Monday, 14 October 2013
ဘလော့စာမျက်နှာမှာ အသံဖိုင် နဲ့ သီချင်းကို Player ပုံစံလေးနဲ့ သုံးဖို့ 
ဒါကတော့ ဘလော့ဂါတွေအတွက် အသံဖိုင် သီချင်းများ တင်ချင်တဲ့အခါ သုံးကြည့်ဖို့ 
နည်းလမ်းများစွာထဲက အသုံးဝင်တဲ့ နည်းတစ်ခု ။ ၀က်ဆိုဒ်မှာသွားပြီးအကောင့်လုပ်
လုပ်တာကလည်းမခက်ဘူး။ မေးလိပ်စာနဲ့  ပတ်စ၀ပ်ထည့်ပေးရုံပါပဲ မေးထဲကိုဝင်ပြီး
အကောင့်Active လုပ်ဖို့ လင့်ရောက်လာလိမ့်မယ် ။ အဲ့ဆို သုံးလို့ ရပါပြီ ။တင်ချင်တဲ့
သီချင်း သို့ မဟုတ် အသံဖိုင်တွေ Soundcloud မှာသွားတင်ပြီး Embed codeကိုယူ
ဘလော့ရေးတဲ့အခါ Edit HTML ကို ၀င်း အဲ့ကုတ်လေးချလိုက် ပြီးမှ စာဆက်ရေး
အဲ့ဆို အဆင်ပြေပြီ သုံးချင်တဲ့သူများ သုံးရအောင် မျှဝေလိုက်ပါတယ်ခင်ဗျာ..........။
သုံးကြည့်ချင်ရင်တော့ ဒီလင့်မှာသွားပြီး အကောင့်လုပ်- http://soundcloud.com/
.
မိမိတို့ ရဲ့ ဗီဒီယိုတွေကို ပြန်လည်တင်ပြ မျှဝေဖို့ နဲ့  ဘလော့မှာ တင်နည်း
ဒီနည်းလေးကလည်း ဘလော့ဂါတွေအတွက် အသုံးဝင်သလို စာဖတ်သူတွေအနေနဲ့ 
အသုံးဝင်နေပြန်ပါတယ် မျှဝေချင်တဲ့ ဗီဒီယိုဖိုင်တွေကို youtube မှာ ပြန်တင်လို့ က်ပါ
မိမိဘလော့မှာ တင်ချင်တယ်ဆို youtube ကနေ ပြန်ပြီး Embed Code လေးနဲ့  ယူပါ
အဲ့ကြောင့် ဗီဒီယိုတွေဘလော့မှာ တင်ချင်တာပဲဖြစ်ဖြစ် သီဆိုထားတဲ့ကာရာအိုကေ
တွေကို သူငယ်ချင်းတွေ သိစေချင်တာပဲ ဖြစ်ဖြစ် Youtube ကို သုံးကြည့်ပါ မိမိတို့ ၏
အပျော်တမ်း ဗီဒီယိုလေးတွေကို မျှဝေဖို့ နဲ့ ဘလော့ဂါတွေ သုံးဖို့ အတွက် သင့်တော်
ပါတယ် မြန်မာပြည်မှာတော့ ပိတ်ထားတယ် ခုတော့ ပြန်ဖွင့်သလိုလိုပဲ ကျော်ကြည့်
ခွကြည့် ခိုးကြည့်ပေါ့ နောက်ရက်မှာ ဆိုထားတဲ့ ကာရာအိုကေလေးတွေ မျှဝေမယ်
သုံးချင်တဲ့သူ သုံးရအောင် မျှဝေလိုက်ပါကြောင်း.........................................။
Youtube ထဲက သီချင်း နှင့် ဗီဒီယို ဇာတ်ကား များကို Blog ထဲ ကူးတင်နည်း
Youtube
ဒီနည်းလေးကတော့ လွယ်တော့လွယ်ပါတယ် မေးသူရှိနေသေးလို့ မျှဝေလိုက်ပါသည်
ဗီဒီယိုတွေ သီချင်းတွေကို ဘလော့ထဲမှာ တင်ချင်ရင် သီချင်းအောင်နားမှာ ပါလာတဲ့
Share == > Embed ကိုယူလိုက်ပါဘလော့ထဲရောက်ရင် စာရေးတဲ့နေရာ အပေါ်မှာ
Compose နဲ့  HTML ဆိုတာရှိတယ် HTML ကိုနှိပ်ပြီး ယူလာတဲ့ Embed ကုဒ်ကိုချ
ပြီးရင် Compose ကိုပြန်နှိပ် စာလေးဘာလေး ဆက်ရေးလို့ ရတာပဲ။ နောက်တစ်ခုက
ဘလော့ထဲကို တန်းပြီး အလိုလို ရောက်သွားတဲ့နည်း ။ Facebook ဆိုတဲ့ စာအောက်
မှာ မျှားလေးဆွဲချပြီး Blogger ကို ရွေးလိုက်တာနဲ့ အလိုလို ဘလော့ထဲ ၀င်လာမယ်
နှစ်သက်ရာ အဆင်ပြေရာ သဘောကျရာ နည်းလမ်းကို သုံးပါ.............................။
.
