ဆူဆူညံညံနဲ့  ခပ်ပြင်းပြင်း တံခါးခေါက်သံကြောင့် ဆေးခန်းသိမ်းနေပြီဖြစ်တဲ့ ဒေါက်တာစိတ်အနှောင့်အယှက်ဖြစ်သွ
" ၀င်ခဲ့ ၊ အထဲဝင်ခဲ့ ။ မသေခင်မြန်မြန်ဝင်လာ" စိတ်အနှောင့်အယှက်ကြောင့် ခပ်ရိုင်းရိုင်းပြောမိတယ် ။
အသက် ကိုးနှစ်လောက်သာရှိတဲ့ မိန်းကလေးတစ်ယောက် စိုးရိမ်မှုအပြည့်နဲ့ ဝင်လာပြီး
"ဒေါက်တာရယ် .. ကျေးဇူးပြုပြီး ကျွန်မ အမေကိုကူညီပေးပါ ။ အမေသေရပါတော့မယ် ။သူအသည်းအသန်ဖျားနေတာပါ ။"
"ငါက အိမ်ကိုမလိုက်ဘူး ။ မင်းအမေကို ဒီခေါ်လာခဲ့ "
"ဒေါက်တာ သူအရမ်းကို ဖျားနေတာပါ ဒေါက်တာမလိုက်ရင်သူသေတော့မှာပါ ကျွန်အရမ်းကြောက်ပါတယ် ကူညီပေးပါ။"
မိန်းကလေး ငယ်ရဲ့ တောင်းပန်မှုတွေနဲ့ စိုးရိမ်မှုတွေကြောင့် ဒေါက်တာအိမ်လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
" ဒေါက်တာ့အတွက် ကောင်းချီးသြဘာ တွေအများကြီးကျရောက်လာမှာပါ ဒေါက်တာ ။ "
မိန်းကလေးငယ်က သူ့ အမေရှိရာအိမ်ကိုလမ်းပြခေါ်ခဲ့
နောက်နှစ်ရက်နေတော့ ဒေါက်တာလဲ သူ ပြောထားတဲ့အတိုင်း အမျိုးသမီးရှိရာအိမ်ကို သွားကြည့်တယ် ။ အမျိုးသမီး ကဒေါက်တာ့ရဲ့ လုပ်ရက်အတွက် ဒေါက်တာ့ကိုအရမ်းကိုကျေးဇူးတင်ေ
" ကျွန်တော့် ကိုကျေးဇူးတင်ဖို့ မလိုပါဘူး ။ ခင်ဗျားရဲ့ အရမ်းကိုလိမ္မာတဲ့သမီးငယ်လေးကြောင့်ပါ ၊ သူမရဲ့ တောင်းပန်မှုကြောင့်သာ ကျွန်တော်ရောက်လာခဲ့ရတာ ..။ "
"အို... ဒေါက်တာ.. ကျွန်မရဲ့ သမီးဟာလွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေဆုံးသွားခဲ့တာပါ။ ဟိုနံရံက ဓါတ်ပုံထဲက မိန်းကလေးပါ ... ။"
နံရံကဓါတ်ပုံကို ကြည့်ပြီး ဒေါက်တာတစ်ယောက် ဒူးတွေယိုင်ပြီး၊ စကားမပြောနိုင်အောင်ဖြစ်သွားတယ် ။ အံ့သြထိတ်လန့် မှုနဲ့ ပြည့်နေတဲ့ ဒေါက်တာ့မျက်နှာကနေ အပြုံးနဲ့ ကျေနပ်မှုအဖြစ်ပြောင်းလဲသွား
" အမကြီးရယ်... ခင်ဗျားရဲ့ သမီး နတ်သမီးလေးက ကျွန်တော့်ရဲ့ ဆေးခန်းကို လာသွားတာပါ ။"
------------------------------
ချစ်ရတဲ့အကြောင်းအရင်း
ကောင်မလေး : ရှင်.. ကျွန်မကို ဘာလို့ ချစ်တာလဲ ? ဘာလို့ ကြိုက်တာလဲ ?
ကောင်လေး : ငါ .. မင်းကို ဘာလို့ ချစ်တာလဲဆိုတာ မပြောနိုင်ပါဘူး ။ ဒါပေမယ့် ငါမင်းကိုတကယ် ချစ်တာပါ ။
ကောင်မလေး : ဘာကြောင့်ချစ်တယ်ဆိုတာတောင် မပြောနိုင်ပဲနဲ့  ချစ်တယ်ပြောနေသေးတယ် ။ ရှင်တကယ်ချစ်တာကော ဟုတ်သေးရဲ့ လား ?
