အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday, 1 December 2011

ဒီလို အမေမျိုးလည်း ရှိတယ်



အလွန်တရာဆိုးဝါးလှတဲ့ ဟာရီကိန်းမုန်တိုင်းကြီး Hannah က ဒီအဖြူရောင်ကျားလေး နှစ်ကောင် ကိုသူတို့အမေနဲ့ခွဲပစ်လိုက်ပါတယ် ။ Anjana ဟာကယ်ဆယ်ရေးစခန်းကိုရောက်ရှိလာပါတယ် ။ Anjana ဆိုတာကတော့ တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကျားမျိုးဆက်ကယ်ဆယ်ရေးစခန်းကို ရောက် ရှိလာတဲ့ မျောက်ဝံမကြီးတစ်ကောင် ဖြစ်ပါတယ် ။ သူမဟာ အံ့သြဖွယ်ရာမိခင်တစ်ဦး ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းနဲ့လည်း ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ် ။ ဒါ့အပြင် အလုပ်တော်တော်များများကို လည်းကူလုပ်ပေးနိုင်ပါတယ် ။ ဥပမာ နို့ဗူးတိုက်ကျွေးခြင်းလိုမျိုး ဖြစ်ပါတယ် ။ မုန်တိုင်း ကြောင့် ကွဲကွာပြီးရောက်ရှိလာတဲ့ကျားဖြူလေးကိုလည်းသူမကပဲတာဝန်ယူပြီးထိန်းကျောင်း ပေး ရ ပါတယ် ။

ဒါပေမယ့် ဒီနေရာမှာ အံ့သြဖွယ်ရာကောင်းတဲ့အချက်ကတော့ Anjana ဟာ အချိန်တိုင်း အကူအညီ ဖြစ်စေမယ့်နည်းလမ်းတွေနဲ့ အလုပ်လုပ်နေခြင်းပဲ ဖြစ်ပါတယ် ။ Anjana ရဲ့ မျက်ဝန်းထဲက ချစ်စရာ ကောင်းတဲ့ အချက်ကတော့ဘယ်အချိန်ကြည့်ကြည့် ဘာမျော်လင့်ချက်မှမရှိပဲ အကူအညီပေး နိုင်ခြင်းပဲဖြစ်ပြီး မေတ္တာဓါတ်တွေအပြည့်နဲ့ မျက်ဝန်းအစုံကို အချိန်တိုင်းတွေ့ မြင်နိုင်ပါတယ် ။



















http://www.thettantcho.com/2010/02/blog-post_04.htmlသက်တန့်ချို ဘလော့မှပြန်လည်တင်ပြပါသည်http://www.thettantcho.com/2010/02/blog-post_04.html

ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ

ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ




မျက်နှာကို လှအောင်လုပ်တာပဲကြားဖူးပါတယ် ။ ဘယ့်နှယ့် သူတို့ကျမှပဲ မျက်နှာကို ဆိုးဝါးအောင် လုပ်ချင်ကြ တာပါလိမ့် ။ ဒီတစ်ခေါက်မှာတော့ ဆင်ဟွာ သတင်းဌာနကြီးက ရွေးချယ်ပေးထားတဲ့ ကမ္ဘာ့ စိတ်ပျက် ဖွယ် အကောင်းဆုံး ဆိုးဝါးဆုံး မျက်နှာ များကို တင်ပြပေးလိုက်ပါတယ် ။



















သက်တန့်ချိုhttp://www.thettantcho.com/2011/08/blog-post_09.htmlဘလောမှ ပြန်လည်ဖေါ်ပြတာပါ  http://www.thettantcho.com/2011/08/blog-post_09.html

ခွဲစိတ်စရိတ်မတတ်နိုင်လို့အစာအိမ်ကိုဓါးနဲ့ထိုးဖောက်ခဲ့တဲ့တရုတ်အမျိုးသမီး



တရုတ်အမျိုးသမီးတစ်ဦးဟာ ရေတွေနဲ့ပြည့်ဖောင်းနေတဲ့ ၀မ်းဗိုက်ကိုခွဲစိတ်ဖို့ရာ မတတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်အ စာ အိမ်ကို ကိုယ် မီးဖိုချောင်သုံးဓါးနဲ့ ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ် ။ သူမနာမည်က Wu Yuanbi အလို့အ မည်ရပြီး အသက် ၅၃ နှစ်ရှိပါပြီ ။ Chongqing မြူနီစီပယ် ဧရိယာမှာ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပြီး သူမဟာ ဒီလို ခွဲစိတ်ဖို့မတတ်နိုင်တဲ့အတွက် ဒီလိုအလုပ်မျိုးလုပ်ခဲ့တယ်လို့ဆိုပါတယ် ။

