောင်း ) စသည်တို့မှဆင့် ရောဂါပိုးမွှားတွေကို ၀င်ရောက်စေပြီး pelvic infection ကို ဖြစ်ပွားစေပါတယ် ။

လူအများစုကတော့ လိင်ဆက်ဆံမှုများတဲ့အမျိုးသမီးတွေ ဟာ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ တကိုယ်ရည်သုံး သန့်စင်ဆေး ရည်တွေကို သုံးစွဲကြတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ် ။ နောက်တစ်ခုကတော့ အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုတာ ပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ ၊ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါများကို ကာကွယ်နိုင်ဖို့ ၊စတဲ့ရည်ရွယ် ချက်အများအနေနဲ့သုံးစွဲကြပါတယ် ။ ဒါပေ မယ့် ဆေးပညာ လေ့လာစမ်းသပ်မှု အဖြေအရတော့ အားလုံးဟာ ဆန့်ကျင်ဖက်တွေပါပဲ ။ အင်ဒိုနီးရှားမှ ဆရာဝန်တွေ ဟာ မီးမဖွားခင်ကိုယ်ဝန်ဆောင်သည် ၅၉၉ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါမှာတော့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ဖို့ အတွက် ရည်ရွယ် ချက်နဲ့သုံးစွဲပေမယ့် တကယ်တမ်းမှာ ဖြစ်ပွားနိုင်မှု risk ကိုပိုများစေပါတယ် ။ ဒါပေမယ့်လည်း သာမန်မိန်းမ ကိုယ်ကို ရေနဲ့ ဆေးကြောခြင်းကတော့ အန္တရာယ်မရှိစေပါဘူး ။ လေ့လာမှု ဆာဗေးတွေရဲ့ အဖြေအ ရတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ် PH မျှ ခြေ ပျက်ဆီးသွားခြင်းဟာ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါ များကိုပိုများစေပါတယ် ။ ရေကတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်မျှခြေကို မပြောင်း လဲစေ ပါဘူး ။ ဒါ့အပြင် ပုံမှန် vaginal flora ကိုလည်း မပျက်ဆီးစေပါဘူး ။

American scholars တွေဟာ လက်ထပ်ပြီးသားစုံတွဲ ၈၄၈ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါ မိန်းမကိုယ် သန့်စင်ဆေး ရည်နဲ့ သုံးစွဲခြင်းဟာ တစ်လမှာ ကိုယ်ဝန်ဆောင်မှု ကို ၃၀% ထိလျော့နည်းသွားစေနိုင်ပါတယ် ။ ဘာကြောင့် လည်း ဆိုတော့ vaginal acidity ပြောင်းလဲသွားခြင်း ၊ micro-ecological ပတ်ဝန်း ကျင် ပြောင်းလဲ သွားခြင်း ၊ ရောဂါပိုးမွှားများပေါက်ဖွားကြီးထွားရင် သင့်တော်ခြင်း ၊ ဒါ့အပြင် ရောဂါတစ်ခု ခုဖြစ်စေဖို့ လည်း ဦး တည်နိုင်ပြီး နောက်ဆုံး infertility လို့ခေါ်တဲ့ မျိုးမပွားနိုင်ခြင်း ကိုဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ယေဘူ ယျကြည့် မယ်ဆိုရင် မိန်းမကိုယ်ဟာ သူ့ဘာသာသူ အလိုအလျောက်သန့်စေစေခြင်း self cleaning feature ပါရှိတဲ့ အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေသုံးစွဲဖို့ မလိုအပ်ပါဘူး ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဘယ်အချိန်တွေမှာ သုံးစွဲဖို့လိုအပ်သလဲ ?



ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ရေရှည်တော့မသင့်တော်ပါဘူး ။ မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ကဲဒါဆိုရင် မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။ ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။

မိန်းမကိုယ်ထဲ ပိုးမ၀င်အောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ် ။

၁ ။ သင်ဟာ diaphragm လို့ခေါ်တဲ့ အမျိုးသမီးသုံးကွန်ဒုံး ၊ သုတ်ပိုးသတ်သော ဆပ်ပြာသို့မဟုတ် ဂျယ်လီ ဒါမှမဟုတ် ကွန်ဒုံး တစ်ခုခု သုံးစွဲတဲ့အတွက် မိန်းမကိုယ်ထဲ ခဏခဏပိုးဝင်နေပြီဆိုရင်တော့ သင့်ဆရာဝန် နဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းလမ်း Birth control options တွေကို ပြန်လည်ဆွေးနွေးဖို့ လိုနေပါပြီ ။

၂ ။ အိမ်သာတက်ပြီးတဲ့အခါတိုင်းဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ၀င်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ ။

၃ ။ မိန်းမကိုယ်တစ်ဝှိုက်ကို ရေသန့် သို့မဟုတ် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့နဲ့ တစ်နေ တစ်ကြိမ်လောက်ဆေးကြောပေး ဖို့လိုပါတယ် ။ ရေချိုးခန်းသုံးဆပ်ပြာမသုံးပါနဲ့ ။ သေချာဆေး ကြောပြီး ခြောက်သွေ့ အောင် သုတ်ပါ ။

၎ ။ သွေးဆင်းချိန်ကာလအတွင်း မှာ tempons ကို တစ်နေ့ သုံးကြိမ်အနည်းဆုံးလဲပါ ။ သင့်ရဲ့ ကာလပြီး ဆုံးသွားရင် နောက်ဆုံးအသုံးပြုတဲ့ tampon ကို စွန့်ပစ်ဖို့ မမေ့ပါနဲ့ ။

၅ ။ တင်းကျပ် တဲ့အ၀တ်အစားတွေကို ၀တ်ခြင်းကို တတ်နိုင်သမျှရှောင်ပါ ။ cotton underwear ကို သာဝတ် ဆင်ပါ ။ Cotton underwear နဲ့ ချောင်ချိတဲ့ အ၀တ်အစားတွေဟာ သင့်ရဲ့ မိန်းမကိုယ်နေရာကို yeast cell တွေ ကြီးထွားခိုအောင်းစေတဲ့ ပူနွေးစွတ်စိုခြင်းမှ ကာကွယ်တားဆီးပေးပါတယ် ။ အကျပ်တွေ ၀တ်ဆင်ခြင်း ဟာလည်း အရေပြားကို မသက်မသာဖြစ်စေပြီး rash တွေထွက်ပေါ်စေပါတယ် ။

၆ ။ စပရေးတွေနဲ့တခြားအမွှေးနံ့တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ ။ ဒါတွေဟာ အရေပြားမှာ irritation ဖြစ်ပေါ်စေပြီး အလာ့ဂျစ် (ဓါတ်မတည့်ခြင်း )တွေဖြစ်စေပါတယ် ။

၇ ။ သင်ဟာ လိင်ဆက်ဆံမှုများတဲ့ multiple sex partners ရှိတယ်ဆိုရင်တော့ ကွန်ဒုံးလည်းမသုံးဘူးဆိုရင် STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဖြစ်စေနိုင်ပါတယ် ။ မိန်းမကိုယ် ထဲပိုးဝင်ဖို့ လည်းလွယ်ကူပါတယ် ။

၈ ။ အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာလည်း ဆီးသွားပါ ။ ပြီးတဲ့အခါမိန်းမ ကိုယ်နေရာကို ရေအေးအေး နဲ့ ဆေးကြောပေးဖို့လိုပါတယ် ။

၉ ။ စက်ဘီးစီးခြင်း ၊ မြင်းစီးခြင်းစတာတွေဟာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် အကန့်အသတ်ဖြင့်သာ ပြုလုပ် သင့်ပါတယ် ။

၁၀ ။ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိတယ်ဆိုရင်လည်း သွေးတွင်းသကြားဓါတ်ကို ကောင်းစွာ ထိမ်းထား ဖို့လို ပါတယ် ။

လိုအပ်မယ်ဆိုရင်တောပိုးသောက်ဆေးသောက်သင့်ပြီး မလိုအပ်ပဲ ပိုးသတ်ဆေးသောက် ခြင်းကို ရှောင်ရှား ရပါမယ် ။ ဆရာဝန်နဲ့သေချာပြသပြီး သင့်ရဲ့ရောဂါရာဇ၀င်က အစ သေချာစမ်းသပ်စစ်ဆေးကာ ကုသမှု ခံယူဖို့လို အပ်ပါတယ် ။

