အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday, 18 September 2013

Madonna Blinded Everyone With Her Blinged Out Smile

Madonna Blinded Everyone With Her Blinged Out Smile

22 Aug 2013
  

Wait for it...
#1


Wait for it...

#2



WAIT FOT IT...

#3


AHHHHHHHH!

#4


Nope, that isn't food.

#5


It's a grill.
#6



http://blog.asiantown.net/-/19315/madonna-blinded-everyone-with-her-blinged-out-smile

Celebrities caught without make up- Who has true beauty ?


1 #1
 Who are these three ugly women? They’re actually celebrities caught without their make-up on. Some of these ladies are downright ugly without their make-up…one or two, however, actually possess true beauty, in my humble opinion. I have to commit that Women should thank to make up alot, but also feel sorry for guys who pick up the fake beauty...lol, for example like Pamela Anderson
Inside you’ll find these three and four other celebrity babes caught without make-up on…tell us who, if any, actually possess true beauty even without make-up…I found 3 ladies of the whole set of 14 photos
  #2
  #3
  #4
  #5
  #6
  #7
 

နားလည်မှု ဆိုတာ....


အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့် အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ် ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ့  အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည် နိုင်မှုတွေက ကြီးထွားလာပါတယ်။
မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။ မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။
ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။
မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ၀မ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ် ဖက်ကို အလိုရှိတာပါပဲ။
မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောက်ျားတစ်ယောက်ကြောင့် လုံခြုံမှုရ တယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့ စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့  လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောက်ျားတစ် ယောက်ဖြစ်လာပါတယ်။
ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်း မရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘ၀မှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာ တတ်ပါ တယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ် ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်း ရှိနိုင်ပါတယ်။ဒါပေမယ့် ယောက်ျား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့  ဘ၀မှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေ  အချာပါပဲ။
မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင် မယ့် ယောက်ျားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်း ဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို ဘ၀မှာလက်တွဲလိုပါတယ်။
မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက် တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက် ပါပြီ။
ချစ်သူ အမျိုးသားရဲ့  ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘ၀မှာ ခွန်အားပါပဲ။ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘ၀မှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသားရဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်း ဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ ကြောက်ရွံ့  မှုတွေ၊ သူမရဲ့ ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုး သားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။
ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့  မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောက်ျားတွေ ဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူ များ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့် ဆက်ဆံရေး တစ်ခုမှာ ယောက်ျားတွေရဲ့  အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။
ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ့  စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာ ပါပဲ။ တကယ်တန်း မချစ်လို့ မဟုတ်ဘဲယောကျာ်းတစ်ယောက် ရဲ့ တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့  မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။
မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့  စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမ တစ်ယောက်ကို သာအလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆို ရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ၀တ်တဲ့အ၀တ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘ၀အတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘ၀အတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘ၀ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါသည်...
kokyawzinhein

ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်

ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်

ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ်

အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီး ကိုတော့ လာမယ့် လပိုင်း အတွင်း ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ တော့မှာ ဖြစ်ပါတယ်။

ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်း အတွင်းမှာ ဆောင်ရွက် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

mm pyi thar
13Like · ·

ဥပုသ်စောင့်ပုံ

Photo: ဥပုသ်စောင့်ပုံ
========
(ဝါတွင်းကာလမှာ ဥပုသ်အကြောင်းလေး သိထားရအောင်လို့ပါခင်ဗျာ)

"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊
"ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊
+ဝသထ-နေခြင်း၊ ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။

[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။

၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။

၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ်သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။

၎။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။

၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]

၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]

၈။ ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]

၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။

၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]

၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။

၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။

၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

♣♣ အောက်မေ့ပုံ

ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။

၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။

♣♣ ဥပုသ်ကာလ အပိုင်းအခြား

ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊ အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။

သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊

"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။

(မဟာဂန္ဓာရုံဆရာတော်၏
ရတနာ့ဂုဏ်ရည်ကျမ်းမှ)

