အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 23 February 2014

လူမျိုးတုန်း သတ်ဖြတ် မှု အတွက်


လူမျိုးတုန်း သတ်ဖြတ် မှု အတွက် တရားခွင် က မေးခွန်း တွေ ကို မလာဒစ် မဖြေ

140128123653-ratko-mladic-story-top
 
8
 
1
 
မဲပေးပါ

နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့တွင်  အခြေစိုက် သည့်  နိုင်ငံ တကာ ရာဇ၀တ် ခုံရုံး
တွင် တရားစွဲ ဆို စစ်ဆေးခံနေရသည့် ဘော့စနီးယား ဆာဘ်ဗိုလ်ချုပ် ဟောင်း ရက်ကို
မလာဒစ် က သူ့  ကို စွဲ ဆို ထား တဲ့ အမှု တွေ အတွက် မေးခွန်း တွေ ကို ဖြေဆို ဖို့ 
ငြင်းဆန် ခဲ့သည်။
တရားရုံး ၏ မေးခွန်း ခြောက်ခု တွင်  တစ်ခု ကို သာ ဖြေကြား ခဲ့ပြီး ကျန်တာ တွေ ကို သူ က
ဖြေဆို ဖို့  ငြင်းဆန် ခဲ့သည်။
ကုလ သမဂ္ဂ က ယူဂိုဆလားဗီးယား စစ်ရာဇ၀တ် မှု တွေ အတွက် ကျောထောက်
နောက် ခံ ပေးထား တဲ့ တရားရုံး ကို လည်း မလာဒစ် က စေတန် ရဲ့ ငရဲ လို့  ပြော
ပြီး စစ်ရာဇ၀တ် မှု တွေ အတွက် အပစ် မရှိ ဘူးလို့  သူ က ပြော ပါတယ်။
၁၉၉၂ မှ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့သည့် ဘော့စနီးယား ပဋိပက္ခ  များ အတွင်း ဌာနေ
မွတ်စလင် များ ကို ၈၀၀၀ ကျော် ကို ရက်စက် စွာ သတ်ဖြတ် ခဲ့သည့် ဘော့စနီးယား ဆာဘ်
ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် ကို  ယခင် နှစ် မေလ ၂၆ ရက်နေ့  က သူ ပုန်းအောင်း
ရာ ဆာဗီးယား မြောက် ပိုင်း ရှိ ဗော့ဗိုဒစ် ခရိုင် လာဇာရေဗို မြို့ ငယ်လေး တွင် ဖမ်းဆီး ရမိခြင်း
ဖြစ်သည်။
ဂျုရီလူကြီး များ စုံညီ တရား ခွင်ဉ် မလာဒစ် သည် လက်ခုပ် လက်ဝါး တီးခြင်း ၊ လက်မထောင်
ခြင်း တို့  ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး တရားသူ ကြီးများ က သူအား စွဲဆိုထား သည့် အမှု ပေါင်း ၁၁
ခု အနက် မှ အစုလိုက် အပြုံ လိုက် မျိုးပြုတ် သတ်ဖြတ် ခဲ့ မှု များ ကို စစ်ဆေး နေချိန် ဉ် ဖြစ်သည်။
ဘော့စနီးယား ၏ သားသတ်သမား ဟု နာမည် ကြီးသည့် မလာဒစ် ကို ယခင် နှစ် ဇွန်လ ၁ ရက်နေ့ 
က နိုင်ငံ တကာ တရား ရုံး သို့  လွှဲပြောင်း ပေး ခဲ့ သည်။
မလာဒစ် သည် ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ၁၉၉၅ ခုနှစ် ဉ်  ဆာရာယေဗို မြို့ ကို ၄၃ လ
ကြာ ပိတ်ဆို့ ထားစဉ် အတွင်း ခြောက်လသား ကလေး မှာ စဤ အသက် ၈၉ နှစ် အရွယ် ထိ လူ
ပေါင်း ၈၀၀၀ ကျော်ကို ရက်စက် စွာသတ် ဖြတ်ရန် အမိန့် ပေး ခဲ့သူ ဖြစ်ပြီး သူ၏ တပ်ဖွဲ့ များ က
သတ် ဖြတ်မှု ကြောင့် သေဆုံးသူများ တွင်အမျိုးသမီး နှင့် ကိုယ်ဝန်ဆောင် များ လည်း ပါဝင်သည်။
၂၀၁၁ ခုနှစ် တွင်  ဘောစနီးယား အစိုးရက မလာဒစ် ကို ဖမ်းမိနိုင်ရေး အတွက် ဆုငွေ တစ် သန်း
ထုတ်ပြန် ထားရာ မှ ဆုငွေ ၁၄ သန်း သို့ တိုးမြှင့် ပြီး နောက် တွင် ဖမ်းဆီး ရရှိ မိခဲ့ခြင်း ဖြစ်သည်။
မလာဒစ် သည် ၁၉၆၁ ခုနှစ် မာရှယ် တီးတိုး လက်လက် ထက် တွင် ယူဂိုဆလာဗီးယား တပ်မတော်
သို့  ၀င်ရောက် ခဲ့သည်။
မလာဒစ် သည် ၂၀၀၈ ခုနှစ် က ဖမ်းဆီးရမိခဲ့သည့် ရာဒိုဗန် ကာရာဇစ်(မလာဒစ် ၏ ဆရာ)
၊ သမ္မတဟောင်း ဆလို ဗိုဒန် မီလို ဆီဗစ် တို့ ပြီးလျှင် အဆင့် မြင့် ဆုံး စစ်ရာဇ၀တ် ကောင်
ဖြစ်ပြီး ၁၉၉၅ ခု နှစ် နိုင်ငံ တကာ ရာဇ၀တ်မှု ဆိုင်ရာ တရား ရုံး မှ ဖမ်းဝရမ်း ထုတ် ပြီး ချိန်
မှ စ၍ ၁၆ နှစ် ကျော် တိမ်းရှောင်ပုန်းအောင် နေခဲ့သည်။

0 comments:

Post a Comment