အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 27 October 2011

iPhone ထဲက ဒေတာများကို အစအန မကျန်အောင် ဖျောက်ဖျက်ခြင်း




ဦးဦး မှော်ဆရာ 2.pngiPhone 5 လာတော့မယ်လို့ သတင်းလည်းကြားရော iPhone4 သုံးနေတဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းကို ရောင်းပြီး iPhone5 ဝယ်သုံးဖို့ ဟန်ပြင်နေတာ တွေ့ရပါတယ်။  ဒါပေမဲ့ သူ့အိုင်ဖုန်းထဲက ဒေတာတွေကို အစအန မကျန်အောင် ဖျောက်ဖျက်ဖို့၊  Backup ပြန်မလုပ်နိုင်မယ့် နည်းလမ်းကို မေးလာတော့ အင်တာနက်ပေါ်က ရှာဖွေပေးလိုက်လို့ အဆင်ပြေသွားခဲ့ပါပြီ။ ဒီနည်းလမ်းကို it ပရိသတ်ကိုလည်း မျှဝေပေးချင်မိတာနဲ့ ဒီအပတ် Mobile Tech ကဏ္ဍမှာ ဖော်ပြပေးလိုက်ရပါတယ်။

တကယ်တော့ ဒေတာတွေကို Delete လုပ်ရာမှာ ပြန်သုံးချင်တဲ့ သီချင်း, Apps, Email, Game စတဲ့ ဖိုင်တွေကို ကွန်ပျူတာ၊ ဒါမှမဟုတ် Storage Device တစ်ခုခုကို အရင်ဆုံး ကူးပြောင်းထားသင့်ပါတယ်။ ဖုန်းပေါ်မှာ ဒီနည်းနဲ့ Delete လုပ်လိုက်တဲ့ ဒေတာတွေကို ပြန်ပြီး Backup လုပ်လို့ရတော့မှာ မဟုတ်လို့ပါ။  iPhone မဟုတ်တဲ့ အခြားအမျိုးအစားတွေမှာ MicroSD Card ကို အသုံးများတာကြောင့် ဖုန်းရောင်းမယ်၊ Service Center မှာ သွားပြင်မယ်ဆိုရင် ကတ်ကို ထုတ်ယူထားလိုက်ရုံပါပဲ။ Built-in Memory ကို တစ်ပါတည်း ထည့်ပေးထားပြီး Micro SD Card Slot ထောက်ပံ့မပေးထားတဲ့ iPhone ပေါ်မှာတော့ ပြန်သုံးလိုတဲ့ ဒေတာတွေကို Storage  တစ်ခုခုပေါ်ကို ယာယီ လွှဲပြောင်းထားဖို့ လိုအပ်ပါတယ်။

iTunes ပေါ် Backup လုပ်ပါ

ဒီနည်းလမ်းက iPhone ပေါ်က ဒေတာတွေကို Delete မလုပ်ခင် iTunes ပေါ် ယာယီ သိမ်းဆည်းထားတဲ့ နည်းပါ။ ကွန်ပျူတာနဲ့ ဦးစွာ ချိတ်ဆက်ပြီးတဲ့အခါ iTunes ကို ဖွင့်လိုက်ပါ။ Left Panel ပေါ်မှာ ပေါ်လာတဲ့ iPhone ကို Right Click နှိပ်ပြီး Backup ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ iTunes က သင့်ရဲ့ iPhone ပေါ်က ဒေတာတွေကို အလိုလျောက် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာပေါ်မှာ Sync လုပ်မယ်

iTunes ဖွင့်မရတဲ့ မသုံးနိုင်တဲ့ အနေအထားမျိုးမှာ ကိုယ်ပိုင်သုံး ကွန်ပျူတာပေါ်မှာပဲ ဒေတာတွေ သိမ်းဆည်းသင့်ပါတယ်။ အရင်ဦးဆုံး iPhone Management Screen ပေါ်က Version Section ထဲ ဝင်ရောက်ပြီး Restore  ခလုတ်ကို ရွေးချယ်ရမှာပါ။ ပြီးရင်တော့ ညွှန်ကြားတဲ့ Onscreen Instructions တွေကို လိုက်လုပ်ပေးလိုက် ရင် Sync လုပ်ခြင်း ပြီးဆုံးပါပြီ။ ဒါပေမဲ့ iPhone ပေါ်မှာ Setting App ထဲ ဝင်ရောက်ပြီး General ကို tap လုပ်ပေးရမှာ ဖြစ်ပါတယ်။ General ထဲကမှ အောက်ဆုံးမှာ ရှိတဲ့ Reset ကို အရောက်သွားပြီး ထပ်မံ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Reset အမျိုးအစား ရွေးချယ်ပါ

iPhone ပေါ်မှာ ကျန်ရှိနေစေချင်တဲ့ Settings တွေကို ဒီ Reset Option က အဓိက ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကို အဓိကထားပြီး Reset လုပ်ချင်လဲ ဆိုတာကိုတော့ Options တွေထဲက ရွေးချယ်ပေးရလိမ့်မယ်။

Reset All Settings

ဒီ Option က iPhone ပေါ်က Delete လုပ်လိုက်တဲ့ Setting အားလုံးကို ဖျက်ပစ်ပြီး ကြိုတင်ညွှန်းထားတဲ့ Default တစ်ခုခုကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒေတာနဲ့ Apps တွေကိုတော့ ဒီ Option က ဖျက်ပေးမှာ မဟုတ်ပါဘူး။

