အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 26 October 2011

၃ ရက်အတွင်း​ Apple iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချခဲ့​ရ

alt Apple iPhone 4S© dailymail
Appleကုမ္ပဏီသည် ၃ ရက်အတွင်း​ ၎င်း​တို့​၏ ​နောက်ဆုံး​ထုတ် iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချနိုင်ခဲ့​​ကြောင်း​ သိရှိရသည်။
 အောက်တိုဘာ ၁၄ ရက်​နေ့​က စတင်၍ ဂျပန်၊ ဩစ​တြေး​လျ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ က​နေဒါနှင့်​ အ​မေရိကန်တို့​ရှိ Appleအ​ရောင်း​ဆိုင်များ​ တွင် စ​ရောင်း​ခဲ့​​သော iPhoneမှာ ​အောက်တိုဘာ ၁၆ ရက်​နေ့​ အပြီး​တွင် အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ထွက်ခဲ့​ပြီး​ဖြစ်သည်။
Appleသည် မိုဘိုင်း​လ်ဖုန်း​သစ် စ​ရောင်း​ပြီး​ ၂၄ နာရီအတွင်း​ Onlineမှ အမှာစာ ၁ သန်း​​ကျော်ကိုလည်း​ လက်ခံရရှိခဲ့​​ကြောင်း​ သိရသည်။ iPhone 4Sအား​ ​ ရောင်း​ချမှုသည် ၃ ရက်အတွင်း​ နှိုင်း​ယှဉ်မှုအရ iPhone 4ကို ​ရောင်း​ချစဉ်ကထက် အလုံး​​ရေ ​ခြောက်သိန်း​​ကျော် ပိုများ​​ကြောင်း​လည်း​ သတင်း​ များ​က ​ဖော်ပြခဲ့​သည်။
iPhone 4Sကို တီထွင်ထုတ်လုပ်ရာတွင် ပဲ့​ကိုင်ရှင် ဖြစ်​သော စတိဗ်​ဂျော့​ဘ် ကွယ်လွန်ခဲ့​ပြီး​မှ စတင်​ရောင်း​ချ​သော ဖုန်း​သည် Siriကဲ့​သို့​ ဖန်တီး​မှုများ​​ကြောင့်​ ​အောင်မြင်ခဲ့​ခြင်း​လည်း​ ဖြစ်သည်။ Siriသည် အသံကို လက်ခံနား​​ထောင်နိုင်​သော Softwareတစ်ခု ဖြစ်ပြီး​ ​မေး​ခွန်း​များ​ကို တုံ့​ပြန် ​ဖြေကြား​နိုင်ရန် Appleက ဖန်တီး​ထည့်​သွင်း​​ပေး​ထား​သည်။ 

နှစ်ကုန်လျှင် Apple မှ iPad 3 ဖြန့်ချိမည်
by aungkhamkyaw | Thursday, October 20, 2011
Share |
iPad3 launch in 2012

iPad3 launch in 2012

မတ်လ က iPad 2 ထွက်ရှိပြီး အောင်မြင်မှု ရခဲ့တဲ့ Apple ဟာ iPad 3 ကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

ယခုလမှ ထွက်ရှိခဲ့တဲ့ iOS 5 ကို အသုံးပြုသွားမှာဖြစ်ပြီး အသွင်အပြင်ဒီဇိုင်းနှင့် နည်းပညာအားဖြင့် ယခင် iPad 2 ထက်ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ Samsung မှ ထုတ်တဲ့ Galaxy seriresTablet တွေဟာ screen ၁၀ လက်မ ကျော်ပေမဲ့ အရွယ်အစားအားဖြင့် ၉.၇ လက်မသာရှိတဲ့ iPad ရဲ့ တူမတူတဲ့ စွမ်းရည်များကြောင့် Apple ကိုလူကြိုက်များနေရခြင်းဖြစ်ပါတယ်။ မတ်လက ထွက်ရှိခဲ့တဲ့ iPad 2 ဟာဆိုရင် ပထမ တစ်ပတ်အတွင်းမှာ အလုံးပေါင်း တစ်သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ နှစ်ဆန်းမှာ ဖြန့်ချိမဲ့ iPad 3 ကိုလည်း တစ်ပတ်အတွင်း အလုံးရေ တစ်သန်းခွဲရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ့အတွက် အလုံးရေ ပိုမို တိုးထုတ်နိုင်အောင်လည်း စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဈေးနှုန်းချိုသာတဲ့ Amazon kindle Tablet ထက် နှစ်ဆကျော်လောက် တန်ဖိုးကြီးမယ်လို့ သိရပါတယ်။

