အပါယ် လေးပါး
၁။ ငရဲ .............................
၂။ တိရိစ္ဆာန် .....................ကောင်းကင်
၃။ ပြိတ္တာ .........................အမြဲ ငတ်ပြတ်ခြင်း၊
၎။ အသူရကာယ် ...............ရဲရင့်ခြင်း ကင်းမှု၊
ကပ် သုံးပါး
၁။ ဒု ဗ္ဘိက္ခရကပ်..................ငတ်
၂။ သတ္ထ န္တရကပ်................လက်နက်ေ
၃။ ရောဂ န္တရကပ်.................အနာရော
ရပ်ပြစ် ရှစ်ပါး
၁။ ငရဲ...........................
၂။ တိရိစ္ဆာန်.....................
၃။ ပြိတ္တာ........................
၎။ မိစ္ဆာဒိဌိ.....................
၅။ ပစ္စ န္တရာဇ်.....................
၆။ အရူပဗြဟ္မာဘုံ...............ရု
၇။ ဒွိဟိတ်ပုဂ္ဂ္ဂ္ဂိ္ဂိုလ်..
၈။ ဥာဏ်ရှိသော်လည်း ဘုရားမပွင့်သော ကမ္ဘာတွင်ဖြစ်ရခြင်း၊
ရန်သူမျိုး ငါးပါး
၁။ မင်းဧကရာဇ်
၂။ ရေ
၃။ မီး
၎။ ခိုးသူ
၅။ အမွေခံ သားဆိုး/ သမီးဆိုး
ဝိပတ္တိတရား လေးပါး
၁။ ကာလ ၀ိပတ္တိ..................အခါ/ကာ
၂။ ကတိ ၀ိပတ္တိ....................ဘုံ
၃။ ဥပဓိ ၀ိပတ္တိ.....................
၎။ ပရောဂ ၀ိပတ္တိ.................လုပ်ဆော
ဗျသနတရား ငါးပါး
၁။ ညာတိ ဗျသန..................ဆွေမျိုး
၂။ ရောဂ ဗျသန...................အနာရော
၃။ ဘောဂ ဗျသန..................ဥစ္စာစည်း
၎။ သီလ ဗျသန.....................အကျင်
၅။ ဒီဌိ ဗျသန.........................
ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ ကြံရမည့်ဒဏ် (၁၀ ) ပါး
ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ကြုံရမည့်၁။ ပြင်းတန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။ လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ ကုသလို့ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း
၆။ မင်းပြစ်၊ မင်းဒဏ်ခံရခြင်း
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ ဆွေမျိုးကောင်း မိတ်ဆွေကောင်းမရှိခြင်း
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း
ဘာသာသွေး ( ဗုဒ္ဒဘာသာဝင်တိုင်း ဖတ်ရှုရမဲ့ ဘာသာသွေး )
ဗုဒ္ဓ ရဲ့အဓိပ္ပါယ်က နိုးထခြင်း ၊ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညု မြတ်စွာဘုရားလို့ အဓိပ္ပါယ် ရတာပါ ။အရိယသစ္စာ သိပြီး ၊ သဗ္ဗညုတ ဥာဏ်တော် ရပြီး ဘုရားဖြစ်မှ လူတွေ ခေါ်ကြတာပါ ။တချို့ကတော့ ဂေါတမ ပေါ့ ။
ငယ်နံမယ်က သိဒ္ဓတ္ထ ၊
မျိုးနွယ်စုက ဂေါတမ ၊
သာကီဝင်မင်းမျိုးတွေပါ ။
ဘာမှကို လိုလေသေးမရှိ ပြည့်စုံတဲ့ ၊ ချမ်းသာ ကြွယ်ဝတဲ့ မင်းသားတစ်ပါးပေါ့ ။ သက်တော် ( ၂၉ ) နှစ်
အရွယ်မှာ ဒီလောက တစ်ခုလုံးရဲ့ ဆင်းရဲလွတ်ရာ နည်းလမ်းကို ရှာဖို့ တောထွက်ခဲ့တာပါ ။လောကီရေးတွေ စွန့်မှ
သစ္စာ တရား ကို ရှာနိုင်မယ်ပေါ့ ။အလုံးစုံ ပြည့်စုံ လှတဲ့ လောကစည်းစိမ် နန်းတော်ထဲက ငယ်ရွယ် ပျိုနု တဲ့ အရွယ်မှာ
ကာမဂုံ ချမ်းသာတွေ စွန့်လို့ ၊ အဖေါ်မပါ တစ်ကိုယ်ထဲ နေပူ ၊ မိုးရွာ မရှောင် တရားတွေရှာလို့ ၊ ဒုက္ခတွေခံလို့လေ ။
ဒီလိုနဲ့ ဒုက္ကရစရိယာ ( ၆ ) နှစ်ကျင့်ပြီး ၊ ဒီနည်းနဲ့လဲ တရားထူး မရနိုင် ၊ အလယ်အလတ်လမ်းကို
ပြန်ရွေးလို့၊ မျှတစွာ သုံးသပ်လို့ ကဆုန်လပြည့်ည ဗုဒ္ဓဂါယာရဲ့ ဗောဓိပင်အောက်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပြီး
အားထုတ်တော်မူတာပါ ။အဲဒီ အခါကျမှ တစ်လောကလုံးသိမြင်တော်မူတဲ့ သဗ္ဗညုတဥာဏ်တော်ကြီး ပွင့်ထွန်းလို့ ၊
သစ္စာတရားကို သိမြင်လို့ သဗ္ဗညု ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်ကို ရရှိတာပါ ။
အဲဒီလောက် အပင်ပန်းခံ ၊ အဆင်းရဲခံပြီး ၊ ဘ၀ပေါင်းအလီလီ ပါရမီတွေဖြည့်မှ ရလာရတဲ့ တရားတော်တွေပါ ။
တန်ဖိုးရှိလွန်းလို့ ၊ ကြည်ညိုလွန်းလို့ ၊ အလောင်းတော်ဘ၀နဲ့ရော ၊ သဗ္ဗညုဘုရား အဖြစ်နဲ့ရောပေါ့ ။ ဗုဒ္ဓ မြတ်စွာ
တည်ထောင်ခဲ့တဲ့ သာသနာ ၊ ဗုဒ္ဓသာသနာ ကိုရောပါ ။
ယခုအခါ မှာတော့ သာသနာနှစ် ယုတ်လျော့လာတာနဲ့ အညီ ၊ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘာသာရေးကြည်ညိုမှု
