အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label အထွေတွေဗဟုသုတ. Show all posts
Showing posts with label အထွေတွေဗဟုသုတ. Show all posts

Sunday, 23 February 2014

လူမျိုးတုန်း သတ်ဖြတ် မှု အတွက်


လူမျိုးတုန်း သတ်ဖြတ် မှု အတွက် တရားခွင် က မေးခွန်း တွေ ကို မလာဒစ် မဖြေ

140128123653-ratko-mladic-story-top
 
8
 
1
 
မဲပေးပါ

နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့တွင်  အခြေစိုက် သည့်  နိုင်ငံ တကာ ရာဇ၀တ် ခုံရုံး
တွင် တရားစွဲ ဆို စစ်ဆေးခံနေရသည့် ဘော့စနီးယား ဆာဘ်ဗိုလ်ချုပ် ဟောင်း ရက်ကို
မလာဒစ် က သူ့  ကို စွဲ ဆို ထား တဲ့ အမှု တွေ အတွက် မေးခွန်း တွေ ကို ဖြေဆို ဖို့ 
ငြင်းဆန် ခဲ့သည်။
တရားရုံး ၏ မေးခွန်း ခြောက်ခု တွင်  တစ်ခု ကို သာ ဖြေကြား ခဲ့ပြီး ကျန်တာ တွေ ကို သူ က
ဖြေဆို ဖို့  ငြင်းဆန် ခဲ့သည်။
ကုလ သမဂ္ဂ က ယူဂိုဆလားဗီးယား စစ်ရာဇ၀တ် မှု တွေ အတွက် ကျောထောက်
နောက် ခံ ပေးထား တဲ့ တရားရုံး ကို လည်း မလာဒစ် က စေတန် ရဲ့ ငရဲ လို့  ပြော
ပြီး စစ်ရာဇ၀တ် မှု တွေ အတွက် အပစ် မရှိ ဘူးလို့  သူ က ပြော ပါတယ်။
၁၉၉၂ မှ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့သည့် ဘော့စနီးယား ပဋိပက္ခ  များ အတွင်း ဌာနေ
မွတ်စလင် များ ကို ၈၀၀၀ ကျော် ကို ရက်စက် စွာ သတ်ဖြတ် ခဲ့သည့် ဘော့စနီးယား ဆာဘ်
ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် ကို  ယခင် နှစ် မေလ ၂၆ ရက်နေ့  က သူ ပုန်းအောင်း
ရာ ဆာဗီးယား မြောက် ပိုင်း ရှိ ဗော့ဗိုဒစ် ခရိုင် လာဇာရေဗို မြို့ ငယ်လေး တွင် ဖမ်းဆီး ရမိခြင်း
ဖြစ်သည်။
ဂျုရီလူကြီး များ စုံညီ တရား ခွင်ဉ် မလာဒစ် သည် လက်ခုပ် လက်ဝါး တီးခြင်း ၊ လက်မထောင်
ခြင်း တို့  ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး တရားသူ ကြီးများ က သူအား စွဲဆိုထား သည့် အမှု ပေါင်း ၁၁
ခု အနက် မှ အစုလိုက် အပြုံ လိုက် မျိုးပြုတ် သတ်ဖြတ် ခဲ့ မှု များ ကို စစ်ဆေး နေချိန် ဉ် ဖြစ်သည်။
ဘော့စနီးယား ၏ သားသတ်သမား ဟု နာမည် ကြီးသည့် မလာဒစ် ကို ယခင် နှစ် ဇွန်လ ၁ ရက်နေ့ 
က နိုင်ငံ တကာ တရား ရုံး သို့  လွှဲပြောင်း ပေး ခဲ့ သည်။
မလာဒစ် သည် ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ၁၉၉၅ ခုနှစ် ဉ်  ဆာရာယေဗို မြို့ ကို ၄၃ လ
ကြာ ပိတ်ဆို့ ထားစဉ် အတွင်း ခြောက်လသား ကလေး မှာ စဤ အသက် ၈၉ နှစ် အရွယ် ထိ လူ
ပေါင်း ၈၀၀၀ ကျော်ကို ရက်စက် စွာသတ် ဖြတ်ရန် အမိန့် ပေး ခဲ့သူ ဖြစ်ပြီး သူ၏ တပ်ဖွဲ့ များ က
သတ် ဖြတ်မှု ကြောင့် သေဆုံးသူများ တွင်အမျိုးသမီး နှင့် ကိုယ်ဝန်ဆောင် များ လည်း ပါဝင်သည်။
၂၀၁၁ ခုနှစ် တွင်  ဘောစနီးယား အစိုးရက မလာဒစ် ကို ဖမ်းမိနိုင်ရေး အတွက် ဆုငွေ တစ် သန်း
ထုတ်ပြန် ထားရာ မှ ဆုငွေ ၁၄ သန်း သို့ တိုးမြှင့် ပြီး နောက် တွင် ဖမ်းဆီး ရရှိ မိခဲ့ခြင်း ဖြစ်သည်။
မလာဒစ် သည် ၁၉၆၁ ခုနှစ် မာရှယ် တီးတိုး လက်လက် ထက် တွင် ယူဂိုဆလာဗီးယား တပ်မတော်
သို့  ၀င်ရောက် ခဲ့သည်။
မလာဒစ် သည် ၂၀၀၈ ခုနှစ် က ဖမ်းဆီးရမိခဲ့သည့် ရာဒိုဗန် ကာရာဇစ်(မလာဒစ် ၏ ဆရာ)
၊ သမ္မတဟောင်း ဆလို ဗိုဒန် မီလို ဆီဗစ် တို့ ပြီးလျှင် အဆင့် မြင့် ဆုံး စစ်ရာဇ၀တ် ကောင်
ဖြစ်ပြီး ၁၉၉၅ ခု နှစ် နိုင်ငံ တကာ ရာဇ၀တ်မှု ဆိုင်ရာ တရား ရုံး မှ ဖမ်းဝရမ်း ထုတ် ပြီး ချိန်
မှ စ၍ ၁၆ နှစ် ကျော် တိမ်းရှောင်ပုန်းအောင် နေခဲ့သည်။

