အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 1 May 2011

မရိုးနိုင်သော အဖိုးတန်စကားလေး "ချစ်တယ်"

မရိုးနိုင်သော အဖိုးတန်စကားလေး "ချစ်တယ်"



ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။

လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။

၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။

၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့ ဆိုချင်ပါတယ် ။

၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။

၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။

၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။

၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။

၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ် ။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။

၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။

   ဆ၇ာမမမသူဇာအောင်၇ဲ့ခံစားချက်လေးပါ 

0 comments:

Post a Comment