ွRef : http://vaginal-health.50webs.com/
wikipedia
Vaginal cleaning Fluid in Internet

သက်တန့်ချို

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ



နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ယနေ့အထိ လူသားတွေအားလုံး စွဲစွဲမြဲမြဲ ယုံကြည်နေ ကြတာကတော့ ရိုးရာဓလေ့အစွဲတွေပဲ ဖြစ်ပါတယ် ။ အဲဒီဓလေ့တွေက လည်းထူးဆန်းအံ့သြ ဖွယ်ကောင်းလောက်အောင် တချို့ဒေသတွေမှာ အရိုးစွဲနေတုန်းပဲဖြစ်ပါတယ် ။ ကဲ ထိုင်းနိုင်ငံက ရိုးရာဓလေ့တွေကို ကြည့်ကြပါစို့ ။ ဆေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ လူတွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ Pain pathway ဆိုတာရှိပါတယ်။ ဒီလူတွေက အသားတွေထဲ အချွန်တွေ ထိုးစိုက်နေတာဟာ တကယ်ပဲ မနာကျင်ကြဘူးလား ။ စောစောကပြောခဲ့တဲ့ Pain pathway ကိုဘယ်အရာတွေနဲ့ပိတ်ဆို့ထားကြသလည်း ။ ထူးတော့ထူးဆန်းပါတယ် ... ။ မီးနင်းပွဲတွေမှာ တွေ့ရလေ့ ရှိတဲ့ပုံစံမျိုးပါပဲ .... ။ နတ်ဘုရားတွေကပဲ သူတို့ကို မနာမကျင်အောင် ပြုလုပ်ထားတာလား ဆိုတာကိုတော့.........။

















စာရေးသူ....... သက်တန့်ချို..

ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်



ရေထဲမှာကျင်းပတဲ့ ဒီပွဲတော်ကို Pamplona ကျွဲခတ်ပွဲတော်လို့ခေါ်ပါတယ် ။ အလွန်ကို အသက်အန္တရာယ်များပြီး ဒါဏ်ရာ ရဖို့ လက်တကမ်းမှာရှိပါတယ် ။ ဘာကြောင့် ဒီလိုအလုပ်ကိုလုပ်ရတာပါလဲ ။ နာမည်ကြီးချင်လို့လား ကျွန်တော် ကတော့ဒါကို စွန့်စားမှုတစ်ခုလို့ မမြင်ပါဘူး ။ရူးသွပ်တဲ့ အလုပ်တစ်ခုလို့ပဲ မြင်မိပါတယ် ။ ကဲ ဘာပဲ ပြောပြော ရင်ခုန်ဖွယ် ပွဲတော်ကို ကျွန်တော်တို့ကြည့်ကြရအောင်လား ။