အားနဲလာကြတယ် ။ ယုတ်လျော့လာကြတယ်ပေါ့ ။ သာသနာရဲ့အသက်ဟာ သုံးပုံအာဂုံဆောင် ရဟန်းတော်တွေပါ ။
ရဟန်းတော်တွေရဲ့ အသက်ဟာလဲ ၀ိနည်းတော်တွေပါ ။ ဗုဒ္ဓဘာသာဝင်တွေအဖို့ကတော့ စည်းကမ်းပေါ့ ။ ၀ိနည်း ၊
စည်းကမ်းတွေ အားနဲလာလေ သာသနာ ယုတ်လျော့လေဘဲပေါ့ ။ ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုရမဲ့ အချက်ပါ ။
ဒါကြောင့် ဗုဒ္ဓသာသနာ ပိုမို ထွန်းပြောင် ၊ တည်တံ့ စေခြင်းအလို့ဌာ တချိန်က ကမ္ဘာ က လေးစားလောက်အောင်
အသိအမှတ်ပြုကြတဲ့ ၊ ချီးမွမ်းထောပနာပြုကြတဲ့ မန္တလေးမြို့ မဟာဂန္တရုံကျောင်းတိုက် နဲ့ ကျောင်းတိုက်အား စည်းစနစ်
တကျ ၊ ကမ္ဘာ့ မျက်စိကျလောက်အောင် တည်ထောင်ခဲ့တဲ့ အမရပူရ မဟာဂန္တာရုံဆရာတော် အရှင်ဇနကာဘိဝံသကို
ပူဇော်လျက် ဆရာတော်ဘုရားရဲ့ချမှတ်ထားတဲ့ စည်းကမ်းဝိသေသများကို ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်များ အထူး ပူဇော် ၊
လိုက်နာ ကျင့်သုံးနိုင်ရန် အလို့ဌာ ဤစည်းကမ်းဝိသေသ ( ၁၀ ) ချက်ကို ပူဇော် ရေးသား တင်ပြလိုက်ရပါတော့တယ် ။
( ၁ )းးး စိတ်ကောင်းရှိဖို့က ပထမ
ရှောင်ရန်စိတ်ထားများ
( က ) အကြီးက အငယ်ကိုနိုင် ၊ အငယ်က အကြီးကို မရိုသေ ဆိုတဲ့ စိတ်မျိုး ၊
( ခ ) ကိုယ့်ထက်သာသူကို မနာလိုတဲ့ စိတ်မျိုး ၊
( ဂ ) ဥာဏ် ၊ ၀ီရိယကောင်းသူကို တိုးတက်မှာစိုးတဲ့ စိတ်မျိုး ၊
( ဃ ) အလွန်သိသာ ထင်ရှားတဲ့ တဏှာရာဂ စိတ်မျိုး ၊
( င ) ဂုဏ် နဲ့ လာဘ်ကို အလွန် လိုလားတဲ့ လောဘ စိတ်မျိုး ၊
( စ ) ပြင်းထန်တဲ့ ဒေါသ စိတ်မျိုး ၊
( ဆ ) ပြင်းထန်တဲ့ မာန်မာန စိတ်မျိုး ... စတဲ့ စိတ်ယုတ်မာတွေပါ ။
လိုက်နာကျင့်သုံးအပ်တဲ့ စိတ်ထားများ
( က ) ဆရာပီပီ ၊ တပည့်ပီပီ ရိုသေ လေးစားတဲ့ မေတ္တာစိတ်မျိုး ၊
( ခ ) သူတပါး ပညာတတ်သည် ။ ချမ်းသာကြွယ်ဝလာစေသည် ( လာဘ်ပေါသည် ) ကို ၀မ်းမြောက်တဲ့
မုဒိတာစိတ်မျိုး ၊
( ဂ ) ဘုရား ၊ ဘာသာ ၊ သာသနာ ၊ ကြီးသူတို့ရဲ့ ဝေယျာဝစ္စ ကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်မျိုး ၊
( ဃ ) သဒ္ဓါ တရားကောင်းတဲ့ စိတ်မျိုး ၊
( င ) ပျော့ပြောင်းနူးညံ့တဲ့ စိတ်မျိုး ၊
( စ ) အပါယ်လေးပါး ကြောက်တဲ့ စိတ်မျိုး ၊
( ဆ ) မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတဲ့ စိတ်မျိုး ...စတဲ့ စိတ်သူတော်လေးတွေပါ ။
( ၂ )းးး စည်းကမ်း လေးစားဖို့က ဒုတိယ
ရဟန်းသာမဏေ မှန်လျှင် ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာတော်ကို လိုက်နာမှာသာ အပယ်လေးပါးက လွတ်ပြီး ၊
သာသနာတော် မကွယ်အောင်လဲ စောင့်ရှောက်နိုင်မှာပါ ။ သာသနာတော် တာရှည်တည်တံ့ဖို့ ဖြစ်တဲ့ အသက်ဟာ
ဝိနည်း သာဖြစ်ပါတယ် ။
ထို့အတူ တိုင်းပြည်တစ်ပြည် ၊ မြို့တစ်မြို့ ၊ အိမ်ထောင်တစ်စု ၊ ပုဂ္ဂိုလ် တစ်ဦးစီမှာလဲ စည်းကမ်းဟာ
အသက်ပါဘဲ ။ စည်းကမ်းရှိမှ ၊ လူ့ကျင့်ဝတ် လေးစားမှ အရာရာ တည်တံ့ခိုင်မြဲပြီး ပျက်သုဉ်းခြင်း ကင်းဝေးမှာပါ ။
( ၃ )းးး ကျန်းမာဖို့က တတိယ
စိတ်ကောင်းရှိရုံ ၊ စည်းကမ်းလေးစားရုံနဲ့ မပြီးပါဘူး ။ ထိုနှစ်ပါးညီညွှတ်ပြီး ကျန်းမာနေဖို့ကလဲ အရေးကြီး
ပါတယ် ။ နာမကျန်းဖြစ်နေရင် ဘာကိုမှ မလုပ်နိုင်တော့ပါဘူး ။
( ၄ )းးး သန့်ရှင်းဖို့က စတုတ္ထ
မကျန်းမာရတဲ့ အကြောင်းတွေထဲမှာ မသန့်ရှင်းမှုကလဲ အကြောင်းတစ်ခုပါဘဲ ။ဥတုနဲ့ လျော်ညီအောင်
ရေမှန်မှန် ချိုးလို့ ၊ တကိုယ်ရေ သန့်ရှင်းစေပြီး ၊ အ၀တ် ၊ အခန်း ၊ အိမ်ကျောင်း ပတ်ဝန်းကျင် ကိုသန်ရှင်း
စေရပါမယ် ။ မိမိနေရာ တစ်ခုလုံး ၊ ခန္တာ တစ်ခုလုံး သင်းပြန့် မွှေးကြိုင်စေပြီး၊ လုပ်ရည် ကိုင်ရည်လဲ တိုးလာမှာ
ဖြစ်ပါတယ် ။
များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့ သန့်ရှင်းအောင် မကြိုးစားကြတာပါ ။
( ၅ )းးး အ၀တ်နဲ့အစားတတ်ဖို့က ပဉ္စမ
ရဟန်းတော်များအနေနဲ့ သင်္ကန်းကို “ ရဟန္တာများရဲ့ တံခွန်အောင်လံ ” လို့ခေါ်ပါတယ် ။
မတို မရှည် ၊ ညီညီ ၀တ်တတ်ဖို့ လိုပါတယ် ။ အရောင်ရင့်ရင့် ဆိုးတဲ့သင်္ကန်းကို သိက္ခာပုဒ်တော်များနဲ့ အညီ
