အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 20 October 2011

အင်တာနက် Chatting မှတစ်ဆင့် အဓမ္မပြုကျင့် ခံရမှုများ မဖြစ်ရန် သတိထားသင့်

။ မြန်မာ အင်တာနက်လောက ကို
စားကျက်တခုလို လုပ်စားသူတွေတော်တော်ရှိလာပါပြီး ကမာရွတ်မြို့နယ် တချို့ က
အင်တာနက်လောကမှာ..နေ့စဉ်အင်တာနက်နဲ့ ကြူဖို့သူံးဖို့ငွေမရှိရင် ငွေ
ထုတ်ပေးတဲ့ သူငယ်ချင်းကို အင်တာနက်မှာ တွေ့ ပြီးတဲ့ကောင်မလေးနဲ့
အဆင်ပြေပြီးချူစားလို့ရတာထဲ က ပြန်ဝေစုခွဲ တူတူ သုံးကြတဲ့ လုပ်ရပ်လေးတွေ
ကြားနေရပါတယ်။တခြားနယ်မြေတွေ မှာလဲ ရှိ မှာပါ ဒီလို လူတွေလေ။သူတို့
တားကက်က မိဘ အလို လိုက်ခံ ထားရတဲ့ သမီးငယ်တွေ၊လစာကောင်းတဲ့ company
ဝန်ထမ်းမမတွေပါ။အချစ်ကိုရူးမိုက်ပြီးသူတို့ကို အလိုလိုက်မဲ့ သူ
ဖြစ်မဖြစ်အရင်သွေးတိုးစမ်းပါတယ်။သေချာမှာ သူတို့ ကို
သနားအောင်လုပ်တတ်ကြပါတယ်။ ရုပ်ရည်တွေလဲ မဆိုးကြဘူးဗျ။
ချာတိတ်တွေပါဘဲ။တခါတွေ့ပြီး သိမ်းသွင်းလို့ အဆင်ပြေပြီ သူတို့ စကားအရ
ချုပ်လိုက်နိုင်ပြီ ဆိုရင်တော့ နောက်တွေ့ဘို့ မိန်းကလေးက
ချိန်းရင်အမျိုးစုံညီးပြီး အ၀တ်အစား အသစ်မရှိလို့ အပြင်မထွက်ချင်ဘူးတို့
။ဖုန်းဆက်လို့မရရင် handset ပျက်သွားတာမ၀ယ်နိုင်သေးလို့ပေါ့ ကောင်မလေး က
လွမ်းနေပြီ ည တိုင်းဖုန်းပြောထားတာဆိုတော့ ဟန်းဆက်ဝယ်ပေးလိုက်ရရော ဒါက
အခြေခံ ပါ ။step 1- step-2 final stopလဲ ရှိ ပါသေးတယ်။ကာမကိုလဲ
ရိုးသွားလို့ ခွါ ချ ချင်တယ်ဆို သူငယ်ချင်း တယောက်နဲ့
လှည့်ဝင်ခိုင်းလိုက်ပြီး အပြစ်ရှာ ပထုတ်လိုက်တာဘဲ။ တခါတလေ တူတူနေချိန်
ရိုက်ထားတဲ့ ဟန်းဆက် ကင်မရာကြောင့်ဘဲ မမ တွေ ခမျာ
ပြတ်သွားတာတောင်နှုတ်လုံခဆက်ထောက်ပန့်ရတယ်ကြားပါတယ်။ဒါ အွန်လိုင်း ကစတဲ့
ဇတ်လမ်းပါ။မိန်းခလေးတွေ ဘက်က ချစ်ဇတ်လမ်းပေမဲ့ သူတို့ ဘက်ကတော့ free sex
partener အပြင် ငွေတွင်းရတာပါဘဲ။ဒါကြောင့် မိန်းခလေးတွေ အနေ နဲ့ ဘယ်သူလဲ
ဆိုတာမသိရင် သူနဲ့ပေါင်းတဲ့ သူတွေ ဘယ်လို ဆိုတာမသိရင် မိတ်ဆက်တိုင်း
အကုန်ပြောပြနေစရာမလိုပါဘူး။နေရပ်လိပ်စာ မိဘ
ပိုင်ဆိုင်မှုစသဖြင့်ပေါ့။ဖုန်းနံပါတ်နဲ့ အလုပ်နဲ့ ပါတ်သက်တဲ့
ကိုယ်ရေးကိုယ်တာ နာမည်ရင်းနဲ့ ဖွင့်ထားတဲ့ အကောင့်ကိုလဲ ပေးစရာ
မလိုပါဘူး။ သူ့နေရပ်အမှန် အလုပ်ရှိ မရျိ နောက်ပြီးသူ့ အပေါင်း
အသင်းသူ့စိတ်ဓါတ်အားလုံး သိပြီးမှ တွေ့ ဖို့ဆုံး ဖြတ်သင့်ပါတယ်။ဒါတောင်
လူများတဲ့နေရာမှာတွေ့ ဆုံးပြီးစကားပြောသင့်ပါတယ်။တွေ့တွေ့
ချင်းအရက်ဘီယာမသောက်သင့် ဖျော်ရည် ပီကေ သူပေးတိုင်း မသောက်သင့်ပါ.။
အိမ်သာထသွားပြီးခွက်ကျန်ထဲ က အစားအစာသောက်စရာ မသောက်သင့်ပါ။ ကိုယ့်မှာ
ပိုင်ဆိုင်မှုများလေ အချိန် ဆွဲ သင့်လေပါ။ ဒီလို ကောင်လေးတွေက
အကြာကြီးသိပ်စိတ်မရှည်ပါဘူး။စိတ်ရှည်နေတယ်ဆို အမဲမရတဲ့ တော်တော် နာနေတဲ့
ကောင်မို့ပါ မစဉ်းစားပါနဲ့တော့။