ဝှေ့သာ ဝှေ့လိုက်လို့ရတော့ ကွာ တခါတည်းမျိုးတုန်းလောက်တယ် ဟင်း ။



ရေထဲထိတောင် လိုက်ခတ်တာနော် ။ ရှောင်နိုင်ရင်ရှောင်ကြပေတော့ ။



ရေထဲမှာ ဒီလိုကြိုးနဲ့ ဆွဲခေါ်လာတာ ။



ဝှေ့တာ မြင်မြင်သမျှပဲ ကဲ ကိုယောင်္ကျားတို့ မပြုတ်ချင်ရင် ပြေးကြပေတော့ ။



ကျွဲလည်းမွန်း လူလည်းမွန်း နော် ။



သည်းထိတ်ရင်ဖိုပါပဲ ။

www.thettantcho.com

သက်တန့်ချို

ရက်ရွေးချယ်၍ ဓမ္မတာသွေးပေါ်စေခြင်း

ရက်ရွေးချယ်၍ ဓမ္မတာသွေးပေါ်စေခြင်း





ဒီတစ်ခေါက်ဆောင်းပါးမှာတော့ အမျိုးသမီးတွေ ရဲ့ လစဉ်ပေါ်နေကျ ရာသီသွေး ပေါ့ အဲဒီရာ သီသွေးပေါ် တဲ့အချိန်ကို မိမိလိုအပ်သလို ရှေ့တိုးလို့ရတယ် နောက်ဆုတ်လို့ ရတယ်ဆို တဲ့အကြောင်းလေး ကို ပြောပြ သွားမှာဖြစ် ပါတယ် ။ ကိုယ်အရေးကြီးတဲ့အ ချိန်မှာ ဒီလိုကိစ္စနဲ့ကြုံလာရင် ရှေ့တိုးချင်တယ် ၊ နောက် ဆုတ်ချင် တယ်ဆိုရင် အဲဒီအကြောင်းကို ကာယကံရှင်အမျိုးသမီးအနေနဲ့သိဖို့လိုပါတယ် ။ တစ်ခုပြောချင်တာက ဒီလိုကိစ္စ ကို ဆောင်ရွယ်ပေးတဲ့ နေရာမှာ သားဖွားမီးယပ်ဆရာဝန်မှမဟုတ်ပါဘူး ။ အထွေထွေရောဂါကုဆရာဝန် တွေ family doctors တွေနဲ့ နောက်ဆုံးပြောရရင် တောဖက်တွေမှာဆိုရင် သွားဖွားဆရာမ တွေ ကိုယ်တိုင် လုပ်ဆောင်ပေးနိုင်တဲ့အပိုင်းဖြစ်ပါတယ် ။ ဒီနေရာမှာ သွေးပေါ်ခြင်းအကြောင်းကို အရင်ဆုံးပြောချင်ပါတယ် ။ တချို့တော့ သွေးပေါ်ခြင်းနဲ့ပတ်သတ်လို့ ထမင်းစားရေသောက် သဘောမျိုး ဘာမှအခက်အခဲမရှိပေမယ့် တချို့ မှာတော့ ဆိုးဆိုးရွားရွားကြုံရလေ့ရှိပါတယ် ။ တချို့က သွေးပေါ်ခါနီးရင် အိပ်မပျော်ခြင်း ၊ ဆုံးဖြတ် ချက်မ ချနိုင် ခြင်း ၊ စိတ်ဇဝေဇ၀ါဖြစ်ခြင်း စတာတွေနဲ့ ကြုံရလေ့ရှိတယ် ။ သွေးပေါ်လိွုှ့ ကိုက်ခဲပြီး အိပ်ရာထဲ လဲသွား တဲ့လူရှိ သလို သာမန် ရေနွေးအိပ်နဲ့ကပ်ရုံနဲ့မသက်သာပဲ စားဆေး ထိုးဆေးတွေနဲ့မှ သက်သာသွားတဲ့ လူတွေ လည်းရှိပါတယ် ။

ပထမဆုံး ဆိုးရွားမှုအပိုင်း မှာ ကဏ္ဍ ၂ ခုရှိပါတယ် ။ ပထမကတော့ သွေးပေါ်တော့မယ်ဆိုရင် တစ်ရက် နှစ်ရက် သုံးရက်လောက် ကြိုပြီးဒုက္ခပေးတတ်ပါတယ် ။ ဘာဖြစ်လဲဆိုရင် ဗိုက်ကြီး ကယ် လာပြီး လေတွေ တဘုန်းဘုန်းနဲ့ ဗိုက်ကြီးတင်းလာပါတယ် ။ တင်းတင်းကျပ်ကျပ်နဲ့ နေရတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မရှိတော့ဘူး ။ စိတ်ဓါတ်တွေ ကျလာတယ် ။ ဆုံးဖြတ်မှု မပီပြင်တော့ဘူး ။တ စ်ခုခုလုပ်မယ်ဆိုရင် လုပ်ရကောင်းနိုးနိုး မလုပ် ရကောင်းနိုးနိုးနဲ့ ဇဝေဇ၀ါဖြစ်တတ်ပါတယ် ။ အိပ်မပျော်တော့ပဲ စိတ်အားငယ်လာတယ် ။ အနောက်တိုင်းမှာတော့ အဲဒါကို Premenstrual Tension သို့မဟုတ် Premenstrual Syndrome လို့ခေါ်ကြပါတယ်။ ဘာလို့ လည်း ဆိုတော့ ရာဇ၀တ်မှုတွေ ၊ တရားမမှုတွေ ၊ ကြီးလေးတဲ့ အမှုတွေကျူးလွန်တာတွေကို ပြန်လည် ဆန်းစစ်ကြည့် တဲ့အခါ သွေးပေါ်ခါနီး တစ်ရက်နှစ်ရက် နဲ့သွေးပေါ်နေတုန်းမှာ ဖြစ်တာများတာကိုတွေ့ရပါတယ် ။ အဲဒီအကြောင်း ကို သုတေသန လုပ်ထားတာတွေလည်းရှိပါတယ် ။ အမှန်တော့ေ သွးပေါ်ခါနီးမှာ အမျိုးသ မီးတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ ပုံမှန်တော့မဟုတ်ပါဘူး ။ ပြောင်လဲမှုရှိပြီး စိတ်ဓါတ်ကျနေတဲ့သူရှိသလို ဆုံးဖြတ်မှု အားနည်း တဲ့သူလည်းရှိပါတယ် ။ စိတ်တိုနေပြီး အိပ်မပျော်ပဲ ဘာတစ်ခုမှ စိတ်ဝင်စားခြင်းမရှိပဲ အာရုံမစိုက်နိုင်တဲ့ အမျိုးသမီးတွေရှိပါတယ် ။