Wednesday, 9 October 2013

အောင်မြင်သော Entrepreneur တို့ ပိုင်ဆိုင်သည့် အရာ ၄ ခု





အောင်ခမ်း (TSJ Team)

အောင်မြင်သော စွန့်ဦးတီထွင်သူ (Entrepreneur) တို့ ယေဘုယျအားဖြင့် ပိုင်ဆိုင်ကြတဲ့ အရည် အချင်း လေးခုကို BusinessNewsDaily က ဖော်ပြထားပါတယ်။ ယင်း ဖော်ပြချက် များ မြန်မာပြည်မှာ Small Business လုပ်ဖို့ ကြိုးစားနေသူများအတွက်လည်း သင့်လျော် အသုံးဝင်တာမို့ ဆီလျော်သလို ဘာသာပြန် ရေသား မျှဝေ လိုက်ရ ပါတယ်။


Professional Experience

ပရော်ဖက်ရှင်နယ် ကျကျ တတ်မြောက်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ မိတ်ဆွေထဲမှာ ရှိပါတယ်။ သူ လုပ်နေတာက အိုင်တီ ပရိုဂမ်မာ ၊ နောက်ပိုင်းကျတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ချင်လွန်းလို့ ပါ ဆိုပြီး နယ်စပ်ဘက်မှာ ကုန်သွင်းတဲ့ အလုပ် သွားလုပ်ပါတယ်။ သတင်းပြန်ကြားရတော့ အခုထိ ကြိုးစားရုန်းကန်နေရဆဲ ပါပဲ။ အကြောင်းကတော့ ပရော်ဖက်ရှင်ကျကျ တတ်မြောက်တဲ့ အလုပ်ပေါ်မှာပဲ အခြေခံလို့ Business တစ်ခုကို တည်ထောင်တာ မဟုတ်လို့ပါ။ သူကိုယ်တိုင် တတ်ထားတာက ပရိုဂရန်မာ ပညာရပ်မို့ အိုင်တီနဲ့ ဆက်စပ်တဲ့ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံး လုပ်တစ်ခုကိုပဲ သူ Choice လုပ်လို့ စတင် သင့်တာပါ။ သို့တည်းမဟုတ် အဲ့ဒီ အိုင်တီ မလုပ်ချင်တောင် သူသွားချင်တဲ့ Platform တစ်ခုမှာ ပရော်ဖက်ရှင်နယ် သမား ဖြစ်အောင် အချိန်ပေးလုပ်ကို လုပ်ရအုံးမှာပါ။ ဒီတော့ Professional Experience ရှိထားကြရင် အောင်မြင် ပါတယ်။