တချို့ကောင်လေးတွေ က ဟိုမို တားကက်ကိုလဲ တွေးပါတယ်။ ယောင်္ကျားလေးနာမည်
အကောင့်နဲ့ ကိုယ့်ထဲ က မသင်္ကာတဲ့ သူကို ပြန်ဝင်ကြည့်လိုက်ပါ။သူတို့ကတော
ယောင်္ကျားချင်းဆို ပွင့်လင်းပါတယ်။ အစထဲ က
ပိုက်ဆံမရှိဘူးပြောတယ်။အရက်တိုက်မလားမေးတယ်။တိုက်မယ်လို့ပြောပြီးလာခဲ့
ဆိုရင်လာရင်ထွက်ပြီး တက္ကဆီခပေးမလားမေးတတ်ပါတယ်။(:D ဖော်ကောင်လုပ်လိုက်ပါ
ပြီး ပြောပြပေးတဲ့ ကို-- ကို ကျေးဇူးပါဘဲ ဗျို့ save the children လေ
စိတ်မဆိုးပါနဲ့ ကောင်မလေး ငယ်ငယ်လေးတွေ ကို ကာကွယ်ဖို့ပါ)

On 10/14/11, tint soe <tintlwinsoe1@gmail.com> wrote:
> အင်တာနက် Chatting မှတစ်ဆင့် အဓမ္မပြုကျင့် ခံရမှုများ မဖြစ်ရန် သတိထားသင့်
>
>
> ပြည်တွင်း၌ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာသည်နှင့်အမျှ အင်တာနက်မှ
> တစ်ဆင့် Cyber တိုက်ခိုက်မှုများ အင်တာနက်နှင့် ဆက်စပ်သော မှုခင်းများ
> တိုးပွားလာလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ မှုခင်းများတွင်
> အထူးသဖြင့် မိန်းကလေးငယ်များ အွန်လိုင်း Chatting မှတစ်ဆင့် ချစ်ကြိုက်မိရာမှ
> အပြင်တွင် တွေ့ဆုံရင် အဓမ္မပြုကျင့်ခံရမှုများ ရှိလာခြင်းမှာ အရေအတွက်
> ပိုမိုများပြား လာကြောင်းလည်း သိရသည်။ ပြည်တွင်းမှာ မိန်းကလေးတွေ အင်တာနက်ကနေ
> အပျော်သဘောနဲ့ ရည်းစားတွေ ထားကြတယ်။ နောက်အပြင်မှာ ချိန်းတွေ့ကြတယ်။ ပြီးရင်
> အဓမ္မကျင့် ခံလိုက်ရတယ် ဆိုတဲ့ သတင်းတွေ ကြားကြားနေရတာ တွေ့နေရတယ်။ ဒါဟာ အခုလို
> ခေတ်မီတိုးတက်တဲ့ ခေတ်ကြီးထဲမှာ မသိနားမလည်ဘဲ အင်တာနက်ကနေ ပြောသမျှစကားတွေ
> မျက်စိမှိတ်ယုံတဲ့ မိန်းကလေးတွေ နောက်ဗဟုသုတနည်းတဲ့ မိန်းကလေးတွေမှာ
> အဖြစ်များတာ တွေ့နေရတယ်။ မီဒီယာတွေကလည်း အဓမ္မကျင့်ခံလိုက်ရတဲ့ သတင်းပဲ ထည့်တယ်။
> အဲဒီလိုမဖြစ်အောင် ဘယ်လိုပြုမူ နေထိုင်မယ်၊ ပြောဆိုမယ် ဆိုတာကို
> ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတာတွေ မရှိသလောက်ပဲ။ ဒါကြောင့်မိန်းကလေးငယ်များ
> အနေဖြင့် အင်တာနက်တွင် Chatting ပြောရာတွင် ကိုယ်နဲ့အပြင်မှာ မသိသူများကို
> သတိထား ဆက်ဆံသင့်ပြီး သူပြောသမျှ စကားများကို အလွယ်တကူ မယုံသင့်ဘဲ သေသေချာချာ
> လေ့လာစုံစမ်းမှု ပြုလုပ်သင့်ကြောင်း ချစ်ရေးဆိုခံရပြီ ဆိုရင်လည်း အပြင်မှာ
> ချိန်းတွေ့ဖို့ကို ချက်ချင်းလက်မခံဘဲ Chatting မှာသာ တွေ့စေသင့်ကြောင့်
> ထို့နောက်မှ ဖုန်းမှတစ်ဆင့် စကားပြောရင်းမှ ယုံကြည်စိတ်ချ ရနိုင်သော
> အချိန်ရောက်မှ လက်ခံစဉ်းစား သင့်ကြောင်း အင်တာနက် နည်းပညာရှိ လူအများက
> သတိစကားများ ပြောကြကြောင်း သိရသည်။
>
>                                      အားလုံးဘဲဆင်ခြင်နိုင်ကြပါစေ
>
>                                                  ကိုတင့်
>

0 comments:

Post a Comment