အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday, 9 May 2012

ကျန်းမာရေးအတွက် အတိုအထွားများ

ကျန်းမာရေးအတွက် အတိုအထွားများ


အဖြစ်များနေကြတဲ့ မျက်စိနာရောဂါကို ကာကွယ်ကုသနည်းများ

အခုအချိန်မှာ လူအတော်များများ မျက်စိနာနေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွားနှုန်းကို အရမ်းမြန်စေလို့ ဒီနှစ်မှာ မျက်စိနာသူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ်လို့သာ ဆိုကြပေမယ့် တကယ်တမ်းကတော့ မျက်လုံးရဲ့ အဖြူရောင်အသား (Sclera) ကို ကာကွယ်ပေးထားတဲ့ အမြှေးပါး အကြည်လေး (conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာအခေါ်အရ conjunctivitis လို့ ခေါ်ကာ အင်္ဂလိပ်လို pink eye လို့ ခေါ်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး အချို့ ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်ရတာလဲ ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ၀င်ခြင်း (ဥပမာ မီးခိုး၊ ဓာတ်ငွေ့၊ ၀တ်မှုန် စသည်) ၊ မျက်သားခြောက်သွေ့လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်းကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ၅ရက်ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။ 

မျက်စိနာရောဂါရဲ့ လက္ခဏာတွေက အားလုံး သိရှိခံစား ဖူးကြတဲ့ အတိုင်း မျက်လုံးနီရဲ ရောင်ယမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်း တစ်ခုခု ၀င်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်းများကို mmDailyNews ပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။ 

(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထုတစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ထိကိုင်ပါ။



(၂) မျက်နှာသုတ်ပုဝါကို ဂရုစိုက်ပါ။ မျက်နှာ သုတ်ပုဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် သုံးတာ အကောင်းဆုံးပါ။ မျက်စိနာ ရောဂါ ဖြစ်နေတဲ့ သူအတွက် ဆိုရင်တော့ မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန်ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့ သူရဲ့ မျက်နှာသုတ်ပုဝါကို နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။ အစွမ်းချွတ်ဆေး တစ်မျိုးကို သုံးပြီး ဖြစ်စေ၊ ရေနွေး ပွက်ပွက်ဆူမှာ ကြာကြာ ပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးရင် လူနာရဲ့ မျက်စိက ပိုးတွေက မျက်နှာသုတ်ပုဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ်ပါတယ်။

(၃) မျှတတဲ့ လတ်ဆတ်သော အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက်ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊ အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ၀တ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူတွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့်ရှင်းရေးကို ပိုမို သတိထားသင့်ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာမို့ ဒီလိုလူတွေလဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

(၄) ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေပူဖုံထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခပ်ပေးပါ။ အခုလို မျက်စိနာရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေးပေမယ့်  ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခပ်ပေးတာလဲ ကာကွယ်ရာ ရောက်စေပါတယ်။ 

မျက်စိနာရင် မြန်မြန်ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့ 

(၁) မျက်စိနာနေတဲ့ အချိန်မှာ အရက်သေစာသောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ခေါင်းလျှော်ခြင်း စာကြာကြာဖတ်ခြင်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ 



(၂) မျက်စဉ်း ခပ်ကို ခပ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်းစေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ မျက်စဉ်း ခပ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရေင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ၀င်လာတတ်တာမို့ မျက်စဉ်းခပ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။ 

ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ယမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက် တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခပ်ပေးရင် ယားယံ ရောင်ယမ်းခြင်းတွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေပါတယ်။ မျက်စဉ်းမခပ်သူတွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင်တော့ဘူးပေါ့။

(၃) မျက်နှာသုတ်ပုဝါ၊ နေကာမျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူးဂရုစိုက်ပေးပါ။

(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံးကို ခဏခဏ ပွတ်ခြင်းကို  လုံးဝ ရှောင်ကြဉ်ရပါမယ်။



(၅) မည်သည့်အရွက်ကိုမှ သတ္တုရည် ညှစ်၍ မျက်စဉ်းခပ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့တိုင်းရင်းဆေးလာ ဆေးနည်းတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေးပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။

နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့ နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်းသွား နိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။ 

(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။

(၇) မျက်စဉ်းကို မဖြစ်မနေ ခပ်သင့်တယ်လို့ ပြောခဲ့တဲ့ အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခပ်လို့ရပါတယ်။ မျက်စဉ်းတွေရဲ့ ဘူးပေါ်မှာ တစ်နေ့ကို ၃ ကြိမ်လောက်ပဲ ခပ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန်သလောက် ၂ နာရီခြား တစ်ခါလောက်အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခပ်ခြင်းဟာ တကယ်ဘေးကင်းထိရောက်တဲ့ ဆေးနည်း ဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပသန့်ရှင်းရေးနဲ့ ခံယူမယ့် ခွက်တို့ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။ 

(၈) နာကျင် ရောင်ယမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ အ၀တ်စ၊ ပတ်တီးစ တစ်ခုကို ရေနွေးနွေးလေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့ နည်းကို အနွေးကပ်ခြင်း လို့ ခေါ်ပါတယ်။ ရေအေးအေးလေးမှာ စိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။ 

(၉) ရောင်ယမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadineစတဲ့ဆေးတွေ တစ်နေ့ ၂ လုံးလောက် သောက်နိုင်ပါတယ်။ Cetrizineထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။

အမျိုးသားများတွင် ရင်သားကြီးခြင်း

အမျိုးသားတွေမှာ ရင်သားကြီးတဲ့ ပြဿနာကို Gynaecomastia လို့ခေါ်ပါတယ်။ ဒီရင်သားကြီးတဲ့ ပြဿနာဟာကမ္ဘာပေါ်မှာ အမျိုးသားသုံးပုံတစ်ပုံခန့်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ကောင်လေးတွေရဲ့၆၅ ရာခိုင်နှုန်းခန့်ဟာ လူပျိုဖော်ဝင်ချိန်မှာ ရင်သားအနည်းငယ်ကြီးလာတတ်ပါတယ်။အသက် ၁၈နှစ်အရွယ်ရောက်သွားချိန်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်တာကြောင့် စိတ်ပူဖို့မလိုပါဘူး။ ရင်သားကြီးပါတယ်ဆိုတဲ့အမျိုးသားတွေဟာရင်သားတစ်သျှူးတွေ သိပ်သည်းမြဲမြံနေတတ်ပါတယ်။ ရင်ဘတ်မှာအဆီတွေများနေတဲ့အမျိုးသားတွေရဲ့ ရင်သားတစ်သျှူးတွေကတော့ ပျော့တွဲနေပြီး ရင်သားကြီးတာနဲ့တူပေမယ့် ဒါဟာ ရင်သားမှာ အဆီများတာကြောင့် ကြီးနေတာဖြစ်ပါတယ်။
အမျိုးသားများတွင် ရင်သားကြီးရသော အကြောင်းရင်းများ
အမျိုးသားတွေက ပုံမှန်အားဖြင့်မယဟော်မုန်း အီစထရိုဂျင်ထက် အမျိုးသားဟော်မုန်းအန်ဒရိုဂျင်ကို ပိုထုတ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာ ရင်သားကြီးတာက ကျားနဲ့ မယဟော်မုန်းမမျှတတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီလိုဟော်မုန်းမညီမျှတာဟာ-
- အသက်ကြီးခြင်း
- တက်စတိုစတီရုန်းကျားဟော်မုန်းေ
လျာ့နည်းခြင်း
- နှလုံးရောဂါကုသဆေီးငါသထငည၊ ဆီးဆေှးစငမသညသူခေအသညန စတဲ့ ဆေးဝါးတချို့ သောက်သုံးခြင်း
- အားကစားသမားတွေမှာ သက်လုံကောင်းအောင် သုံးလေ့ရှိတဲ့ ဗညဘေသူငခှအနမသငျိ မှီဝဲခြင်း
- ဆေးခြောက်သုံးခြင်း
- ကျောက်ကပ် ဒါမှမဟုတ် အသည်း ထိခိုက်မှု
- နာတာရှည်ကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်း
- ဝှေးစေ့၊ အဆုတ်၊ အစာအိမ်၊ အသည်း၊ ကျောက်ကပ်နဲ့ ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်ခြင်းစတဲ့ အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
ဖြစ်နိုင်ခြေများသော အချက်များ

- အသက် ၅၀ ကျော်ခြင်း
- အ၀လွန်ခြင်း
- အရက်ကို အလွန်အကျွံသောက်ခြင်း
- နာတာရှည် အသည်းရောဂါ ဒါမှမဟုတ် နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း
- အန်ဒရိုဂျင်ဟော်မုန်း ဒါမှမဟုတ် အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှု
ကို နှောင့်ယှက်တတ်တဲ့ ဆေးဝါးတွေ မှီဝဲရခြင်း
- မိသားစု မျိုးရိုးရှိခြင်း
ရောဂါလက္ခဏာများ
အမျိုးသားတွေမှာ ပုံမှန်မဟုတ်ဘဲရင်သားကြီးတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ ရင်သားနှစ်ဖက်စလုံး သိပ်သည်းမြဲမြံတဲ့ တစ်သျှူးတွေနဲ့ ရင်သားကြီးနေခြင်းနဲ့ ရင်သားတင်းနေခြင်းတို့ပဲဖြစ်ပါတယ်။
ကာကွယ်ခြင်း

အမျိုးသားတွေမှာ ရင်သားမကြီးအောင်ကာကွယ်ချင်ရင် ရင်သားကြီးစေတဲ့ အချက်တွေကို ရှောင်ရမှာပါ။ အရက်ကို အလွန်အကျွံမသောက်ပါနဲ့၊ စတီးရွိုက်ဆေးဝါးရှောင်ပါ၊ ဆေးခြောက် ကိုလုံးဝ လုံးဝ မသုံးပါနဲ့ စတဲ့ ကိုယ်တတ်နိုင်တဲ့ ကာကွယ်မှုတွေကိုလိုက်နာပေးပါ။
ရောဂါရှာဖွေမှု
ဆရာဝန်အနေနဲ့ သင်ရဲ့လက္ခဏာတွေကို မေးမြန်းကာ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ရောဂါရှာဖွေတဲ့အနေနဲ့ သွေးစစ်ဆေးမှု (အသည်း၊ ကျောက်ကပ်နဲ့သိုင်းရွိုက်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုသိအောင်နဲ့ ဟော်မုန်းပမာဏ သိအောင်)၊အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ ရင်သားအသားစယူစစ်ဆေးခြင်းစတဲ့ နည်းလမ်းတွေကိုဆောင်ရွက်နိုင်ပါတယ်။
ဆေးကုသမှု
ယေဘုယျအားဖြင့်တော့ အမျိုးသားတွေရဲ့ ရင်သားကြီးတဲ့ ပြဿနာကိုဆေးကုသစရာမလိုအပ်တတ်ပါ
ဘူး။ ဒါပေမဲ့ ရင်သားကြီးစေတဲ့ အခြေခံအကြောင်းရင်းကိုတော့ သိအောင်ရှာဖွေပြီး ရောဂါကြောင့် ဖြစ်တာဆိုရင် ရောဂါကို ကုသဖို့လိုအပ်နေပါတယ်။