လက်ရှိ Apple မှ ဖြန့်ချိတဲ့ iPhone4s ဟာဆိုရင် လူကြိုက်များပြီး၊ ရေပန်းစားလျက်ရှိပါတယ်။ ဒါ့အပြင် OS အသစ် ဖြစ်တဲ့ iOS 5 ကို ကမ0x081ဘာတစ်ဝန်းမှ iPhone, iPod နဲ့ iPad သုံးစွဲသူတွေဟာ နေ့စဉ် iTune store မှ Download ဆွဲလျက်ရှိပါတယ်။ App အသစ်ဖြစ်တဲ့ Siri ကတော့ အာရှမှာ ရေပန်းစားခြင်း မရှိသေးပါဘူး။ အမေရိကနဲ့ ဥရောပ မှာတော့ ဒီ App ဟာစိတ်ဝင်စားသူများပြားလျက်ရှိတယ်လို့ သိရပါတယ်။

Ref: Pocketlint

စတိဗ်ဂျော့၏အကြောင်းကို ရုပ်ရှင်ရိုက်ကူးရန်အတွက် ဆိုနီကုမ္ပဏီက သူ၏ အတ္တုပ္ပတ္တိကို ဝယ်ယူ

ဆိုနီကုမ္ပဏီသည် Apple ကုမ္ပဏီ ပူးတွဲထူထောင်သူနှင့် အလုပ်အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့၏အကြောင်းကို ရုပ်ရှင်ရိုက်ကူးရန်အတွက် သူ ၏ အတ္ထုပ္ပတ္တိမူပိုင်ခွင့်ကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ကွယ်လွန်သူ စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိမူပိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာတစ်သန်း  ပေးခဲ့ရသည်ဟုဆို
သည်။ စတိဗ်ဂျော့သည် သူသေဆုံးခြင်းမရှိမီ နောက်ဆုံးပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သူသည် သူ၏မိသားစုအတွက် သူ့အတ္ထုပ္ပတ္တိမူပိုင်ခွင့်ကို အလိုရှိကြောင်းပြောကြားခဲ့သည်။ သူက သူ၏ကလေးများအား သူ၏အကြောင်းကို သိစေလိုသည်ဟုဆိုသည်။ စတိဗ်ဂျော့ဟုပင် ရိုးရှင်းစွာ အမည်တပ်ထားသော သူ၏အတ္ထုပ္ပတ္တိ စာအုပ်သည် Apple ကုမ္ပဏီက သူ ကွယ်လွန် ကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံး စာအုပ် စာရင်း၌ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ Ebook အဖြစ် အမေရိကန် ဒေါ်လာ၁၆ဒသမ ၉၉ ဖြင့် ရောင်းချရာတွင်လည်း Apple iTunes ၌ အရောင်းရဆုံး နံပါတ်၁ နေရာရရှိပြီး Amazon တွင် နံပါတ်၂ နေရာရရှိသည်။

Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် ကွယ်လွန်
ဩဂုတ်လ နှောင်းပိုင်းကတည်းက ဆိုးဆိုးရွားရွား ယိုယွင်းလာသော ကျန်းမာရေး အခြေအနေကြောင့် ၎င်းချစ်မြတ်နိုးသော ကုမ္ပဏီကို စွန့်ခွာကာ အနားယူနေခဲ့သော ဂျော့ဘ်သည် အောက်တိုဘာ (၅)ရက်နေ့က အသက်(၅၆)နှစ် အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်
Posted on Oct 06 11 - 12:56 PM | Hits : 1627
Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် ကွယ်လွန်
ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီး Appleကို ပူးတွဲတည်ထောင်ခဲ့သူနှင့် iPad၊ iPhone၊ iPod စသည့် ထုတ်ကုန်များ၏ ဖန်ဆင်းရှင် ဖခင်ကြီးဟု တင်စားခံရသူ Apple၏ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ်သည် ကင်ဆာဝေဒနာကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရှာပြီဖြစ်သည်။ ဩဂုတ်လ နှောင်းပိုင်းကတည်းက ဆိုးဆိုးရွားရွား ယိုယွင်းလာသော ကျန်းမာရေး အခြေအနေကြောင့် ၎င်းချစ်မြတ်နိုးသော ကုမ္ပဏီကို စွန့်ခွာကာ အနားယူနေခဲ့သော ဂျော့ဘ်သည် အောက်တိုဘာ (၅)ရက်နေ့က  အသက်(၅၆)နှစ် အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

“စတိဗ်ဟာ ထူးချွန်ပြီး နှစ်နှစ်ကာကာ ကြိုးစားတတ်တဲ့သူပါ။ ကျွန်တော်တို့တွေရဲ့ ရှင်သန်နေထိုင်မှုတွေ တိုးတက်စေဖို့ အရေးပါတဲ့ တီထွင်ဖန်တီးမှုတွေ မရေမတွက်နိုင်အောင် လုပ်ပြခဲ့သူပါ။ စတိဗ်ကြောင့် ကမ္ဘာလောကကြီးဟာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်”ဟု Apple ကုမ္ပဏီက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

steve job၎င်း၏ ပြိုင်ဘက်ဟောင်း ဖြစ်ခဲ့သူ Microsoftအကြီးအကဲ ဘီလ်ဂိတ်စ်ကလည်း ဂျော့ဘ်၏ တီထွင်မှုများသည် နောင်လာနောက်သားများအတွက် ထာဝစဉ် အကျိုးဖြစ်ထွန်းနေစေမည်ဟု အမှတ်တရ ပြောကြားသွားသည်။ ဂိတ်စ်က “သူနဲ့ခေတ်ပြိုင် လုပ်ကိုင်ခဲ့ဖူးတာဟာ ကျွန်တော်တို့ သိပ်ကံကောင်းခဲ့ပါတယ်။ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူစရာ တစ်ခုပါ။ ကျွန်တော် စတိဗ်ကို အမြဲတမ်း လွမ်းနေမိမှာပါ”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကလည်း ခေတ်ရှေ့ပြေး နည်းပညာသစ်များအတွက် ဦးဆောင်လမ်းပြသူ ဂျော့ဘ်စ်အတွက် တလေးတစား ၀မ်းနည်းစကား ပြောခဲ့သည်။ “မစ်ချယ်လ် (သမ္မတကတော်)နဲ့ ကျွန်တော်ဟာ စတိဗ်ကွယ်လွန်ကြောင်း သတင်းကြားတော့ အရမ်းကြေကွဲမိပါတယ်။ သူဟာ အမေရိကန်ရဲ့ အထင်ရှားဆုံး တီထွင်ပညာရှင်တွေထဲက တစ်ယောက်ပါ။ စတိဗ်ဟာ သူများနဲ့မတူအောင် တွေးခေါ်ရဲတဲ့သူ၊ ကမ္ဘာကြီးကို သူကိုယ်တိုင် ပြောင်းလဲပစ်မယ်လို့ ယုံကြည်ရဲတဲ့သူ၊ တကယ်လည်း လုပ်ပြနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ”ဟု အိုဘားမားကဆိုသည်။ နယူးယော့ခ် မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ်ကလည်း “အမေရိကန်ဟာ အက်ဒီဆင်တို့၊ အိုင်းစတိုင်းတို့နဲ့ထပ်တူ သတိရတမ်းတနေရမယ့် ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ သူ့ရဲ့ တွေးခေါ်တီထွင်မှုတွေဟာ ကမ္ဘာ့အနာဂတ် မျိုးဆက်တွေကို ပိုပြီးထက်မြက်လာစေဖို့ လမ်းပြပေးခဲ့ပါတယ်”ဟု ညွှန်းဆိုခဲ့သည်။