A Business Plan

Business Plan ဆိုတာ စီးပွားရေး စလုပ်မှ ရေးရမယ်လို့ ဘယ်ဥပဒေ မှ ပြဌာန်း မထားပါဘူး။ တကယ်သာ အောင်မြင်ချင်တဲ့ သူတစ်ယောက်က အမြဲ တမ်း Plan အသစ်တွေ တစ်ခုပြီး တစ်ခု ရေးဆွဲပြီး ဦးနှောက် ကို သွေးပေးတယ်။ အိုင်ဒီယာ ထုတ်တယ်။ Plan ရှိထားတဲ့ ကုမ္မဏီက Plan မရှိတဲ့ ကုမ္မဏီထပ် အောင်မြင်မှုကို နှစ်ဆ တိတိ မြင်ရဖို ပိုနီးစပ်တယ်လို့ ဥပမာ ပေးထား ပါတယ်။


Positive Personality

Small Business စလုပ်တဲ့အခါ ငွေကြေးအရခက်ခဲမယ်။ စည်းမျဉ်းဥပဒေ အရ ခက်ခဲမယ်။ လူမှုရေးအရ ခက်ခဲမယ်။ လုပ်ငန်းသဘောရ ခက်ခဲမယ် အစရှိသဖြင့်ပေါ့။ အဲ့လိုမျိုး အခက်တွေကြုံတိုင်း လက်လျော့ဖို့ စိတ်ကူးမယ်။ အတားအဆီးတွေကြုံတိုင်း နောက်ဆုပ်ဖို့ချည် စဉ်းစားမြင်နေရင်တော့ မအောင်မြင်ပါဘူး။ Positive ကျတဲ့ အကောင်းမြင်နိုင်သော အတွေးအခေါ် အယူအဆ ရှိကြတာက အောင်မြင်သော Entrepreneur များရဲ့  အရည် အချင်း တစ်ခု ဖြစ်ပါတယ်။ ပြဿနာတိုင်းကို လှေကားထစ်လို့ သဘောထားပြီး နင်းတက်ဖို့ပဲ စိတ်ကူးကြပါတယ်။


A Mentor

Mentor လို့ခေါ်တဲ့ ကိုယ့်ကို ကြီးကြပ်ကွပ်ကဲမယ့် လူတစ်ယောက် လည်း အောင်မြင်တဲ့ Entrepreneur အများစုမှာ ရှိတတ်ကြပါတယ်။ Overall Process အတွက် Mentoring လုပ်တ မဟုတ်ပဲ တစ်စိတ်တစ်ပိုင်း ကိုပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ Motivate လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ guide line ပေးတာပဲ ဖြစ်ဖြစ် တစ်စုံ တစ်ယောက် ရှိနေတာကလဲ အးသာချက် ပါ။ ဆွေမျိုးရင်းချာ အုပ်ထိန်းသူ မဟုတ်တောင် ဆရာ ဖြစ်ဖြစ် ရှိနေ ရင် Entrepreneur တစ်ယောက်အတွက် အားသာချက် ဖြစ်သွားပါတယ်။