မိုးတိမ်လွင်ပြင်
(ဝါတွင်းကာလမှာ ဥပုသ်အကြောင်းလေး သိထားရအောင်လို့ပါခင်ဗျာ)
"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊ "ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊ ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့် တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။
၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စ တွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ်သောက် ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။
၎။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူ အပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]
၈။ ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည် လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရား ဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။
၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။
၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
♣♣ အောက်မေ့ပုံ
ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချ နေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
♣♣ ဥပုသ်ကာလ အပိုင်းအခြား
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊ အနာထပိဏ်သူ ဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ် စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေ သော် ရုက္ခစိုးနတ် ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။
သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊
"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြ ပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။
(မဟာဂန္ဓာရုံဆရာတော်၏
ရတနာ့ဂုဏ်ရည်ကျမ်းမှ)
မိုးတိမ်လွင်ပြင်

ကမ္ဘာလေးမျိုး

ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလ အပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။
ကြံဆ၍သိအပ်ပုံကား-
အလျားအနံ အမြင့် တယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှဏ်ပေါင်း တရာတရာလွန်သောအခါမှ တစေ့တစေ့သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း တကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။
ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။
မဟာကပ်တခုကို တကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။
ထိုမဟာကပ်တခုသည် အသင်္ချေယျကပ် လေးခုနှင့်ညီမျှသည်။
အသင်္ချေယျကပ် လေးခုကား သံဝဋ္ဋကပ်၊ သံဝဋ္ဋဌာယီကပ်၊ ၀ိဝဋ္ဋကပ်၊ ၀ိဝဋ္ဋဌာယီကပ် တို့ဖြစ်သည်။
ထိုတွင် ၁။ ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံ စပ်သည့်တိုင်အောင်၊ ရေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည့်တိုင်အောင်၊ လေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် လေရပ်စဲသည့် တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋကပ်-ပျက်ဆဲ အချိန်ဟု ခေါ်သည်။
၂။ မီး ရေ လေ တခုခုဖြင့် ပျက်စီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋဌာယီကပ်-အပျက်အတိုင်းတည်သော အချိန်ဟုခေါ်သည်။
၃။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလ နက္ခတ်တာရာတို့ ပေါ်ထွက်လာသည့်တိုင်အောင်သောအချိန်ကာလကို ၀ိဝဋ္ဋကပ်-ဖြစ်ပေါ်တိုးတက်ဆဲ အချိန်ဟု ခ်ါသည်။
၎။ နေလနက္ခတ်တာရာတို့ ပေါ်ထွက်လာသည့် အချိန်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုး ရွာသည့်တိုင် အောင်သော အချိန်ကာလကို ၀ိဝဋ္ဋဌာယီကပ်-ဖြစ်ပေါ်တိုးတက်လာပြီးနောက် တည်တံ့နေသော အချိန်ဟု ခေါ်သည်။