အဲဒီလိုအမျိုးသမီးတွေအနေနဲုဒီလို ရက်ရွေးချယ်ပြီး သွေးပေါ်စေတဲ့နည်းက အသုံးဝင်ပါလိမ့်မယ် ။ ဒုတိယ အမျိုးအ စား ကတော့ သွေးပေါ်ခါနီးတင်မကပဲ ပေါ်ခါနီးမှာရော ပေါ်တဲ့အချိန်မှာရော အလွန်အမင်း ဆီးစပ်တွေ ကိုက် ပါတယ် ။ ကိုယ်အောက်ပိုင်းလည်းကိုက်လာပြီး နေလို့မရဘူး ။ ပုံမှန်ရေနွေးအိတ်ကပ်တာလောက်နဲ့ အနာ ကျက်ပျောက်ဆေးသောက်တာလောက်နဲ့ မရဘူး ။ ဆေးထိုးဆေးသောက် တာတွေ တောက်လျှောက် လုပ်နေ ရတယ် ။ ဒီလို အကိုက်အခဲပျောက်ဆေးအပြင်းစားတွေသုံးနေပေမယ့်လည်း မသက်သာတဲ့ အတွက်ကြောင့် တချို့ ရုံးဝန် ထမ်းတွေဆို ရုံးကနေခွင့်ယူရပါတယ် ။ အဲဒီလို ခွင့်ယူရတာကလည်း တစ်လနဲ့မပြီး နှစ်လနဲ့မပြီး လစဉ်နဲ့အမျှ ဆိုတော့ ၀န်ထမ်းကလည်းဝန်ထမ်းအလျှောက် ၊ ဆရာမကလည်းဆရာမအလျှောက် ၊ လုပ်ဖော် ကိုင် ဖက်နဲ့ အထက်လူကြီးတွေရဲ့ငြိုငြင်မှုကိုခံရလေ့ရှိပါတယ် ။ ကျောင်း သူတွေဆိုရင် လည်း ကျောင်း ပျက်တာများလာတဲ့အတွက် စာသင်တဲ့နေရာမှာ အနှောက်အ ယှက်ဖြစ်လာ တာကိုတွေ့ ရပြီးနောက် ဆုံး စာမေးပွဲဖြေတဲ့အထိပါ အနှောက်အယှက်ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် မဖြစ်မနေ ကိုယ်လုပ်ရမယ့် ကိစ္စနဲ့ ကြုံလာ ရင် ရှေ့ကိုတိုးပြီး ဓမ္မတာ ပြီးနှင့်အောင်လုပ်ထားမလား နောက်ဆုတ်ပြီး အားလုံးပြီး မှ သွေးပေါ် ခွင့်ပေးမလား ကိုယ်ကြိုက်သလို လုပ်ဖို့ အခွင့်အလမ်းရှိပါတယ် ။

