အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 9 September 2013

အစွမ်းထက်တဲ့ခင်ပွန်းသည်

အမျိုးသားတစ်ဦးက သူ၏ ဇနီးကို ``ငါ့ရဲ့ ဓာတ်ပုံကို ရုံးသွားတိုင်း မင်းရဲ့ လက်ကိုင်အိတ်ထဲ အမြဲဆောင် သွားတာ ဘာကြောင့်လဲကွ`` ဟု မေးရာ ဇနီးသည်က ``သြော် … ဒီလိုပါ။ 
တကယ်လို့ ပြဿနာတစ်ခုခု ပေါ်လာတဲ့အခါ ဘယ်လောက်ပဲ ကြီးမားတဲ့ကိစ္စပဲဖြစ်ပါစေ၊ ရှင့်ဓာတ်ပုံ ထုတ်ကြည့်လိုက်ရင် အဲဒီပြဿနာက ပျောက်သွားတယ်ရှင့်`` ဟုဖြေလိုက်သည်။
``သြော် … ဒါဆို ငါဟာ မင်းအတွက် ဘယ်လောက် လိုအပ်တယ်၊ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ မင်း သိပြီပေါ့`` ဟု အမျိုးသားက ကျေနပ်သဘောကျသလို ခပ်လွန့်လွန့် ပြုံးကာ ပြောလိုက်သည်။ 
ထိုအခါ ဇနီးသည်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်မှာ… ``ဟုတ်တယ်။ ကျွန်မ ရှင့်ဓာတ်ပုံကို ကြည့်လိုက်ပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်တယ်။ ဒီဟာထက်ပိုပြီး ကြီးမားစိတ်ပျက်စရာ ကောင်းတဲ့ ပြဿနာ ဘာမှ မရှိပါဘူးလို့``
မိုးကောင်းကင်

0 comments:

Post a Comment