အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 3 December 2011

ိမိန်းကလေးများအားလုံး အသိတရားလေးနဲ့ သတိထားကြပါ။

ကိုယ်ချင်းစာတရားနှင့်အင်တာနက်

ကျွန်တော်သည် စာရေးဆရာမဟုတ်ပါ။သို့သော် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ အရပ်ရပ်အား
မကြာခဏဆိုသလို ဆောင်းပါးရေး၍ ပြည်သူလူထုအား အသိပေးနေခြင်းသက်သက်သာသာဖြစ်သည်။အခုလဲခေတ်မီတိုးတက်နေသော
အင်တာနက်နှင့်မြန်မာအမျိုးသမီးများ၏အရှက်နှင့်ဂုဏ်သိက္ခာကို ရှေ့ရှု့၍ထိန်းသိမ်းနိုင်ရန်တင်ပြလိုက်ခြင်းဖြစ်သည်။ကျွန်တော်တို့ခေတ်

သည်တစ်သားတည်းပေါင်းစည်းမိသွားသော ကမ္ဘာ၏ခေတ်ဖြစ်သည်။နည်းပညာများသည်လည်း တနေ့နှင့်တနေ့ မတူအောင်တိုးတက်နေ
သည်။အမှန်တိုင်းပြောမယ်ဆိုလျှင် ကျွန်တော်တို့ ထင်မြင်ထားချက်ထက် ပိုပြီးတိုးတက်နေသော ခေတ်ဖြစ်သည်။ထိုသို့ တိုးတက်လာ
ရခြင်းမှာလည်း လူမှုရေး၊စီးပွားရေးသာမက ဆက်သွယ်ရေးနည်းပညာများလည်း အံ့မခန်းနိုင်အောင် တိုးတက်နေသောခေတ်ဖြစ်သည်။
ထို့ကြောင့် အင်တာနက်သည် ကျွန်တော်တို့အား အကောင်းဘက်သို့ ဆွဲခေါ်သလား။အဆိုးဘက်သို့ ဆွဲခေါ်သလား။ဒါကတော့ အဖြစ်ပျက်
တခုကို ဘက်နှစ်ဘက်မှ မြင်ကြည့်သလိုပင် ဤက်စ္စမှာလည်း အကောင်းဘက်နှင့်အဆိုးဘက်ဟု နှစ်မျိုကြည်၍ရပါသည်။
အင်တာနက်၏ ကောင်းကျိုးတော်တော်များများကို လူတိုင်းလိုလိုသိပြီးပြီဖြစ်၍ မတင်ပြလိုတော့ပါ။သို့သော် လူမှုရေဖောက်ဖျက်မှု

တော်တော်များများကိုတော့ ဆိုးကျိုးများအဖြစ်သက်မှတ်ရမည်ဖြစ်သည်။အင်တာနက်သည် သုံးတတ်သူကို အကျိုးပြု၍ မသုံးတတ်သူ
ကိုဘေးတွေ့စေတတ်သည်။အင်တာနက်၏ ရည်ရွယ်ချက်မှာ တနေရာနှင့်တနေရာ ဆက်သွယ်ရန်ခက်ခဲသောအခြေအနေမျိုးတွင် လွယ်ကူ
စွာဆက်သွယ်နိုင်ရန်ဖြစ်သည်။တိုးတက်လာသောခေတ်တွင် အင်တာနက်ကို ကောင်းကျိုးတွင် အသုံးမချဘဲ လူမှုရေးဖောက်ဖျက်မှုတွင်

အသုံးပြုနေခြင်းမှာ အတော်ပင်ဝမ်းနည်းစရာကောင်းလှသည်။အထူးသဖြင့် နောင်အနာဂတ်ကို အုပ်စိုးကြမည့် ခေတ်လူငယ်များသည်
အင်းတာနက်ပေါ်တွင် ကိုယ်ကျင့်တရားပျက်နေရခြင်းမှာ နောင်အနာဂတ်ကမ္ဘာအတွက် အလွန်ပင်ဲကြီးမားသော အန္တရာယ်ဖြစ်သည်။
အင်တာနက်ပေါ်တွင် အလွယ်တကူ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်သောကိစ္စများကို အကျယ်တဝန့် လုပ်ဆောင်လာကြသည်။အင်တာ

