အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 6 August 2011

ခံစားမှု သက်သက်တော့(ငါ့ကဗျာကို) မပေးပရစေနဲ့ ကောင်မလေး

န၀င်းသက်သက်
တစ်
မြင်းရိုင်းတစ်ကောင်စီးပြီး
လာခဲ့တဲ့ ၀င်္ကဘာလမ်းမှာ
သေနတ်တစ်ချက်တော့ ဖောက်ပရစေ…
မြင်းရိုင်းကို ထိမ်းချုပ်ရတာ လွယ်အောင်လို့
သက်သက်ပါဘဲ့ ကောင်မလေး……..
နှစ်
တုတ်တစ်ချောင်းကို ကုန်းကောက်ပြီး
မြေပြင်မှာ ခြစ်ခဲ့မိတယ်..
အရုပ်ထင်ခဲ့ပေမယ့် မတည်မြဲပါဘူး…..
ရေပြင်မှာ ရေးခဲ့မိရင်
မတည်မြဲဘူးဆိုတာပါ မရှိဘူးဆိုတာ သိခဲ့သင့်တာ
ငါကိုယ်တိုင် ငါ့ဘ၀ အတွက်
သက်သက်ပါဘဲ ကောင်မလေး…
သုံး
ကိုယ်လမ်းကိုယ်ဖောက်တယ်
ကိုယ့်ဘ၀ ကိုယ်လျောက်ရဲတယ်ဆိုပြီး
လူတွေကြားမှာ အမေက ခေါင်းမော့ခဲ့တယ်
ကြိုးစားမှုဆိုတာ တကယ်တော့
မျက်နှာရဲခဲ့ပေမယ့် မာန်တက်ခဲ့တာတွေ
ရှုံးနိမ့်လို့ လူတွေမသိအောင်
ငိုရှိုက်ခဲ့ရတဲ့ ညတွေအတွက်
သက်သက်ပါဘဲ ကောင်မလေး
လေး
ငရဲသွားချင်လို့ လျောက်ခဲ့တဲ့လမ်း
သေချာတယ် နဲနဲတော့ ကြမ်းမှာပေါ့
ကျောပေါ်က တက်တူးပြရုံနဲ့တော့
ဝီစကီသောက်တတ် ရုံနဲ့တော့(……)
ကွမ်းတံတွေးနဲ့ မျက်နှာကို ဖြတ်ခနဲ
ထွေးလိုက်တယ်…
ငရဲသွားတဲ့လမ်း ရဲရုံ
သက်သက်ပါဘဲကောင်မလေး
ငါး
မျက်နှာမှာ ပေါင်ဒါအစစ် တစက်ချ
ခန္ဓာ တ၀က်ကို ပိတ်စဖုံးပြီး
ရင်ကို ကြည့်တော့ ဟောင်းလောင်းဖြစ်နေတဲ့
လူတွေအတွက်
ခံစားမှု သက်သက်တော့(ငါ့ကဗျာကို)
မပေးပရစေနဲ့ ကောင်မလေး
ခြောက်
ရထားတစ်စင်းပေါ်ကလ
လပေါ်က ရထား
တန်ဖိုးချင်းမတူဘဲ
ကမ္ဘာပါတ်နေတဲ့စိတ်တွေ
လွတ်မြောက်အောင်
ဗလာကျည်တစ်တောင့် ထပ်ဖေါက်လိုက်တယ်
ခြိမ်းခြောက်မှု သက်သက်ပါဘဲ ကောင်မလေး
ခုနစ်
လူ့ဘ၀ဆိုတာ
မဟူရာ  ဆံကေသာပေါ်က
ဆံပင်တစ်ချောင်း လောက်တော့
နေ၀င်ချိန်မရောက်ခင် တန်ဖိုးထားခံရသင့်တယ်
နေ၀င်ချိန်ရောက်မှ ရွံရှာတာတော့
ရွံရှာပလေ့စေ
ကောင်မလေး
ရှစ်
ငါ့ကဗျာဆိုတာ
ကာရန် နဘေ
လူ့ကျင့်ဝတ် လူ့ထုံး
တရားမှု မတရားမှုတွေ
ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်း
အားလုံးထဲက လွတ်မြောက်ချင်တာ
သက်သက်ပါဘဲ ကောင်မလေး
ကိုး
န၀င်းဖြစ်ချင်လို့ ကိုးလို့သာ
ရည်ညွန်းလိုက်တာ
ကိုးမဖြစ်တဲ့ န၀င်းသက်သက်
ငါ့အတွက်
ဒိန်းခနဲ တစ်ချက် ထပ်ဖောက်လိုက်တယ်
ကျည်သုံးတောင့်ရယ် လူနှစ်ယောက်ရယ်
ရိုင်းစိုင်းတဲ့ မြင်းတစ်ကောင်ရယ် အတွက်
ငါ့ကျည်သုံးတောင့် တန်ပါတယ်…
ဒါပေမယ့် ဗလာကျည်……

                           လွမ်းနေသူ

0 comments:

Post a Comment