Posted by
မောင်(စွယ်စုံကျမ်း)
at
6:51 PM
ဗီဒီယိုတွေ သီချင်းတွေကို ဘလော့ထဲမှာ တင်ချင်ရင် သီချင်းအောင်နားမှာ ပါလာတဲ့
Share == > Embed ကိုယူလိုက်ပါဘလော့ထဲရောက်ရင် စာရေးတဲ့နေရာ အပေါ်မှာ
Compose နဲ့  HTML ဆိုတာရှိတယ် HTML ကိုနှိပ်ပြီး ယူလာတဲ့ Embed ကုဒ်ကိုချ
ပြီးရင် Compose ကိုပြန်နှိပ် စာလေးဘာလေး ဆက်ရေးလို့ ရတာပဲ။ နောက်တစ်ခုက
ဘလော့ထဲကို တန်းပြီး အလိုလို ရောက်သွားတဲ့နည်း ။ Facebook ဆိုတဲ့ စာအောက်
မှာ မျှားလေးဆွဲချပြီး Blogger ကို ရွေးလိုက်တာနဲ့ အလိုလို ဘလော့ထဲ ၀င်လာမယ်
နှစ်သက်ရာ အဆင်ပြေရာ သဘောကျရာ နည်းလမ်းကို သုံးပါ.............................။
.
Wednesday, 9 October 2013
စကားပြော အတတ်ပညာ
လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတတ်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။
စကားပြောတတ်ကြစေဖို့  ပါပဲ ။ ဒါပေမဲ့ ရည်ရွယ်ချက်က စကားပြောတတ် ဖို့ တင် သက်သက်မဟုတ်ပြန်ပါဘူး ။
ပြောရရင် အစည်းအဝေးပွဲတွေမှာ ၊ မာကတ်တင်း ဆင်းတဲ့ နေရာတွေမှာ ၊ ဟောပြောပွဲ ၊ သင်တန်း ၊ ဖိုရမ် ၊ ၀ပ်ရှော့ စသဖြင့် လူအချင်းချင်း ဆက်ဆံရတဲ့ နေရာတွေမှာ Public Relation & Pubic Speaking ဆိုတဲ့ အဓီက ကျတဲ့ ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဒါမှ မိမိ ပြောချင်တဲ့ အကြောင်းအရာ ၊ ဆွေးနွေး တင်ပြချက်က ထိရောက်မယ် မဟုတ်ပါလား ။
ဒီတော့ ဖတ်မိတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေရင်း မိတ်ဆွေတို့ ရဲ့  တန်ဖိုးရှိတဲ့ အချိန်အနည်းငယ်ကို ဒီအကြောင်းအရာအတွက်ပေးအပ်စေလိုပါတယ်။
ဖြည်းဖြည်းပြောပါ
လူတွေဟာ စိတ်ဖိဆီးနေတဲ့အချိန် ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်ဆိုရင် စကားပြော မြန်တတ်ကြပါတယ်။ သေချာတာကတော့ စကားပြော မြန်ခြင်းဟာမကောင်းတဲ့ အမူအကျင့်ပါပဲ။ လူထုဆက်ဆံရေး လုပ်တဲ့ အချိန်မှာ စကားပြော မြန်ရင် ကိုယ့်စကားလုံး တွေနဲ့  ကိုယ်ခလုတ် တိုက်နိုင်ပြီး ကိုယ်ပြောရတဲ့သူကို ကြောက်ရွံ့ နေတယ်
လို့ ထင်စေနိုင်ပါတယ်။ ဒီတော့ စကားပြောမြန်တတ်တဲ့ သူဆိုရင် အရှိန်လေးကို နည်းနည်းစီ လျော့ခြင်းဖြင့် သင့်ရဲ့ စကားသံကို နားထောင်နေတဲ့ သူတွေကို ပိုပြီး နားလည်မှု ရရှိ စေရ ပါမည်။
နေရာပြောင်းပါ