နက်ကိုအသုံးပြုပြီး မိန်းကလေးများ၏ ဂုဏ်သိက္ခာငြိုးနွမ်းစေသော လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။ဒီဂျစ်တယ် ကင်မရာဖြင့် စိတ်
ကွယ်ရာဒီနေရာတွင် တကယ်ရှိသော ဖြစ်ရပ်များကို ဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါသည်။အရင် တပတ်ခန့်က ကျွန်တော့်သူငယ်ချင်း

က ကျွန်တော့်အား ဝက်ဆိုက်(ဒ်)တစ်ခု၏ လင့်ကိုပေးခဲ့သည်။ပြီးတော့ စကားလေး တစ်ခွန်းပြောသွားသည် “တော်တော်အဖြစ်ဆိုးတဲ့
မိန်းကလေး”ဘဲကွာ သူတို့ပုံတွေ ဒီဝက်ဆိုက်(ဒ်)မှာ ရှိနေကြာတာကို သူတို့သိမှာ မဟုတ်ဘူးကွာ။ငါသာ သူတို့အကိုဆိုရင်တော့

တော်တော်အရှက်ကွဲရမှာဘဲကွာတဲ့။အဲဒါ မင်းကူညီနိုင်တဲ့ဘက်ကနေ လက်လှမ်းမှီသလောက် တားဆီးပေးပါဦးတဲ့ ကျွန်တော့်ကိုမှာ
သွားသည်။အစတွင် သူဘာကို ဆိုလိုသွားသည်ကို မသိခဲ့ပေ။ဝက်ဆိုက်(ဒ်)ထဲ ဝင်ကြည့်မှ အတော့်ကို စိတ်မကောင်းဖြစ်မိသည်။

မြန်မာအမျိုးသမီးလေးများပါ။မိကောင်းဖခင် သာသမီးများဖြစ်နိုင်သည်။သူငယ်ချင်းများဖြင့် လွတ်လွတ်လပ်လပ် ရိုက်ကူထားဟန်ဖြစ်
သည်။ကိုယ်ခန္ဒာတွင် အဝတ်မပါချေ။ရေချိုးနေသည့် ပုံမျာလည်းပါသည်။သူ မမျှော်လင့်ထားသော အရာများဖြစ်ခဲ့ရသည်။ခေတ်သည်

သူကို ဒဏ်ခတ်လိုက်ပြီဖြစ်သည်။လုံခြုံမှုရှိသည်ဟု ထင်ထားသော အရာများသည် သူမ၏အရှက်ကို ကွဲစေခဲ့သည်။ထိုဓာတ်ပုံကို
ရိုက်ကူးထားသောသူတို့တွင် အပြစ်မရှိဘူးထားဦး။အင်တာနက်ပေါ် နာမည်နှင့်တကွ ရောက်လာသည်ကတော့ တော်တော်စိတ်မ
ကောင်းစရာဖြစ်သည်။ကျွန်တော်ထင်သည် သူ၏ဓာတ်ပုံများကို တစ်ဦးကတွေ့သွားမည်။ပြီး သူမ၏ခွင့်ပြုချက်မရဘဲ ယူဆောင်သွား

မည်။ပြီး အင်တာနက်ပေါ် တင်လိုက်သည်။အဲသည့်လူမှာ အင်မတန် လူမဆန်သော အလုပ်ကိုလုပ်လိုက်ခြင်းဖြစ်သည်။ကိုယ့်ညီမ
အရွယ် မိန်းကလေး၏ ဘဝကို နှမချင်းမစာနာလုပ်လိုက်ခြင်းဖြစ်သည်။လူ့ လောကတွင် လူ လုပ်လို့မရအောင် အရှက်ခွဲလိုက်ခြင်း