ဂျော့ဘ်သည် (၈)နှစ်လုံးလုံး ပင်ကရိယ ကင်ဆာရောဂါဖြင့် ရုန်းကန်နေရပြီးနောက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ Appleကုမ္ပဏီသည် ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် ဂျော့ဘ်၏ အဖြူနှင့်အမည်း ဓာတ်ပုံကို တင်ကာ ဂုဏ်ပြုပေးခဲ့သည်။

steve job

(Apple ဝက်ဘ်ဆိုက်၏ Home page တွင် စတိဗ်ဂျော့ဘ် ကွယ်လွန်ကြောင်း ဖော်ပြထားစဉ်)

ဂျော့ဘ်သည် Appleကို တန်ကြေးဒေါ်လာ (၃၅၁)ဘီလျံထိရှိသော ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာအောင် ဦးဆောင်ပေးခဲ့သည်။ လက်ရှိတွင် Appleထက် တန်ကြေးမြင့်မားသော ကုမ္ပဏီမှာ ကမ္ဘာပေါ်တွင် Exxon Mobileတစ်ခုသာ ရှိတော့သည်။ ဂျော့ဘ်သည် Pixarနှင့် Disneyတို့သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သေးသော်လည်း (၁၉၉၆)ခုနှစ်တွင် Appleသို့ ပြန်လည်ရောက်ရှိလာကာ ယိမ်းယိုင်နေသော ကုမ္ပဏီကို ထိပ်ဆုံးရောက်အောင် ဆွဲတင်ပေးခဲ့သည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည့် ဂျော့ဘ်တွင် (၁၉၉၁)ခုနှစ်ကတည်းက လက်ထပ်ထားသည့် ဇနီးသည် လော်ရင်းနှင့် သားသမီး(၃)ဦး ကျန်ခဲ့သည်။ ထို့အပြင် ချစ်သူဟောင်းနှင့်လည်း သမီးတစ်ဦး ရှိခဲ့ဖူးသည်။ ၎င်းသည် Appleကုမ္ပဏီက ထုတ်လုပ်သည့် မိုဘိုင်းလ်ဖုန်းသည် iPhone 4Sအား စတင်မိတ်ဆက်ပြီး နောက်တစ်ရက် အကြာတွင်ပင် ကွယ်လွန်ခဲ့ရာ ကုမ္ပဏီအနေနှင့် လက်ရှိအချိန်တွင် ဂုဏ်ယူဝမ်းမြောက်မှုရော၊ ကြေကွဲပူဆွေးမှုကိုပါ ရောယှက်ခံစားနေရသည်။

Source: BBC

Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် (၁၉၅၅-၂၀၁၁)

အောက်တိုဘာ ၅ ရက်နေ့က ပင်ကရိက ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပြီဖြစ်သည့် ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီး Apple ကို ပူးတွဲတည်ထောင်ခဲ့သူနှင့် iPad၊ iPhone၊ iPod စသည့် ထုတ်ကုန်များ၏ ဖန်ဆင်းရှင် ဖခင်ကြီးဟု တင်စားခံရသူ Apple ၏ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ်၏ ပုံရိပ်အချို့။
Posted on Oct 06 11 - 12:45 PM | Hits : 588
Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် (၁၉၅၅-၂၀၁၁)