ကောင်လေး : ငါဘယ်လိုပြောရမလဲ မသိဘူးကွာ ။ ဘာအကြောင်းပြောရမလဲဆိုတာလဲ မသိဘူး ။ ဒါပေမယ့် မင်းကိုငါတကယ်ချစ်တာကိုတော့ သက်သေပြနိုင်ပါတယ် ။
ကောင်မလေး : သက်သေ ဟုတ်လား ..ဟား ဟာ.. ။ ကျွန်မ လိုချင်တာ သက်သေမဟုတ်ပါဘူး ဘာကြောင့်ချစ်လဲဆိုတဲ့ အကြောင်းအရင်းကိုပါ ။ ကျွန်မ သူငယ်ချင်းရဲ့ ချစ်သူဆို
သူ့ ကောင်မလေးကို ဘာကြောင့်ချစ်တယ်ဆိုတာပြောနိုင်
ကောင်လေး : ကောင်းပီကွာ ... ငါမင်းကို ချစ်တယ် ။ ဘာလို့ လဲဆိုတော့ မင်းက လှတယ် ၊ အသံက ချစ်ဖို့ ကောင်းတယ် ၊ ဂရုစိုက်တတ်တယ် ၊ ချစ်စရာလဲကောင်းတယ် ၊ စဉ်းစားတွေးခေါ်မှုလဲရှိတယ် ၊
နောက်ပြီး မင်းရဲ့ အပြုံးတွေနဲ့  မင်းရဲ့  အပြုအမှုတိုင်းဟာ ငါ့အတွက်ချစ်စရာကောင်းနေတယ် ....။
ကံမကောင်းစွာပါပဲ ... ရက်အနည်းငယ်ကြာတဲ့အခါ အမျိုးသမီးငယ်ဟာ ယဉ်မတော်တဆထိခိုက်မှုနဲ့  ဦးနှောက်သေ ( comma ) ရောဂါ ဖြစ်သွားတယ် ။
ဆေးရုံကုတင်မှာ မလှုပ်နိုင် ၊ မသိနိုင်ဖြစ်နေတဲ့ ကောင်မလေးရဲ့ ဘေးမှာ ကောင်လေးဟာအချိန်ပြည့်ဂရုစိုက်ေ
ကောင်မလေး ဖတ်ဖို့ စာတစ်စောင်ရေးပြီးကုတင်ဘေးမှာ ထားထားတယ်။
စာထဲမှာရေးထားတာက..
အချစ်ဆုံးရေ...
မင်းရဲ့ အသံတွေကြောင့် ငါချစ်တယ်ပြောခဲ့တယ် .။ အခု မင်းစကားမပြောနိုင်တော့ဘူးလေ ။မင်းကို ငါချစ်လို့ ရပါတော့မလား ...
မင်းရဲ ဂရုစိုက်မှုတွေ ကြောင့် ငါချစ်တယ်ပြောခဲ့တယ် .။ အခု မင်းငါ့ကို ဂရုမစိုက် နိုင်တော့ဘူး ။ မင်းကို ငါချစ်လို့ ရပါတော့မလား ...
မင်းရဲ့ အပြုံးတွေ နဲ့ မင်းရဲ့ အပြုအမှုတွေကို ငါချစ်တယ်ပြောခဲ့တယ် .. အခု မင်းဒါတွေ လုပ်နိုင်သေးလို့ လား ။ အဲ့ဒီတော့ .. ငါမင်းကို ချစ်လို့ ရပါတော့မလား ..။
တကယ်လို့ များအချစ်ဟာ အကြောင်းပြချက်တွေ လိုမယ်ဆိုရင် အခုလိုအချိန်မျိုးမှာ မင်းကိုငါချစ်နေစရာ ဘာအကြောင်းမှကို မရှိတော့ပါဘူးကွာ...။
အချစ်မှာ အကြောင်းပြချက်လိုသေးလို့ လား .... ။
မလိုပါဘူး.. ငါ့အတွက်တော့ အချစ်မှာ ဘာအကြောင်းပြချက်မှမရှိပါဘူး .. ဒါကြောင့် ငါမင်းကို အခုချိန်မှာချစ်နေဆဲပါပဲ .. ။ အဲ့ဒီအတွက်ဘာအကြောင်းမှမရှိပါဘူ
0 comments:
Post a Comment