သင့်နှလုံးအတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ


လေ့ကျင့်ခန်း အားလုံးက နှလုံးကျန်းမာရေး အတွက် အကျိုးပြုတယ်လို့ မထင်ပါနဲ့။ တချို့လေ့ကျင့်ခန်း တွေက သင့်နှလုံးအတွက် မကောင်းပါဘူး။ နှလုံးသွေးကြော ကျန်းမာရေး အတွက် ရေရှည် အကျိုးပြုမယ့် လေ့ကျင့်ခန်းတွေ ရှိသလို တချို့လေ့ကျင့်ခန်းတွေ ကတော့ နှလုံးအတွက် ကောင်းပေမယ့် ခန္ဓာကိုယ် အတွက် ခက်ခဲပင်ပန်းစေတာ မျိုးလည်း ရှိပါတယ်။
ဒါကြောင့် ကာကွယ်ရေး ဆေးပညာအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ နှလုံးအထူးကုဆရာဝန် Arthur Agatston က အကြံပြုထားတဲ့ နှလုံးအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အကျိုးပြုမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေနဲ့ သင့်နှလုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အဆိုးဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။
အကောင်းဆုံးလေ့ကျင့်ခန်းများ 
ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲတွင် အရှိန်မြင့်လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်ခြင်းပုံမှန်အချိန်ကြာကြာ လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ အရှိန်မြင့်တဲ့ လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်တဲ့နည်းဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ကာကွယ်မှု၊ ကိုယ်အလေးချိန်လျှော့ချမှုနဲ့ လေ့ကျင့်ခန်း ပိုမိုထိရောက်မှုတွေ အတွက် ပြိုင်ဘက်ကင်းတဲ့ နည်းလမ်း တစ်ခုပါ။
လုပ်ဆောင်ရမယ့်နည်းကတော့ ဥပမာ- သင်ဟာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် သာမန်နှုန်းနဲ့ သုံးမိနစ်ခန့်လျှောက်ပြီး တစ်မိနစ်ခန့်ကို ခပ်သွက်သွက်မြန်မြန် လျှောက်ပေးတာမျိုး ဖြစ်ပါတယ်။ သင်ဟာ စက်ဘီးစီးတယ်ဆိုရင် လည်း သာမန်အမြန်နှုန်းနဲ့ စီးလိုက်၊ အချိန်ခဏကြာ ခပ်သွက်သွက်မြန်မြန်နင်းလိုက် လုပ်ရမှာ ဖြစ်ပါတယ်။
သင့်နှလုံးခုန်နှုန်းကို မြင့်လိုက်၊ ကျလိုက် ဖြစ်စေခြင်းဟာ သွေးကြောတွေရဲ့ ကျန်းမာရေးကို ပိုကောင်းစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ခန္ဓာကိုယ်က သွေးထဲမှ အဆီတွေနဲ့ သကြားဓာတ်ကို ဖယ်ရှားရာမှာလည်း ပိုမိုထိရောက်စေပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး လုပ်ဆောင်ရသော အားကစား 
အားကစား လှုပ်ရှားမှုတစ်ခုမှာ ပါဝင်လုပ်ဆောင်ရတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ပိုများလေ၊ နှလုံးက အဲဒီကြွက်သားတွေဆီကို သွေးတွေပို့ပေးနိုင်ဖို့အတွက် အလုပ်ပိုလုပ်ရလေဖြစ်ပြီး နှလုံးက ပိုသန်မာလေ ဖြစ်ပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ အားကစားနည်းတွေ ဖြစ်ပါတယ်။
အလေးသုံး၍ ကစားခြင်း အလေးသုံးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း နှလုံးခုန်နှုန်းကို မြန်စေပြီး နှလုံးကို အကျိုးပြုနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှုအတွက်လည်း အကျိုးပြုပါတယ်။
ခန္ဓာကိုယ်ဗဟိုချက် ကြွက်သား လေ့ကျင့်ခန်းများ
Pilate လေ့ကျင့်ခန်းလိုမျိုး ခန္ဓာကိုယ် ဗဟိုချက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေဟာ ဟန်ချက်ထိန်းနိုင်မှု တိုးတက်စေနိုင်ပါတယ်။
ယောဂကျင့်စဉ် ယောဂကျင့်စဉ် လေ့ကျင့်တာကတော့ သွေးကြောတွေကို ကျုံ့ဆန့်နိုင်စွမ်း ပိုရှိစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။
တစ်နေ့လုံး လှုပ်ရှားတက်ကြွနေခြင်း 
အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံထဲမှာ သစ်ပင်စိုက်တာ၊ ကားရေဆေးတာ စတာတွေလုပ်ပြီး တစ်နေ့လုံး လှုပ်ရှားတက်ကြွနေသူတွေဟာ တစ်နေ့မှာ ၃၀-၆၀ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် တစ်နေ့လုံး ကွန်ပျူတာရှေ့ထိုင်နေသူတွေထက် ကယ်လိုရီတွေ ပိုလောင်ကျွန်းကာ ပိုကျန်းမာကြပါတယ်။
အဆိုးဆုံး လေ့ကျင့်ခန်းများ
ပလက်ဖောင်းပေါ်တွင် ပြေးခြင်း 

ကျောက်ပြားခင်းထားတဲ့ ပလက်ဖောင်းလိုမျိုး မျက်နှာပြင်မှာ အချိန်ကြာကြာပြေးနေသူတွေဟာ ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ပလက်ဖောင်းပေါ်မှာ ပြေးခြင်းဟာ နှလုံးကို သန်မာစေမယ့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။
လေ့ကျင့်မထားဘဲ အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်း
ပြင်းထန်တဲ့ အားကစားတွေလုပ်နိုင်ဖို့ တဖြည်းဖြည်း လေ့ကျင့်ယူလို့ ရနိုင်ပေမယ့် စနစ်တကျ လေ့ကျင့်မထားဘဲ ဘယ်လိုပြင်းထန်တဲ့ အားကစားမဆိုလုပ်ရင် Adrenaline ဟောမုန်းတွေ အများအပြားထွက်လာပြီး နှလုံးရောဂါ ထခြင်း (Heart Attack) ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းကို မဆို မလုပ်ခင် သွေးပူလေ့ကျင့်ခန်းအရင် လုပ်ပေးဖို့ လိုပါတယ်။
ဘယ်လိုလေ့ကျင့်ခန်း လုပ်မလဲလို့ ရွေးချယ်ရာမှာ သင့်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ လိုသလို သင်ဝါသနာပါတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတယ်လို့ မခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စွဲစွဲမြဲမြဲလုပ်ဖြစ်မှာ ဖြစ်ပါတယ်။


ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်

ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက ကြေငြာကြွေးကြော်လိုက်ကြသည်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်မှ သိပ္ပံပညာရှင်များက ကိုလက်စထရောလ်များသော အစာများကို တိုက်ကျွေးထားသော ကြွက်များကို ခြေမွထားသော ကြက်သွန်နီများ စားစေပြီး စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ သီတင်း(၈)ပတ်မျှ ကြာမြင့်သောအခါ မကောင်းသော ကိုလက်စထရောလ်များ ပါဝင်နေမှုအဆင့် (သို့မဟုတ်) လစ်ပိုပရိုတိန်း ပါဝင်သိပ်သည်းမှု နိမ့်ကျနေမှု (LDL)ကို ၂၀%ထိ လျော့ကျနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏ လစ်ပိုပရိုတိန်း သိပ်သည်းဆ မြင့်မားမှု (HDL)မှာမူ မလျော့ပါးဘဲ ကောင်းသော ကိုလက်စထရောလ်များ မနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။

Chinese University of Hong Kong မှ သုတေသနအဖွဲ့ခေါင်းဆောင် Zhen Yu Chen က "ကြက်သွန်နီတွေကို သုတေသနတွေ အများကြီးပြုလုပ်ခဲ့ရာမှာ လူသားဂျင်းစ်(genes)တွေအပေါ် အကျိုးကျေးဇူးပြုမှု၊ ခန္ဒာကိုယ်ရဲ့ ကိုလက်စထရောလ် ဇီဝကမ္မဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့ ပရိုတိန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကို နည်းနည်းပါးပါးပဲ သိရပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လေ့လာမှုကို ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားပြီ့းတော့ ကြက်သွန်နီတွေရဲ့ ကိုလက်စထရောလ် လျှော့ချပေးမယ့် အင်ဇိုင်းမ်တွေအပေါ်မှာ အကျိုးထိရောက်မှုတွေကို အသေးစိတ်သိရှိ ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဇီဝကမ္မ လုပ်ဆောင်ချက်တွေမှာ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးရှိမှုကို ဆန်းစစ်လေ့လာမှုဟာ ဒါပထမဆုံး အကြိမ်ပဲ ရှိပါသေးတယ်။
လေ့လာမှုရဲ့ အဖြေတွေကတော့ ကြက်သွန်နီ ပုံမှန်စားသုံးမှုဟာ နှလုံးရောဂါအများစု (သွေးကြောကျဉ်းမှုကြောင့် ဖြစ်ပွားတဲ့ နှလုံးရောဂါ (coronary heart disease) ကို ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့ ကြွေးကြော်လို့ ရပါတယ်"
ဟု ပြောကြားသွားခဲ့သည်။

ဗြိတိန်ကဲ့သို့ ဥရောပနိုင်ငံများတွင် ကြက်သွန်ဖြူ၏ ကောင်းကျိုးများကို ပိုမိုသိရှိကြသော်လည်း မြန်မာအပါအ၀င် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် Mediterraneanဒေသများတွင် အများဆုံး စားသုံးနေကြသော ကြက်သွန်နီ၏ ကောင်းကျိုးများကိုမူ ဥရောပတိုက်သားတို့ အသိနည်းလှပေသည်။

သို့သော် ယခုအခါ ဗြိတိန်မှာ ကြက်သွန်ဖြူ အမျိုးမျိုးထက် ပို၍ချိုသော ကြက်သွန်နီကို ဗင်နီဂါရည်၊ သကြားတို့ဖြင့် ချက်ပြုပ်ထားသော Red Onion Marmalade မှာ နာမည်ကြီးနေပြီး ချီးစ် သို့မဟုတ် အအေးစာများနှင့် တွဲဖက်စားသုံးလာကြကြောင်း သိရှိရသည်။

ကြက်သွန်နီ အများအပြား စားသုံးသော ကမ္ဘာ့ဒေသများမှာ ကင်ဆာဖြစ်ပွားမှုပင် သိသာထင်ရှားစွာ လျော့နည်းကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများက ဆိုသည်။ 

ဂျော်ဂျီယာနှင့် အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနှုန်းကို ပျမ်းမျှရာနှုန်းဝက် လျှော့ချစေသည်ဟု ယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်ဥငယ်များ စိုက်ပျိုးစားသုံးလာကြကြောင်း သိရှိရသည်။ 

ကမ္ဘာ့ဒေသများအနက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများဆုံးစားသုံးသော တရုတ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှာ ကျန်ဒေသများထက် ၄၀%ထိ ပျမ်းမျှအားဖြင့် လျော့နည်းနေကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။

ကြက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိ


ကြက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိကြောင်း  အမေရိ ကန်မှ သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။
ကြက်ဟင်းခါးသီးတွင် ပါဝင် သည့်ဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားတိုးတက်စေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေ မှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို သေဆုံးစေရန်လည်း လှုံ့ဆော်ပေး နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးပြီး တိရစ္ဆာန် တွင် ပထမဆုံးစမ်းသပ်ကာ ယင်း နောက် လူသားတွင်လည်း စမ်းသပ် ရန် လိုအပ်နေသေးကြောင်း ကင်ဆာ သုတေသနဂျာနယ်တွင်ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေ ရိကန်နိုင်ငံကော်လိုရာဒိုတက္ကသို
လ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။
ကြက်ဟင်းခါးသီးအမြောက် အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေ ပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။ ကြက်ဟင်းခါးပင်များမှာ အာရှ၊ အာ ဖရိကနှင့် တောင်အမေရိကတွင် ပေါက်ရောက်သည်။ ယခင်ကတည်း က ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။
ကြက်ဟင်းခါးသီးမှထုတ်ယူ သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က ”ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက အနည်းငယ်က ပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ ဝေဒနာရှင်တွေအတွက် အကျိုးရှိသ လား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်”ဟု သုံးသပ်ခဲ့သည်။