Apple iPhone 4S စတင်မိတ်ဆက်

Appleသည် ဈေးကွက်အတွင်း HTC၊ Blackberryစသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5အစား လက်ရှိရောင်းချနေသော iPhone 4ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်
Posted on Oct 06 11 - 12:28 PM | Hits : 712
Apple iPhone 4S စတင်မိတ်ဆက်
Appleအနေနှင့် ပဉ္စမမြောက် iPhoneအဖြစ် iPhone 4Sကို စတင်မိတ်ဆက်လိုက်သော်လည်း iPhone 5စစ်စစ်ကို မျှော်လင့်နေသည့် Appleပရိသတ်များအတွက် အပြည့်အ၀ ကျေနပ်စရာ မဖြစ်ခဲ့ကြောင်း သိရသည်။ Appleသည် ဈေးကွက်အတွင်း HTC၊ Blackberryစသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5အစား လက်ရှိရောင်းချနေသော iPhone 4ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၄)ရက်နေ့တွင် Apple၏ အမှုဆောင်ချုပ် တင်ကွတ်ခ်က ကယ်လီဖိုးနီးယားရှိ Appleဌာနချုပ်တွင် iPhone 4ထက် မြန်နှုန်းပိုမြင့်သော iPhone 4Sကို မိတ်ဆက်ပြသကာ အောက်တိုဘာ (၁၄)ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။

iphone 4s

(iPhone 4S အား Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က မိတ်ဆက်ပြသစဉ်)

အဆိုပါ မိုဘိုင်းလ်ဖုန်းသည် Appleထုတ် Tabletကွန်ပျူတာ iPad 2တွင် တပ်ဆင်ထားသည့် A5 Processorကို အသုံးပြုထားရာ ယခင်Versionအားလုံးထက် တွက်ချက်မှုစွမ်းရည် ပိုမိုမြန်ဆန် မြင့်မားသည်။ iPhone 4Sတွင် အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့် Voice Controlပါဝင်လာပြီး ကင်မရာကလည်း 1080 pixelအတွက် HDဗီဒီယိုများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်း၏ ထူးခြားသော Featureတစ်ခုမှ Siriဟုခေါ်သော အလိုအလျောက် ဖြေကြားစနစ်ဖြစ်ပြီး Homeခလုတ်ကို ဖိထားကာ “ဒီနေ့ရာသီဥတု အခြေအနေ ဘယ်လိုလဲ”ဟု အင်္ဂလိပ်စကားဖြင့် မေးမြန်းပါက ဖုန်းက ရာသီဥတု အနေအထားများကို ဖြေကြားသွားမည်ဖြစ်သည်။ “ငါ့ကို မနက်ဖြန်မနက် (၈)နာရီမှာ နှိုးပါ”ဟု မှာထားလျင်လည်း သီးသန့် Alarmပေးစရာ မလိုဘဲ ဖုန်းက မှတ်သားဆောင်ရွက်ပေးနေမည်ဖြစ်သည်။ လက်ရှိတွင် Siriသည် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်စကားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

iphone 4s

(iPhone 4 နှင့် iPhone 4S အဓိက ကွားခြားမှုများ)

ဖုန်း၏ မှတ်ဥာဏ်သိုလှောင်မှုသည် 16GB၊ 32GBနှင့် 64GBဟု သုံးမျိုးခွဲခြားထားပြီး Dual Core A5 Porcessorဖြင့် မောင်းနှင်ရန် iOS 5ကို အဓိက စီမံစနစ်အဖြစ် ထည့်သွင်းအသုံးပြုထားသည်။ ဖုန်း၏ ရှေ့ပိုင်းကင်မရာသည် 0.3 mega pixelသာ ရှိသော်လည်း နောက်ဘက်ကင်မရာမှ 8 megapixel ဖြစ်လာသည်။ အရောင်ကို အဖြူနှင့်အမည်း နှစ်ရောင်ဖြင့် ထုတ်လုပ်ထားပြီး Screen အရွယ်အစားမှာ iPhone 4ကဲ့သို့ (၃.၅)လက်မသာဖြစ်သည်။ ဖုန်း၏ အလေးချိန်မှာ (၁၄၀)ဂရမ်ဖြစ်ရာ iPhone 4ထက် မဆိုစလောက် ပိုလေးသည်။ Appleသည် iPhone 4Sကို စတင်မိတ်ဆက်လိုက်ပြီးနောက် ယခင်iPhone Versionဟောင်းများကို ဈေးလျှော့ရောင်းချမည်ဟု အတည်ပြုခဲ့သည်။ ဖုန်းကို အမေရိကန်တွင် (၂)နှစ်စာချုပ်ဖြင့် ၀ယ်ယူပါက သိုလှောင်မှု စွမ်းရည် ကွာခြားမှုအလိုက် (၁၉၉)ဒေါ်လာမှ (၃၉၉)ဒေါ်လာကြား ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: DailyMail
Apple iPhone 4S စတင်မိတ်ဆက်
iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s




