
နားအူခြင်းအားသက်သာစေရန် ရည်ရွယ်ပြီး ကုသပုံပေါ်ပါတယ် ။ နားထဲကို မတော် မီးကူးသွားမှဖြင့် မတွေး ၀ံ့စရာ ။
ကမ္ဘာတ၀ှမ်းမှ ထူးထူးခြားခြား ရောဂါ ကုသနည်းတွေကို ဆင်ဟွာ သတင်းဌာနကနေ စုစည်းတင် ဆက်ပေး လိုက်ပြန်ပါပြီ ။ ကဲ ကျွန်တော်တို့ ဆက်ပြီး လေ့လာကြည့်ရအောင်လား ။

ဒါကတော့ ခန္ဓာကိုယ်တွင်း အပူငြိမ်းဖို့ ရွှံ့ မံတဲ့ ကုသနည်းလို့သိရပါတယ် ။ ကင်ဆာရောဂါနဲ့တကွ ကိုယ်တွင်း ကလီ စာ ရောဂါတွေ သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။

နားနောက်အုံမှာ ပြည်တည်ယောင်ယမ်းခြင်းတွေကို စုပ်ယူဖို့ ဒီပျားငယ်လေးကို အသုံးပြုပါတယ် ။ ရိုးရာကု သနည်း တစ်ခုပါပဲ ။ နားထုံခြင်းနဲ့ နားလေးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။

ဖန်ခွက်လုံးလေးထဲမှာလေဟာနယ်ဖြစ်အောင်လုပ်ပြီး သွေးလည်ပတ်မှု စနစ်ကို ပိုကောင်းအောင်လုပ်တဲ့ သဘော ပါ ပဲ ။ နာလိုက်မယ့်ဖြစ်ခြင်း ။

ဒါကလည်း ရွံ့ မံတဲ့ ကုသနည်းတစ်ခုပါပဲ ။

ဘာတွေ ကျွေးနေတာလဲတော့မသိပါဘူး ။ သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ပုံရတယ် ။

အိုး ငါးသေးသေးလေး ကို အရှင်စားတာထင်ပါတယ် ။

ရိုးရာ အပ်စိုက်ကုသနည်းနဲ့ဆင်တူပါတယ် ။ မတူတာကတော့ အပ်စိုက်တာအပြင် အပူငွေ့ပါပေးတာပါ ။ အပ်က ပူနေတဲ့ သဘောပေါ့ ။

Cervical လည်ပင်းရိုးကို ကုသတဲ့နည်းတစ်ခုပါပဲ ။ အနောက်တိုင်း Jaw Lifting နဲ့ဆင်တူပါတယ် ။

ဒါကတော့ သဲမြေမြှုပ်ကုသနည်းပါ ။ ထူးထူးဆန်းဆန်းတွေပါပဲ ။ မြေကြီးဓါတ်နဲ့ ရောဂါကုသတဲ့အယူအဆတွေပါပဲ ။ ဆက် လက်ဖော်ပြပေးသွားပါဦးမယ် ။ ပုံတွေချည်းပဲ ဖော်ပြထားတာဖြစ်တဲ့ စာတွေက ကျွန်တော့် ထင်မြင်ယူ ဆချက်တွေ သက်သက်ပါ ။
သက်တန့်ချို
1 comments:
ကုထုံးတွေက တကယ်ကိုထူးဆန်းတယ်ဗျာ...:)
Post a Comment