အဓိက အိပ်ရေးပျက်ခြင်းကြောင့်


အိပ်ရေးပျက်ခြင်းကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် ။ မေ့တတ်လာတာတွေ ၊ ၀င်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်းတွေ လျော့ကျလာတာတွေ ရှိလာတတ်ပါတယ် ။ ဒီဆိုးကျိုးတွေက တဖြည်းဖြည်းချင်းမှ သက်ရောက်လာနိုင်ပေမဲ့ ချက်ချင်းသက်ရောက်လာနိုင်တဲ့ ဆိုးကျိုးကတော့ မျက်နှာပြင်မှာ ၀က်ခြံလို့ခေါ်ကြတဲ့ အဖုလေးတွေ ထွက်တတ်လာတာပါပဲ ။ အဲအဖုလေးတွေ ထွက်လာရင် အများစုကတော့ cosmetics တွေနဲ့ ဆေးတွေ သုံးစွဲကြပါတယ် ။ အဲဒီလို ဆေးတွေ ၊ cosmetics တွေသုံးတာ အပြင် ဒီလိုလေးဂရုစိုက်ပေးခြင်းဖြင့်
လဲ ကာကွယ်နိုင်ပါတယ် ။
1. မျက်နှာပြင်နဲ့ အထိအတွေ့များတဲ့ မျက်နှာသုတ်ပုဝါ ၊ ခေါင်းအုံးစွတ် ၊ စောင် (တချို့က စောင်ကို ခေါင်းထိပါခြုံတတ်တဲ့ အလေ့အကျင့်ရှိကြလို့ပါ ) စတာတွေကို အမြဲသန့်ရှင်းအောင်ထားပါ ။
2. မိန်းကလေးတွေအတွက် ဆံပင်သန့်ရှင်းရေးကိုလဲ ဂရုစိုက်သင့်ပါတယ် ။ အမြဲတစေအပြင်မှာ လှုပ်ရှားသွားလာနေကြရတော့ ဆံပင်လေးတွေမှာ ဖုန့်မှုန့်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်လာနိုင်ပါတယ် ။ မိန်းကလေးတွေက ဆံပင်အရှည်ထားတတ်ကြတော့ ယောက်ျားလေးတွေလို ခေါင်းနေ့တိုင်းလျှော်နိုင်ကြမှ
ာ မဟုတ်ပါဘူး ။ (မိန်းကလေးတွေ ခေါင်းနေ့တိုင်းလျှော်ကြရင်လဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကအစပြုလို့ ဦးနှောက်မှာ အကြိတ်တည်လာခြင်းဆိုတဲ့ ဝေဒနာခံစားရနိုင်ပြီး အသက်ဆုံးရှုံးခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ် ) ။ ဆံပင်ကိုမျက်နှာပြင်ပေါ် မကျလာအောင်ဂရုတစိုက်ထိန်းသိမ်းရင် ရပါတယ်။
3. နောက်ဆုံး အဓိကအချက်ကတော့ အိပ်ရေးဝအောင်အိပ်သင့်ပါတယ် ။ လူတစ်ယောက်အတွက် ည 11 နာရီ နောက်ဆုံးထားပြီး အိပ်ယာဝင်သင့်ပါတယ် ။
ဒီအချက်လေးတွေ ဂရုစိုက်ပေးမယ်ဆိုရင်တော့ ဆိုးကျိုးတွေ မကြုံတွေ့နိုင်ရတော့ပါဘူး။ တချို့က မျက်နှာပြင်မှာ အဖုလေးတွေပေါက်တတ်တာ ရောဂါတစ်မျိုးလို ခံစားနေတတ်ကြရပါတယ်။ အဲဒီ့အတွက်တော့ အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ် ။

အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်


တစ်နေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီနာရီများစွာ ထိုင်တဲ့အခါထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ် ပုံသဏ္ဌာန် ပျက်ယွင်းတာက စပြီး အသက် ၄၅ နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့ အထိ အန္တရာယ် ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တစ်နေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြောပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။
ထိုင်နေတဲ့အခါ မတ်တတ်ရပ် အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရ မရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။
အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအဝင် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့ နည်းလမ်းတွေကတော့- 
၁။ ထိုင်လျက် တစ်သတ်မတ်ထဲမနေဘဲ ပုံစံပြောင်းပါ။ ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တစ်ခါလောက် ထိုင်ရာကထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။
၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင့်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။
၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်းပါတယ်။ အကြောင်းကတော့ ဆောင်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာပဲ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ ပခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့ သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန် တစ်ဦးက ဆိုပါတယ်။
၎။ ရုံးမှာ ကားပေါ်မှာ ထိုင်တဲ့အခါ ခါးရဲ့ သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခံပေါ်မှာ ခါးမှီတစ်ခုခု (Lumbar roll) ထား ရှိသင့်ပါတယ်။
၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တစ်ကြိမ်မှာ ၁၀ ခါကနေ ၁၅ ခါ အထိ တစ်နေ့သုံးကြိမ် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။






ချစ်ခြင်းမေတ္တာနှင့် ကျန်းမာရေး


လောကကြီးသာယာလှပဖို့အတွက် ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ ကြုံတွေ့ကြမှာပါ. . . အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင် လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .

ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင် တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊ စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ် ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . . ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်. . . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .

အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .
  • အချစ်က နုပျိုစေနိုင်တယ်
  • အချစ်က အသက်ရှည်စေနိုင်တယ်
  • အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
  • အချစ်က သွေးတိုးကာကွယ်ပေးတယ်
  • အချစ်က နှလုံးအတွက် ကောင်းစေတယ်
  • အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
  • အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
  • အချစ်က ညဏ်ကောင်းစေတယ်
  • အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
  • အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . . ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

နုမြတ် (ဆေး -၁) (အာရောဂျံ)

ချစ်သူတိုင်း ပျော်ရွှင်ကြည်နူးကြပါစေရှင်.. .

အကြော်စုံတွေထဲမှာ ရေသန့်ဘူး အကြည်တွေ ထည့်ကြော်နေတဲ့ ကိစ္စ လိုက်လံစစ်ဆေး အရေးယူနေပြီ

အကြော်ဆိုင်များနှင့် အကြော်စုံ လုပ်ငန်းများသည် အကြော်များ တာရှည်ခံကာ ကျွတ်ရွမှု မြင့်မားစေရန်အတွက် ရေသန့်ဘူးခွံ အကြည်များကို အကြော်ကြော်ရာတွင် ထည့်သွင်း ကြော်လှော်နေကြောင်း ကြားသိရသည့်အတွက်ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့မှ အကြော်လုပ်ငန်းများ အသီးသီးကို လိုက်လံ ကွင်းဆင်း စစ်ဆေးကာ တွေ့ရှိပါက ထိရောက်စွာ အရေးယူသွား တော့မည်ဟု ကြားသိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံရေးရာဌာန၊ ဈေးများဌာန တို့နှင့်အတူ FDA တို့မှ အကြော်လုပ်ငန်းများသို့ လိုက်လံ ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ပြီး အကြော်များကြော်ရာတွင် ပလတ်စတစ် ရေသန့်ဘူး အကြည့် ထည့်သွင်း ကြော်လှော် ထားကြောင်း ဓာတုနည်းအရ စစ်ဆေးတွေ့ရှိပါက ထိုလုပ်ငန်းကို စည်ပင်သာယာဥပဒေအရ လည်းကောင်း၊ FDA ၏ ဥပဒေအရလည်းကောင်း နှစ်ကြိမ် အရေးယူသွားမည်ဟု ကြားသိရသည်။
 



ပလတ်စတစ် အကြည်ဖြင့် ပြုလုပ်ထားသော ရေသန့်ဘူးများကို အကြော် ကျွတ်ရွမှု မြင့်မားစေရန်နှင့် တာရှည်ခံ စေရန် ဆီပူထဲတွင် ထည့်သွင်း ကြော်လှော်ခြင်းဖြင့် ပလတ်စတစ်များသည် မြင့်မားလွန်းလှသော အပူချိန်နှင့် ထိတွေ့သောအခါ Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ပလတ်စတစ်များထဲမှ ထွက်လာကြောင်း၊

အဆိုပါ BPA ဒြပ်ပေါင်း စိမ့်ဝင်နေသော အစားအသောက်များကို ရေရှည် စားသုံးလျှင် လူသားများ၏ အာရုံကြောစနစ် နှင့် မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း၊ ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ကြောင်း၊



ဤသို့ ၀ိသမလောဘနှင့် ကိုယ်ကျိုးသက်သက် စီးပွားရှာမှုများကို ယခုကဲ့သို့ လိုက်လံစစ်ဆေး၍ ထိရောက်စွာ အရေးယူခြင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ထိရောက်စွာ စောင့်ရှောက်ရာ ရောက်သဖြင့် အထူးဝမ်းသာ ကြိုဆိုမိပါကြောင်း၊ 


သို့သော် အချိုမှုန့် (Monosodium Glutamate, MSG) သည်လည်း ရေရှည်စားသုံးလျှင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေပြီး ဦးနှောက်စွမ်းရည်ကို နိမ့်ကျစေသော အာနိသင် ရှိသောကြောင့် လက်ရှိဈေးကွက်ထဲရှိ နှစ်ပြန်ကြော် အထုပ်များတွင် အချိုမှုန့်များ အတုံးအခဲလိုက် ပါဝင်နေခြင်းကိုပါ တားဆီးသင့်လှပေကြောင်း mmDailyNews ၏ ကျန်းမာရေး ဆောင်းပါးရှင်တစ်ဦး ဖြစ်သူ ဒေါက်တာသီဟသစ်မှ ပြောပြခဲ့သည်။



မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူတွင် အခမဲ့ ဆေးကုသပေးမည့် အစီအစဉ်

စင်ကာပူအစိုးရ၏ ပံ့ပိုးငွေဖြင့် မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူနိုင်ငံသို့ အခမဲ့ ခေါ်ဆောင်ကာ အခမဲ့ တာဝန်ယူ ဆေးကုသပေးသွားမည်ဟု သတင်းရရှိသည်။ ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အသည်းကင်ဆာ ဝေဒနာရှင် ၃၆၀ ဦးကို ခေါ်ယူကာ ကုသပေးသွားမည် ဖြစ်ပြီး အဆိုပါ ကုသမှုအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခမှ စ၍ အခကြေးငွေ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာ အဖွဲ့အစည်း (International Liver Cancer Association, ILCA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာအသိအမှတ်ပြု မြန်မာ့အသည်းသမားတော် တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ဝင်းမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားရာတွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်ပွားလျှင် အကောင်းဆုံး ကုသနည်းမှာ ကင်ဆာဖြစ်သော အသည်းနေရာကို ခွဲစိတ်ထုတ်ပယ်ဖြစ်ခြင်း ဖြစ်ကြောင်း၊ ..............

 
Sorafenib  ဆေး

သို့သော် လက်ရှိ ပြည်တွင်းတွင် အသည်းကင်ဆာများကို ဤသို့ ခွဲစိတ်ကုသပျောက်ကင်းနိုင်သော စောစီးသည့် အခြေအနေနှင့် တွေ့ရသည်မှာ ၅% ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် ခွဲစိတ်ကုသနည်းသည် မြန်မာနိုင်ငံအတွက် အားမကိုးနိုင်ကြောင်း၊ ယခု စင်ကာပူနိုင်ငံမှ ကုသပေးမည့် အစီအစဉ်တွင် အသုံးပြုမည့် နောက်ဆုံးပေါ် ဆေးသည် 
Sorafenib ဟု အမည်ရပြီး ကနေဒါ ပညာရှင်များ တီထွင်ထားခြင်း ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အာနိသင် အကောင်းဆုံး ဆေးဖြစ်ပြီး အလွန်ဈေးကြီးကြောင်း၊ ၄င်းဆေးကို Y90 Yttrium Radioembolization အဏုမြူနည်းဖြင့် ပေါင်းစပ်ကုသရမည် ဖြစ်ပြီး လူတစ်ယောက်စာအတွက် မြန်မာငွေ သိန်း ၂၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ယခု အာရှ-ပစိဖိတ် အသည်းကင်ဆာ ဆေးသုတေသနအဖွဲ့ (Asia-Pacific Hepatocellular Carcinoma Trial Group) မှ ကုသပေးသည့် အစီအစဉ်တွင် ဝေဒနာရှင်များဘက်မှ ကုသခ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

