အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 2 April 2012

ဘာကြောင့် မိခင်တွေက သူတို့ရင်သွေးတွေကို နမ်းရသလဲ ?



သန္ဓေသားလောင်း ရင်သွေးငယ်တွေဟာ မိခင်ရဲ့ ရေမွှာရေတွေပြည့်နှက်နေတဲ့ ၀မ်းကြာတိုက်ထဲမှာ ကိုးလ လုံးလုံးနေ ထိုင်ခဲ့ရပါတယ် ။ ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် Immune system ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်းမရှိသေးပါဘူး ။

မီးဖွားပြီးလို့ မိခင်က ရင်သွေးကို ပထမဆုံး နမ်းရှံ့ လိုက်တဲ့အခါမှာ - - - မိခင်မှာ ကလေးငယ်ရဲ့ အရေပြား ကနေတဆင့် ( ညစ်ပေမှု - ရနံ့ - လိုအပ်ချက် ) စတာတွေရဲ့ နမူနာ sample ကိုရရှိသွားပါတယ် ။ အဲဒီအချိန် ကစလို့ မိခင်ရဲ့ ခန္ဓာကိုယ်တွင်းခုခံအားစနစ်မှာ ကလေးငယ်တွေအတွက် သင့်တော်တဲ့ ကလေးငယ်တွေ ကိုတိုက် မယ့်ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ခုခံအားစနစ် Immune system ပေါ်ပေါက် လာရပါတယ် ။

နောက်တစ်ရက်မှာတော့ ရင်သွေးအတွက် လိုအပ်တဲ့ ၊ သင့်တော်တဲ့ ရင်သွေးငယ်ရဲ့ ခုခံအားစနစ်ကို ဖြည့် ဆည်းပေး မယ့် နို့ရည်ကို စတင်ပြီး မိခင်မေတ္တာနဲ့ ထုတ်လုပ်ပါတော့တယ် ။

မိခင်နို့ရည်ဆိုတာ အနမ်းတစ်ပွင့်ကနေစပြီး မိခင်ရဲ့ မေတ္တာတရားတွေနဲ့ပြည့်နှက်နေတဲ့ ကလေးငယ်အတွက် လုံခြုံစိတ် ချကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ခုခံအားစနစ်တစ်ခုဖြစ်ပါတယ် ။

သက်တန့်ချို

0 comments:

Post a Comment