အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 25 September 2011

Mozilla Firefox တွင် သတိထားရမည့် ကိစ္စ

      cyber နဲ့  သူများ pc ခဏယူသုံးသူးများ အထူးသတိပြုရမယ့် အချက်ကလေးပါ ။
          ဘာကြောင့်လဲဆိုတော့ gmail သုံးရင်ပဲ ဖြစ်ဖြစ် တခြား website တွေကိုဝင်ရင်ပဲဖြစ်ဖြစ် password နဲ့  user name တွေကို ရိုက်ရပါတယ်။ အဲဒီလို password ရိုက်လိုက်တဲ့အခါ အဲင်္ဒီ ID တစ်ခုလုံး password ရော၊ username ပါ firefox ထဲကို ရောက်သွားပါတယ်။


          လုပ်တတ်ရင် အဲဒီထဲဝင်ပြီး အဲဒီ ID ကို ယူသုံးသွားလို့ ရပါတယ်။ အဲဒါကြောင့် password တွေ username တွေကို ၀င်ဖျက်သင့်ပါတယ်။ ဘယ်လို ၀င်ပြီး ဖျက်ရလည်း ဆိုရင် -
၁။ Firefox menu bar က Tools ထဲကို ၀င်ပြီး Options ကို click လိုက်ပါ။
၂။ ပေါ်လာတဲ့ အကွက်ထဲမှာမှ အပေါ်တန်းမှာ သော့ခလောက်ပုံလေးနဲ့ Security ကို ကလစ်ပါ။
၃။ Save password ဆိုတာကို click လိုက်ပါ။
၎။ save password box ကျလာပါလိမ့်မယ်။
၅။ အဲဒီမှာ ကိုယ်သုံးထားတဲ့ user name ကို လိုက်ရှာပါ။ (password ကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ password ကို ဖျောက်ထားလို့ပါ။)
၆။ အောက်မှာ show password ဆိုတာကို click လိုက်ရင် password ကို တွေ့ပါလိမ့်မယ်။
၇။ ကိုယ်ဖျက်ချင်တဲ့ User name ကို select လုပ်ပြီး အောက်က remove ကို click ပေးလိုက်ပါ။
          ဒါဆိုရင်တော့ ok သွားပါပြီ ။ အားလုံးကို ဖျက်ချင်ရင်လည်း remove all ကို ပေးလိုက်ပါ ။

          cyber မှာသုံးသူတွေရော သူများ pc ခဏယူသုံသူးတွေပါ မမေ့မလျော့စစ်ဆေးသွားနိုင်မှ တန်ကာကျပါမယ်။ နက်သုံးပြီးတိုင်း ဒါလေးကို တစ်ချက်တော့ စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ပြန်ဖို့ပါ။ အခုပြောတဲ့နည်းနဲ့လဲ သူများ အကောင့် ပတ်စ်ဝါ့တွေ မသုံးစေချင်တာ အမှန်ပါဗျာ။.............

0 comments:

Post a Comment