အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 22 August 2011

မိမိတတ်မြောက်ထားတဲ့ ပညာတွေကို ထုတ်သုံးသင့်မှသုံးရန်

 
ရုရှားနိုင်ငံ ဇာဘုရင်လက်ထပ်ကပေါ့ နိုင်ငံရေးဥပဒေပုဒ်မတွေကြောင့် လျှပ်စစ်ကြိုးမိန့်အပေးခဲ့ရတဲ့သူ ၃ဦးရှိခဲ့တယ်တဲ့။
ပထမ တစ်ဦးက ဘုန်းကြီး ၊ ဒုတိယ တစ်ဦးက ရှေ့နေ ၊ တတိယ တစ်ဦးကတော့ လျှပ်စစ် ပညာရှင်( Electronic ) ဆိုပြီး ၃ဦးပေါ့ ။ လျှပ်စစ်ကြိုးမိန့်ဆိုတာက ဓါးကို လျှပ်စစ်ဝါကြိုးတပ်ဆင်ထားပြီးတော့ ခလုပ်နှိပ်တာနဲ့ တရားခံပေါ်ကို ဓါးကျပြီး
သေဒဏ်ပေးတာကို ဆိုလိုတာပါ။
ဥပဒေအရ လျှပ်စစ်ကြိုးမိန့်ဟာ တစ်ကြိမ်သာ ကျခံရမှာဖြစ်တယ်။ ကံကောင်းထောက်မလို့ မသေခဲ့ရင် ကင်းလွတ်ခွင့်ရှိ
တယ်။ပထမဦးဆုံး ဘုန်းကြီးကို  သေဒဏ် စပြီး စီရင်တာပေါ့ ။ဘုန်းကြီးကတော့ ပက်လက်အနေအထားနဲ့နေပြီးတော့ဆု
တောင်းနေတာပေါ့  ဖြစ်ချင်တော့ ခလုပ်နှိပ်တာ ဓါကအောက်ဆုံးထိမကျပဲနဲ့အလည်မှာ ရပ်သွားရော ဘုန်းကြီးလဲ လွတ်
မြောက်သွားတယ်။ ရှေ့နေအလှည့် ရောက်တော့လဲ ဘုန်းကြီးလိုပဲ ပက်လက်အနေအထားနေပြီးတော့ ဆုတောင်းပြန်တာ
ပေါ့ လျှပ်စစ်ဓါးကလဲ အောက်မရောက်ခင်မှာတင် ရပ်သွားတာပေါ့ ဥပဒေအတိုင်း တစ်ကြိမ်သာလုပ်ပိုင်ခွင့် ရှိတာမလို့
ရှေ့နေက လူသတ်စင်ပေါ်ကနေဆင်းလာခွင့်ရတာပေါ့ ဒီလိုနဲ့ ရှေ့နေကလဲ လွတ်မြောက်သွားတယ်။ နောက်ဆုံး လျှပ်စစ်
ပညာရှင်အလှည့်လဲ ရောက်ရော ပက်လက်လှန်တဲ့အနေအထားနဲ့ လျှပ်စစ်ကြိုးမိန့်ပေးတဲ့စက်ကို ကြည့်နေတာပေါ့ ဒါနဲ့
တာဝန်ရှိသူကလဲ ဓါးစက်ခလုတ်ကိုဖွင့်မယ် အလုပ်မှာ လျှပ်စစ်ပညာရှိက "ဟိုးဟိုး ~!!! ခလုတ်မဖွင့်နဲ့ဦး ကြိုးတပ်ထား
တာ အနီနဲ့အနက်မှားနေတယ်ဗျ " ဆိုပြီးပြောတာပေါ့ တာဝန်ရှိသူကလဲ အနီအနက်ကြိုးမှားနေတာကို ပြင်ပြီး ခလုတ်လဲ
ဖွင့်လိုက်ရော ဓါးစက်အောက်မှာ လျှပ်စစ်ပညာရှင်က သေဆုံးသွားတော့တယ်။ ဒီလိုပါပဲ တတ်သည့်ပညာ မနေသာလား
ကိုယ့်အတတ်ကိုဆူးလား? အတတ်ကြူးလို့ ဘီလူးဖြစ်တာလား? တော့မသိပါဘူး ဒီဇာတ်လမ်းလေးကိုဖတ်ပြီးတော့ စာ
ဖတ်သူ ညီအစ်ကို မောင်နှမ တို့လဲ အတတ်မကြူးဖို့ ကိုယ့်အတတ်ကို ကိုယ်မဆူးဖို့ နဲ့ မိမိ တတ်ထားတဲ့ပညာကိုထုတ်သုံး
သင့်မှသုံးပါလို့ မှာကြားရင်း ဒီတစ်ပါတ်အတွက် ဗဟုသုတ စာပေလေးကို ဒီမှာတင်အဆုံးသတ်လိုက်ပါတယ်။
နောက်အပါတ်တွေမှာလဲ ဘယ်လိုဇာတ်လမ်းလေးတွေနဲ့ ဗဟုသုတလေးတွေ နဲ့ ဥပမာပေးမလဲဆိုတာ ကိုစောင့်မျှော်ဖတ်
ရှု့ ကြပါလို့ ကျွန်တော် Devilkalay @ သော်ဇင် က တိုက်တွန်းလိုက်ပါတယ်။
http://devilkalayflashcity.weebly.com/6/post/2011/04/first-post.html

0 comments:

Post a Comment