သင့်စကားပြောတဲ့ အချိန်မှာ လူအရေအတွက် လိုက် စကားပြောတဲ့ နေရာကို ပြောင်းလဲတတ်ရပါမယ်။ မိမိစကားကို နားထောင်တဲ့ သူတွေကို ပိုပြီး အာရုံစိုက်မှု ရရှိစေဖို့  နဂိုထိုင်နေတဲ့ နေရာကနေ ပြောင်းသင့်ရင် ပြောင်းရပါမယ်။ အစည်းအဝေးခန်းထဲမှာ လူနှစ်ယောက် လောက်နဲ့ ပြောရတယ် ဆိုရင် ခေါင်းကို မော့ထားပြီး ပြောပါ။ လူများတဲ့ အဖွဲ့ ကြီးကို ပြောရမယ် ဆိုရင်တော့ မတ်တပ် ထပြီး ပြောပါ။ ဒါမှ သင့်စကား သူတို့ ဆီ ရောက်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အသံနဲ့  ကိုယ်ဟန်အမူအရာများဟာကိုယ့်ကိုယ် ယုံကြည်မှု ကို ရှိစေတဲ့ ပုံဖြစ်စေပါတယ်။
ပရိသတ်အပေါ် မူတည်ပြီး အသံကို ထိန်းညှိပြောပါ
ကျနော်တို့ ဆရာတော်တော်များများ ပြောတတ်ကြပါတယ်။ စကားပြောတဲ့ အခါ ကျယ်ကျယ်နဲ့  ရှင်းရှင်းလင်းလင်းပြောဖို့ ပါ ။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ်မှာ ကြုံဖူးပါတယ်။ Term paper တင်ရမျိုးပါ။ အဲ့ဒီအခါ အဖွဲ့ မှာ တစ်ယောက်က ကိုယ့် အဖွဲ့ လုပ်တဲ့ Term Paper Project ကို Presentation လုပ်ရတာ ရှိပါတယ်။ ကျနော့်အဖြစ်တုန်းကဆိုရင် Physics ကျောင်းသား ဖြစ်တဲ့ အတွက် diode ကောင်းမကောင်းစမ်းတဲ့ LED မီးသီးလေးတွေ ချိတ်ဆက်ပြီး စမ်းသပ်ရတဲ့ အကြောင်းကို မေဂျာ ပါမောက္ခ နဲ့  ကထိကတွေ အရှေ့ မှာ ဖတ်ပြီး ရှင်းလင်းပြရပါတယ်။ကိုယ့် Term Paper အဖွဲ့ မှာ ၈ ယောက်လောက် ပါပေမဲ့ Presentation မလုပ်ခင် တစ်ယောက်ချင်းစီကို ဖတ်ခိုင်း အသံထွက် ရှင်းလင်းပြီး ကျယ်တဲ့ သူတို့  တတ်ပြာ ခိုင်းတော့ ကျနော်ပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ပထမဆုံး Power Point နဲ့ ထိုးပြီး ရှင်းလင်းပြရတာကို ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရလို့  မှတ်မိနေဆဲပါပဲ ။ ပြောချင်တာက စကားလုံးကို ရှင်းလင်းပြီး အသံကို ကျယ်ကျယ်ပြောနိုင်ရမယ် ဆိုတာပါ။
ကိုယ့်စကားသံကို ကိုယ်မရှက်ပါနဲ့ 
စကားပြောကောင်းကြတဲ့ အကြောင်းအရင်းထဲမှာ ကိုယ်ပိုင်ဆွဲဆောင်မှု ပေးနိုင်တဲ့ စကားလုံးလေးတွေလည်း ပါဝင်ပါတယ်။ တိုင်းရင်းသားမို့ လို့ အသံဝဲလို့ စိတ်ပူတာမျိုး ဖြစ်ဖူးသလား ။သေချာလေး ထိန်းပြီး ပြောသွားပါ ။ ကိုယ်ပြောတဲ့ အကြောင်းအရာက အချိတ်အဆက်မီပြီး ထိမိရင် စကားဝဲတာတောင် နားထောင်ရတာ တစ်မျိုးလေးနဲ့ စွဲသွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။အဓီက ကတော့ စကားပြောစွမ်းရည်အတွက် အချက်အလက်ကျကျ ပြောတက်ဖို့ သာ အရေးကြီးပါတယ်။
အသံနှုန်းကို ချိန်ဆပါ
မိမိ စကားပြောတဲ့ အချိန်မှာ အရေးကြီးတဲ့ အကြောင်းအရာ ၊ မှတ်မိစေလိုတဲ့ အကြောင်းအရာ နဲ့  သာမန်အကြောင်းအရာ ပြောတဲ့ နှစ်ခုမှာ အသံအနိမ့်အမြင့် ဆိုတာ ရှိပါတယ်။ဘယ်လို အသံနှုန်းနဲ့ ပြောတဲ့ အကြောင်းအရာ ဖြစ်ပါစေ တစ်ဖက်လူရဲ့  နားထဲကို လျောလျောရှုရှု ရောက်သွားဖို့ အရေးကြီးပါတယ်။ ငယ်သံပါအောင်သံပေါက်တဲ့ အသံနှုန်းမြင့်တဲ့ စကားသံများဟာ တစ်ဖက်သားကို