 
အသည်းကင်ဆာဆဲလ်များကို တိုက်ဖျက်မည့် Y90 အစ်ထရီယမ် အမှုန်လေးများ 


အသည်းကင်ဆာဝေဒနာ ရှင်များကို ဦးစွာ စမ်းသပ်စစ်ဆေးပြီးSorafenib ဆေးသွင်းကုထုံး တစ်မျိုးတည်းဖြင့် ကုသ၍ ရမည်ဆိုလျှင် စင်ကာပူသို့ သွားရန်မလိုဘဲ ပြည်တွင်းသို့ ဆေးများ အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ Y90 Yttrium Radioembolization အဏုမြူနည်းပါ လိုအပ်သူများကိုသာ စင်ကာပူသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ ကုသမှုကို ခံယူနိုင်ရန် အကြမ်းဖျဉ်း အားဖြင့် ပြည်သူ့ဆေးရုံ တစ်ခုခုတွင် အသည်းကင်ဆာ ဝေဒနာရှင်အဖြစ် စာရင်းဝင်သူ ဖြစ်ရမည်ဟု ကြားသိရပြီး အသေးစိတ် အချက်အလက်များကိုတော့ သတင်းမရရှိသေးပါ။
 

(ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ကုသခွင့် လူနာ ၃၆၀ အနက် အယောက် ၃၀ ပို့ဆောင်ကုသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ထိုအခွင့်အရေးသည် သူကဲ့သို့သော ကမ္ဘာကျော် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရသင့်သည့် အခွင့်အရေးဟု စာရေးသူ ထင်မြင်မိပြီး ကုသမှု တကယ်လိုအပ်သူ မရှိနွမ်းပါးသူများကို ဆေးရုံစာရင်းများအရ ခေါ်ယူသွားမည်ဟု နောက်ဆက်တွဲ သတင်းရရှိပါသည်)



meepyatite@gmail.com မှ မေးလ် ပို့မှုလေးပါ။

အမျိုးသမီးတစ်ထောင်ကျော်အား အဓမ္မပြုကျင့်သူ ဖမ်းဆီးခံရ



လန်ဒန်၊ စက်တင်ဘာ ၂၉ - ဤအမှုသည် အမျိုးသမီးပေါင်း ၁၀၀၀ ကျော်အား မတရား ပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကိုယ်ထိလက်ရောက် ပြုကျင့်ခဲ့သော ဥရောပ၏ အကြီးမားဆုံးနှင့် မကောင်းဆိုးဝါးသဖွယ် ပြုကျင့်ခဲ့သူ၊ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ဂျိုးရဂ်အား ယခုမတ်လတွင် ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီး ရမိခဲ့ပြီးနောက် စီရင်ချက်ချမှတ်ရန် ရုံးချိန် ပေါ်ထားသော အမှုတစ်ခု ဖြစ်သည်။

၎င်းသည် အမျိုးသမီး ၁၀၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ၎င်း၏ နောက်ဆုံးအမည်အား ဂျာမန်ဥပဒေအရ ထုတ်ဖော် ပြောကြားခွင့် မရှိကြောင်းသိရသည်။ ၎င်းသည် The Silence Of The Lambs ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်လိုက်ကဲ့သို့ ဒဏ်ရာရရှိထားသော ဒုက္ခသည်တစ်ဦးပမာ ဟန်ဆောင်ကာ သားကောင်ရှိရာ အိမ်တစ်အိမ်အား တံခါးခေါက်ကာ အိမ်သာ အသုံးပြုခွင့်တောင်းသည်။

ထို့နောက် အဓမ္မပြုကျင့်မှုကို ကျူးလွန်တော့သည်။ ၎င်းသည် ဟော်လန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်များတွင် ကျူးလွန်ခဲ့သော မုဒိမ်းမှု ၂၀ မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဂျိုးရဂ်သည် သူ၏ ဇနီး၊ သူ၏ ကလေး နှစ်ယောက်နှင့်အတူ ဂျာမနီတောင်ပိုင်းရှိ ကွန်စတန်ကန်သို့ အားလပ်ရက်ခရီးထွက်စဉ် မိသားစုထံမှ ခဏလစ်ထွက်သွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးနောက် မိသားစုထံ ဘာမှမလုပ်ခဲ့သောပုံစံမျိုးနှင့် ပြန်လာတတ်သူဖြစ်သည်။

၎င်းသည် ထိုကဲ့သို့သော မုဒိမ်းမှုကိုးမှုအား ကရီဖီးလ်၊ ကိုလိုဂန်နှင့် အေချိန်တို့တွင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူသည် မိန်းမပျက်များထံသွား၍ ထိုအကျင့်ကို ဖျောက်ပစ်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားခံ၏ ဖြောင့်ချက်နှင့် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား နောက်လတွင် စီရင်ချက်ချမှတ်ရန် ရုံးချိန်းပေးထားပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်နှင့် စိတ်ရောဂါကုဆေးရုံတွင် ကာလရှည်သက်တမ်းဖြင့် နေထိုင်ရန် အမိန့်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

meepyatite@gmail.com မှ မေးလ် ပို့မှုလေးပါ။

ခေါင်းကိုက်ခြင်းကို ဘယ်လို ကာကွယ်ကုသကြမလဲ



မူရင်းလင့်===  
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A1893587&xgs=1&xg_source=msg_share_post




အမေရိကန်နိုင်ငံသားတွေ ထဲက ၄၅ သန်းကျော်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူတွေ ဖြစ်ပြီး အဲဒီအထဲကမှ ၂၈ သန်းလောက်က ခေါင်းတစ်ခြမ်းကိုက်ရောဂါ လို့ လူသိများတဲ့ ခေါင်းကိုက်ခြင်းနဲ့ မူးဝေအော့အန်ခြင်း၊ အမြင်ေ၀၀ါးခြင်း တွဲဖက်ခံစားရတဲ့ မိုင်ဂရိမ်းရောဂါ (Migraine) ခံစားနေရသူတွေ ဖြစ်ပါတယ်လို့ အမေရိကန် အမျိုးသား ခေါင်းကိုက်ရောဂါ ဖောင်ဒေးရှင်း (National Headache Foundation) ရဲ့ အဆိုအရ သိရပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့ မြီးကောင်ပေါက်တွေရဲ့ ၂၀% (ငါးယောက်မှာ တစ်ယောက်) ဟာလည်း ခေါင်းကိုက်တတ်သူများ ဖြစ်ကြပါသတဲ့။ ဒါဆို ကျွန်တော်တို့ နိုင်ငံမှာရော……..။

ခေါင်းကိုက်လို့ ညည်းညူနေကြသူတွေ၊ ဆေးသောက်နေကြရသူတွေကို ကျွန်တော်တို့ မကြာခဏဆိုသလို မြင်ဖူးကြပါတယ်။ ဒါကြောင့် အမေရိကန်လောက် မများရင်သာ နေမယ် ၊ ခေါင်းကိုက်ရောဂါရှိသူတွေ ကျွန်တော်တို့ဆီမှာလည်း နည်းမယ် မဟုတ်ဘူးလို့ မှန်းဆနိုင်ပါတယ်။

ခေါင်းကိုက်တဲ့ ဝေဒနာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြသလို အမျိုးအစားတွေလည်း မတူကြပါဘူး။ အသေးစိတ် ခွဲခြားထားတဲ့ ခေါင်းကိုက်ရောဂါ အမျိုးပေါင်း ၁၅၀ တိတိ ရှိကြောင်း ကျန်းမာရေး ပညာရှင်များ ရှာဖွေတွေ့ရှိ ထားပါတယ်။ ဒါပေမဲ့ အဖြစ်အများဆုံး ခေါင်းကိုက်ရောဂါတွေကတော့ ၈ မျိုးပဲ ရှိပါတယ်။ အောက်ပါအတိုင်း ရှင်းလင်းစွာ ခွဲခြား ဖော်ပြပေးလိုက်ပါတယ်။ သင်ဟာ အကယ်၍ မကြာခဏ ခေါင်းကိုက်တတ်သူ ဆိုရင် သင့်ရဲ့ ရောဂါဟာ အောက်ပါ ၈ မျိုးထဲက ဘယ်ဟာလဲ ဆိုတာ ကွဲကွဲပြားပြား သိထားဖို့ လိုအပ်ပါတယ်။ ဒါမှ ကုသကာကွယ်နည်းတွေကို စဉ်းစားလို့ ရမှာ ဖြစ်ပါတယ်။



(၁) ဖိစီးမှု ခေါင်းကိုက်ရောဂါ ခေါ် Tension Headache
နာတာရှည် နေ့စဉ် ခေါင်းကိုက်ရောဂါ (သို့) ပိုဆိုးမလာသော နာတာရှည် ခေါင်းကိုက်ရောဂါလို့လည်း ခေါ်တွင်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။ ခေါင်းပတ်ပတ်လည်ကို တစ်ခုခုနဲ့ တင်းတင်းကြပ်ကြပ် စည်းနှောင်ထားသလို ခံစားရတတ်လေ့ရှိပါတယ်။ ဆိုးရင် ခေါင်းနဲ့ မျက်နှာက ကြွက်သားတွေပါ တင်းတောင့် နာကျင်တတ်ပါတယ်။ နာကျင်မှုက အပြင်းထန်ကြီး မဟုတ်သလို ရက်နည်းနည်း ဆက်ကိုက်လိုက် ၊ ရက်ပေါင်းများစွာ မကိုက်လိုက်နဲ့ နာတာရှည် ဖြစ်ပွားပါတယ်။ အကြောင်းရင်းတွေကတော့ စိတ်နဲ့ အဓိက ဆိုင်ပြီး စိတ်ဖိစီးမှု များခြင်း၊ အလုပ်ပိခြင်း၊ သောကများခြင်း၊ မျက်စိ အသုံးများလွန်း၍ အညောင်းမိခြင်း စတာတွေကြောင့် ဖြစ်တတ်တာ တွေ့ရပါတယ်။

(၂) မိုင်ဂရိမ်း ခေါ် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
မိုင်ဂရိမ်း ဖြစ်စေတဲ့ အကြောင်းရင်းကို ယနေ့အထိ တိတိကျကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ ဦးနှောက်အတွင်းက သွေးကြောတွေ ကျယ်လိုက် ကျဉ်းလိုက် ဖြစ်လို့ ဝေဒနာ ခံစားရတယ် ၊ ဦးနှောက်အတွင်း မျက်နှာပြင်အချို့မှာ မွေးရာပါ ချို့ယွင်းချက်ကလေးတွေ ပါတယ် ဆိုတာလောက်ပဲ သိရပါသေးတယ်။



အမှတ်စဉ် (၁) က ဖိစီးမှု ခေါင်းကိုက်ရောဂါထက် မိုင်ဂရိမ်းရဲ့ နာကျင်မှုက ပိုပြင်းထန်ပြီး လေးလံတဲ့ တစ်စုံတစ်ရာနဲ့ အဆက်မပြတ် စည်းချက်ကျကျ ထုနှက်နေသလားတောင် ထင်ရတဲ့အထိ ဝေဒနာ ပြင်းထန်လေ့ရှိတယ် ဆိုတာ တကယ်ခံစားဖူးသူတိုင်း သိကြပါတယ်။ နောက်ပြီး ဖြစ်နေကျသူ ဆိုရင် ခေါင်းမကိုက်ခင်လေးမှာ အလိုလိုနေရင်း ကိုက်တော့မယ် ဆိုတာ ကြိုသိတဲ့ သရိုးသရီခံစားမှု (Aura) တစ်ခုခု ကြိုရတတ်ပါတယ်။ တချို့ကလည်း မျက်လုံးထဲ အလင်းတွေ ၀င်းကလဲ မြင်လိုက်ရသလို၊ ရောင်စုံတွေ မြင်လိုက်ရသလို ခံစားရလေ့ ရှိပါတယ်။ မိုင်ဂရိမ်းတစ်ခါ ခံစားရပြီဆိုရင်လည်း အနည်းဆုံး ၄ နာရီလောက် ကြာအောင် ခံစားရတတ်လို့ လုံးဝ မစားသာပါဘူး။ သုံးရက်လောက်အထိ ဆက်တိုက်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နေကျ သူတွေဟာ တစ်လမှာ အနည်းဆုံး တစ်ကြိမ်ကနေ လေးငါးကြိမ်လောက်အထိ ဖြစ်တတ်တာ တွေ့ရပါတယ်။ ခေါင်းကိုက်နေတဲ့ အချိန်မှာ အလင်းရောင်စူးစူး မကြည့်နိုင်ခြင်း၊ ဆူညံမှု၊ အနံ့စူးစူး မခံနိုင်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း စတာတွေပါ တွဲဖက် ခံစားရတတ်ရင်တော့ မိုင်ဂရိမ်းခေါင်းကိုက်ရောဂါ ဟုတ်ဖို့ အတော်လေး သေချာတယ်လို့ ဆိုနိုင်ပါတယ်။