ဒါကြောင့် အနှစ်ချုပ်လိုက်ရင် အောင်မြင်တဲ့ Entrepreneur များမှာ Professional Experience, A Business Plan, Positive Personality, A Mentor အစရှိတဲ့ အရာ လေးခုကို ပိုင်ဆိုင်ထားကြောင်း ရေးသား ဖော်ပြ ထားပါတယ်။

.
Ref: businessnewsdaily
TechSpace Journal

Wednesday, 18 September 2013

ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်

ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်

ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ်

အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီး ကိုတော့ လာမယ့် လပိုင်း အတွင်း ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ တော့မှာ ဖြစ်ပါတယ်။

ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်း အတွင်းမှာ ဆောင်ရွက် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

mm pyi thar
13Like · ·

Tuesday, 3 September 2013

စင်္ကာပူမှ ကျောင်းသူတစ်ဦး သူမ၀တ်ပြီးသား အတွင်းခံများရောင်းချ ၂ ထည်ဝယ်လျှင် ဘောင်းဘီ ချွတ်သည့် ဗီဒီယိုပါပြ


စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်းချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။

အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှ အတွင်းခံ ဘောင်းဘီအား ချွတ်ပြသည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။

Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့် ယခုကဲ့သို့ လိင်စိတ်နိုးကြွစေသည့် အတွင်းခံ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။

ပထမပိုင်းတွင် ဘောင်းဘီတစ်ထည်လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်းထားပြီး ဖြစ်ကြောင်း သိရ သည်။
သူမနှင့် အင်တာဗျူးလုပ်ရန် ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင် ကိုလည်း ပိတ်သိမ်းခဲ့သည်။

သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ် ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။

ထူးထွေဆန်းပြား သတင်းများ

Monday, 2 September 2013

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ...



တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။

===================================

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”

( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )

Views: 1973

Belgium နိုင်ငံကဝေဟင်အမြင့်မီတာ 50 ပေါ်မှမင်္ဂလာပွဲ


Jeroen and Sandra Kippers တို့ဟာ Belgium နိုင်ငံ Brussels မြို့တော်တွင်နေထိုင်ကြပြီး ကမ္ဘာပထမဦးဆုံး ဝေဟင်ပေါ်မီတာ 50 တွင်မင်္ဂလာဆောင်သည့် ပထမဦးဆုံးစုံတွဲဖြစ်ပါတယ်တဲ့ဗျာ..။
လေပေါ်တွင် တွဲလွဲ လေးအနမ်းပေးနေစဉ်ဖြစ်ပါတယ်
သတို့သမီးနဲ့ သတို့ သားဟာသူတို့ ရဲ့ ထုံးတမ်းအစဉ်အလာအဖြစ်တဲ့ ဆုတောင်းတာကိုတောင်လေပေါ်တွင်ပင်ပြုလုပ်ခဲ့ပါတယ် သူတို့ကအတတ် ဆန်းပြီးလုပ်တာပါတဲ့ ဗျာ သူတို့ နှင့်အတူ မိတ်ဆွေသိင်္ဂဟများ အပေါင်းအသင်းများပါ လေပေါ်သို့ အောက်ပါပုံတွင်ရှိသောစက်နှင့်တစ်ပါတည်းလိုက်ပါခဲ့ပါတယ် လေပေါ်မှာအထက်ပါပုံအတိုင်းတွဲလွဲခိုပြီးတော့အတတ်ခဲဆန်းခဲ့ပါသေးတယ်။
ထိုအခန်းအနားတွင် စpianist ဆရာမှသတို့ သတို့သမီးတို့ အတွက်ပလက်ဖောင်းကျဉ်းကျဉ်းသေးသေးလေးမှလမ်းလျှောက်လာစဉ်မင်္ဂလာ ဂီတသံစဉ်ကိုတီးခတ်ပေးပြီး ကျင်းပခဲ့ပါတယ်ဒီမင်္ဂလာပွဲလေးကိုလူအများမတတ်ရောက်နိုင်ခဲ့ပေမယ့်လူအများအတွက်တော့တမူထူးခြားနေပြီးအံ့သြစရာရူးကြောင်ကြောင်လုပ်တယ်
လို့လဲအပြောခံရပါတယ် တစ်ချို့ကတော့တစ်သက်မှာတစ်မင်္ဂလာဆိုတော့ ထူးအောင်လုပ်တယ်မြင်ကြပါတယ်