ဖြစ်သည်။ကျွန်တော် စိုးရိမ်သည်မှာ မိန်းကလေးဆိုတာထက် သူ့ပတ်ဝန်းကျင်ကိုဖြစ်သည်။သူ ဘယ်လို လူဆက်လုပ်မလဲ မိဘကို
ဘယ်လို မျက်နှာပြမလဲ။သူမှာ လက်ထက်ရမယ့်သူရှိရင် ဒီဖြစ်ရပ်တွက် ဘယ်လို တုန့်မလဲ။မောင်နှမချင်းကိုယ်ချင်းစွာဖြင့် စဉ်းစား

ရခက်သွားသည်။မည်သို့ပင် အရာအားလုံးဟာ အတော်ပင်နောက်ကျခဲ့ပေသည်။နောက်ထပ်မဖြစ်အောင် မြန်မာလူမျိုးပီသစွာ
ရိုင်းပင်းကူညီအသိပေးရန်လိုအပ်ပါသည်။
နောက်ဖြစ်ရပ်ကလေး တခုရှိပါသေးသည်။အယ်ဘမ်ဖြင့် ကိုယ့်ချစ်သူအား ယုံယုံကြည်ကြည်ပြထားသော ဖိုင်များဖြစ်သည်။ကျွန်တော်

သူငယ်ချင်းတစ်ယောက် ကျောင်းကိုသွားလည်ရင်း ပျင်းပျင်းရှိတာနှင့် သူ့ ကွန်ပျုတာအားဖွင့် ကြည်ရင်းဖိုင်းလေးတစ်ဖိုင်တွေ့ရသည်။
သူငယ်ချင်းအား ဖိုင်ကိုဖွင့်ကြည့်ခွင့်ပေးရန်တောင်းဆိုခဲ့မိသည်။မြန်မာမိန်းကလေးတစ်ယောက်၏ မီဒီယာဖိုင်ဖြစ်သည်။သူငယ်ချင်း

ပြောပြချက်အရ ဒီအယ်ဘမ်ဖိုင်များ အင်တာနက်ဝက်ဆိုက်(ဒ်)ပေါ်တင်သွားသည်ကို သူတို့ချစ်သူနှစ်ဦးလုံး သိကြဟန်မတူချေ။ဒီတော့
သမီးရည်းစားသဘာဝအရ စကားတွေပြောရင်း စိတ်မထိန်နိုင်ဖြစ်ကြဟန်တုသည်။နောက် ချစ်သှူနှစ်ဦး သိထားအပ်သော ကိစ္စများကို

လုပ်မိဟန်တူသည်။ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်မထိန်းနိုင်ဘဲ (ဂငကနအနမက)ထလုပ်ခဲကြသည်ဖြစ်မည်။အဝတ်အစားများချွတ်ပြ
သည့် အခြေအနေရောက်ခဲ့သည်။မည်သို့ပင် ဖြစ်စေ ဤဖိုင်သည် အင်တာနက်ပေါ် ရောက်လာပြီး ကမ္ဘာသိဖြစ်သွားသည်ကိုတော့
စိတ်မကောင်းစရာဖြစ်သည်။နှမချင်းမစာနာ ဖိုင်နဲ့ သူတို့စကားပြောတာတွေ၊ဓာတ်ပုံတွေအားလုံးကို အင်တာနက်ပေါ်တင်းထားသည်

မှာ အင်မတန် ပက်ဆက်လွန်းလှပါသည်။သူတို့နှစ်ဦး မည်သူအပြစ်ရှိသည်ဆိုတာတော့ မပြောလိုပါ။လူငယ်သဘာဝ ချစ်ကြသည်။
ကြိုက်ကြမည်။စိတ်မထိန်းနိုင်ဘဲ ကျုးလွန်ခဲ့ကြမည် ဒါကိုနားလည်ပေးနိုင်းသော်လည်း အင်တာနက်ပေါ်သို့ တင်ခဲ့သော သူကိုတော့