3D မိုဘိုဪးဖုန်း Sprint HTC Evo 3D
by aungkhamkyaw | Tuesday, October 25, 2011
Share |
Sprint HTC Evo 3D: 3D Goes Mobile

Sprint HTC Evo 3D: 3D Goes Mobile

စမတ်ဖုန်းတွေ ရဲ့ နည်းပညာ အလျဪအမြန် တိုးတက်ပြောဪးလဲ လာတာ နှစ်နှစ်မကတော့ပါဘူး။ ထိပ်တန်း စမတ်ဖုန်း ခြောက်လုံးအဖြစ် Apple iPhone 4S, Sprint HTC 3D, Sprint Samsung Epic Touch 4G, T-Mobile MyTouch 4G Slide, Version Motorola Droid Bionic, CTIA တို့ အရွေးချယ်ခံရပါတယ်။ iPhone 4S ကတော့ မသိသူနည်းသွားပါပြီ။ ဒါကြောဪ့မို့ သိရှိသူနည်းနေသေးတဲ့ 3D မိုဘိုဪးဖုန်း Sprint HTC Evo 3D ကို ဖော်ပြလိုက်ရပါတယ်။

OS ကတော့ Android 2.3 ပဲ အသုံးပြုထားပြီး HTC Sense 3.0 လဲ ပါဝဪပါသေးတယ်။ လက်ရှိ Android 4.0 ထွက်ရှိနေပြီဆိုပေမဲ့ Sprint HTC Evo ဟာ သုံးဖက် မြဪ 3D ဖုန်းဖြစ်နေတဲ့ အတွက် ထိပ်တန်းအဖြစ် ရပ်တည်နေနိုဪသေးတာဖြစ်ပါတယ်။ Display ကတော့ ၄.၃ လက်မ Super LCD qHD ရှိပြီး 3D ဖုန်းဖြစ်တဲ့ အတွက် resolution 960 x 540 အထိ ရှိပါတယ်။ ဒါကြောဪ့မို့ 3D ရုပ်ရှဪဇာတ်ကားတွေကိုလည်း ကြည့်ရှုနိုဪမှာဖြစ်ပါတယ်။ MHL (Mobile High Definition Link) အသုံးပြုတဲ့ဖုန်းဆိုလို့ ဒီ Evo ဖုန်းသာရှိပါတယ်။

processor အပိုဪးကြည့်မယ်ဆိုရဪလဲ 1.2GHz dual-core Qualcomm Snapdragon ဖြစ်တဲ့အတွက် လုပ်ဆောဪချက် မြန်ဆန်ပါတယ်။ြီးတော့ Evo မှာ 5megapixel 3D ကဪမရာနှစ်လုံး ပါရှိပါတယ်။ ဒါကတော့ သူ့ရဲ့ အဓိက ဆွဲဆောဪချက်ဖြစ်ပါတယ်။ 3D ကဪမရာပါရှိတဲ့ ဖုန်းကို ဈေးသက်သက် သာသာနဲ့ ကိုဪတွယ်အသုံးပြုခွဪ့ရတဲ့ ဆိုတာ နည်းတဲ့ အခွဪ့အရေးမဟုတ်ပါဘူး။ ပြီးတော့ ကဪမရာဟာ Auto focus system ပါရှီပြီး၊ ဓာတ်ပုံအတွက်ရော၊ ဗီဒီယိုအတွက်ပါ တူမတူတဲ့ ကြည်လဪပြတ်သားမှုတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Security ပိုဪးကိုကြည့်မယ်ဆိုရဪလဲ နောက်ဆုံးပေါ် 3.0 Sense user interface ကို အသုံးပြုထားတဲ့အတွက် Data တွေ အခိုးခံရမှာ စိတ်မပူရပါဘူး။ ပြီးတော့ သူ့ရဲ့ lock screen ကိုလိုသလို option ပြောဪးလဲနိုဪပြီး၊ App သိမ်းဆည်းအသုံးပြုခြဪးတွေမှာလဲ shortcut ပေါဪးများစွာပါဝဪပါတယ်။ call quality အပိုဪးကိုလည်း အခြားဖုန်းတွေထက် သာအောဪကြိုးစားထားပါတယ်။ 3D ဖုန်းဖြစ်နေတဲ့အတွက် connection အပိုဪး အားနည်းမှာကို စိုးရိမ်စရာမရှိပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ရှိပြီး နှစ်နှစ်အာမခံပေးထားတယ်လို့ သိရပါတယ်။

