မြေခွေးနှင့်ငှက်ကျား
မနာလိုဝန်တိုစိတ်
များပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မြေခွေးတစ်ကောင်က ငှက်ကျားတစ်ကောင်ကို
ဖိတ်ပြီး သူ့ သစ်ခေါင်းပေါက်ထဲမှာ ညနေစာ လာစားဖို့ဖိတ်ခေါ်လိုက်တယ် ။
အဲဒီညနေမှာ ငှက်ကျား က မြေခွေး အိမ်ကို ပျံသန်းပြီးရောက်လာခဲ့တယ် ။
ပြီးတော့ သူ့ရဲ့ ရှည်လျှားတဲ့ နှုတ် သီးနဲ့မြေခွေး ရဲ့အိမ်တံ ခါး
ကိုခေါက်လိုက်တယ် ။
မြေခွေးက
တံခါးကို လာဖွင့်ပေးပြီးပြောလိုက်တယ် ။ “ လာပါ အထဲကို ၀င်ပါ
ကျွန်တော်နဲ့အတူ ညနေစာ လာစားပါ ” ငှက်ကျားကို စားပွဲခုံမှာ
ထိုင်ဖို့ပြောတယ် ။ ငှက်ကျားက အရမ်းကို ဗိုက်ဆာလောင်နေပြီး ဟင်းရနံ့တွေ က
လည်း အရသာ ရှိမယ့်ပုံပဲလို့တွေးလိုက်တယ် ။
မြေခွေးဟာ ပန်းကန်ပြားနဲ့
စွပ်ပြုတ်ရည်ထည့်ယူလာပြီးချပေးတယ် ။ သူကတော့ ပန်းကန်ပြားကို လျှင်မြန် စွာ
မော့ပြီး စွပ်ပြုတ်တွေကို သောက်လိုက်တယ် ။ ဒါပေမယ့် ငှက်ကျားအတွက်ကတော့
သူ့ရှည်လျှားတဲ့နှုတ်သီးနဲ့ ဒီပန်း ကန်ပြားထဲက စွပ်ပြုတ်ကို သောက်ဖို့
မဖြစ်နိုင်ခဲ့ဘူး ။ ဒါကြောင့်ဗိုက်ဆာဆာနဲ့ပဲ ငှက်ကျားဟာ ယဉ်ကျေး စွာ
ပြုံးပြီး ထိုင်နေလိုက်တယ် ။ မနာလို ၀န်တိုစိတ်များတဲ့မြေခွေးက မေးတယ် ။
“
အလို ငှက်ကျား မင်း စွပ်ပြုတ်ကို မသောက်ဘူးလား မကြိုက်ဘူးလား ဟင် ”
ငှက်ကျားက ပြန်ဖြေတယ် ။ “ အခု လို ညနေစာအတွက် ကျွန်တော့်ကို
ဖိတ်ခေါ်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ။ မနက်ဖြန်ညနေမှာလည်း
ကျွန်တော့်အိမ်ကို ညနေစာလာစားဖို့ ဖိတ်ခေါ်ပါတယ် ”
နောက်တစ်နေ့မှာတော့
မြေခွေးဟာ ငှက်ကျားရဲ့အိမ်ကို ရောက်သွားခဲ့တယ် ။ ညနေစာအတွက် စွပ်ပြုတ်တွေ
ပြင်ဆင်ထားတာကိုသူတွေ့လိုက်ရတယ် ။ ငှက်ကျားက စွပ်ပြုတ်ကို ရှည်လျှားတဲ့
ဖန်တကောင်းတွေ နဲ့ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ် ။ သူတို့စားပွဲခုံမှာ
ထိုင်ပြီးတဲ့အခါ ငှက်ကျားက စွပ်ပြုတ်ကို သူ့ရဲ့ရှည်လျားတဲ့နှုတ်သီးနဲ့
စုပ်ယူပြီးလွယ်ကူစွာ သောက်သုံးလိုက်တယ် ။ ဒါပေမယ့် မြေခွေးရဲ့
တိုတဲ့နှုတ်သီး ကတော့ ဖန်တကောင်းအတွင်းမရောက်ရှိနိုင်ခဲ့ဘူး ။ ဒီတစ်ခါတော့
မြေခွေးအတွက် ဗိုက်ဆာလောင်ခံရတဲ့ အလှည့်ဖြစ်ခဲ့တယ် ။
@@@@@@@@@@@@@@@@@@@
“
မနာလို ၀န်တိုမှု ၊ သူတပါးကို မကောင်းကြံစည်မှု နဲ့ ကုန်းချော မှုတို့ဟာ
နောက်ဆုံး ကိုယ့်ဆီကို ပဲ ပြန်လာတတ်တယ် ကိုယ်ပဲ အဲဒီအရ သာတွေကို
တဖန်ပြန်လည်ခံစားရတတ်တယ် ဒါကြောင့် လောကကြီးမှာ တူသော အကျိုးပေးတယ်ဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့ ”
သက်တန့်ချို
A selfish fox အား ဘာသာပြန်ခံစားသည် ။
0 comments:
Post a Comment