ကျွန်တော် တော်တော်လေးစိတ်နာမိသည်။အတော်ကြောက်စရာကောင်းလှသည်။ခေတ်ကြီးတိုးတက်လာသည်မှာ လူသားများကို
ဒုက္ခပေးနေသလိုဖြစ်သည်။တကယ်ပြောရလျှင် မိန်ကလေးသည် သိပ်ဟော့ဟော့ရမ်းဖြစ်ပုံမပေါ်ပါ။ခုတော့ ဘဝပေးကုသိုလ်ကံစိုး
သည်ဘဲဆိုရမလား။တဘဝလုံး လူလုံးမလှ အပြစ်ကြီးခဲ့သည်။သူ့ ညီအကိုမောင်နှမတွေ တွေ့သွားရင်
ခွင့်လွတ်နိုင်ပါ့မလား။စဉ်းစာ;ရင်း
စိတ်နာမိသည်။ထိုကြောင့် ဤသို့ အဖြစ်ပျက်မျိုး မဖြစ်အောင် မိန်းကလေးရော၊ယောင်္ကျားလေးပါ ချစ်စိတ်ကိုထိန်းသိမ်း၍ နေရမည်ဖြစ်
သည်။မိန်းကလေးများ မိမိချစ်သူကို အဲ့လောက်ထိ အလိုမလိုက်ရန်အရေးကြီးသည်။

စိတ်ကွယ်နောက်ကွယ်ရာခေတ်သည်တိုးတက်လာသည်နှင့်လူသည် ဆန်းဆန်းပြားပြားများလည်းလုပ်ချင်ကြသည်။အပြစ်တော့မပြော
လိုပါ။သို့သော် သိပ်ခေတ်ဆန်ချင်ရင်တော့ ခေတ်ရဲ့ဒဏ်ခတ်တာကို ခံရမည်သာဖြစ်သည်။ခုခေတ်တွင် ကင်မရာနှင့်ချစ်သူစုံတွဲ၊
လင်မယားနှစ်ဦး လိင်ဆက်ဆံနေသည်ကို ရိုက်ကူးဖြန့်ချီနေသော လူမဆန်သည့် စီပွားရေးသမားများရှိသည်။ အထူးသဖြင့် ချစ်သူ

သမီးရည်းစား ဟန်းနီးမွန်းထွက်သော ဟိုတယ်၊မိုတယ်များတွင် ကင်မရာမျာကိုတပ်ဆင်၍ ချစ်သူစုံတွဲ လိင်ဆက်ဆံနေသည်ကို
ခိုးယူရိုက်ကူနေကြသည်။ဟိုတယ်၊မိုတယ် ပိုင်ရှင်တွေကပဲ မသိလို့လား။သို့ လုံခြုံစိတ်ချမှုမရှိတာလား။ဒီလိုဆိုရင် ဤလူမှုရေး

ဖောက်ဖျက်မှုကို ဘယ်လိုတားဆီးမည်နည်း။စဉ်းစားစရာအချက်များပင်ဖြစ်သည်။သက်ဆိုင်ရာမှလည်း ထိုသို့လုပ်နေသူတို့အား
ထိရောက်စွာအရေးယူရပေမည်။ချစ်သူစုံတွဲ ဇနီးမောင်နှံ များမိမိတို့၏ လုံခြုံရေးကို သတိရှိစွာဖြင့် စောင့်ထိန်းရမည်ဖြစ်သည်။

သူတို့ကိုသူတို့ အတော်လုံခြုံနေပြီ ထင်လိမ်မည်။သို့သော် တိုင်သိပြည်သိ အင်တာနက်ပေါ် ရောက်ခဲ့ပေသည်။စိတ်မကောင်းစရာ
ဖြစ်သည်။တိုးတက်နေသော နည်းပညာကို အထင်သေးလိုက်သည်နှင့်တူပါသည်။ထိုကြောင့် ဘယ်အ့ရာမဆို လျှော့မတွက်ဘဲ သတိ
ထားလုပ်ကိုင်ရန် လိုအပ်ပါသည်။