မီးယပ်သွေးပေါ်ခြင်းသဘောတရား



မီးယပ်သွေးပေါ်တယ်ဆိုတာ အမျိုးသမီးတစ်ဦးရဲ့သွေးသားထဲမှာ Oestrogen နဲ့ Progesterone လို့ခေါ် တဲ့ ဟော်မုန်းဓါတ်နှစ်ခုက တဖြည်းဖြည်းသွေးထဲမှာ များလာပါတယ် ။ အဲဒီလိုများလာတာနဲ့အမျှ သားအိမ် ရဲ့အတွင်း လွှာကလည်း ထူထူလာပါတယ် ။ တစ်လကုန်သွားလို့ လေးပတ်လောက် ဒါမှမဟုတ် ရက် ၃၀ လောက်ကျတဲ့အခါ ကျတော့ သွေးသားထဲမှာရှိတဲ့ ဟော်မုန်းဓါတ်တွေကလည်း အမြင့်ဆုံး ပမာဏရောက် လာပါတယ် ။ ဒါပေမယ့်လို့ ဒါ့ထက်ပိုမြင့်တဲ့ ဟော်မုန်းဓါတ်က ထွက်လာရပါတယ် ။ အမျိုးသမီး တိုင်း၇ဲ့ သဘာဝက ၂၈ ရက် ဒါမှမဟုတ် လေးပတ်ပြည့်တာနဲ့ ဟော်မုန်းဓါတ်ထပ်မထွက်ပဲ ဟော်မုန်းဓါတ် ကျသွားတာနဲ့ ခုနထူပြီးသားနဲ့ ဆက်လက်ထူနေတဲ့ သားအိမ်အတွင်းလွှာက ကျေပျက်ပြီး ပျော်ပြီး ကွာကျပြီး မီးယပ်သွေး အနေနဲ့ ဆင်းလာခြင်းဖြစ်ပါတယ် ။ အခြေခံကတော့ သွေးပေါ်တာကို လာနေကျထက်ပိုပြီး တစ်ပတ်တန် သည်နှစ်ပတ်တန်သည် နောက်ကျချင်တယ်ဆိုရင် နောက်ကျချင်သလောက် သားအိမ်အ တွင်းလွှာ ကို ကျေ ပျက် မသွားအောင် ထိမ်းထားနိုင်တဲ့ ဟော်မုန်းဓါတ်ကို ပြင်ပဆေးအနေနဲ့ ဆက်ပေးထားရပါမယ် ။ ဒီလို ဆက်ပေး ထားရင် သွေးပုံမှန်ပေါ်နေကျအချိန်မှာ မပေါ်တော့ဘူး ။ တစ်လနောက် ဆုတ်ချင်ရင် တစ်လပေး ထားရပါ မယ် ။ နှစ်လနောက် ဆုတ်ချင်ရင် နှစ်လပေး ထားပြီးသုံးလ နောက် ဆုတ်ချင်ရင် သုံးလပေး ထားရ မှာဖြစ်ပါတယ်။

ဒီလိုပဲ စောပြီး ပေါ်ချင်ရင်တော့ ပထမရက်ကနေ သူ့ဟာသူ မှန်မှန် ၂၈ ရက် အထိ မှန်မှန်လေး တက်နေ တဲ့ ဟော်မုန်း ဓါတ်ပမာဏ ကို ပြင်ပဆေးပေးပြီး အသွေးအသားမှာ ဟော်မုန်းဓါတ်ပမာဏ အများကြီး တက် လာအောင် ၀ုန်းကနဲ ဆိုလုပ်လိုက်ပါတယ် ။ တစ်ပတ်လောက်ဆေးပေးပြီး ရပ်လည်းရပ်လိုက်ရော တစ်ခါ တည်း သွေးပေါ်လာပါတယ် ။ Family doctor တွေအနေ နဲ့လည်း သွေးပေါ်ခြင်း ကို စောအောင်နောက် ကျအောင် ဆေးပေး ပြီး ထိမ်းချုပ်နိုင် တယ်ဆိုတာကို သိစေချင်ပါတယ်။ ငွေကုန်ကြေးကျမများသလို လနဲ့နှစ် နဲ့ချီပြီး ဆေးစားရမယ့်ကိစ္စလည်းမဟုတ်ပါဘူး ။

