အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 2 December 2011

သုက်ပိုးခိုးပြီး ကိုယ်ဝန်ဆောင်ကလေးယူကာ ကလေးစရိတ်တောင်းမှု


အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုးပရက်ဆီးလ်ဆိုသူက သူ၏အတူနေချစ်သူဟောင်း အနီထရီယာဘားနက်သည် သူ့ခွင့်ပြုချက်မရဘဲ အသုံးပြုပြီးကွန်ဒုံးများမှ သုက်ပိုးခိုးယူကာ ပြင်ပတွင် သန္ဓေအောင်စေသည့်နည်းဖြင့် ကိုယ်ဝန်ဆောင်ပြီး ကလေး စရိတ်နှင့် အခြားခံစားခွင့်များရရှိစေရန် ဖန်တီးခဲ့ကြောင်း တိုင်ကြားခဲ့သည်ဟု သိရသည်။
ယင်းစုံတွဲသည် ၂၀၀၇ ခုနှစ်က ခြောက်လတာ အတူနေခဲ့ပြီး ယင်းနောက်တွင် အနီထရီယာတွင် အမြွှာကလေးနှစ်ဦး မွေးဖွားခဲ့သည်။ပရက်ဆီးလ်သည်  ကွန်ဒုံးအမြဲသုံးခဲ့သောကြောင့် အနီထရီယာက ကိုယ်ဝန်ရှိနေ သည်ဟု ပြောသောအခါ အံ့အားသင့်ခဲ့သည်။ ဒီအင်န်အေစစ် ဆေးမှုများအရလည်း ကလေးအဖေဖြစ်ကြောင်း ထင်ရှားသဖြင့် ကလေးစရိတ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၀၀ ထောက်ပံ့ခဲ့ရသည်။
အနီထရီယာသည် ပရက်ဆီးလ် နေအိမ်တွင် နေထိုင်ခွင့်ရရန် တရားရုံးမှ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက်ရခဲ့သလို ပရက်ဆီးလ်ပိုင်ဆိုင်မှု ထက်ဝက်ခန့်ကိုလည်း တောင်းဆိုခဲ့သည်။
တစ်နေ့တွင် ပရက်ဆီးလ်မှာ မျိုးဆက်ပွားဆေးခန်းတစ်ခုမှ သူ့လိပ်စာတပ်ထားသော ငွေတောင်းခံလွှာကို အမှတ်မထင်ရရှိခဲ့သည်။ လက်မှတ်ထိုးရမည့် စာရွက်တစ်ခုလည်း တက္ကဆက်မျိုးဆက်ပွားဆေးခန်းက
ပေးပို့ခဲ့ရာ ရိပ်စားမိလာခဲ့သည်။ အနီထရီယာသည် လိင်ဆက်ဆံပြီးသောအခါ ကွန်ဒုံးများကို သိမ်းထားပြီး ဆေးခန်းသို့ ယူဆောင်သွားကာ  ကိုယ်ဝန်ယူရန် သိမ်းဆည်းထားခဲ့ကြောင်းပါ သိရှိခဲ့သည်။
ကလေးစရိတ်ထောက်ပံ့မှု ရပ်တန့်ရန်နှင့် ကလေးအုပ်ထိန်းခွင့် ရရှိရန်ပရက်ဆီးလ်ကတရားစွဲဆိုထားသည်ဟု
ဆိုသည်။ http://multivitaminforall.blogspot.com/2011/11/blog-post_9932.html

0 comments:

Post a Comment