သူမ ရုတ်တရက် ဓါးနဲ့ထိုးချလိုက်တဲ့အခါ အရာအားလုံးဟာ မှောင်မိုက်သွားပါတယ် ။ အလင်းသဲ့သဲ့ မျက်လုံးထဲ ပြန်ဝင်လာ တဲ့အချိန်မှာတော့ေ ဆးရုံကို ရောက်နေပြီးအခုတော့ ကုသမှုတွေအတွက် ကုန်ကျစရိတ်တွေ မပေးရတော့ ဘူးလို့ သိရပါတယ် ။ ၀ူဟာ အသက် ၁၃ နှစ်အရွယ်ကစပြီး Budd-Chiari syndrome လို့ခေါ်တဲ့အ စာအိမ်ထဲမှာ ရေတွေပြည့်နှက်နေတဲ့ ထူးထူးဆန်းဆန်းရောဂါကို ခံစားနေရသူဖြစ်ပါတယ် ။ ၂၀၀၂ ခုနှစ်မှာတော့ သူမ မိသားစုက အစာအိမ်ထဲကရေတွေထွက်ရှိစေဖို့အတွက် ခွဲစိတ်မှုတစ် ခုကို ငွေကုန်ကြေး ကျခံပြီးပြုလုပ် ခဲ့ပါတယ် ။ သူမပြန်ကောင်းလာတဲ့အချိန်မှာ မိသားစုဟာ အတော်လေး ဆင်းရဲသွားခဲ့ရပါတယ်။ ဒုတိယအ ကြိမ်ခွဲစိတ်ဖို့ ယွမ်ငါးသောင်းကို မတတ်နိုင်ခဲ့ပါဘူးလို့ မီဒီယာတွေကဖော်ပြထားပါတယ်။ မေ ၈ ရက်နေ့တုန်းက ၀ူဟာ ၀မ်းဗိုက်ထဲမှာ အလွန်အမင်းတင်းကျပ်နေတဲ့အတွက် အစာအိမ်ကို အခုလို ဓါးနဲ့ထိုးဖောက် ခဲ့ရတာပါလို့ဆိုပါတယ် ။ သူမ အမျိုးသား Cao Yunhui က သူမ အစာအိမ်ပွင့်နေတဲ့ အချိန်အလုပ်မှာရှိနေခဲ့ပြီး သူမဟာ နာရီအတော်ကြာ ပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပါ့တယ် ။ သူမအမျိုးသားပြန်ရောက်လာခဲ့အခါ ၀ူ ကို အစာအိမ်မှာ ၁၀ စင်တီမီတာလောက် ဒါဏ်ရာကြီးနဲ့လဲကျနေတာကိုတွေ့ပြီး အရည်တွေစိုရွဲနေတာကို မြင်ခဲ့ရပါတယ် ။ ဒါနဲ့ပဲ ချက်ချင်းဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ် ။



“ အကယ်၍ ကျွန်မ သေဆုံးသွားခဲ့လည်း ဒါဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးလျော့ကျစေတာဖြစ်တယ်လို့ မြင်မိ ပါတယ် ” လို့ ၀ူက ပြောဆိုခဲ့ပါတယ် ။

Source :rxpgnews

သက်တန့်ချိုhttp://www.thettantcho.com/search/label/%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%90%E1%80%BC