အထက်ပါ အသင်္ချေယျကပ် လေးမျိုးတို့တွင် ၀ိဝဋ္ဋဌာယီကပ် အတွင်း၌သာလျှင် လူ့ပြည်၌ လူသတ္တ၀ါများ ဖြစ်ပေါ်လာကြသည်၊ ထိုလူသတ္တ၀ါတို့သည် ကမ္ဘာဦးအစတွင် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကြသည်၊ သို့သော် နောက်ပိုင်းတွင် လောဘ ဒေါသစသည့် အကုသိုလ်တရားများ ထူပြောလာ၍ သက်တမ်းတဖြည်း ဖြည်း ဆုတ်ယုတ်သွားရာ ဆယ်နှစ်တမ်းအထိ ရောက်သွားသည်၊ ထို့နောက် လူတို့က ကုသိုလ်တရားများကို ကျင့်သုံးကြပြန်သဖြင့် ဆယ်နှစ်တမ်းမှ အနှစ် ၂၀၊ အနှစ် ၄၀-စသည်ဖြင့် တဆထက်တဆ တိုးတက်ကာ အသက်အသင်္ချေယျတမ်းသို့ ရောက်သွားကြပြန်သည်၊ ဤသို့ လူတို့သက်တမ်း အသင်္ချေယျမှ ဆယ်နှစ် တမ်းအထိ ဆုတ်သွားပြီး၊ တဖန် ဆယ်နှစ်တန်းမှ အသင်္ချေယျအထိ ပြန်တက်သွားသည့် အချိန်ကာလ (ဆုတ်ကပ် တက်ကပ် တစုံ) ကို အန္တရကပ် တခုဟုခေါ်ပါသည်။
လူတို့ သက်တမ်းဆုတ်ယုတ်ရာတွင် လောဘလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် နောက်ဆုံး၌ လူတို့ သည် ငတ်မွတ်ခြင်းဘေး-ဒုဗ္ဘိက္ခန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။
ဒေါသလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် အချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်း-သတ္ထန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။
မောဟလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် ရောဂါဆိုး ကျရောက်ခြင်း-ရောဂန္တရကပ်ဖြင့် သေကြေ ပျက်စီးကြရသည်ဟု ဆိုပါသည်။
ဝိ၀ဋ္ဋဌာယီကပ်တခု၌ အန္တရကပ်ပေါင်း (၆၄)ခု ရှိသည်၊
သံဝဋ္ဋကပ်စသည့် ကျန်အသင်္ချေယျကပ် သုံးခုတို့သည်လည်း အန္တရကပ်ပေါင်း (၆၄)ခုနှင့် အသီးသီး ညီမျှကြသည်။ ထို့ကြောင့် တကမ္ဘာဟုခေါ်သော မဟာကပ်တခု၌ အသင်္ချေင်္ယျကပ်ပေါင်း လေးခုရှိသည်။ အန္တရကပ်ပေါင်းကား ( ၆၄-၄=၂၅၆ ) ကပ်ရှိသည်ဟု အချုပ်အားဖြင့် မှတ်ယူနိုင်ပါသည်။
ထိုထိုအချိန်ကာလ အားလျော်စွာ တည်ရှိသောလူတို့၏ သက်တမ်းကို အာယုကပ်ဟုခေါ်ပါသည်။ လူတို့ သက်တမ်းတရာဖြစ်လျှင် နှစ်ပေါင်းတရာသည် အာယုကပ် တခု ဖြစ်သည်။
သက်တမ်းတထောင်ဖြစ်လျှင် နှစ်ပေါင်းတထောင်သည် အာယုကပ်တခု ဖြစ်သည်။
သက်တမ်းရှည်လွန်းသောခေတ်၌ လူတို့အား အနိစ္စ ဒုက္ခတရားများ ထင်မြင်ရန် ခဲယဉ်းသည်၊
သက်တမ်းတိုလွန်းသောခေတ်၌ လူများသည်လည်း လောဘ ဒေါသ ထူပြောလွန်းသောကြောင့် ထိုတရား များကို မြင်ရန်မလွယ်ကြ၊ ထို့ကြောင့်မြတ်စွာဘုရားတို့သည် သက်တမ်းတသိန်းအထက်၌၄င်း၊ သက်တမ်း တရာအောက်၌၄င်း၊ မပွင့်ကြပဲ ထိုသက်တမ်းနှစ်ခုကြား၌သာ ပွင့်တော်မူကြသည်။
ဂေါတမမြတ်စွာဘုရားကား သက်တမ်း တရာခေတ်၌ ပွင့်တော်မူသည်ဖြစ်၍ သက်တမ်းအတိုဆုံး မြတ်စွာ ဘုရား ဖြစ်လေသည်။
( ကမ္ဘာနှစ်မျိုးနှင့် ကမ္ဘာငါးမျိုး )
သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည်
မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့်
မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။
တဖန် ထိုအသုညကမ္ဘာသည်လည်း-
၁။ ဘုရားတဆူသာပွင်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။
ယခုရောက်ဆဲကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရား လေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတဆူ ပွင့်ရန်ရှိပါသည်။
ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဒီပင်္ကရာမြတ်စွာ ဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တကွ ဂေါတမမြတ်စွာဘုရားကိုပါ ထည့်သွင်း ရေတွက်ပါမှ လေးသင်္ချေနှင့် ကမ္ဘာ တသိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ ပွင့်ခဲ့သည်။
ဘုရားပွင့်သောကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း ( ၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှဆိတ်သုဉ်းသော သုညကမ္ဘာများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတဆူ ဖြစ်ပေါ်လာခြင်းကို ရခဲလှပေ၏-ဟူ၍ ဟေကြားတော်မူခြင်း ဖြစ်ပါသည်။
( ဆောင်ပုဒ် )
တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ကပ်ကမ္ဘာ ။ 
မင်္ဂလာသတင်းစဉ်