Ref: HTC


iPad သင်ပုန်းကွန်ပျူတာကို ဈေးနှုန်းဖြင့် ယှဉ်မည့် Amazon ၏ Kindle Fire ထွက်ရှိ
w71_05 သင်ပုန်း ကွန်ပျူတာဈေးကွက်ကို တစ်ခေတ်ဆန်းစေခဲ့သော အက်ပဲလ်၏  iPad နှင့်ယှဉ်မည့် ထိတွေ့မျက်နှာပြင်သုံး သင်ပုန်းကွန်ပျူတာသစ် Kindle Fire ကို အမေဇုန်ကုမ္ပဏီက ထုတ်လုပ်လိုက်ကြောင်း သိရသည်။
iPad ဈေးနှုန်းအသက်သာဆုံး အမျိုးအစားထက်ပင် ဈေးနှုန်းတစ်ဝက်ကျော် သက်သာသော Kindle Fire ကို အမေရိကန်ပြည်ထောင်စုတွင် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်သည်။ဈေးနှုန်း ၁၉၉ ဒေါ်လာသာ ရှိမည်ဖြစ်သော်လည်း မျက်နှာပြင်အကျယ်မှာ မူ iPad ၏ ၉ ဒသမ ၇ လက်မနှင့် ယှဉ်လျင် အနည်းငယ်သေးပြီး ၇ လက်မသာရှိမည်ဖြစ်သည်။ အမေဇုန်သည် သူ၏စာအုပ်ဖတ်ရှုရေးသာ အဓိကသုံးနိုင်သော  e-Reader များ ကိုလည်း ဈေးနှုန်းချပေးခဲ့သည်ဟု သိရသည်။ e-Reader ဈေးနှုန်းများမှာ အနိမ့်ဆုံး ၇၉ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။
Kindle Fire မှာ Wi-Fi ဆက်သွယ်မှု ပါရှိပြီး ဂူးဂဲလ်၏  Android စနစ်ကို သုံးထားသည်။ သို့ရာတွင် ကင်မရာ မပါရှိခြင်းနှင့် 3G မသုံးနိုင် ခြင်းကဲ့သို့သော အားနည်းချက်များ ရှိသည်။ Memory မှာ ၈ ဂီဂါဘိုက် သာရှိသော်လည်း အွန်လိုင်းချိတ် ဆက်ပြီး အမေဇုန်၏ ရုပ်ရှင်၊ ဂီတ၊ ရုပ်သံဝန်ဆောင်မှုများကို သုံးနိုင်မည် ဖြစ်ခြင်းကြောင့် အဆင်ပြေစေမည် ဖြစ်သည်။
သို့ရာတွင် အမေဇုန်၏ အမေရိကန်တစ်ခုတည်းသာရသော ဗီဒီယိုဝန်ဆောင်မှုနှင့် မူပိုင်ခွင့်ပြဿနာများကို မဖြေရှင်းနိုင်သေးပါက အမေရိကန်ပြင်ပတွင် အသုံးပြု၍ အဆင်ပြေ ဦးမည်မဟုတ်ပေ။
Ref: AFP,DailyMail

0 comments:

Post a Comment