Erase All Content & Setting

ဖုန်းပေါ်က ဒေတာအားလုံးကို တစ်ပြိင်နက် Delete လုပ်ချင်ရင် သုံးရမယ့် Option ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ Apps၊ ဂိမ်းနဲ့ အခြား ဘယ်ဒေတာတွေကို မဆို သိမ်းကျုံး ဖျက်ပစ်မှာကြောင့် သတိထားပြီး ရွေးချယ်သင့်ပါတယ်။ Backup ပြန်မလုပ်ထားမိရင် အရေးကြီး ဒေတာတွေအားလုံး စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်တာကို သိထားသင့်ပါတယ်။

Reset Network Setting

Wireless Network Setting တွေကို အရင်သုံးနေတဲ့ ပုံစံအတိုင်း ပြန်လိုချင်ရင် ဒီ Option ကို Tap လုပ်ထားလိုက်တာ ပိုကောင်းပါတယ်။

Reset Keyboard Dictionary

iPhone ပေါ်က Dictionary နဲ့ Spellchecker ပေါ်မှာ ထပ်မံ ထည့်သွင်း ဖြည့်စွက်ထားတဲ့ စကားလုံး၊ Phrase နဲ့ Spelling တွေ အားလုံး ဖျက်ပစ်ချင်ရင် ဒီ Option ကို Tap လုပ်ထားလိုက်ပါ။

Reset Home Screen Layout

အချိန်ယူပြီး ထည့်သွင်းထားတဲ့ Folders နဲ့ Apps တွေကို နဂိုပုံစံအတိုင်း လက်ရာမယွင်း တစ်ထေရာတည်း ပြန်သုံးချင်တယ် ဆိုရင်တော့ ဒီ Optionကို Tap လုပ်ထားလိုက်ပါ။ Backup ပြန်လုပ်ရာမှာ နေရာအထားအသို လက်ရာမယွင်း ပြန်သုံးနိုင်ပါလိမ့်မယ်။

Reset Location Warnings

iPhone ရဲ့ GPS စနစ်သုံးတဲ့ Apps တွေကို ပြန်သုံးရာမှာ တည်နေရာ ညွှန်ပြဖို့ Permission ပေးရမှာပါ။ တည်နေရာ သတိပေးချက်ကို Default Off အနေအထားမှာ reset ပြန်လုပ်ချင်ရင်တော့ ဒီ Optionကို on ထားလိုက်ပါ။ နှစ်သက်ရာ Reset Options တွေကို ရွေးချယ်ပြီးတဲ့ အခါမှာတော့ Delete မလုပ်ခင် ထပ်မံ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ စိတ်ကူးပြောင်းသွားရင်တော့ Cancel ကို နှိပ်ပြီး Reset Options တွေကို ထပ်မံ ပြောင်းလဲခွင့်ရှိပါတယ်။ Erase iPhone ကို ရွေးလိုက်ရင်တော့ iPhone ပေါ်က ဒေတာတွေကို စတင် Delete လုပ်ပြီး ဖြစ်ပါတယ်။ ဒေတာတွေ ဖျက်ပြီးတဲ့အခါမှာတော့ ဖုန်းကို ပါဝါ reset ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအခါမှာတော့ Settings အသစ်၊ နေရာလွတ်အပြည့်နဲ့ iPhone ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
 ကျော်မိုးဦး

အစိုးရရုံးဌာနနှင့် စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးမှုးရုံး၊ အစည်းဝေးခန်းမများ၏ အခန်းနံရံများတွင် လက်ရှိနိုင်ငံ အကြီးအကဲ ခေါင်းဆောင် ဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်

အစိုးရရုံးဌာနနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး အစည်းအဝေး ခန်းမများ၏ အခန်းနံရံများတွင် လက်ရှိ နိုင်ငံအကြီးအကဲ နိုင်ငံခေါင်းဆောင် ဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အောက်တိုဘာလ ၂၁ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး၏ မေးမြန်းချက်ကို သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြား သွားခဲ့ခြင်းဖြစ်သည်။
ဦးထွန်းမြင့်ဦးက “မြန်မာနိုင်ငံ ဟာ ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ကာလတွင် နိုင်ငံတစ်ဝှမ်း အစိုးရရုံး များ၊ စာသင်ကျောင်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများ၊ အစည်းအဝေးခန်းမများနှင့် အရာထမ်းများရဲ့ နံရံတွေမှာ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံနဲ့ ထို ခေတ်ကာလ နိုင်ငံတော်အစိုးရ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံကို အတူချိတ်ဆွဲခဲ့ကြပါတယ်။ ၁၉၈၈ မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ တာဝန်ယူနေ တဲ့ ၁၉၉၆ နှစ်ကာလအထိ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံတစ်ခုတည်းကိုပဲ ဆက်လက် ချိတ်ဆွဲခဲ့ကြသော်လည်း ၁၉၉၇ခုနှစ် ကာလ၌ ချိတ်ဆွဲခြင်း မပြုရတော့ပါ။ ယနေ့ခေတ် အချိန်ကာလသည် ဒီမိုကရေစီ နိုင်ငံဖြစ်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် အထက်ဖော်ပြပါနေရာများတွင် အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးရဲ့ ဓါတ်ပုံအားပြန်လည် ချိတ်ဆွဲခွင့်ရှိ မရှိ သိရှိလိုပါတယ်။ ပြန်လည်ချိတ်ဆွဲခွင့် ပြုမည်ဆိုပါက တရားဝင် ထုတ်ပြန်ပေးရန် ရှိ မရှိ သိရှိလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းချက်ကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အစိုးရရုံး၊ ဌာန နှင့် စာသင်ကျောင်းများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ အစည်းအဝေးခန်းမများ၏ အခန်းနံရံများ တွင် လက်ရှိနိုင်ငံအကြီးအကဲ ခေါင်းဆောင်ဓါတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားပါကြောင်း ပြန်လည် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်

0 comments:

Post a Comment