ကလေးတွေ မိုင်ဂရိမ်းဖြစ်ရင် မျက်နှာတွေ ဖြူဖျော့သွားခြင်း၊ မျက်လုံးတွေ ကြည့်မကောင်းဘူးလို့ ပြောခြင်း၊ ခေါင်းနောက်တယ် ပြောခြင်း၊ တခါတရံ ကိုယ်ပူတတ်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေပါ အထက်ပါ လက္ခဏာတွေပေါ် ထပ်ဆင့် တွဲဖြစ်တတ်လို့ တော်တော် သနားစရာ ကောင်းပါတယ်။ ရှားရှားပါးပါး တချို့ကလေးတွေ ကျတော့ တစ်လတစ်ခါလောက် မှန်မှန် အော့အန်ခြင်းနဲ့ တွဲဖြစ်တတ်လို့ ၀မ်းဗိုက်နှင့်ဆိုင်သော မိုင်ဂရိမ်းရောဂါ (Abdominal Migraine) လို့ ခေါ်ပါတယ်။

(၃) ရောနှောခေါင်းကိုက်ခြင်း ရောဂါစု (Mixed Headache Syndrome)
အမှတ်စဉ် (၁) နဲ့ (၂) နှစ်ခုစလုံးမှာ ပြောထားတဲ့ ခေါင်းကိုက်ခြင်း နှစ်မျိုး တပြိုင်နက် ပူးတွဲ ဖြစ်တာ ဖြစ်ပါတယ်။ အဆိုးဝါးဆုံး ခေါင်းကိုက်ရောဂါ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရော ကလေးငယ်တွေပါ ခံစားရနိုင်ပါတယ်။

(၄) စုပြုံခေါင်းကိုက်ရောဂါ (Cluster Headache)
ခေါင်းကိုက်ရောဂါတွေထဲမှာ အဖြစ်အနည်းဆုံးနဲ့ အဆိုးဝါးဆုံး ရောဂါမျိုး ပါပဲ။ မျက်လုံး တစ်ဖက်ဖက်ရဲ့ နောက်နား ဦးနှောက်ထဲကနေ ပြင်းထန်စွာနာပါတယ်။ များသောအားဖြင့် ဘက်မပြောင်းဘဲ တစ်ဖက်တည်းကနေ နာပါတယ်။ အချွန်တွေ အများကြီးနဲ့ တပြိုင်နက် အဆက်မပြတ် ထိုးဆွနေသလို ပူလောင်ပြင်းပြသလို စုပြုံပြီး ခံစားရလေ့ ရှိပါတယ်။ ခံစားရသူဟာ ကောင်းကောင်းတောင် မထိုင်နိုင်ဘဲ ဆောက်တည်ရာမရ ဖြစ်နေတတ်ပါတယ်။ အစုလိုက်အပြုံလိုက် နာကျင်မှုတွေ ခံစားရလို့ စုပြုံခေါင်းကိုက်ရောဂါလို့ ခေါ်တာ ဖြစ်ပါတယ်။ ရောဂါထတဲ့ ကာလမှာဆို တစ်နေ့ကို ၃ ကြိမ်လောက်အထိ ခံစားရနိုင်ပေမယ့် နောက်တစ်ခါ ပြန်ခံစားရဖို့လည်း လအနည်းငယ်ကနေ နှစ်နဲ့ချီ ကြာတဲ့အထိ အလိုလို လုံးဝ ပျောက်နေတတ်တဲ့ ခေါင်းကိုက်ရောဂါပါပဲ။

(၄) ထိပ်ကပ်နာခေါင်းကိုက်ရောဂါ (Sinus Headache)

ပါးစောင်အပေါ်၊ မျက်ခမ်းအောက်က အရိုးတွေ၊ နဖူးနဲ့ နှာခေါင်းရိုးနောက်ထဲက စူးစူးနင့်နင့်နဲ့ တောက်လျောက်နာပြီး နှာစေးခြင်း၊ နားစည်အတွင်း တင်းကြပ်နေသလို ခံစားရခြင်း၊ ဖျားနာခြင်း၊ မျက်နှာယောင်ခြင်း စတာတွေနဲ့ တစ်ခုခုနဲ့ တွဲဖက်ဖြစ်မယ် ဆိုရင် ထိပ်ကပ်နာ ခေါင်းကိုက်ရောဂါလို့ ခေါ်ဆိုနိုင်ပါတယ်။ (ထိပ်ခတ်နာ၊ ဖွတ်စအိုနာ ဆိုတဲ့ အမည်များလည်း ရှိပါတယ်) များသောအားဖြင့် နာတာရှည် နှာစေးတတ်တဲ့ သူတွေမှာ ဒီခေါင်းကိုက်ရောဂါကို တွေ့ရလေ့ ရှိပါတယ်။

ဖြစ်ရတဲ့ အကြောင်းရင်းက နှာစေးခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက နှာခေါင်းလိုဏ်ခေါင်း (Nasal Cavity) ကနေ တစ်ဆင့် ဆက်နေတဲ့ ဦးခေါင်းအရိုးထဲက အခေါင်းပေါက် (Sinuses) တွေထဲကို ၀င်ရောက်ကာ ပြည်ကဲ့သို့ နှာရည်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအရေတွေဟာ တော်တော်နဲ့ အပြင်မထွက်လို့ ဒီရောဂါဟာ နာတာရှည် ဖြစ်စေပါတယ်။ အရေတွေ အရိုးခေါင်းပေါက် ထဲမှာ ရှိနေလို့ နှာခေါင်းအရင်းဘက် ထိပ်နဲ့ နဖူးထဲမှာ တစ်ခုခု ကပ်နေသလို ခံစားနေရလို့ ထိပ်ကပ်နာ၊ ထွက်သွားအောင် နှာခေါင်းရှုံ့ပြီး ခတ်ထုတ်ရလွန်းလို့ ထိပ်ခတ်နာဆိုပြီး ခေါ်ကြပါတယ်။ ဒီအရေတွေက အာရုံကြောတွေကို ဖိအားသက်ရောက်စေသလို ပိုးတွေကြောင့် ရောင်ယမ်းမှုတွေ ဖြစ်စေတဲ့အတွက် ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ရစေတာ ဖြစ်ပါတယ်။ များသောအားဖြင့် ခေါင်းနေ့စဉ် လျှော်သူတွေ၊ ငယ်ထိပ်ကို ရေခဏခဏ ဆွတ်သူတွေ ထိပ်ကပ်နာ ဖြစ်တာ တွေ့ရပါတယ်။

(၅) ဟော်မုန်းခေါင်းကိုက်ရောဂါ (Hormone Headache)
အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်ပါတယ်။ ရာသီလာရက်၊ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးခါနီးနဲ့ ဆုံးပြီးချိန် စတဲ့ အနေအထားတွေမှာ အမျိုးသမီးဟော်မုန်းတွေရဲ့ သွေးတွင်းပမာဏ အတက်အကျ ဖြစ်လို့ ခေါင်းကိုက်ဝေဒနာ ရတာဖြစ်ပါတယ်။ ရာသီလာပြီးသွားရင် အလိုလို ပျောက်သွားလေ့ရှိပြီး တစ်ခါဖြစ်ဖူးသူတွေဟာ များသောအားဖြင့် လစဉ် ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်ရင် သွေးပေါင်တက်နေသလားလို့တော့ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ သွေးပေါင်မတက်ဘဲ ရိုးရိုးခေါင်းကိုက်တာ ဆိုရင်တော့ ကိစ္စမရှိပါဘူး။

ဒီလို အမျိုးသမီးတွေ အပြင် ပဋိသန္ဓေတားနည်းကို ဆေးကတ်သောက်တဲ့ အမျိုးသမီးတွေလည်း ဖြစ်တတ်ပါတယ်။ အကယ်၍ ဆိုးလာရင်တော့ ပိုပြီးအဆင်ပြေမယ့် အခြားသန္ဓေတားနည်း တစ်ခုကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြောင်းသင့်ပါတယ်။

(၆) ပို၍ပို၍ ဆိုးလာသော နာတာရှည် ခေါင်းကိုက်ရောဂါ (Chronic Progressive Headache)
အလေးချိတ်ဆွဲထားခြင်း (သို့) ရောင်ယမ်းခြင်း ခေါင်းကိုက်ရောဂါလို့လည်း ခေါ်ဝေါ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တဲ့ အရေအတွက် စိတ်လာခြင်း၊ ဝေဒနာ ပိုပြင်းထန်လာခြင်း စတဲ့ အချက်တွေက သိသာပါတယ်။ ဦးခေါင်းအရိုးခွံ (သို့) ဦးနှောက်မှာ ပြဿနာတစ်ခုခု ရှိနေလို့ ခေါင်းကိုက်တာမျိုးကို ဆိုလိုပါတယ်။ ဥပမာ Brain Tumor ခေါ် ဦးနှောက်အကျိတ်၊ ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားပြီး ချက်ချင်း ဘာမှ ဝေဒနာ မပေါ်သော်လည်း အတွင်းပိုင်း သွေးယိုစီးမှု တစ်ခုခု၊ ဦးနှောက်ဆိုင်ရာ ကူးစက်ရောဂါ တစ်ခုခု၊ သွေးပေါင်အရမ်းတက်ပြီး အသက်ရှင်ရေးအတွက် လတ်တလော အရေးမကြီးသေးတဲ့ သွေးကြော တစ်ခုခု ပေါက်ကာ သွေးခဲက ဖိမိတာမျိုး၊ မွေးရာပါ သွေးကြောအဖောင်း ပါလာပြီး တဖြည်းဖြည်း ကြီးလာလို့ ခေါင်းကိုက်ရောဂါ ဆိုးသထက် ဆိုးလာခြင်း စသဖြင့် အမျိုးစုံ ဖြစ်နိုင်လို့ ပိုပိုဆိုးလာတဲ့ ခေါင်းကိုက်ဝေဒနာရှင်များဟာ အချိန်မီ စစ်ဆေးကာ ကုမှု ခံယူသင့်ပါတယ်။

ဒါပေမဲ့ ဒါဟာ အဖြစ်နည်းလှပြီး ခေါင်းကိုက်တတ်သူ အရွယ်ရောက်ပြီး အားလုံးရဲ့ ၅% နဲ့ ခေါင်းကိုက်တတ်သူ ကလေးငယ် ၂% ခန့်ကသာ ဒါမျိုး ဖြစ်တတ်လို့ တော်သေးတယ် ဆိုရမှာပဲ။

(၈) ရှောင်တခင် ခေါင်းကိုက်ရောဂါ (Acute Headache)
ဒီအမျိုးအစားကတော့ ကလေးလူကြီး အားလုံးနီးပါး ခံစားဖူးကြပြီး အရေးမကြီးတဲ့ အမျိုးအစားဖြစ်ပါတယ်။ အန္တရာယ် ရှိတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာ တစ်စုံတစ်ခု မပါကြဘဲ ခေါင်းကိုက်တာ သက်သက် ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းက တုပ်ကွေး၊ အအေးမိဖျားနာ စတဲ့ ဖျားနာမှု တစ်ခုခုကြောင့် ဖြစ်ပြီး အဲဒီ အနာရောဂါတွေ သက်သာသွားတာနဲ့ ခေါင်းကိုက်ခြင်းလည်း အလျဉ်းပျောက်သွားတာမျိုး ဖြစ်ပါတယ်။