ဝတ်တတ်ဖို့နဲ့ စည်းကမ်းတကျ အသံ တိတ်တိတ်ဆိတ် ဆွမ်းစား တတ်ဖို့လိုပါတယ် ။
လူပုဂ္ဂိုလ်များ အဖို့လဲ အ၀တ်ကို သူ့နေရာနဲ့သူ ၊ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ၀တ်တတ်ဖို့လိုပါတယ် ။
ဥတုနဲ့ လျော်ညီအောင် စနစ်တကျ စားတတ်ဖို့လိုပါတယ် ။
( ၆ )းးး အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
အသင်အပြ မရှိရင် ၀ါကြီးသူ ။ ကိုယ့်ထက်ကြီးသူ ၊ ဆရာသမားတို့ရဲ့ အနီးမှာ လေးလေးစားစား နေနည်း ၊
ထိုင်နည်း မသိကြပါဘူး ။ မရကြပါဘူး ။ လက်ဦးဆရာ မိဘမှ အစပြုပြီး ဆရာသမားကောင်းတွေ လိုပါတယ် ။
( ၇ )းးး အပြောအဆိုတတ်ဖို့က သတ္တမ
ရဟန်းတော်များ အနေနဲ့ ယခုအခါမှာ လူလူချင်းပြောကြသလို “ မင်းနဲ့ ငါနဲ့ ” ဆိုတာတွေ ပြည့်လျှံလို့
နေပါပြီ ။ရှောင်ကျဉ်ရပါမယ် ။ “တပည့်တော် ၊ အရှင်ဘုရား ၊ ကိုရင် ၊ ဦးဇင်း ၊ ဘုန်းကြီး ” စသဖြင့် ၀ါစဉ်အရ
ယဉ်ယဉ်ကျေးကျေး သုံးရပါမယ် ။
လူပုဂ္ဂိုလ်များအနေနဲ့လဲ “ဟေ့ကောင် ၊ ဟိုကောင် ၊ ဒီကောင် ၊ မင်း ငါ” စတာတွေ အစား “ ဘကြီး ၊ ဦးကြီး ၊
အကိုကြီး ။ ညီလေး ၊ အဒေါ်ကြီး ၊ အဒေါ် ၊ အမကြီး ၊ ညီမလေး ” စသဖြင့် ယဉ်ကျေး ချစ်ခင် နှစ်လိုဖွယ်
ပြောဆိုတတ်ရပါမယ် ။
( ၈ )းးး အသွားအလာတတ်ဖို့က အဋ္ဌမ
ယခုအခါ ရဟန်းတော်တွေ ဆွမ်းခံကြွရာမှာ တစ်ပါးနဲ့ တစ်ပါး ရင်ဘောင်တန်းလို့ ၊ စကားတွေပြောလို့ ၊
မျက်စိက ကျီးကန်းတောင်းမှောက်နဲ့ ကိုယ်အမူအယာတွေကလဲ လှုပ်ခါရမ်းပြီး အတော့ကို ကြည့်ရ ရုပ်ဆိုး
နေပါပြီ ။ ကျမ်းစာများနဲ့အညီ ဘုရားရှင် မြို့ထဲ ကြွသည့် အလား ရှေ့နောက်တန်းလို့ ၊ သေသေသပ်သပ်
ဝတ်လို့ ၊ တည်တည်ငြိမ်ငြိမ် စက္ခုကို ချလို့ သိက္ခာရှိရှိ ၊ လူရှင် ရိုသေအောင် သွားလာတတ်ရပါမယ် ။
လူပုဂ္ဂိုလ်များအဖို့လဲ ရဟန်း ၊ သာမဏေ ၊ လူကြီးသူမက အစ ကိုယ့်ထက်ဝါကြီးသူများ အနီးမှာ
သော်၎င်း ၊ အဝေးမှာသော်၎င်း ရိုရိုသေသေ ၊ တည်တည်ငြိမ်ငြိမ် ၊ ရှပ်တီးရှပ်ပြာ မနေဘဲ သွားလာသင့်ပါတယ် ။
( ၉ )းးး စည်းကမ်းလိုက်နာဖို့က န၀မ
စည်းကမ်းတွေ လေးစားရုံနဲ့ မပြီးသေးပါဘူး ။ လိုက်နာ ကျင့်သုံး ကြရပါမယ် ။ ရှေး လူကြီးများ ၊
ဆရာသမားများရဲ့ ကောင်းတဲ့ စည်းကမ်း ထုံးစံ ဥပဒေတွေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ် ။
သူ့စည်း သူ့ကမ်းနဲ့ မလိုက်နာနိုင်ရင် သူ့နေရာမှာ ရေရှည်နေဖို့ မလွယ်ပါဘူး ။ ဒါကြောင့် စည်းကမ်းလိုက်နာ
တတ်ဖို့ကလဲ အရေးကြီးပါတယ် ။
( ၁၀ )းးး စာတတ်ဖို့က ဒသမ
အများ အယူအဆကတော့ စာတတ်ဖို့က ပထမ လို့ယူဆကြဟန်တူပါတယ် ။ ဒါပေမဲ့ စိတ်ကောင်းမရှိဘဲ
စာတတ်လဲ အလကားပါဘဲ ။ စည်းကမ်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ထို့အတူ နာမကျန်းဖြစ်နေရင် ၊
ညစ်တီးညစ်ပတ် ဖြစ်နေရင် ၊ ၀တ်ပုံ စားပုံ မတတ်ရင် ၊ အနေအထိုင် မတတ်ရင် ၊ မပြောအဆို မတတ်ရင် ၊
အသွားအလာ မတတ်ရင် ၊ စာတွေ ဘယ်လောက်တော်တော် အလကားပါဘဲ ။ ကိုယ့်အကျိုး သူ့အကျိုး
ဘာတစ်ခုမှ မပြုနိုင်ပါဘူး ။ စိတ်ကောင်းရှိမှု စသဖြင့် အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်မှာပါ ။
ဒါကြောင့် စာတတ်ဖို့ကို နောက်ဆုံးမှာ ထားတာပါ ။
ကဲ - ဒီလောက်ဆို ဆရာတော်ရဲ့ အတုယူ ၊ လိုက်နာဖွယ် နည်းနာတွေ သိလောက်ပြီ ထင်ပါတယ် ။
ဒါနဲ့ ထပ်ပြောပါဦးမယ် ။ ဆရာတော်ရဲ့ အဆိုအရ “ စာမတတ်လို့ အပါယ်မကျပါဘူး ၊ စိတ်ကောင်းမရှိရင် ၊
ဝိနည်း စည်းကမ်း မလေးစားရင် အပါယ်ကျနိုင်ပါတယ် ။ဒါကြောင့် စာတတ်မှုဟာ စိတ်ကောင်းရှိမှုလောက်
အဖိုးမတန် ၊ အရေးမကြီးပါဘူး ” တဲ့ ။ မှတ်သားဖွယ် အင်မတန် ကောင်းပါတယ် ။
ရဟန်းသာမဏေ ၊ သူတော်စင် အပေါင်းနဲ့ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်အပေါင်းတို့ လေးသင်္ချေနဲ့
ကမ္ဘာ တစ်သိန်း ပါရမီ အဟုန်နဲ့ နောက်ဆုံးဘ၀မှာ အကောင်းတကာ့ ကောင်းဆုံး စင်္ကြာ ထိုက်လောက်တဲ့
လောကစည်းစိမ်ကို စွန့်ပြီး ၊ ဒုက္ခ ခံ ၊ အပင်ပန်း အဆင်းရဲခံ ခဲ့ပြီး ၊ လူတွေရဲ့ အကျိုး သတ္တ၀ါတွေရဲ့အကျိုး
( ၄၅ ) ၀ါ တိုင်တိုင် မနားမနေ ကြိုးစားအားထုတ်ခဲ့တဲ့ တည်ထောင်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဒသာသနာကို အရှည်
