မောင်းဒေသရှိ လက်လီ အရောင်းဆိုင်ကြီး အနီးတွင် ပေါက်ကွဲမှုကြောင့် အဆိုပါ
ဆိုင်ကြီးနှင့် အနီးအနားမှ မော်တော်ကားများ၊ ဆိုင်ကယ်များပါ ထိခိုက်
ပျက်စီးခဲ့ကြောင်း သတင်းများက ဆိုသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နာရာသီဝတ် ဒေသတွင် ကားဗုံး ပေါက်ကွဲမှုတစ်ခု
သောကြာနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မောင်းဒေသရှိ လက်လီ
အရောင်းဆိုင်ကြီး အနီးတွင် ပေါက်ကွဲမှုကြောင့် အဆိုပါ ဆိုင်ကြီးနှင့်
အနီးအနားမှ မော်တော်ကားများ၊ ဆိုင်ကယ်များပါ ထိခိုက် ပျက်စီးခဲ့ကြောင်း
သတင်းများက ဆိုသည်။ ပစ်ကပ် ထရပ်ကား တစ်စင်းအတွင်း ဝှက်ထားသည့် ကီလိုဂရမ်
(၂၀) အလေးချိန်ရှိသော ဖောက်ခွဲရေး ပစ္စည်းသည် ဂျစ်ဟန်း အရောင်းဆိုင်
ရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မနက်ပိုင်းက မော်တော်ဆိုင်ကယ် ဗုံးတစ်လုံးသည် ဖူဖာဖာက်ဒီး လမ်းပေါ်တွင်
ပေါက်ကွဲရာ စစ်သားတစ်ဦးနှင့် အရပ်သား ငါးဦး ဒဏ်ရာများ ရရှိခဲ့ပြီး အရပ်သား
တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ခဲ့သည်။ ရဲတပ်ဖွဲ့က ယခုလုပ်ရပ်သည် အစိုးရကို
ဆန့်ကျင်သည့် ခွဲထွက်ရေး သူပုန်များ၏ လက်ချက်ဟု အပြစ်တင်ထားသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မငြိမ်သက်မှုများသည် (၂၀၀၄)ခုနှစ်၊ ဇန်နဝါရီလ
ကတည်းက စတင် ပေါ်ပေါက်လာပြီး Deep South Watch၏ အဆိုအရ ယင်းပြဿနာများအတွင်း
လူပေါင်း(၄၀၀၀)ကျော် သေဆုံးကာ (၉၀၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရှိရသည်။
Source: BangkokPost
Planet Myanmar Network
0 comments:
Post a Comment