သားပိုက်ကောင်ကိုမြိုတဲ့မြွေ



အံ့သြစရာကောင်းလောက်အောင်ပါပဲ ။ အလွန်ကြီးမားတဲ့မြွေကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဟလို သားကောင် ကိုမြိုဖို့ ကြံ စည်နေပါပြီ ။ သင် သားပိုက်ကောင်လိုအကောင်မျိုးကို ဒီလိုကြီးမားတဲ့မြွေကြီးက မျိုတာကိုမြင် ဖူးပါသ လား ။ ရှားရှားပါးပါးတွေ့ရခဲတာမို့ တင်ဆက်လိုက်ပါတယ် ။ အသည်းငယ်တတ်ရင်တော့မကြည့်ကြပါနဲ့ အခုတလော အင်တာနက် မှာ ရှာတာ ဒီလို ထိတ်လန့်စရာတွေပဲတွေ့နေရတယ် ကိုယ်ကလည်းမတင်ရင်မနေနိုင်ဘူးကိုး ။ ပုံတွေ ကိုကြည့်ရင်းနဲ့ သူ့အစာ ကိုယ့်အစာ ကိုယ့်စားကျက် သူ့စားကျက် သဘောတရားနောက်ပြီး သား ပိုက်ကောင် ကို နောက်ဆုံး တစ်ကောင်လုံး ၀ါးမြိုလိုက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ။























သက်တန့်ချို http://www.thettantcho.com/2011/08/blog-post_26.htmlဘလောမှပြန်လည်မျဝေပါသည်..ဒီထက်ပိုစုံစုံလင်လင်လေလာချင်တယ်ဆိုမူ၇င်းသက်တန့်ချိုဆိုက်ကို
မှာဝင်ေ၇ာက်လေလာနိုင်ပါတယ်ခင်ဗျာ.....လေးစားစွာဖြင့်

အံ့သြဖွယ်ရာ တိရစ္ဆာန် သန္ဓေသားလောင်းများ



ဒီတစ်ခါတော့ အံသြဖွယ်ရာ သန္ဓေသားလောင်း တိရိစ္ဆာန်လေးများကို ဆင်ဟွာသတင်းဌာနက စုစည်းပေး လိုက်ပြန် ပါပြီ။ ဒီသန္ဓေသားလောင်းတွေကို ကြည့်ပြီးတော့ ကြီးလာရင် ဘယ်လို သတ္တ၀ါမျိုးဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်ကြပါစို့လား ။




















သက်တန့်ချို http://www.thettantcho.com/2011/08/blog-post_1633.html
25 August 2011

သင်ဘယ်တော့မှ မမြင်ဖူးသော မြင်ကွင်းတစ်ခု




ဒီမြင်ကွင်းကိုတော့ သင်မြင်ဖူးဦးမှာမဟုတ်ပါဘူးလို့ ကျွန်တော် အာမခံပါတယ် ။ ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်တဲ့ သဘာဝတရားလဲလို့ ။ လူသားတွေထင်နေကြတာက တိရိစ္ဆာန်တွေဟာ ရိုင်းစိုင်းတယ် ။ အချင်းချင်း သတ်ဖြတ်စားသောက်ကြတယ်ပေါ့ ။ အခုကြည့်ပါဦး ။ ခြင်္သေ့ကြီးတစ်ကောင်က သူ့ရဲ့အစာ သားကောင် ဟာ မီးမဖွားနိုင်တာကို မွေးလမ်းကြောင်းကနေ ကူညီ ဆွဲထုတ်ပေးနေခြင်းဖြစ်ပါတယ် ။ စစတွေ့ခြင်း က သားကောင်လေးကို ကိုက်စားမလားထင်မိခဲ့ပါသေးတယ် ။ ပြန်တွေးကြည့်တော့ သူသာစားချင်ရင် ဒီ အကောင်လေးကို မွေးလမ်းကြောင်းကနေ ဆွဲထုတ်ပေးစရာ အကြောင်းမရှိပါဘူး ။ သားကောင်ကို စားပစ် လိုက်ယုံပါပဲ ။ သတ္တ၀ါတွေတောင်မှ အကြင်နာတရားပြည့်ဝပုံကိုကြည့်ရတာ ကြည်နူးချမ်းမြေ့စရာပါ ။ တို့ လူသားတွေ မှာသာ တစ်နေ့နဲ့တစ်နေ့ စိတ်ဓါတ်တွေ အောက်ကို ထိုးကျလာပြီး ကုန်းချော ကြံစည် မကောင်း ကြံ တိုက်ခိုက် နေတာတွေသာတွေ့နေရတော့.......။



















သက်တန့်ချို
17 August 2011 http://www.thettantcho.com/2011/08/blog-post_7049.html