သွားကျိုး ခါးကိုင်း ၊ နားထိုင်း သတိလွတ်
အရာရာ ချွတ်ယွင်း ၊ ဇရာတွင်းဝယ်
တလည်လည်နှင့် ၊ ဘ၀၀န်တာ
အရာရာကို ၊ ကျေစွာဝန်ထမ်း
ပင်ပန်းခဲ့သည်
ဇရာမီးနှင့် အို အမေ........။
သူငယ်စဉ်က ၊ သားလှရတနာ
သမီးကညာတို့၊ လူ့ဘုံ အလယ်
ဝင့် ၀င့်ထည်အောင်
ဥာဏ်စွမ်းရှိသမျှ ၊ ကာယအားပြု
ထုဆစ်ခဲ့သည်
မေတ္တာစစ်ဖြင့် အို အမေ......။
သူ့ကျွန်ဘ၀ ထိုကာလတွင်
လူဖြစ်ရ ရု
ပညာမတတ် စာမဖတ်လည်း
မိခင်မေတ္တာ စေတနာကား
အရာရာထွင်းဖောက်
ကြိုးကုတ်လျှောက်လှမ်း
ဘ၀ကြမ်းသည်
ဒုက္ခ လမ်းနှင့် အို အမေ၊ ၊၊
တစ်ရံသောအခါ ထိုရပ်ရွာဋ္ဌ်
စားစရာကုန်ခမ်း ကပ်ဘေးလွှမ်းစဉ်
ရှာဖွေကံထူး ဆန်တစ်ဗူးအား
ချက်ကာ ပြင်ထား ၊ သားသမီးများကို
ဝစေလိုရု ၊ ငါစားပြီးပြီ
မုသားချီကာ ၊ ပီတိအပြုံး
ငို မျက်လုံးဖြင့်
ဆာလောင်သမျှ ဖုံးဖိရသည်
မေတ္တာကြီးပေ
အို -- အမေ
အမေ --
ယခုအခါ သားရတနာတို့
လူ့ဘုံ အဆင့် အသင့်တင့်တွင်
နေနိုင်စဉ်ဋ္ဌ်
အမေ -ဘာကိုလိုချင်ဆိုလည်း
အမေ -ဘာများဆန္ဒ ထားလည်း
ကျြိးကြောင်းဗျာပွေ ဆန္ဒ တွေမရှိ
ဝန်ပိနေမှာ စိုးတဲ့အမေ--- ။
ထာဝရပေးဆပ် ပြန်ဆပ်မယူ
ပေးသူစစ်စစ် မေတ္တာမြစ်သဖွယ်
စုန်ဆင်းလျှက်သာ ပေးဆပ်ပါသည်
အနန္တကျေးဇူးရှင်
အို -- အမေ ။
တစ်ကမ္ဘာ လုံးတွင်ရှိသော မိဘများကို ကန်တော့လျှက်
soe naing
snsoenaing4@gmail.com မှ
0 comments:
Post a Comment