အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Tuesday 22 November 2011

အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန်



အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်များချမှတ်..............


ယနေ့ ခေတ်၌ အများပြည်သူလူထုတို့ သည် ရုံးလုပ်ငန်းခွင်သို့ သွားရောက်ရာတွင် ဘတ်စ်ကားများ ၊ ၀န်ထမ်းကြို ပို့ ကားများ ကို အသုံးပြုလျက်ရှိကြသည်။
သို့ သော် ဘတ်စ်ကားများ ကိုသာ ပိုမိုသုံးစွဲကြသည်။သို့ ရာတွင် ဘတ်စ်ကားဖြင့် ရုံးတက်၊ ရုံးဆင်းသွားလာနေရသော အမျိုးသမီး များ အား
အချို့ သော မသမာသူ အမျိုးသားများ က အနှောက် အယှက် ပေး၊ ထိခိုက် စော်ကား ကာ ထိကပါး ယိကပါး ပြုနေကြောင်း မီဒီယာများ ၊ ဂျာနယ်များ တွင် မကြာခဏ တွေ့ ရှိရပါသည်။
သို့ ပါ၍ အမျိုးသမီးများ ထိုအန္တရာယ်များ မှ ကင်းဝေးကာ အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရန် ဒေါ်ကေခိုင်အောင်ခင် မှ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်း ပို့ ဆောင်ရေး ၀န်ကြီးအား
သီးသန့် မော်တော် ယာဉ်လိုင်းပြေးဆွဲ ပေးရန် တောင်းဆိုထားပါသည်။ ထို့ အပြင် လိုအပ်ပါက အမျိုးသမီး ယာဉ်မောင်း နှင့် အမျိုးသမီး ယာဉ်အကူ ထားရှိနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ထိုနည်းအတူ သွားလာရေး သက်သာချောင်ချိစေရန် အတွက် လည်း ယာဉ်လိုင်း တစ်လိုင်းကို တစ်ပတ် လျှင် နှစ်ကြိမ်ခန့်  ယဉ်စီးခ အခမဲ့ ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
ဒေါ်ကေခိုင်အော်ခင် မှ အလှုငွေများ ထည့်ဝင် လှုဒါန်းသွားမည်ဖြစ်ပါသည်။
သို့ ပါ၍ မြန်မာအမျိုးသမီး လေးများ ခရီးသွားလာရေး အဆင်ပြေ ချောမွေ့ သက်သာချောင်ချိစေရန် ပါဝင် ကူညီပေးပါရန် အလှုရှင်များ အား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
မထသ ၊ ပါရမီ ယာဉ်လိုင်းများ နှင့် ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပါဝင်ကူညီ လှုဒါန်းလို ပါက ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ဒေါ်ကေခိုင်အောင်ခင်
ဖုန်း - 01-510146 , 09-4927832
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/

0 comments:

Post a Comment