ခေါင်းကိုက်ရောဂါဟာ မျိုးရိုးလိုက်တတ် ပါသလား
ဟုတ်ပါတယ်။ ခေါင်းကိုက်ရောဂါအများစု အထူးသဖြင့် မိုင်ဂရိမ်းလို ခေါင်းကိုက်ရောဂါများဟာ မိသားစုတွင်း အမွေ ဆက်ခံ တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသူ ကလေးများနဲ့ ဆယ်ကျော်သက်များကို ကြည့်ရင် ၄င်းတို့ရဲ့ ၉၀% ဟာ အဆိုပါရောဂါ ရှိသူ မိသားစုဝင် (အထူးသဖြင့် မိခင် ဖခင် တစ်ဦးဦး) ရှိနေတတ်တာ တွေ့ရပါတယ်။ လေ့လာချက်များအရ မိခင် (သို့) ဖခင် တစ်ယောက်ယောက်က မိုင်ဂရိမ်းရှိရင် မွေးလာတဲ့ ကလေး ၄ ယောက်မှာ ၁ ယောက်ကနေ ၂ ယောက်မှာ တစ်ယောက်အထိ မျိုးရိုးလိုက်ကာ ခေါင်းကိုက်ရောဂါ စွဲကပ်နိုင်ခြေရှိပြီး မိခင်ကော ဖခင်မှာပါ တူညီတဲ့ ခေါင်းကိုက်ရောဂါ ရှိနေပါက သားသမီးများဟာ ၄ ယောက်မှာ ၃ ယောက်လောက်အထိ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားရပါတယ်။



ခေါင်းကိုက်ရောဂါဝေဒနာရဲ့ အကြောင်းရင်းတွေက ဘာတွေလဲ
ဦးနှောက်တွင်းမှာရှိတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကြား အပြန်အလှန် အချက်ပြဆက်သွယ်မှုတွေ လွဲချော်မှုရှိလို့ ခေါင်းကိုက်တယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ သွေးကြောတစ်ခုနဲ့ ဆက်စပ်နေတဲ့ အာရုံကြောကို သွေးကြောကနေ နာကျင်မှု အချက်ပြမှု (Pain Signals) တွေ ပေးပို့ရင် အံဒီအာရုံကြောကလည်း သူ့အလုပ်အတိုင်း ဦးနှောက်မှာ နာကျင်တဲ့ အသိ ဖြစ်ပေါ်စေဖို့ ပေးပို့လိုက်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ဦးခေါင်းအတွင်း နာကျင်တယ်ဆိုတဲ့ အသိပေါ်လာတာ ဖြစ်ပြီး ဒါကို ခေါင်းကိုက်တယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ခြေလက် ကိုယ်အင်္ဂါ တစ်ခုခုမှာ ထိခိုက်ဒဏ်ရာရသလို မြင်သာထင်သာ အသားကြေမှု၊ ပေါက်ပြဲမှု စတဲ့ ဒဏ်ရာဒဏ်ချက်တွေ မရှိဘဲ နာကျင်မှု ခံစားချက်က အာရုံမှားပြီး ရကြတာလို့ ဆိုလိုတာပါ။ ဒီလို ဦးနှောက်တွင်းသွေးကြောတွေကနေ နာကျင်မှု အချက်ပြပစ္စည်းတွေ စထွက်စေတဲ့ အကြောင်းအရင်းကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

မိုင်ဂရိမ်းနဲ့ ပတ်သက်ရင်တော့ နာကျင်မှုနေရာ (Pain Center) ဟာ အလယ်ဦးနှောက်မှာ တည်ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ပုံမှန်ထက်ပိုပြီး နိုးကြွနေတဲ့ အာရုံကြောဆဲလ် (Hyperactive Nerve Cells) တွေဟာ သွေးကြောတွေဆီကို ရုတ်တရက် ကျဉ်းသွားစေတဲ့ လှုံ့ဆော်မှုအမိန့် (Impulses) တွေ ပေးပို့လို့ သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားပြီး အဲလို ကျဉ်းသွားလို့ ပရော်စတာဂလန်ဒင် (Prostaglandin) ၊ စီရိုတိုနင် (Serotonin) နဲ့ အခြားဓာတုပစ္စည်းတွေ ထွက်လာကာ သွေးကြောတွေကို ကျယ်လိုက်ကျဉ်းလိုက် ဖြစ်စေပြန်ပါတယ်။ ရလဒ်ကတော့ နှလုံးခုန်နှုန်း တစ်ချက်ချင်း အတိုင်း ကျွန်တော်တို့ဟာ နာကျင်မှု ခံစားရစေတာ ပါပဲ။

ဖျားနာအအေးမိခြင်း၊ ထိပ်ကပ်နာ၊ လည်ချောင်းနာ၊ နားစည်ရောင်ယမ်းခြင်း စတဲ့ ဦးခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်ခုခု ရှိနေတဲ့ အချိန်မှာ အဲဒီလို ဖြစ်စဉ်တွေက ရုတ်တရက် ထဖြစ်ကြပါတယ်။ ဆေးပညာရဲ့ လေ့လာတွေ့ရှိချက်များ အရ အမှတ်စဉ်(၁) ဖိစီးမှု ခေါင်းကိုက်ရောဂါရဲ့ အခြား အဖြစ်များတဲ့ အကြောင်းရင်း တွေကတော့ မိသားစု၊ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေး စတာတွေကြောင့် စိတ်ဖိစီးမှု ရှိနေခြင်း၊ အရက်အလွန်အကျွံ ပုံမှန် သောက်သုံးခြင်း၊ အဆာလွန်သွားခြင်း၊ နေ့နဲ့ည မှား၍ အိပ်နေရသော နေ့စဉ်ဘ၀ ရှိနေခြင်း၊ ရေရှည် ဆေးဝါးများ မှီဝဲနေရခြင်း၊ စိတ်ကျရောဂါ ရှိနေခြင်း၊ သွေးတိုးရောဂါ ရှိနေခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ခေါင်းကိုက်နေတာ ကြာလာပြီ ဆိုရင် မိမိမှာ ဒီရောဂါတွေ (သို့) ဒီအခြေအနေတွေ ရှိနေလားလို့ ဆန်းစစ်ကြည့်ပါ။ ရှိနေရင်တော့ ဒါတွေကြောင့်ပဲ ခေါင်းကိုက်နေရတာ သေချာပြီး ဒါတွေကို ကုသ ပြုပြင်လိုက်ရင် ခေါင်းကိုက်ပါ ပျောက်သွားမှာ ဖြစ်ပါတယ်။
ထူးထူးခြားခြား အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း တစ်မျိုးလည်း ရှိပါသေးတယ်။ မျက်လုံးအသုံးများတဲ့ သူတွေ (ဥပမာ စာရင်းဇယား၊ ကွန်ပျူတာ စသဖြင့် နေ့စဉ် ကြည့်လွန်းရသူတွေ) မှာ မျက်မှန်မရှိသေးရင် မျက်မှန်လိုတဲ့ ရောဂါစု ခံစားရတတ်ပါတယ်။ မျက်လုံးတွေကိုက်မယ်၊ မျက်စိက နီလာမယ်၊ အမြင်တွေဝါးမယ်၊ မျက်လုံးထဲ တစ်ခုခု ၀င်သလို ခိုးလိုးခုလု ဖြစ်မယ်၊ ဇက်ကြောအရမ်းတက်မယ်။ ဒါ့အပြင် မျက်ရိုးတွေနဲ့ ခေါင်းက သိသိသာသာ ကိုက်လာတဲ့ လက္ခဏာတွေ စုပြုံခံစားရတာကို မျက်စိမှုန်လာ၍ မျက်မှန်လိုသော ရောဂါစု (Asthenopic Syndrome) လို့ ခေါ်ပါတယ်။



အဲဒီရောဂါစုကြောင့် ခေါင်းကိုက်ရင် ဘာဆေးသောက်သောက် မပျောက်ပါဘူး။ မျက်မှန်လိုတဲ့ ရောဂါဟာ မျက်စိအားဆေး ဘယ်လောက်ဈေးကြီးတာ ၀ယ်သောက်သောက် မပျောက်ဘဲ မျက်မှန်လုပ်လိုက်တာနဲ့ တစ်ပတ်အတွင်း ခေါင်းကိုက်တာ အပါအ၀င် အကုန်ပျောက်သွားမှာပါ။ မျက်မှန် တပ်နေတဲ့ သူတွေလည်း ရှိရင်းစွဲမျက်မှန် ပါဝါမကိုက်တော့တဲ့အခါ ဒီရောဂါစုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာအပြင် အထက်ပါ လက္ခဏာများ တွဲပြီး ခံစားနေရသူတိုင်း မျက်စိသွားစမ်းသင့်ပြီလို့ အကြံပြုပါတယ်။

လူအများစု သတိမပြုမိတတ်ကြတဲ့ ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေတဲ့ အခြားအချက်တွေက Passive Smoking ခေါ် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း၊ အိမ်တွင်း (သို့) လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ အမွှေးနံ့များ မိမိနဲ့ မတည့်ခြင်း၊ နေ့စဉ် ဓာတုပစ္စည်းများ ကိုင်တွယ်ရသော အလုပ် လုပ်ခြင်း၊ စိတ်ဖိစီးမှု အရမ်းများခြင်း၊ ခန္ဓာကိုယ် အပူချိန် အတက်အကျ မြန်သော အလုပ်များ လုပ်ခြင်း (ဥပမာ နေပူထဲက ပြန်လာပြီး ရေတန်းချိုးခြင်း၊ ပြင်ပ၌ အရမ်းပူ/ အရမ်းအေး ဖြစ်နေချိန်တွင် ခေါင်းလျှော်ရေချိုးခြင်း၊ နေပူချိန် ပြင်းပြင်းဒဏ် စသဖြင့်) တွေဟာ ခေါင်းကိုက်စေတဲ့ အချက်တွေ ဖြစ်ပေမယ့် သတိမထားမိတတ်ကြလို့ မဆင်ခြင် မိကြတာ များပါတယ်။ ပြင်းထန်လွန်းတဲ့ အားကစား (သို့) အလုပ်ကြမ်းကို ရုတ်တရက် စလုပ်တဲ့ အစပိုင်း ရက်တွေမှာလည်း ခေါင်းကိုက်တတ်ပေမယ့် သူ့အလိုလို အသားကျပြီး ပြန်ကောင်းသွားတတ်ပါတယ်။

ကလေးငယ်တွေမှာဖြစ်တဲ့ ခေါင်းကိုက်ရောဂါက ကလေးအသက်ကြီးလာတာနဲ့ အမျှ သက်သာပျောက်ကင်း သွားကြလေ့ ရှိကြလို့ မိဘများ အထူး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ ငယ်ဘ၀မှာ ခေါင်းကိုက်ဖူးတဲ့သူဟာ ကြီးလာရင် ခေါင်းကိုက်ရောဂါ ပြန်ဖြစ်ဖို့ သူများတွေထက် နီးစပ်တာမို့ သတိထားသင့်ပါတယ်။ မိုင်ဂရိမ်းလို ခေါင်းကိုက်ရောဂါမျိုး ကျတော့ ဟော်မုန်းအတက်အကျနဲ့ ဆက်စပ်မှု ရှိတာမို့ ဆယ်ကျော်သက် မိန်းကလေးတွေဟာ ရွယ်တူ ယောက်ျားလေးတွေထက် ခေါင်းကိုက်ဝေဒနာ ခံစားရမှု ၃ ဆပိုမြင့်တယ်လို့ စစ်တမ်းများအရ တွေ့ရှိရပါတယ်။



ခေါင်းကိုက်ရောဂါကို ဘယ်လိုကုသမလဲ
ရေရှည် ဖြစ်လာသမျှ ခေါင်းကိုက်ရောဂါတွေ အားလုံးဟာ ဆရာဝန်နဲ့ ပြပြီး သေချာ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ ဒါမှသာ အောက်ခံအကြောင်းရင်းကို အဖြေရှာတွေ့ရှိခြင်း စောပြီး သင့်ကျန်းမာရေးအတွက် ပြဿနာ နည်းမှာပါ။ ခေါင်းကိုက်ရောဂါကို ကာကွယ်တဲ့ဆေး၊ ဝေဒနာ သက်သာတဲ့ ဆေးတွေကို ဆရာဝန်ကပဲ ပေးတတ်တာ ဖြစ်ပါတယ်။

