အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 19 August 2011

အမေ နဲ့ နိုင်ငံ့ အရေး "

" အမေ နဲ့ နိုင်ငံ့ အရေး "

အမေ က
သားကို ဘွဲ့ နှစ်ခု သုံးခု ရ
ပညာတတ်အရာရှိကြီးတစ်ယောက်
ဖြစ်စေချင်သတဲ့လား
အဲ့ဒီဘွဲ့နှစ်ခု သုံးခုရ
ပညာတတ်အရာရှိဘ၀ က
မှန်တာပြောမရဘူးအမေ
အမေ့သားက မတရားမှု့တွန်းလှန်
ပြည်သူ့ဘက်သားအမှန်ဘ၀ပဲလိုချင်တာ
အမေ ပြောတဲ့
ကုလားထိုင် ရမရ ကိစ္စတော့မပါဘူးပေါ့
ဟဲ့ အရူးလို့ အမေငေါက်
ခေါင်းကိုခေါက်ရင်လည်း
ပြုံးပြုံးလေး ခံလိုက်ရုံပဲ အမေ
ဒါတင်မက တခြားလူတွေက
နံပါတ်ဒုတ်နဲ့ ခေါင်းကိုရိုက်
တိုက်ပိတ်ခဲ့ရင်လည်း
မဲ့ပြုံးပြုံး ပြီး ခံလိုက်ရုံပဲ အမေ
အမေက သားနဲ့ရွယ်တူတွေကို လက်ညိုးထိုးပြ
သူတို့လုပ်တာ နင်တွေ့လားဆိုတော့
သူတို့မလုပ်လို့ ကျနော်လုပ်ရတယ်အမေ
အဲ့ဒီအဖြေမှာ ဘာလှည့်ကွက်မှ မပါပါဘူး  . . .

အမေ့ရဲ့ သြ၀ါဒ
ဒါတွေ မလုပ်ပဲ
ပညာသာ သင်စမ်းပါဆိုတော့
အမေ့သား ခတ္တခဏ
စာသင်ပြခဲ့ရတဲ့
ကျေးရွာတောလက် က
တပည့် ငယ်တွေဘဝ
အမေ့သား ပြန်မြင်ယောင်မိတယ်
အကျီအစုတ် ပုဆိုးအပြဲ
မွဲတဲတဲ ကျောင်းဝတ်စုံနဲ့
ပညာသာ အဓိက
လိုချင်ခဲ့ကြပေမယ့်
ရှစ်တန်း အရွယ် မှာ ကျောင်းထွက်
ယာ ထဲ ဆင်းခဲ့ကြရတဲ့ဘ၀တွေ
ဘယ်သူကယ်နိုင်ပါ့ မလဲ
ဟိုလူ ဒီလူ လက်ညိုးထိုး
အပြစ်အမျိုးမျိုး မတင်တော့ပဲ
ဟောဒီ လက်ညိုး
ကိုယ့် ကို ကိုယ်ပြန်ထိုးလိုက်ပါတယ်
တတ်နိုင်သမျှ
နိုင်ငံအတွက် ပေးဆပ်ရတာ
သိပ်အရသာ ရှိတယ်အမေ . . .

အမေ ဟာ ရခိုင်မှာမွေး
ရခိုင့်သွေး ဖြစ်တယ်
အဖေ့ ဇာတိ သရက်တော( ပြည် ) မှ
ဗမာအမျိုးနွယ် ဖြစ်တယ်
ကျနော်က တော့
ရခိုင် မလုပ် ၊ ဗမာမလုပ်
ပြည်ထောင်စု မှ မွေးဖွား
မြန်မာနိုင်ငံသား ဖြစ်တယ်
ဒါတင်မက
ရှမ်း ကချင် ကရင် စတဲ့
ညီနောင် များစွာအတွက်
လုပ်ပေးနိုင်စရာတွေ
ကုဋေကုဋာ ရှိသေးတယ်အမေ
အာဏာ ကို ပညာနဲ့တိုက်ရဦးမယ်
လက်နက်ကို ခံနိုင်ရည်နဲ့ တိုက်ရဦးမယ်
ပန်းခင်းလမ်း မဟုတ်တဲ့အတွက်
နည်းနည်းတော့ ကြမ်းပေမပေါ့
ဇတ်သိမ်းမှာ မင်းသားနိုင်တာ
ရုပ်ရှင်မှာ ပဲ ရှိတယ်အမေ
ရွတ်လက်စ မေတ္တာသုတ် သာ
ကျနော်နဲ့ မိတ်ဆွေများ အတွက်
များများဆက်ရွတ်လိုက်ပါ . . .

မာဃလုလင်

0 comments:

Post a Comment