သွေးပေါ်ခြင်းအား ရှေ့တိုးနောက်ဆုတ်လုပ်ခြင်းအကြောင်း

ရက်ရွေ့ချင်တဲ့ အမျိုးသမီးအနေနဲ့ ရှေ့ပဲ တိုးတိုး နောက်ပဲဆုတ်ဆုတ် အနည်းဆုံး တစ်ပတ်ကနေဖြစ်နိုင် ရင်နှစ်ပတ်လောက် ထိစောပြီး ဆရာဝန်နဲ့ အချိန်ပေးဖို့လိုပါတယ် ။ အလယ်အလတ်ပြောရရင် ၁၀ ရက်လောက်စော လာရင်အဆင်ပြေပါတယ် ။ ဥပမာ အခုမှ သွေးပေါ်ပြီးတာ ၁၅ ရက်လောက်ပဲရှိသေးတယ် ။ လက်ထပ် မှာက နောက် ၁၀ ရက်ဆိုလက်ထပ်မယ် ။ လက်ထပ်ပြီးနောက်တစ်ပတ်မှာ ပျားရည်ဆမ်း ခရီးထွက်မယ် ဆိုရင် လက်ထပ်ဖို့ မတိုင်ခင် ၁၀ ရက် တစ်ပတ်အလိုမှာ ဆရာဝန်နဲ့ပြဖို့လိုတယ် ။ ဆရာဝန် က ဟော်မုန်းဓါတ် နှစ်မျိုးပါတဲ့ဆေးပေးလိုက်မယ် ။ တစ်ပတ်စာပဲပေးမယ် ။ တစ်ပတ်ပေးပြီးဆေး ရပ် လိုက်တာနဲ့တစ်ပြိုင်နက် သွေးပေါ်မယ် ။ တကယ်ပေါ်မယ့်အချိန်မှာ မပေါ်တော့ဘူး ။ စောပြီးပေါ်မယ် ။ ဒီတော့ မင်္ဂလာဦး ညမှသည် ပျားရည်ဆမ်းခရီးထွက်တဲ့အချိန်အထိ ပျော်ရွင်နိုင်ပါပြီ ။ ရှေ့စောတာက ကသီလင် တဖြစ်ပြီး နောက်ဆုတ်တာ ပိုကောင်း မယ်ထင်ရင်လည်း နောက်ဆုတ်လို့ရပါတယ် ။

Oestrogen နဲ့ Progesterone နှစ်မျိုးပါတဲ့ဆေး ။ အလွယ်ပြောရရင် အိမ်ထောင်ရှင်တွေသောက်နေကြတဲ့ OC Pill လို့ခေါ် တဲ့ ( Oral Contraceptive pill ) တွေပေါ့ ။ အဲဒီမှာ ဟော်မုန်း နှစ်မျိုးလုံးပါပါတယ် ။ ရှေ့တိုးချင် တယ်ဆိုရင် အဲဒီဆေးကို ၇ ရက် တန်သည် ၁၀ ရက်တန်သည် တောက်လျှောက်ပေးလို့ရပါတယ် ။ ဒါပေမယ့် တစ်လုံးတစ်ကြိမ်မဟုတ်ပါဘူး ။ နှစ်လုံးပေးရပါတယ် ။ တစ်နေ့နှစ်လုံး တစ်ကြိမ်နဲ့ တောက်လျှောက်ပေးပြီး ၇ ရက်သို့ မဟုတ် ၁၀ ရက် ဖြတ်လိုက်ရင် တစ်ခါတည်းသွေးပေါ်တယ် ။ ဒါက ကြိုပြီးပေါ်စေချင်တာ ။ ဖြတ်လိုက် ရင်ပေါ်မယ် ။ ပေါ်တာ သုံးလေးရက်မျှလိုက်ရင် လိုတဲ့ရက်ကို ရှောင်လို့ရသွားမယ် ။ တော်တော်လေး လွတ်ချင် ရင်တော်တော်လေးစောပေးလို့ရပါတယ် ။ နောက်ဆုတ်ဖို့ကျတော့ ရိုးရိုးကိုယ်ဝန်ဆောင်တားလေးပါပဲ ။ တစ်နေ့ တစ် လုံး ညနေပိုင်းထမင်းစားပြီးပြီးချင်းနေ့စဉ်သောက်ရပါမယ် ။ ဆေးကတ်က ၂၈ လုံးပါတယ် ။ ၂၁ လုံးက ဟော်မုန်းပါတယ် ။ ကျန်တဲ့ ၇ လုံးက သံဓါတ်ပါတဲ့အားဆေးဖြစ်ပါတယ် ။ အဲဒါမျိုးကျတော့ ခုနှစ်လုံပါတဲ့ အားဆေး ကိုမစားစေပဲ ၂၁ လုံး ကုန်တာနဲ့ နောက်ထပ် တစ်ကတ်က ၂၁ လုံးကို ဆက်စားစေရမယ် ။ ၂ လပေးရင် ၂ လ မပေါ်ဘူး ။ ၃ လပေးရင် ၃ လမပေါ်ဘူး ။ မှန်မှန် မပျက်မကွက်သောက်ဖို့လိုပါတယ် ။ နေ့စဉ် ညနေစာ စားပြီးတစ်နေ့တစ်လုံး ။ ပေါ်ချင်တဲ့အချိန် ကျမှ ရပ်လိုက်ပေါ့ ။