တည်တံ့ ပြန့်ပွား နိုင်စေရန်၊ စွမ်းစွမ်းတမံ ရွက်ဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတော့
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ .... ။
နှမြောစေနှဲခြင်း (မစ္ဆရိယ) ငါးမျိုး
၁ - မိမိအိမ်၊ နေရာ၊ ထိုင်ခင်းတို့အပေါ်တွင် မည်သည့်သူမှ မလာစေချင်၊ မနေစေချင်ခြင်း။
(အာ၀ါသမစ ၦရိယ)
၂ - မိမိအဆွေအမျိုး ၊ အပေါင်းသင်းမိတ်ဆွေတို့ကို အခြားသူများဆီ ပိုမိုခင်တွယ်ရင်းနှီး
သွားမှာကို မလိုလားခြင်း ၊ စိုးရိမ်ခြင်း။
(ကုလမစ ၦရိယ )
၃ - အခြားသူများ ပညာ၊ ဥစ္စာ ၊ ကုသိုလ် တို့ မရစေလိုခြင်း။
( လာဘမစ ၦရိယ )
၎ - အခြားသူတို့၏ ရုပ်ရည်အဆင်းတင့်တယ်ခြင်း နှင့် ဂုဏ်အရည်အချင်းတို့ကို မပြောနိုင်၊
မချီးမွမ်းနိုင်ခြင်း။
( ၀ဏၰမစ ၦရိယ)
၅ - ကောင်းမြတ်သော သူတော်ကောင်းတရားတို့ကို တတ်သိ၊ နားလည် ရရှိသွားမည်ကို
မသိစေလိုခြင်း၊ မတတ်စေလိုခြင်း။
( ဓမၼမစ ၦရိယ )
- ဗုဒ္ဓဘာသာဝင်ကောင်းတို့သည် အထက်ပါ မစ္ဆရိယငါးမျိုးကို မိမိတို့သဏ္ဍန်၌ ကိန်းအောင်း
မူမရှိအောင် ကြိုးစားအားထုတ်၍ လက်ရှိအခြေအနေထက် စိတ်ဓာတ်အရည်သွေးတိုးတက်
မွန်မြတ်ကာ အဆင့်အတန်းမြင့်သော စိတ်ဓာတ်ပိုင်ရှင်များဖြစ်အောင် ကြိုးစားနိုင်ရမည်။
ထိုသို့စိတ်ဓာတ်ပိုင်းမွန်မြတ်မ
အခွင့်အရေးကို ရယူနိုင်မည်။ အကယ်၍ နိဗ္ဗာန်မရသေးပဲ ဘ၀ဆက်ရမည့်ဆိုလျှင်လည်း
သံသရာတွေ အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်များဖြစ်ကာ လူဖြစ်လျှင် လူတကာတို့၏
လေးစားရိုသေရသော မြင့်မြတ်သောလူသား၊ နတ်ဖြစ်လျှင် နတ်တကာတို့၏ အထွက်တင်
နတ်ကောင်းနတ်မြတ် ဖြစ်ရမည်မှာ မလွဲပေ။
ဆန္ဒကို သိက္ခာဖြင့် ထိန်းပါသူငယ်ချင်း
ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။
ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။
မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ
အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊
ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။
ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊
အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်
ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို
ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။
လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။
ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို
တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ
ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက
တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။
လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်
လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်
မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ
ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော
မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို
ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ
ခက်ခဲလှပါသည်။
မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။
မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။
စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။
ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။
သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်
အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး
ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။
ယခုဆိုလျှင် အသိတရားမရှိတဲ့ လူတိုင်းသည် ပို၍ပင် သိက္ခာကင်းမဲ့သော လုပ်ရပ်များကို
ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။
လူရဲ့ စိတ်ကတော့ မကောင်းမှု့ မှာပျော်မွေ့ တတ်ပါသည်။
ငါ့ကလူပဲ..သူတော်ကောင်းမှမဟုတ်
တစ်ရက်ကိုမကောင်းတာ(၂)မျိုးလုပ်
ဘုရားဟောသော...
အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း
များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို
မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု
ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော
ဆန္ဒများကို သိက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။
ဝဋ်သုံးပါးလည်ပုံ
နိဿရဏဋ္ဌောဆိုတာ ၀ဋ် သုံးပါး ကျွတ်လွတ်တဲ့ အနက်သဘော။ ဒီ ၀ဋ်သုံးပါးမှ ကျွတ်လွတ်ရာဌာနကို နိရောဓသစ္စာ(နိဗ္ဗာန်)လို့ ခေါ်တယ်။ ၀ဋ်လည်တာသိမှ ၀ဋ်ကျွတ်ချင်မှာ ဖြစ်သောကြောင့် ၀ဋ်လည်နေတာကို ရှေးဦးစွာဟောပြောရမယ်။
အ၀ိဇ္ဇာနဲ့ တဏှာကို ကိလေသ၀ဋ်လို့ ခေါ်တယ်။ ကုသိုလ်ကံနဲ့ အကုသိုလ်ကံကို ကမ္မ၀ဋ်လို့ခေါ်တယ်။ ၀ိပါက၀ဋ်ဆိုတာကတော့ ရုပ်နာမ်ခန္ဓာလို့ မှတ်ထားပေါ့။ ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်တယ်။ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်တယ်။ ပါဠိလို ၀ဋ္ဋ၊ မြန်မာလို ၀ဋ်ဆိုတာ လုံးနေတာ၊ လည်နေတာ၊ ၀ိုင်းနေတာကို ခေါ်တယ်။ (၁) ကိလေသ၀ဋ်က (၂) ကမ္မ၀ဋ်ဖြစ်။ (၂) ကမ္မ၀ဋ်က (၃) ၀ိပါက၀ဋ်ဖြစ်တယ်။ အခု ခင်ဗျားတို့က ၀ိပါက၀ဋ်ထဲမှာ ရောက်နေတယ်။ တစ်ဖန် ၀ိပါက၀ဋ်ထဲကနေပြီး ကိလေသ၀ဋ်ပြန်သွားဦးမယ်ဆိုရင် ကမ္မ၀ဋ်လာတော့မှာဘဲ။ ကမ္မ၀ဋ်ဖြစ်ရင် နောက်ဘ၀ဆိုတဲ့ ၀ိပါက၀ဋ်ထဲ ရောက်ဦးမှာပဲ။ ဒီတော့ သြော် ...... ၀ဋ်ဆိုတာ ဒီလိုလည်တာကို ဆိုတာပဲ။ ခြေမပါ လက်မပါတာကို ဆိုတာမဟုတ်ဘူး။ အခု ငါတို့ ၀ိပါက၀ဋ်ထဲ ရောက်နေပါလားလို့ သိထားရမယ်။ အခု ခင်ဗျားတို့ လူဖြစ်နေတာဟာ ကံကောင်းလို့ လူဖြစ်နေတာ မဟုတ်ဘူး။ ဒါ ၀ဋ်သင့်နေတာ။ ခင်ဗျားတို့က လူဟာ ၀ဋ်ကောင်ဆိုတာကို မရိပ်မိသေးဘူး။ ခင်ဗျားတို့ အခုနေတဲ့ ရုပ်နာမ်ခန္ဓာဟာ သစ္စာနဲ့ ဖွဲ့ကြည့်တော့ ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒုက္ခ၀ဋ် မကျွတ်သေးဘူးပေါ့။ နောက်က ကိလေသ၀ဋ် ကမ္မ၀ဋ်တို့က ပြုပြင်စီမံလိုက်တဲ့ ဒီရုပ်နာမ်ခန္ဓာကြီးထဲမှာ အို-နာ-သေတွေပါနေတယ်။ ပါနေတော့ ဒုက္ခသစ္စာလည်း ဟုတ်တယ်။ အသုဘကောင်ကြီးလည်းဟုတ်တယ်။ ဒီတော့ ဒီ “အို-နာ-သေ ရုပ်နာမ်ခန္ဓာကြီး၊ အသုဘခန္ဓာကြီးကို ခင်ဗျားတို့ ဘယ်သွားသွား ထမ်းသွားနေရတော့ ဒါဝဋ်ကြီးလိုက်နေတာ။ ဒီ ရုပ်နာမ်ခန္ဓာဝန်ကြီးကို ထမ်းထမ်းသွားနေရတော့ ခင်ဗျားတို့ဟာ ၀န်ထမ်းသမားသက်သက်ပဲ။ ဒီဝန်ကြီးကို မချနိုင်သေးဘူး။ ဒီခန္ဓာကြီးကို အခုလဲ ထမ်းကောင်းတုန်းပဲ။ နောင်လဲ တောင်ဝှေးထောက်ပြီး ထမ်းရဦးမှာပဲ။ နောက် ....လေးဘက်ထောက်သွားပြီးတော့လဲ ထမ်းရဦးမှာပဲ။ ဒီလို အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာကြီးကို သွားလေရာထမ်းသွားနေရာတာဟာ အရိယာမျက်လုံး၊ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ကြည့်ရင် ၀ဋ်ကောင်ကြီးအစစ်ပဲဆိုတာ မြင်ရတာပဲ။”