မည်သို့ တားဆီးကာကွယ်မည်နည်း ဤအခန်ကဏ္ဌသည် အလွန်အရေးကြီးသည်။လက်လှမ်းမှီသလောက်တင်ပြသွာပါမည်။
(၁)ဒီဂျစ်တယ်ကင်မရာဖြင့် အဝတ်အစားမပါသော မိမိ၏ပုံကိုမရိုက်ပါနှင့်။
(၂)ရိုက်ကူးမိပါက ၎င်းအားသေချာထိန်းသိမ်းရန်လိုသည်။ရိုက်ကူးခြင်းမလုပ်လျှင်းအကောင်းဆုံးဖြစ်သည်။

(၃)မည်သူမှ မသိဘူးလို့ ဘယ်တော့မှ လျှော့မတွက်ပါနှင့်
(၄)မိမိ၏ကွန်ပျုတာကို တပါးသူ အလွယ်တကူအသုံးမပြုနိုင်အောင် စကားဝှက် ခံထားပါ။
(၅)ကွန်ပျုတာများ ပျက်ဆီးချိုယွင်းပါက အရေးကြီးသောအချက်အလက်များပါသော ဟာ့ဒ်(စ်)အားဆိုင်သို့မပါသွားစေရန်အရေးကြီး

သည်။
(၆)မိမိ ကွန်ပျုတာအား တခြားသောကွန်ပျုတာမှ ဝင်ရောက်၍ ကြည့်ရှု့ရှာဖွေနိုင်သောနည်းပညားများရှိသည်ကို သတိထားပါ။
(၇)ဟိုတယ်၊ မိုတယ် များတွင် ကင်မရာငယ်များ တပ်ဆင်ထားလိမ့်မည်ဟူသော အသိအမြဲထားပါ။
(၈)မိမိ ချစ်သူကို အဝတ်အစားမပါဘဲ ဝဲကမ်းပြုခြင်းကို ဆင်ခြင်ပါ။

(၉)ချစ်သူနှစ်ဦး အပျော်တမ်းဗွီဒီယို ရိုက်ကူးခြင်းရှောင်ချဉ်ပါ။
စိတ်ကွယ်ရာတွင် မည်သည့်အရာမဆို မလုပ်လျှင်းလုံခြုံမှုရှိသောနည်းလမ်းနှင့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
အင်တာနက်တွင် လွတ်လပ်စွာတင်ပြခွင့်ရှိသည်မှာမှန်ပါသည်။သို့သော် တဖက်သားမှာ ဘယ်အတိုင်းတာထိ ဒုက္ခရောက်၊စိတ်ဆင်းရဲ

ဖြစ်နိုင်သည်ကို ကိုယ်ချင်းစာသင့်သည်။ မိမိ အင်တာနက် တွင် တင်လိုက်ခြင်းသည် မြန်မာနိုင်ငံသာမက ကမ္ဘာကပါသိနိုင်သည်ဖြစ်
သည်။အင်တာနက်တွင် မကောင်းသောမိန်းမ များ၏ ပုံများကို တင်ခြင်းသည် အပြစ်မရှိသော်လည်း မိကောင်းဖခင် သားသမီးများ၏

ဘဝကို ကိုယ်ချင်းစာစေချင်ပါသည်။မည်သို့ပင်ဖြစ်စေ ကိုယ်ချင်းစာစိတ်ဖြင့် မိမိလုပ်ခဲ့သော အပြုမူအား ကောင်း၊မကောင်း။အကျိုးရှိ၊
မရှိ ကိုဝေဖန်၍ လိမ္မာယဉ်ကျေး၍ ကိုယ်ချင်းစာတတ်သော မြန်မာလူမျိုးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

unluckyboy125
mailထဲမှ ပြန်လည်ကူးယူဖော်ပြပါသည်။

1 comments:

Han Kyi said...

မှန်လိုက်လေ...ခေတ်ကိုမျက်ခြေမပြတ်အောင်လိုက်တယ်ဆိုပေမယ့် ခက်တာက ဒီနေရာမှာကျတော့ ခေတ်ကိုလွန်ထွက်ကုန်ကြပါရောလား...ယောက်ျားလေးဘက်က စည်းစောင့်သလို မိန်းကလေးဘက်က ထိန်းသိမ်းဖို့လည်း လိုပေသပေါ့...မိဘဖြစ်ရမှာတောင် ကြောက်လာာပြီ...

Post a Comment