အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 23 April 2011

ကဗျာများ

တိုင်းပြည်လေး က ပြောတယ်

ညောင်းညာနေပြီတဲ့
ဆွဲထူနေတာလား
ချောက်ထဲ့ 
တွန်းချနေတာလား
မောလိုက်တာ မောလိုက်တာ တဲ့။

နားကြပါတော့တဲ့
တိုင်းပြည်လေးကပြောတယ်။
အိပ်တော့မယ်ကွယ်တဲ့
လုပ်သားပျားလေးတွေက
မနှိုးရက်တော့ဘူး။

ပျားနဲ့ပန်းတို့က
ချစ်ခင်နှောင်ဖွဲ့ကြ

သူတို့က ငြင်းခုန်နေဆဲ
မျက်ရည်ကျသွားရတာက
ပန်းကလေးတွေ
တိုင်းပြည်လေးကပြောတယ်
စစ်ပွဲတွေ့  မယူခဲ့ကြပါနဲ့တဲ့။

Friday, November 27, 2009


တိုင်းပြည်လေး

တိုင်းပြည်လေးမှာ
နောက်ဆက်တွဲတွေရှိသေးလား
ရေမီးမစုံတဲ့ တိုင်းပြည်လေးမှာ
ရေသန့်ဗူးတွေလိုတယ်
လက်နှိပ်ဓါတ်မီးလိုတယ်။

ရေသန့်ဗူးထဲက
ဆီတွေဖြစ်လာပြီး
ဓါတ်မီးအလင်းက
ပန်းတွေပွင့်ရင်ကောင်းမယ်။

ကဗျာဆရာ ဘာသာပြန်ဖို့
ငယ်စဉ်ကလို
တူတူပုန်းကစားနေရပြီလား။

အင်းးးးးးးးးးးးးးးလေ

အမှောင်ညတွေကလည်း
မဲလွန်းနေတယ်။ ။

Thursday, November 5, 2009


ထူးဆန်းသည့် အမေ့ဆုတောင်းသံ

တက်လို့မဆုံး ကုန်ဈေးနှုန်း
တပည့်တော်မ
ရင်ဆိုင်နေရပါသည်ဘုရား
ရပ်ရေး
ရွာရေး
လူမှုရေး
သာရေး
နာရေး
အရေးပေါင်းစုံ
မဖူလုံသေးသည့်ကာလ
လူ့ဘဝခဏတာ
သောကအပူကင်းလိုသဖြင့်
ထမင်းမစားသည့်
သည်ခန္ဒာကိုယ်
ထာဝရ
ဖြစ်လိုပါသည်ဘုရား။

Sunday, November 1, 2009


ငြိမ်းချမ်းရေး သို့

ကောင်းကင်တွင်လည်း
ကြည်လင်မရှိ
မှောင်အတိနှင့့် 

ရေပြင်ကျယ်လည်း
တောင်နှယ်မြင့်မား
ဒီလှိုင်းများနှင့့် 

မြေပြင်မှာလည်း
လူနေအဆောက်အအုံ
သိမ့်သိမ့်တုံလျက့့် 

လူတို့သည်လည်း
ရောင်ခြည်ဖုံးလွှမ်း
သေ ကျိုး ကန်း လျက့့် 

စစ်ဆိုပါလျှင်
မကြားချင်သည်
အစဉ်ငြိမ်းချမ်းပါစေသတည်း။

Monday, October 26, 2009


အိမ် လွမ်းချင်း

ကမ္ဘာရဲ့ ဒီဘက်ခြမ်း
ပျော်ရွှင်ခြင်းတွေခမ်းခြောက်
အလွမ်းတွေတောင်လိုမောက့့် 

အမုန်းတရားမရှိတဲ့
ကျမ ကိုယ်မှာ
အလွမ်းတမ်းချင်းတွေနဲ့
သောကတွေပင်လယ်ဝေ့

ထာဝရငြိမ်းချမ်းခြင်း
ဓမ္မ တရားသာ မရှိခဲ့ရင်
အခိုးအငွေ့အဖြစ်ပြောင်းလဲသွားနိုင်ရဲ့။
You might like:

0 comments:

Post a Comment