ခင်ဗျားတို့က “ခွေးနာ လည်ပတ်ကြီး” မြင်မှ “၀ဋ်ခွေးကြီး”လို့ထင်တယ်။ ခြေမပါ၊ လက်မပါ၊ မျက်စိတစ်ဖက်မပါ နူနာကျိုးကန်းတွေမြင်မှ ၀ဋ်ကောင်လို့ထင်နေတယ်။ မဟုတ်ဘူး။ ခင်ဗျားတို့လည်း ၀ဋ်ကောင်ပဲ။ ၀ဋ်ကောင်မှ ၀ဋ်ကောင်အစစ်။ အခု ခင်ဗျားတို့ ၀ိပါက၀ဋ်ထဲရောက်နေတော့ ခင်ဗျားတို့ခန္ဓာကြီးဟာ ၉၆-ပါး ရောဂါဝေဒနာတွေ လာပြန်ရင်လဲ ဒီခန္ဓာကြီးက အကုန်လက်ခံရတယ်။ ဒီ ခန္ဓာကြီးထဲမှာ ဘယ်တော့မှ အနာရောဂါမကင်းဘူး။ ထမင်းဆာတဲ့ရောဂါ၊ ရေဆာတဲ့ရောဂါ၊ ကျင်ကြီး ကျင်ငယ်စွန့်ရတဲ့ရောဂါ၊ အအေးဒဏ်အပူဒဏ်ခံရတဲ့ရောဂါ စသည်ဖြင့် အနာရောဂါတွေဟာ ခန္ဓာကိုယ်ထဲမှာ တစ်ပုံကြီးရှိတယ်။
ဒီခန္ဓာဝဋ်ကြီးရထားတော့ ဘယ်နေရာမှ စိတ်တိုင်းကျ ကိုယ်တိုင်းကျ နေလို့ရသတုံး၊ မရဘူး။ ညောင်းညာကိုက်ခဲစတဲ့ရောဂါတွေနဲ့
ဒီခန္ဓာကြီး ရထားတဲ့ပုဂ္ဂိုလ်ဟူသရွေ့ ၀ဋ်ကောင်ကြီးပဲလို့ ဆုံးဖြတ်။
ခင်ဗျားတို့ အခု ၀ဋ်ထဲရောက်နေတယ်။ ၀ိပါက၀ဋ်ထဲရောက်နေတယ်။ ဒီ ၀ဋ်က ဘယ်တော့မှ ကျွတ်မှာတုံးဆိုတော့ဟောဒီ အ၀ိဇ္ဇာ တဏှာဆိုတဲ့ ကိလေသ၀ဋ်ကို ဖြတ်နိုင်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရသေးသရွေ့ ဒီဝဋ်က ဘယ်တော့မှ မကျွတ်ဘူး။ ကိလေသ၀ဋ် မချုပ်သေးသရွေ့ ကမ္မ၀ဋ်ဆက်ဖြစ်နေမှာပဲ။ ကမ္မ၀ဋ်မပြတ်သရွေ့ ၀ိပါက၀ဋ်ကတော့ဆက်ဖြစ်နေမှာပဲ။ ဒီတော့ ခင်ဗျားတို့မှာ ကံကစီမံသလိုခံရတော့ ရောဂါမျိုးစုံပေါက်လာပြီး “ကံနာဝဋ်နာ” သင့်နေတာပဲ။
ကိလေသာစီမံသလိုလဲ ခံနေရတယ်။ အင်း ...... အ၀ိဇ္ဇာ တဏှာဆိုတဲ့ ကိလေသာကခိုင်းလိုက် စီမံလိုက်ပြန်ရင်လဲ၊ ဒီရုပ်နာမ်ခန္ဓာကြီးဟာ မသွားမလာပဲ နေလို့မရဘူး။ မငြင်းဆန်ရဲဘူး။ ကိလေသာ စေခိုင်းရာလုပ်ရတယ်။ လုပ်ရတော့ သူဟာ“ကျွန်ဝဋ်ကောင်”ပဲ။ ဒီ ၀ဋ်သုံးပါး တစ်ပါးပါးက စီမံလိုက်တော့ ခံရတာပဲ။ ဒါဖြင့် ကျွန်ဝဋ်ကောင်ပေါ့။ ၀ဋ်ကျွတ်ကြောင်းတရားက
မရသေးတော့ ၀ဋ်မကျွတ်သေးဘူးပေါ့။ အခု ကိုယ့်အဖြစ်ကိုယ် သိပြီလား။
ဒီတော့ ကိလေသ၀ဋ်မချုပ်သရွေ့၊ ကမ္မ၀ဋ်မချုပ်သရွေ့ ၀ိပါက၀ဋ်(အကျိုးပေးဝဋ်)တော့ ခံရမှာပဲ။ ဒါဖြင့်
ကိလေသ၀ဋ်ဖြတ်မှပဲ။ ဒါဖြတ်မှ ကမ္မ၀ဋ်ပြတ်မယ်။ ကမ္မ၀ဋ်ပြတ်မှ ဒီ ၀ိပါက၀ဋ်က ကျွတ်မှာ။ အခု
ဝိပါက၀ဋ်ထဲရောက်နေတုန်းမှာ ဒီ ကိလေသ၀ဋ်ပြန်ပေါက်ရင် နောက် ဒီ ၀ိပါက၀ဋ်ကြီးမျိုး ပြန်ရဦးမှာပဲ။ အခုခင်ဗျားတို့မှာအ၀ိဇ္ဇာတဏှာဆို
တဏှာက ကပ်ပါလာတယ်။ ဒီ အ၀ိဇ္ဇာတဏှာက ကိလေသ၀ဋ်ပေါက်ပွားတော့ ကာယကံ ၀စီကံ မနောကံနဲ့ ကြိုးစားလိုက်ရင် ဒါကမ္မ၀ဋ် လာပြီပေါ့။ ကမ္မ၀ဋ်ဖြစ်တော့ ဒီမှာ စုတိမနေသေလွန်ရင် ၀ိပါက၀ဋ်ဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီး ပေါ်မယ်။ အခုတစ်ပါတ်ရပြီမဟုတ်လား။
အခု ခင်ဗျားတို့ ၀ိပါက၀ဋ်ထဲမှာ ရောက်နေကြတယ်။ ဒီ ၀ိပါက၀ဋ်ထဲကနေပြီး တခါလူချင်းတူတူ သူချင်းမျှမျှဖြစ်ချင်တာ။ နတ်ချင်းတူတူ နတ်ချင်းမျှမျှ ဖြစ်ချင်တာဆိုတော့ ခုနက ကံတွေလုပ်တယ်။ ဒီ ခန္ဓာထဲ ပေါက်ပွားလာတဲအ၀ိဇ္ဇာတဏှာက တရားဟောတာနဲ့ဒီကုသိုလ်အကုသိုလ်
ကရွတ်ကင်းလျှောက်သလို၊ တစ်ပတ်ပြီးတစ်ပတ်၊ အပတ်ပေါင်း မရေမတွက်နိုင်အောင် ပြေးနေရတယ်။ ဘယ်တော့ဆုံးမှာတုံး။ မဆုံးဘူး။ ဒါ တသံသရာလုံး နေခဲ့ရတာ။ ဘုရားတောင် အစ ရှာမတွေ့ဘူး။ ဒီလို ၀ိုင်းနေ-လည်နေ (ပတ်ပြေးနေ)တာ လူတစ်ယောက်၏အစရှာမတွေ့နိုင်ဘူး။ ၀ိုင်းနေတာတော့ ကြက်ဥလိုပဲ အစရှာမတွေ့ဘူး။ ဒီ အ၀ိုင်းဇာတ် အခုသတ်ရင်သတ်၊ မသတ်ရင် နောက် ဒီအ၀ိုင်း ဇာတ်သိမ်းဖို့ မမြင်တော့ဘူး။