လတ်တလော ခေါင်းကိုက်နေရင်တော့ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ အစာနဲ့ သောက်ဖို့ လုံးဝ မမေ့ပါနဲ့။ အစာလို့ ဆိုရာမှာ ကော်ဖီ၊ လက်ဖက်ရည် သက်သက် မပါပါ။ ဒါ့အပြင် အနည်းဆုံး ၆ နာရီ ခြားရတယ် ဆိုတာ မမေ့ပါနဲ့။ အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် အန္တရာယ် မရှိဘဲ အမြင့်ဆုံး သောက်သုံးနိုင်တဲ့ ပါရာစီတမော ပမာဏက ၅၀၀ မီလီဂရမ် လေးလုံးလို့ ဆိုပါတယ်။ ဒါက အရမ်းဝေဒနာ ဆိုးဝါးနေတဲ့ ရက်အတွက်ပဲ ဆိုလိုပါတယ်။ ရက်တိုကာလ သုံးလေးရက်ကနေ တစ်ပတ်ပေါ့။ အဲဒီထက် ပိုသောက်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတော့ သွေးပေါင်ချိန် တက်လာနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေ ပြန်ထလာတတ်ပါတယ်။ အသည်းရောဂါ ရှိသူတွေ အတွက်လည်း မကောင်းတော့လို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ဖို့ လိုပါပြီ။

ဆရာဝန် ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဈေးကွက်ထဲမှာ ပါရာစီတမောနဲ့ အခြား ပိုစွမ်းတဲ့ အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုး တွဲဖက် ဖော်စပ်ထားတဲ့ ဆေးတွေလည်း ရှိပါတယ်။ ဒီဆေးတွေကို အစာအိမ်အောင့်ဖူးသူတွေ သောက်ရင် အထူးသတိထားရပါမယ်။ အကောင်းဆုံးကတော့ အစာအိမ်အက်ဆစ်ထုတ်မှုကို လျှော့ချပေးတဲ့ Proton Pump Inhibitor အမျိုးအစား Omeprazole, Esmoprazole စတဲ့ ဆေးတွေနဲ့ တစ်စုံစီ တွဲဖက်သောက်သုံးပေးရင်တော့ အတော်အတန် ကာကွယ်နိုင်တာ တွေ့ရပါတယ်။ အကိုက်အခဲ ပျောက်ဆေး တစ်ခုခု ရေရှည်စွဲသောက်မယ့် သူတိုင်း ဒီဆေးတွေနဲ့ တွဲဖက်သောက်သုံးဖို့ စဉ်းစားသင့်ပါတယ်။

နောက်ထပ် ထိရောက်တဲ့ ကုသနည်းတွေကတော့ ဖြစ်စေနိုင်တဲ့ အချက်တွေကို ကာကွယ်ခြင်းပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ နည်းလမ်း ရှာပါ။ သမထထိုင်ပေးခြင်းနဲ့ လတ်ဆတ်တဲ့ သဘာဝ သစ်သီးဖျော်ရည်တွေဟာ ခေါင်းကိုက်ရောဂါအတွက် အထူးထိရောက်တဲ့ ဆေးတစ်လက် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အပူအအေး မျှတအောင် မနေခြင်း၊ ဓာတုပစ္စည်းများ၊ ဆေးလိပ်ငွေ့များ စတာတွေကို ရှောင်ပါ။ လက်ရှိသောက်နေတဲ့ဆေး (ဥပမာ သန္ဓေတားဆေးကတ်) ကြောင့် ခေါင်းကိုက်တာ ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ မျက်မှန်လိုနေသလား ဆိုတာ ဆန်းစစ်ပါ။ B12 နဲ့ ဗိုက်တာမင် အေ အပါအ၀င် အာဟာရများ ချို့တဲ့ရင်လည်း ခေါင်းကိုက်တတ်တာမို့ အစားအသောက် စုံလင်မျှတစွာ စားပါ။

♥ Blockလုပ်ထားခြင်းခံရသော WebsiteများအားProxy Bypassအဖြစ် အသုံးပြုပြီးကျော်ကြည့်ခြင်း



မူရင်း== http://www.kzarboworld.com/group/networking/forum/topic/show?id=5098850%3ATopic%3A36275&xgs=1&xg_source=msg_share_topic

အခြားသော ကျောင်းများ ၊ အလုပ်ရုံများတွင် website အနည်းငယ်ကိုသာ ကြည့်ရှုနိုင်သည်။ google ကို block လုပ်ရန်မှာ မလွယ်ကူလှပေ။ ထိုအခါတွင် google ၏ လက်ကျန်သော
လုပ်ငန်းစဉ် ၂ မျိုးဖြင့်လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။
website ကို block လုပ်ခြင်းသည် လွယ်ကူပါသလား။
ကျွန်တော်သည် ထို့ကဲသို့သော နေရာမျိုးတွင် အလွန်တရာ စိတ်ဝင်စားသည်။ ကျွန်တော်က ဂိုလ်ဂလ် ကို အသုံးပြုပြီး အဓိကမကျသော စနစ်ကို သုံးပြီး bypassing blocked ဆိုက်တ်များကို အသုံးပြုသည်။
၁။ ပထမအချက်သည် လက်ရှိတွင် အသုံးပြုနေသော ရှာဖွေရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ပြီးနောက်တွင် 'Cached' ဆိုသော လင့်ခ်ကို နှိပ်ကာ လိုအပ်သော အချက်အလက်များကို ရယူသည်။
ထိုလုပ်ဆောင်ချက်မှာ ရိုးရှင်းလွယ်ကူပြီး မကြာခဏ သော လုပ်ဆောင်မှုမျိုး
နှင့် ဆိုက်တ်အသေများကိုသာပေးသည်။
၂။ ဒုတိယအချက်မှာ google ၏ ဘာသာပြန်ဆိုသော လုပ်ဆောင်ချက်ကို အသုံးပြုနည်းဖြစ်သည်။
http://www.google.com/translate?langpair=en|en&u=www.blockedsite.com
(blockedsite.com နေရာတွင်သင် လိုအပ်သောနေရာကို ရွေးချယ်ရမည်)
ထိုသို့ ပြုလုပ်ရာတွင် ဘာသာပြန်ဆိုမှုသည် googleကို လှည့်စားပြီး အင်္ဂလိပ်စာ မှ အင်္ဂလိပ်စာ သို့ကူပြောင်းမည်ဟုပြောရမည်။
၃။ နောက်ဆုံးသော နည်းမှာ google Mobile ကို အသုံးပြုပြီး 'convert as you go' ဖော်ပြပါ ဘာသာပြန်ဆို မှုနှင့်ဆင်တူသည်။ ရှာဖွေပြီး ရလာသော လင့်ခ်ကို google မှသင့်ထံသို့ပေးပို့သော google၏ IP
ကိုသင်ခံစားအသုံးပြုနေရသည်။ google သည်သင်ထံသို့ IP လိပ်စာကို
ပေးပို့ပြီသည်နှင့် တပြိုင်နက် သင့်သည် အပိတ်ခံထားရသော ဆိုက်တ်များကို
ကျော်၍ ကြည့်ရှုနိုင်သည်။

Tuesday, 8 May 2012

Windows 7 နဲ့ Windows 8 ကို ကွန်ပျူတာပေါ်မှာ Dual-Boot အနေနဲ့ ဘယ်လို တင်သံုံးမလဲ။

ကျွန်တော်တို့တွေဟာ ပစ္စည်းအသစ် အဆန်းတစ်ခု ထွက်လာပြီ ဆိုယင် စမ်းသပ်တဲ့ အနေနဲ့ စမ်းသုံးကြည့်ချင်ကြတဲ့ စိတ်ကလေးတွေ ဖြစ်တက်သလို သူများထက် ဦးအောင် ဦးဦးဖျားဖျား သုံးချင်တဲ့ စိတ်ကလေးတွေကလည်း ဖြစ်တက်ပါတယ်။ ဒါကြောင့် လက်ရှိ မိမိ ကွန်ပျုတာပေါ်မှာ Windows 7 တင်သုံးထားပြီး windows 8 ကိုလည်း စမ်းသပ်သုံးစွဲချင်သူများ အတွက် လက်ရှိ Windows 7 ကိုလည်း အလုပ်မပျက် ဆက်လုပ်နိုင်ပြီး Microsoft က ထုတ်ထားတဲ့ Windows 8 consumer preview ကိုလည်း စမ်းသပ်သုံးနိုင်အောင် Dual-Boot လုပ်ပြီး windows 8 ကို install ပြုလုပ်နည်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ကတော့ windows 8 ကို မတင်ခင်မှာ လုပ်ရမယ် အလုပ်တစ်ခုကတော့ windows 8 တင်နိုင်ဖို့အတွက် ကွန်ပျူတာ မှာ ရှိတဲ့ harddrive ကို windows 8 အတွက် partition အသစ်တစ်ခု ပိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ လက်ရှိ windows 7 ကိုလည်း မထိခိုက်နိုင်ပဲ အသစ်ပိုင်းထားတဲ့ partition မှာ windows 8 ကို dual-boot အနေနဲ့ တင်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ ဖြစ်ပြမယ် အဆင့်တွေကို အလွယ်တကူလုပ်ခြင်းဖြင့် မိမိကွန်ပျုတာပေါ်မှာ windows 8 ကို အလွယ်တကူ တင်နိုင်မှာ ဖြစ်ပါတယ်။