မိန်းကလေးတွေ ဘာကြောင့် ကိုယ့်ကိုယ် သတ်သေတာလဲ...?


ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်း ကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ် ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။
ဆေးသောက်ပြီး တစ်မိနစ်လောက်အကြာမှာတော့ သူ့ တစ်ကိုယ်လုံး မီးနှင့်အရှို့ခံရသလို ပူပြင်းတောက် လောင်လာသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနစ်လာသည်။ အပူ ဒဏ်ကို မခံစားနိုင်သောကြောင့် အဝတ်တွေကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဘယ်လိုမှ မနေနိုင်တော့သည့်အဆုံး ဝါး ကြမ်းခင်းပေါ်မှာ ချစ်မြတ်နိုး လူးလှိမ့်နေမိတော့သည်။ ဘာမျှ မကြာလိုက်။ ဗိုက်ထဲမှ ပူလွန်းသည့်ဒုက္ခကို မခံနိုင်တော့သဖြင့် ချစ်မြတ်နိုး ထိုးအန်လေတော့သည်။ အခန်းတစ်ခုလုံး အန်ဖတ်နံ့၊ ဆေးအနံ့များနှင့် မွှန်ထူသွားသည်။
-----------------------------------------------------------------------------------------------------------
ဝါရှင်တန်တက္ကသိုလ်ရှိ က္ဘာလုံးဆိုင်ရာကျန်းမာရေး သုတေသနဌာနတစ်ခုဖြစ်သည့် Institute for Health Metrics and Evaluation က ပြုလုပ်ခဲ့သည့် Global Burden of Disease စစ်တမ်းအရ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြား မြန်မာမိန်းကလေးများ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု သည် ပြီးခဲ့သည့် အနှစ်၂၀ အတွင်း မြင့်တက်လာခဲ့သည်ဟု ဆိုပါသည်။
အဆိုပါစစ်တမ်းအရ ၁၉၉၀ တုန်းက မိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မြန်မာ မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်ငါးတရားခံဖြစ်ခဲ့ ရာမှ ၂၀၁၀ ခုနှစ်အရောက် တွင်တော့ နံပါတ်လေးတရားခံဖြစ်လာ ခဲ့သည်။ နံပါတ်တစ်၊ နှစ်၊ သုံး တရားခံများကတော့ လမ်းပေါ်တွင် မတော်တဆဖြစ်မှု၊ အမျိုးသမီးရောဂါနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုတို့ ဖြစ်သည်ဟုဆိုသည်။
က္ဘာတစ်ဝန်းတွင်တော့ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်တစ် တရားခံမှာ မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်သည်။
------------------------------------------------------------------------------------------------------------