ကဲ ... ၀ဋ်သုံးပါးကို ကိုယ်တိုင်လည်တတ်ပြီးလား။ ကိုယ်တိုင်လည်တတ်လို့ပဲ မူးနေလောက်ပြီမဟုတ်လား။ ဒီတော့ဒီဘ၀မှာ အလည်ရပ်ဖို့ အလုပ် လုပ်သင့်ပြီပေါ့။ အခုတော့ လည်တဲ့အလုပ်တွေပဲ ကြိုးစားနေကြတယ်။ အခုပဲဝိပါက၀ဋ်မကျွတ်ခင်က ကိလေသ၀ဋ်ကပ်နေပြီ။ ကိုယ့်အဖြစ်ကိုယ်မသိသေးတော့ လူဆိုတာ ဒီလိုလုပ်စားရတယ်။ မလုပ်ရင် ဘယ်လူဖြစ်ပါ့မလဲ။ လူအောက်ကျမှာပေါ့ဆိုပြီး၊ ခင်ဗျားတို့ “အ၀ိဇ္ဇာ”က တရားဟော။ “တဏှာ”က နာသမား။ ဟုတ်ထင်ပါရဲ့ဆိုပြီး ကံတွေလျှောက်လုပ်နေကြတာပဲ။ ကံလုပ်တော့ အကျိုးပေဦးမှာပဲဆိုပြီး လူ့နာမ်ရုပ်ကနေပြီး တိရစ္ဆာန် နာမ်ရုပ်လုပ်လိုက်တယ်။ တိရစ္ဆာန်နာမ်ရုပ်ဖြစ်တော့ တိရစ္ဆာန်အ၀ိဇ္ဇာနဲ့ တိရစ္ဆာန်တဏှာက လာပြန်တာပဲ။ ကိလေသ၀ဋ်ပေါက်ပွားနေပြန်တာပဲ။ ဒီတော့ ခင်ဗျားတို့ဟာ အ၀ိုင်းပြေးရပြီပေါ့။ အ၀ိုင်းပြေးရပေမယ့် ခင်ဗျားတို့ မမူးနိုင် မမိုက်နိုင်သေးဘူး။ ၀ိပါက၀ဋ်ထဲမှာ ကိလေသ၀ဋ် ကမ္မ၀ဋ်တွေ တည်ထောင်ပြန်တယ်။ လည်လက်စမသတ်ချင်လို့ လည်စရှိလည်ချင်လို့ပေါ့။ ဦးခေါင်းပြောင်းချင်တဲ့ သဘောပေါ့။ ဒီဝိပါက၀ဋ်လည်းကျွတ်ပါရော တခါတည်း တိရစ္ဆာန်ခေါင်းပြောင်းပြီးသွား
ဇာတ်တော်ထဲမှာပါတဲ့ ဥပရိမိဖုရားကြီးဟာ သေတော့ နောက်ချေးပိုး သွားဖြစ်တယ်။ နောက်ချေးပိုး ဘ၀ကနေပြီး ကိုယ့်ဟာကိုယ် စဉ်းစားစမ်း၊ တခါထဲ ကျောက်ခဲရေထဲချလိုက်သလို မြှုပ်သွားတာပဲ။ ပြီးတော့ ရှေးတုံးကအမေတစ်ယောက်ဟာသားကလေး
သားကလေးခင်တဲ့ ကိလေသ၀ဋ်ကြောင့် စိုးရိမ်ကြောင့်ကြတဲ့ ကမ္မ၀ဋ်လုပ်လိုက်တော့ ကမ္မ၀ဋ်ရဲ့တန်ခိုးသတ္တိကြောင့်စုေ
အခုခေါင်းနဲ့ပဲတော်ပြီးလား။ မပြောင်းချင်ဘူးတဲ့။ ဒါပေမယ့် ဘုန်းကြီးပြောတဲ့အလုပ်ကို မလုပ်ရင်တော့
မပြောင်းချင်လဲပြောင်းရမှာပဲ။
ဘုရားလက်ထက်က ဦးတိဿကြီးဟာ ဇေတ၀န်ကျောင်းမှာ သူ့သင်္ကန်းကိုစွဲတဲ့ ကိလေသ၀ဋ်ကြောင့်
သူ့သင်္ကန်းမှာ သန်းကြီးသွားဖြစ်တယ်။ ရဟန်းခေါင်းက သန်းခေါင်းသွားဖြစ်တယ်။ ခင်ဗျားတို့ ခေါင်းပေါ်ကသန်းတွေဟာဘယ်ကလာတယ်
သားသမီးခေါင်းပေါ်သွားပြီး ပျော်ရဦးမှာပဲ။ ဒီတော့ ၀ဋ်ကျွတ်အောင်လုပ်ရင်လုပ်။ မလုပ်ရင် ခေါင်းပြောင်းရမှာတော့ သေချာပြီ။ပြုံးပြီးတော့မနေနဲ့ေ
ခွေးကသံယောဇဉ်ရှိလို့ သူသွားတိုင်း နောက်ကလိုက်နေတော့ သူ့မှာ ခွေးမုဆိုးမလို့ အခေါ်ခံရတဲ့အတွက် သူက ခွေးကိုတိတ်တဆိတ်သတ်ပစ်လိုက်တယ်
ကိုယ့်အရူးပျောက်အောင်လုပ်ကြ။ အရူးပျောက်ဖို့ရာ အ၀ိဇ္ဇာနဲ့တဏှာဆိုတဲ့ “ကိလေသာ အရူး”ကို မဂ်ဓားနဲ့ ဖြတ်ကြပေတော့။
မိုးကုတ် ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ
(သစ္စာအနက် ၁၆-ချက်တရားတော်များမှ၊)
သစ္စာအနက် ၁၆-ချက်
ဒုက္ခသစ္စာ၏အနက် ၄-ချက်
ဒုက္ခဿ=ဒုက္ခသစ္စာ၏
(၁) ပီဠနဋ္ဌော = သတ္တ၀ါကို ညှာတာမဖက် အမြဲနှိပ်စက်တတ်သည့် သဘောလည်းကောင်း၊
(၂) သင်္ခတဋ္ဌော = အဖန်ဖန်ပြုပြင် ထူထောင်တတ်သည့်သဘော (၀ါ) တဏှာယောက်ျားလက်သမား၏
ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေသည့် သဘောလည်းကောင်း၊