တစ်ခုတော့ရှိတယ် အခုလိုရေးလိုက်လို့ လူနာတွေက ဆရာဝန်တွေဆီမလာပဲ သူတို့ဘာ သာ လျှောက်သောက်နေ မလား ဆိုပြီးစိုးရိမ်စရာတော့ရှိပါ့တယ် ။ ဒါပေမယ့် မြို့ကြီးပြကြီးတွေမှာ ပဋိဇီဝပိုး သတ်ဆေးတွေကို အထိန်းအကွပ်မရှိပဲ သုံးနေကျတဲ့ အန္တရာယ်နဲ့စာရင်ဘာမှ မပြောပလောက်ပါဘူး ။ ဒါကြောင့် ဗဟုသုတ အနေနဲ့ဖြစ်စေ အမျိုးသမီးထုအတွက်ဖြစ်စေ ဆရာဝန်တွေအတွက်ဖြစ်စေ အကျိုးတစ်ခု ရှိမယ်ဆို ရင် ကျေနပ်ပါပြီ ။

Ref : Health Education on Reproductive Health by Prof . Myint Mg Mg

သက်တန့်ချို

ရုရှားနိုင်ငံမှ ခန္ဓာကိုယ်အပျော့ပျောင်းဆုံးမိန်းကလေး




ရုရှားနိုင်ငံမှ Zlata ဆိုတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှု ပြကွက်တွေဖြစ်ပါတယ် ။ အံ့သြဖွယ် ရကောင်း လောက်အောင်ပျော့ပျောင်းတဲ့ သူမရဲ့ ပြကွက်တွေဟာ မြင်သူတကာရင်ကို ရင်သပ်အံ့သြ သွားစေပါတယ် ။



















သက်တန့်ချို

ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း




ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် အနောက်နိုင် ငံတွေ မှာတော့ ရေပန်း စားတွင် ကျယ်လာခဲ့တာ အတော်လေးကြာပြီဖြစ်ပါတယ် ။ အမှန်တော့ ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း ( post-mastectomy breast reconstruction) အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ဒါ့အပြင် မွေး ရာ ပါ ရင်အုံ ( chect wall ) ပုံသဏ္ဍာန်မမှန်ခြင်း နဲ့ အမျိုးသားကနေ အမျိုးသမီး အဖြစ် အသွင် သဏ္ဍာန်ပြောင်းလဲခြင်း မှာလည်း ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အဓိက အခန်းကဏ္ဍ အဖြစ် ပါဝင်ပါတ် သတ်လာပြီဖြစ်ပါတယ် ။ ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ breast implant devices တွေဖြစ်တဲ့ saline ၊ silicon နဲ့ silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။ Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့် အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။ ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။



Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ



မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant
Q & A they want to know about health produced by Ziwaka

သက်တန့်ချို

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်




အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေး ဖွားခဲ့ပါ တယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက် ခွဲပြီးမွေး ဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။

နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်း တဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ် ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန် တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မ သွားနိုင်ခဲ့ဘူး ။



ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အ ရက်တွေ ထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂ အမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲ ချလိုက် ပါတယ် ။



မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ် ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ် နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမ ရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။



သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီ တာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီ လူနှစ်ယောက် ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်း တစ်ခု ကိုရောက် သွားကြပါပြီ ။



ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာ သာ မွေးနိုင် ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။



ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေချင်တယ် ။ မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။

သက်တန့်ချို