“ပညာရေးမှာ ပြိုင်ဆိုင်မှုများလာတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှု ပိုများလာတာရယ်၊ အလုပ်အကိုင်၊ အခွင့် အလမ်းပြိုင် ဆိုင်မှု များလာတာရယ်၊ နောက်တစ်ခုက မိသားစုပြဿနာပဲ။ ဒီပြဿနာတွေကို သူတို့က အမြဲတမ်း နေ့တိုင်း ကြားနေရတော့ ဒါတွေက ဒီကလေးတွေကို စိတ်ဓာတ်ကျစရာဖြစ်စေတယ်” ဟု ဒေါက်တာ ခင်မြင့်က ရှင်းပြသည်။
အချို့မိန်းကလေးများမှာ နောက်ပိုင်းတွင် တဖြည်းဖြည်း နှင့် အနာဂတ်ပျောက်လာသကဲ့သို့ ခံစားရပြီး ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားလာတတ်ကြသည်ဟု ဆိုပါသည်။
စိတ်ပညာရှင် ဒေါက်တာခင်မြင့် သုံးသပ်သည်က မိန်း ကလေးငယ်များ မိမိကိုယ်မိမိ သေကြောင်းကြံ ကြခြင်းမှာ အများ အားဖြင့် မိဘများနှင့် ဆိုင်လေ့ရှိသည်ဟု ဆိုသည်။
“ဒီပြဿနာတွေက မိဘတွေနဲ့ တော်တော်များများဆိုင် တယ်။ မိစုံဖစုံမရှိတဲ့သူတွေ၊ မိသားစုထဲမှာ လင်နဲ့ မယား၊ သား သမီးနဲ့ မိဘ (ရန်)ဖြစ်နေတဲ့ မိသားစုတွေ၊ ချမ်းသာပေမယ့် အိမ် တွင်းရေးပြဿနာဖြစ်နေတဲ့ မိသားစုတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု အဖြစ်များတယ်” ဟု၎င်းက သုံးသပ်သည်။
------------------------------------------------------------------------------------------------------------
မိမိကိုယ်ကိုယ် သေကြောင်းကြံရာတွင် ယခင်တုန်းက ပိုးသတ်ဆေးသောက်တာ ပိုများသည်ဟု ရန်ကုန် ဆေးရုံ သစ်ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြသောင်းက ပြောပြသည်။
“အခုကျတော့ ပါရာစီတမောကို အလုံး ငါးဆယ်၊ တစ်ရာ အထိသောက်တာ တွေ့လာတယ်။ သေတော့ မသေဘူးပေါ့။ ဘာမီတွန်လည်း သောက်ကြတယ်။ သောက်တဲ့အထဲမှာလည်း ခေတ်ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသူတွေက ပိုများလာ တယ်” ဟု ဒေါက်တာမြသောင်းက ပြောပြပါသည်။
-----------------------------------------------------------------------------------------------------------
ကိုယ့်ကိုယ်ကိုယ် သတ်မသေမီ တစ်လအလိုလောက်မှာ မိဘများနှင့် အိပ်နေရာမှ အိမ်အောက်သို့ဆင်းပြီး တစ် ယောက် တည်း သွားအိပ်လေ့ရှိသည်ဟု ဒေါ်မြင့်နွယ်က ပြောပြသည်။ စိတ်မူမမှန်ဖြစ်နေသည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်နေ သည့်ကြားမှ ပြီးခဲ့သည့်နှစ်လလောက်က အိမ်ပေါ်မှာတင် ကြိုး ဆွဲချကာ သေကြောင်းကြံသွားခြင်းဖြစ်သည်။
“ကျွန်မသမီးလေးကို ငါးတန်းအထိပဲ ထားနိုင်ခဲ့တယ်။ သမီးလေးကို သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ် ရမယ်ဆို တာကို လမ်းòန်ပေးတာမျိုး မလုပ်ခဲ့မိဘူး”ဟု ပြောလျက် ဒေါ်မြင့်နွယ် ငိုလေသည်။
သူ၏ငိုသံမှာ အိမ်နီးနားဝန်းကျင်ကို လွှမ်းခြုံသွားလေ တော့သည်။
From : ..YPI