အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 15 October 2011

စာလုံးကလေးတွေကို ညွှန်းကြည့်ရအောင် ..


2
ကိုယ့် ဘလောဂ့် မှာ စာလုံး ကလေးတွေ ကို ရေးပြတဲ့ အခါ မှာ ကိုယ် က သတိ ထားစေချင်တဲ့ စာလုံးကလေးတွေ ကို ဖော်ပြချင်တဲ့အခါ မှာ စာလုံးကို Bold တင်တာတို့ Italic ထားတာတို့ ဘာတို့ကို သုံးပြီးတော့ ရေးကြတာပေါ့ .. အခု ကတော့ စာလုံးလေးတွေ ကို ခုန်နေအောင်လုပ်တာတို့ .. နောက် က background ကလေးနဲ့ ထားတာတို့ကို ပါ .. Html ကို အတော် အသင့် သိ ထားတဲ့ လူတွေ အတွက်ကတော့ လွယ်လွယ် လေးပါ .. မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ .. သိသောသူများ အတွက် တော့ ကျော်ပြီးတော့ ဖတ်သွားပေးကြပါ .. :D .Bold တင်တာ underline တားတာ Italic ထားတာတွေ ကတော့ သိကြမှာပါ .. ရေးလို့ ရတာကလေးတွေ ကို အောက် မှာရေးလိုက်ပါတယ်ခင်ဗျာ... (၆) မျိုးရေးထားလိုက်ပါတယ် ခင်ဗျာ ..

အခုအောက်က တော့ ကိုယ်ရေးတဲ့ စာလုံး ကို ဘေးက နေပြီးတော့ ဘောင်ခတ်တာကလေးပါ .. နမူနာပုံစံ ကလေးကို ကြည့်ကြည့်ပါဦး ...

နမူနာပုံစံကလေးပါ

အဲဒီ့ လိုကလေးရေးမယ်ဆိုရင်တော့ အောက်ကကုဒ်ကလေးနဲ့ ရေးလို့ရပါတယ် ..
<span style="border: 2px solid rgb(30, 0, 255);">သင်ရေးချင်သောစာ</span>


နောက်တစ်မျိုးကတော့ ကိုယ်ရေးထားတဲ့ စာကို မဟုတ်ဘူးတို့ဘာတို့ ပြောချင်တဲ့ အခါမှာသုံးတာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်တော့

<s>သင်ထည့်ချင်သောစာ</s>


နောက်တစ်မျိုးကတော့ ကိုယ်ထင်ရှားစေချင်တဲ့ စာလုံးရဲ့နောက်မှာ နောက်ခံအရောင်ထည့်တာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ...

<span style="background:#60f450">သင်ရေးချင်သောစာ</span>

နောက်ခံ background အရောင်ကတော့ကိုယ်ကြိုက်သလို ပြောင်းလို့ရပါတယ် ...



အခု ဟာကတော့ စာလုံးကလေးကို ခုန်နေအောင်လုပ်တာကလေးပါ .....

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ...

<blink>သင်ရေးချင်သောစာ</blink>


ဒါကတော့ သချာင်္ဂဏန်း တွေမှာလိုပေါ့ ထပ်ညွှန်းတင်တဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ....

သင်ရေးချင်သောစာ<sup>အပေါ်သို့တင်လိုသောစာ</sup>


ဒါကတော့ သချာင်္ဂဏန်း တွေမှာ ဘေ့စ်မှာချတဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်....

သင်ရေးချင်သောစာ<sub>အောက်သို့ချလိုသောစာ</sub>


စာလုံးကလေးတွေကို ဖော်ညွှန်းပြရင်း ပျော်ရွှင်ကြပါစေခင်ဗျာ ...
http://mglhulin.blogspot.com/2009/09/blog-post_21.html.........မှပြန်လည်တင်ပြပ်ါသည်
Read more: http://mglhulin.blogspot.com/2009/09/blog-post_21.html#ixzz1arijoBSy

0 comments:

Post a Comment