Partition အသစ် ပြုလုပ်ခြင်း
အဆင့် (၁) အနေနဲ့ကတော့ windows 8 မတင်ခင် partition အသစ်မပိုင်းခင်မှာ မိမိကွန်ပျုတာမှာ ရှိတဲ့ အရေးတကြီး ဒေတာတွေကို အယင် backup လုပ်ထားပေးပါ။ ဒါမှလည်း windows 8 ကို တင်တဲ့ အချိန်မှာ တစ်ခုခုဖြစ်ခဲ့မယ် ဆိုယင် အရေးကြီးတဲ့ ဖိုင်တွေ မပျောက်နိုင် ၊ မပျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ထိုနောက်မှာတော့ windows 8 တင်နိုင်ဖို့ အတွက် ပထမဦးဆုံး အဆင့်လို့ ခေါ်နိုင်တဲ့ new partition ပြုလုပ်ခြင်း အဆင့်ကို လုပ်ဆောင်တော့ မှာ ဖြစ်ပါတယ်။ new partition အသစ်အတွက် လိုအပ်တဲ့ အနည်းဆုံး ၀င်ဆန့်နိုင်မှု ပမာဏကတော့ 20GB ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း windows 8 အတွက် လိုအပ်တဲ့ ပမာဏအပြင် windows 8 တင်ပြိး နောက်ပိုင်းမှာ လိုအပ်တဲ့ Essential software တွေကို တင်နိုင်မှာ ဖြစ်ပါတယ်။ အခု windows 8 တင်နိုင်ဖို့ အတွက် လိုအပ်တဲ့ new partition ကို စတင်ပြီး ရယူနိုင်ဖို့ အတွက် Disl Management ကနေ တဆင့် partition ကို ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Start Menu မှာ တဆင့် Right click ကိုနှိပ်ကာ Computer option ကို သွားပြီး Manage ကို ကလင့်တစ်ချက် နှိပ်လိုက်ပါ။ Shortcut ကနေဆိုယင်တော့ ကီးဘုတ်မှာ ရှိတဲ့ Winndows key နဲ့ R key နှစ်ခုကိုအတူ တွဲနှိပ်လိုက်ပြီး Search box မှာ diskmgmt.msc ကို နှိပ်ပါကလည်း Disk management box ပွင့်လာမှာ ဖြစ်ပါတယ်။
အသစ်ပွင့်လာတဲ့ Dick Management box ရဲ့ နောက်ခြေ panel မှာ Graphic list အနေနဲ့ ပြထားတဲ့ ကွန်ပျူတာ မှာ ရှိတဲ့ harddrive မှာ ရှိတဲ့ ပမာဏအခြေအနေကို မြင်နိုင်ပါလိမ့်မယ်။ ထိုနောက် နေရာလွတ်များနေတဲ့ windows 7 တင်ထားတဲ့ driver C: letter မှာပဲ ဖြစ်ဖြစ် တစ်ခြား ပိုနေတဲ့ အပိုင်းကနေပဲ ဖြစ်ဖြစ် windows 8 တင်နိုင်ဖို့ အတွက် နေရာလွတ် အနည်းဆုံး 20 GB ကို ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွတ်ပိုများတဲ့ Drive partition တစ်ခုပေါ်ကို မောက်စ်ကလင့် တင်လိုက်ပြီး Right click နှိပ်လိုက်ပါ။ ထိုနောက် Shrink Volume ကို နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာတော့ မိမိ drive မှာရှိတဲ့ ပမာဏအပြင် Shrink လုပ်နိုင်မယ့် ပမာဏတို့ကို ပြသပေးမယ့် box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီ box မှာပဲ မိမိအတွက် လိုအပ်တဲ့ 20 GB ရနိုင်ဖို့အတွက် 1 GB ကို ပမာဏအားဖြင့် 1024 MB သတ်မှတ်ထားတာမို့ 20 GB အတွက် 20480 MB ကို ပြင်ဆင် သတ်မှတ်လိုက်ပါ။ ဒီလိုလုပ်လိုက်ပါက ပထမဦးဆုံးအနေနဲ့ မိမိ အသစ်ရယူလိုက်တဲ့ partition အသစ်ဟာ အသစ်စက်စက် ဘာမှမလုပ်ရသေးတဲ့ အဆင့်ကို ရောက်နေပါလိမ့်မယ်။ ထိုနောက်မှာတော့ အသစ်ပိုင်းလိုက်တဲ့ partition အသစ်ကို Right Click ကို နှိပ်လိုက်ပါက New Simple Volume Wizard box တစ်ခု ကျလာပါလိမ့်မယ်။ ဒီ box မှာ အခု box ဟာ အသစ်ပိုင်းထားတဲ့ partition အတွက် အသိအမှတ်ပြုလုပ်ပေးမယ့် အဆင့်ဖြစ်ပြီး စတင်ပြုလုပ်မယ် ဆိုယင် NEXT ကို နှိပ်ပါလို ဖော်ပြထားပါလိမ့်မယ်။ NEXT ကို နှိပ်လိုက်ပါက မိမိ ယခင် ရယူထားတဲ့ 20480 MB ကို Driver Letter သတ်မှတ်ခြင်း နှင့်အတူ နာမည်အသစ်တစ်ခု ပေးခြင်း လုပ်ငန်းစဉ်များကို ပြုလုပ်လိုက်ပါက ပထမဦးဆုံး အဆင့်အနေဖြင့် windows 8 တင်ရန်အတွက် partition အသစ်ရယူခြင်း လုပ်ငန်း ပြီးဆုံးမှာ ဖြစ်ပါတယ်။ နောက် အဆင့်ကတော့ windows 8 ကို စတင် install ပြုလုပ်ခြင်း အဆင့်ပဲဖြစ်ပါတယ်။
Windows 8 အား မိမိ ကွန်ပျုတာ အတွင်း Dual Boot အနေဖြင့် install ပြုလုပ်ခြင်း
Windows 8 ကို စတင်ပြီး install ပြုလုပ်မယ် ဆိုတော့ သင့်ဆီမှာ windows 8 အတွက် boot DVD သို့မဟုတ် USB နဲ့ ပြုလုပ်ထားတဲ့ USB boot တစ်ခုခုတော့ ရှိနေမယ်လို သတ်မှတ်ထားပါ့မယ်။ ဒါမှလည်း ဒီလုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်လိုပါ။ ဒီအဆင့်တွေကိုပါ ထပ်မံ ရှင်းကယင်တော့ အလွယ်တကူ ပြန်ပြောရယင် အလွယ်ကူဆုံးဖြစ်တဲ့ windows 8 boot DVD ကို CD အရောင်းဆိုင်တွေက ပြေးဝယ်လိုက်တာက မြန်ပါတယ်။ USB ကနေ boot အနေနဲ့ သုံးနိုင်ဖို့ အတွက်က လုပ်ဆောင်ရမယ် အဆင့်တွေက သင့်အတွက် စိတ်ပျက်စရာ တွေ ဖြစ်လာနိုင်မှာပါ။ လုပ်တက်နေယင်တော့ ဒါဟာ အလွယ်လေးပါလား ဆိုတာ သိပေမယ့် စတင်ပြုလုပ်မယ့် သူတစ်ယောက်အတွက်ကတော့ ပင်ပန်းမှာပါ။ ဒါကြောင့် Windows 8 boot DVD ကနေ တင်လိုက်တာက အလွယ်ဆုံးနဲ့ အမှန်ကန်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။( စကားချပ်။ ။တကယ်လို USB ကနေ Boot ပြုလုပ်ပြီး တင်နည်းကို သိချင်ယင်တော့ သီးသန့် ဆောင်းပါး တစ်ခု အနေနဲ့ ထပ်မံ တင်ပြပေးပါမယ်။) ဒီတော့ ပထမဆုံး windows 8 တင်နိုင်ဖို့ အတွက် DVD boot အခွေကို DVD Driver ထဲကို ထည့်လိုက်ပါ။ ထိုနောက် ကွန်ပျုတာ ကို restart ပြန်ချလိုက်ပြီး first boot အတွက် DVD drive ကို ရွေးချယ်ပေးရပါမယ်။ ဒီအဆင့်မှာတော့ သာမန်ကွန်ပျုတာ အများစုဟာ windows boot တက်ဖို့ အတွက်ကို သာမန်အချိန်မှာ Harddrive ကိုသာ ပေးထားတက်ပါတယ်။ ဒါကြောင့် Windows 8 boot DVD အခွေကို first boot အနေနဲ့ တက်နိုင်ဖို့ အတွက် keyboard ကနေ Del ဆိုတဲ့ Delete key ကို နှိပ်ထားဖို့ လိုပါလိမ့်မယ်။ windows 8 boot DVD တက်လာပြီး ဆိုယင်တော့ ပထမဦးဆုံး မြင်၇ယင် screen ပုံစံက windows 7 နဲ့ အနည်းငယ် ဆင်တူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း windows 8 အတွက် ယခု အချိန်မှာ developer preview အပြင် consumer preview ကိုပါ ထပ်မံ ထုတ်လုပ်ထားပြီး developer preview ကတော့ windows 7 လုပ်ဆောင်ချက်နဲ့ အနည်းငယ် တူနိုင်ပြီး consumer preview ကတော့ အနည်းငယ် ပြောင်းလဲထားပါလိမ်မယ်။ တက်လာတဲ့ box မှာ windows 7 လိုပဲ Inatall now ကို နှိပ်လိုက်ပါ။ ဒါဆိုယင်တော့ windows တင်မယ့် လုပ်ငန်းစဉ်အတွက် လိုအပ်တာတွေ ကို သူအလိုလို ပြင်ဆင်ပါလိမ့်မယ်။ ထိုနောက်မှာတော့ upgrade ဆိုတာနဲ့ custom နှစ်ခုထဲက custom လုပ်ငန်းစဉ်ကို ရွေးချယ်ရပါမယ်။ upgrade ကို ရွေးချယ်လိုက်မယ် ဆိုယင်တော့ မိမိလက်ရှိတင်ထားတဲ့ windows 7 ကို over raw အနေနဲ့ ပြုလုပ်သွားပါမယ်။ windows 8 တင်တဲ့ နောက်အဆင့်တွေကတော့ အရေးကြီးဆုံး ဖြစ်တဲ့ Driver ရွေးချယ်ခြင်း အဆင့်ပါပဲ။ ပထမအဆင့်မှာ မိမိပြုလုပ်ထားတဲ့ new partition ပေါ်မှာ သတ်မှတ်ပြိး windows 8 ကို အလွယ်တကူပဲ install ပြုလုပ်ခြင်းဖြင့် windows 8 တင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံး သွားပါပြီ။
Windows 7 ကို First boot အဖြင့် သတ်မှတ်ပေးခြင်း
Windows 8 တင်ပြီး နောက်ပိုင်း restart ပြန်ကျပြီး windows ပြန်တက်လာချိန်မှာတော့ ပုံမှန်တက်လာနေကြပုံစံမျိုးမဟုတ်ပဲ Graphical boot menu အသစ်တစ်ခု အနေနဲ့ စတင်မြင်ရပါလိမ့်မယ်။ အဲဒီမှာတော့ ယခင်တင်ထားတဲ့ Windows 7 နဲ့ ယခုတင်လိုက်တဲ့ windows 8 ရယ်ဆိုပြီး OS နှစ်ခုကို မြင်နိုင်ပါလိမ်မယ်။ ဘာမှ မပြောင်းလဲခင်မှာတော့ ပထမဦးဆုံးအနေနဲ့ Windows 8 ဟာ first boot အနေနဲ့ Default အနေနဲ့ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် windows 7 ကို first boot အနေနဲ့ဖြစ်အောင် ပြုပြင်ရပါမယ်။ တကယ်လိုသာ windows 7 ကို first boot အနေနဲ မရွေးထားဘူဆိုယင် ၃ စက္ကန့်ကြာပြီးချိန်မှာ အလိုလိုနေယင် windows 7 က default အနေနဲ windows တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် windows 8 ကို default ဖြစ်စေဖို့အတွက် boot screen ရဲ့ အောက်ခြေမှာ Change Defaults or Choose Other Options ဆိုတာကို နှိပ်ပြီး Choose the Default Operation System ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထိုနောက် Windows 7 ကို menu ကနေ ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို boot တက်ချိန်မှာ windows 8 ကို သုံးချင်တယ်ဆိုယင်လည်း ၃ စက္ကန့် မပြည့်ခင် ရွေးချယ်က အသုံးပြုနိုင်ပါလိမ့်မယ်။ http://moezartko.wordpress.com/2012/04/16/windows-7-%E1%80%94%E1%80%B2%E1%82%95-windows-8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%B4%E1%80%90%E1%80%AC%E1%80%B1%E1%80%95%E1%81%9A%E1%80%99/

Tuesday, 1 May 2012

တော်ဝင်သူတို.အလှ


တော်ဝင်သူတို.အလှ ___ ( ခေတ်ကာလ သမီးပျိုလေးတွေ မြန်.မာ.ယဉ်ကျေးမှု ကို မြတ်နိုးလာအောင် ဟော. ဒီလိုဆွဲဆောင်ရတယ် ) :P

ခွဲစိတ်ခန်း ကို



ဆရာဝန် တစ်ယောက်သည် အရေးပေါ် ခွဲစိတ်ကုသဖို့  လိုအပ်သဖြင့် ဆေးရုံကို အလျင်အမြန် ရောက်ရှိလာသည်။ သူသည် ဖုန်းကို ရရဖြင်း ဖြေဆို၊ အ၀တ်အစားလဲကာ ခွဲစိတ်ခန်း ကို ဦးတည်လာသည်။ ကလေး အဖေက ဟောတွင် စောင့်နေသည်ကို သူတွေ့  သည်။ သူ့  ကို တွေ့ သည်နှင့်

'ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို့  ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။' ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။

ဆရာဝန်က ပြုံးပြီး အောက်က အတိုင်း ပြန်ပြောသည်။

“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ့  အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိုင်ဖို့  ခင်ဗျား စိတ်အေးအေးထားပါ။”

“စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိုင်မလား။ ခင်ဗျားသေး သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။

ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။

“ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန့် ကနေ လာသလို သေတော့ မြေမှုန့်  ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိုင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို့  ဘုရားရဲ့  ကျေးဇူးတော် နဲ့  အကောင်းဆုံး ကြိုးစားပါ့မယ်။”

“ဒီလိုပဲ အကြံဥာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။

ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ

“ဘုရားကျေးဇူးတော်ပဲ။ ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။

လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်

“တစ်ကယ်လို့  ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။

“ဆရာဝန်က ဘာလို့  ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို့  တောင် အချိန်မပေးနိုင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။

သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။

“သူ့ သားက မနေ့ က ကား အက်ဆီးဒန့် မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ့  အရေးပေါ် ခွဲစိတ်ဖို့  အတွက် ကျွန်မတို့  ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ့ သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”

ဘယ်တော့မှ တစ်ပါးသူကို အလျင်စလို မဆုံးဖြတ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူတို့  ဘ၀တွင် ဘာတွေ ဖြစ်ပျက်ပြီး ဘယ်လို ရင်ဆိုင်နေရသည်ကို သင်ဘယ်တော့မှ မသိသော ကြောင့်ဖြစ်သည်။