(၃) သန္တာပဋ္ဌော = သတ္တ၀ါကို အမြဲတစေ ပူလောင်စေတတ်သည့် သဘောလည်းကောင်း၊
(၄) ၀ိပရိနာမဋ္ဌော = ခန္ဓာငါးပါး၏ အမြဲမပြတ်ဖေါက်ပြန်ပျက်စီးတတ်
သမုဒယသစ္စာ၏အနက် ၄-ချက်
သမုဒယဿ= သမုဒယသစ္စာ၏
(၁) အာယူဟနဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို စုဆောင်းဆည်းပူးတတ်သည့် သဘောလည်းကောင်း၊
(၂) နိဒါနဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို တရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သည့် သဘောလည်းကောင်း၊
(၃) သံယောဂဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေနှင့် အမြဲယှဉ်တွဲ ဖွဲ့နှောင်တတ်သည့် သဘောလည်းကောင်း၊
(၄) ပလိဗောဓဋ္ဌော = ဒုက္ခလက်မှ မလွတ်ရအောင် နှောင့်ယှက်တားမြစ်တတ်သည့် သဘောလည်းကောင်း။
နိရောဓသစ္စာ၏အနက် ၄-ချက်
နိရောဓဿ = နိရောဓသစ္စာ၏
(၁) နိဿရဏဋ္ဌော = ဒုက္ခ၀ဋ်မှ ၀ဋ်သုံးပါးမှ ကျွတ်လွတ်သည့် သဘောလည်းကောင်း၊
(၂) ၀ိဝေကဋ္ဌော = ရုပ်နာမ်တို့၏ နှောက်ယှက်ခြင်း၊ ရှုပ်ယှက်ခတ်ခြင်းမှ ကင်း ဆိတ်ခြင်း သဘောလည်းကောင်း၊
(၃) အသင်္ခတဋ္ဌော = အကြောင်းတရားတို့က မပြုပြင်ရပဲ ပကတိအားဖြင့် ခိုင်ခန့်တည်မြဲသည့် သဘောလည်းကောင်း၊
(၄) အမတဋ္ဌော = မအိုမနာမသေ အမြဲတည်နေသည့် သဘောလည်းကောင်း၊
မဂ္ဂသစ္စာ၏အနက် ၄-ချက်
မဂ္ဂဿ= မဂ္ဂသစ္စာ၏
(၁) နိယျာနဋ္ဌော = ၀ဋ်သုံးပါးမှ ထွက်မြောက်ကြောင်း(၀ါ) ထုတ်ဆောင်တတ်သည့် သဘောလည်းကောင်း၊
(၂) ဟေတွဋ္ဌော = နိဗ္ဗာန်သို့မကွေ့မထောင့် ဖြောင့်ဖြောင့်သွားတတ်သည့် သဘောလည်းကောင်း၊
(၃) ဒဿနဋ္ဌော = အနမတဂ္ဂသံသရာက တခါမှမမြင်ဘူးသည့် နိဗ္ဗာန်ကြီးကို ထင်လင်းစွာ မြင်စွမ်းနိုင်သည့်
သဘောလည်းကောင်း၊
(၄) အဓိပတေယျဋ္ဌော = မိမိကိုယ်ကို မိမိအစိုးရသည့်အဖြစ်သို့ ရောက်ကြောင်း သဘောလည်းကောင်း။
မိုးကုတ် ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ
(သစ္စာအနက် ၁၆-ချက်တရားတော်များမှ၊)
"လောကီဂြိုလ်အကြောင်း သိကောင်းစရာ
လောကီဂြိုလ်တို့၏ (အမည်၊ အသက်၊ အမျိုး၊ အရပ်မျက်နှာ၊ မူလအရပ်၊ အရောင်၊ အစိုးရသောနတ်)၁။ တနင်္ဂနွေဂြိုလ် (ဂဠုန်၊ ၆နှစ်၊ ယိုးဒယား၊ အရှေ့မြောက်ထောင့်၊ အရှေ့၊ အနီ၊ မီးနတ်)
၂။ တနင်္လာဂြိုလ် (ကျား၊ ၁၅နှစ်၊ ရှမ်း၊ အရှေ့၊ အနောက်မြောက်ထောင့်၊ အဖြူ၊ ရေနတ်)
၃။ အင်္ဂါဂြိုလ် (ခြင်္သေ့၊ ၈နှစ်၊ တလိုင်း၊ အရှေ့တောင်ထောင့်၊ တောင်၊ အနီ၊ ကတ္ထိကေယျနတ်)
၎။ ဗုဒ္ဂ္ဓဟူးဂြိုလ် (စွယ်စုံဆင်၊ ၁၇နှစ်၊ ကဒူး၊ တောင်၊ မြောက်၊ အစိမ်း၊ ဗိသနိုးနတ်)
၅။ ကြာသပတေးဂြိုလ် (ကြွက်၊ ၁၉နှစ်၊ မြန်မာ၊ အနောက်၊ အရှေ့မြောက်ထောင့်၊ အ၀ါ၊ သိကြားနတ်)
၆။ သောကြာဂြိုလ် (ပူး၊ ၂၁နှစ်၊ သက်၊ မြောက်၊ အရှေ့တောင်ထောင့်၊ အပြောက်အကျား၊ သူဇာနတ်)
၇။ စနေဂြိုလ် (နဂါး၊ ၁၀နှစ်၊ ကုလား၊ အနောက်တောင်ထောင့်၊ အနောက်၊ အနက်၊ ဗြဟ္မာနတ်)
၈။ ရာဟုဂြိုလ် (ဟိုင်းဆင်၊ ၁၂နှစ်၊ တရုတ်၊ အနောက်မြောက်ထောင့်၊ အနောက်တောင်ထောင့်၊ အကြောင်၊ မြေနတ်)
Slip Knot admin@meepyatite.org | ................မှပေးပိုပါသည် |