ကြောက်လန့် နေပုံ ဖြစ်စေပြီး ၊ အသံနှုန်းနိမ့်ပြီး ပြောတဲ့ စကားသံကတော့ တခါတလေ အမိန့် အဏာ ဆန်တဲ့ စကားသံပုံ ပေါက်စေ ပါတယ်။ စကားသံ အနိမ့်အမြင့်က ကိုယ်ပေးချင်တဲ့ စကားကို ပိုပြီး အားကောင်းစေပါတယ်။မေးခွန်းမေးတဲ့ အခါမှာ အဆုံးသတ်ကို အသံနှုန်းမြင့်ပြီး ပြောပါ။ ကြေငြာစာတမ်းလို ထုတ်ပြန်ချက်တွေ ဖတ်တဲ့ အခါမှာ စကားအဖြတ်အတောက်ကို အသံနိမ့်ပြီး ပြောပါ။
မိမိအသံနဲ့ ခံစားချက်ကို ညီပါစေ
ကိုယ်ပြောတဲ့ စကားလုံးနဲ့ ကိုယ် ဟန်ပန်အမူအရာဟာ လိုက်ဖက်မှု ရှိရပါမယ် ။ အားပေးတဲ့ စကားပြောပြီး မျက်နှာပျက်နေတာမျိုး မလုပ်သင့်ပါဘူး ။ ကိုယ်ပြောတဲ့ စကားသံဟာ ကိုယ့်ပရိသတ်ကို ကိုယ်နဲ့ ထပ်တူ ခံစားမှု တွေ ပေးနိုင်စွမ်း ရှိရပါမယ်။ကိုယ့်အသံကိုယ် ကောင်းကောင်း ထိန်းချုပ်ပြီး အသုံးချနိုင်တဲ့ သူများဟာ စီးပွားရေး နယ်ပယ်မှာတင်မက လူမှုရေး နယ်ပယ်မှာလည်း အောင်မြင်မှု ရရှိစေပါတယ်။ ဒီအတွက် အချိန်ပေးပြီး ဆရာတစ်ဆူဖြစ်လာအောင် လေ့ကျင့်ကြမယ် ဆိုရင် တစ်ချိန်ချိန် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုး တွေ ရရှိစေမှာ မလွဲမသွေပါပဲ။
Lynntazaung
searchmyanmar
Labels:
စကားပြော အတတ်ပညာ
မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ
မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။
စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။
အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။
၎င်း အမျိုးသမီး များသည် ငယ်ငယ် ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။
အဆိုပါ သုတေသန ပြုလုပ်မှုအား ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ပွားနေသူ အမျိုးသမီး ၂၇ ဦးပါဝင် ခဲ့ပြီး ပျမ်းမျှ အသက် ၃၇ နှစ် အရွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထဲ၌ ၁၃ ဦး၏ သားအိမ် ကြွင်းကျန်နေသော မွေးညင်း ပေါက်လေးများ ရှိသေးပြီး ၄င်းမွေညင်း ထဲ၌ မကြီးထွားသေးသော မျိုးဥ တစ် ခုရှိသည်။
အဆိုပါ နည်းပညာ သစ်အား နောက် ထပ်တစ်ဆင့် စစ်ဆေးရာ၌ မြုံခြင်းနှင့် ဆိုင်သော ရောဂါ ဝေဒနာများအား တိုက်ဖျက်နိုင်မှု ရှိ မရှိကို မျှော်လင့်လျက် ရှိကြောင်း သုတေသန ပညာရှင်များ က ပြောကြားသည်။
သိင်္ဂီဝင်း
popularmyanmar
Labels:
ကျမ္မာေ၇းဗဟုသုတ
နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿ
ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။
ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင် နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
thevoicemyanmar