မင်္ဂလာသတို့ သားမှသတို့ သမီးကို မင်္ဂလာလက်စွပ် စွပ်ပေးနေစဉ်ဖြစ်ပါတယ်
ကဲမင်္ဂလာမဆောင်ရသေးတဲ့ ဘော်ဒါတို့ကော ဘယ်လိုဆောင်ကြမလဲ စဉ်းစားပြီးပြီလား ဆန်းဆန်းပြားပြားဆောင်မယ်ဆိုလက်တို့လိုက်ဦးနော် ဘလော့တင်ရအောင်လို့လေ ဟီးးးအားလုံးပဲပျော်ရွှင်ကြပါစေ.

http://mcwaiyan.blogspot.com
Mc wai yan !

ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု




ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
from internet
Posted by World of Wingate Sai


ကိုထွန်းဝေ
30.8.2013
ပြန်လည်မျှဝေပါတယ်။

Sunday, 30 June 2013

Katy Perry lookalike: My son was bullied because of how I dress

Submitted by Anonymous on Saturday, June 01, 2013 1:01:00 PM - Source: thesun.co.uk
A KATY Perry lookalike has claimed her six-year-old son was driven out of school by bullies because of the way SHE dresses. Suzanne O’Neill, 25, is a part-time tribute act for the star and also dresses as a classic pin-up girl for retro photo shoots.
But she claims little David Belcher has been kept away from class for six months because of her career.
A Facebook hate page was also set up using a photo of Suzanne in the profile and David was so scared he even stopped eating.

Suzanne, from Maidstone in Kent, said: “The bullying was awful. We had to have a police escort to walk home as I was scared of what might happen. “The kids punched him, bit him, trapped his fingers in tables and one even urinated on his school jumper.
“When I went and complained about it at the school I was just told ’boys will be boys’.”

Suzanne decided to remove David from St Paul’s Infant School and David has been offered a place at another school. But Suzanne, who has lodged an official complaint with the Department of Education, said she does not want him to make the 40-minute walk from their home.

She added: “The kids would tell David his mother is a scrubber. I’m an adult so I can deal with nasty comments, but David is only six.

“The mothers were behaving like children and one threatened to 'smash my face in’.”
Suzanne, who is engaged to shop assistant Paul Baker, 31, added: “David misses playing and socialising with other children. I do not want him to become isolated.

“Since he has been off school he has been depressed and crying.
“I’ve been told when he eventually does get a space, he will have to go back a year because of the time he’s had off.”

Kevin Shovelton, director of education and planning on Kent County Council, said: “As soon as we became aware of David’s situation we worked hard to secure a place for him.

“Miss O’Neill may have had difficulty securing a place in oversubscribed schools mid-way through the school year.”

suzanneneill and her son david belcher
Bullied ... David Belcher with mum Suzanne O'Neill, who works part-time as a Katy Perry tribute act

suzanneneill and katy perryLookalike ... Suzanne and, right, Katy Perry

suzanneneill and katy perry
Perry similar ... Suzanne, left, was told she was a 'scrubber' for modelling

သင်အရိုးအဆစ်အကိုက်ခဲဝေသနာများခံစားနေရပါသလား

သင်အရိုးအဆစ်အကိုက်ခဲဝေသနာများခံစားနေရပါသလား

စားသင့်တဲ့အစားများပုံမှန်စားသုံးပါကခေါင်းကိုက်ဝေသနာများ
အရိုးအဆစ်များကိုက်ခဲခြင်းမှကင်းဝေးနိုင်မှာဖြစ်ပါတယ်။
အစားစာ 8 မျိုးကိုစားသုံးပေးပါ။
1။ Ginger
ဂျင်းကိုဟင်းထဲထည့်ချက်တာမျိုးလဲစားသုံးနိုင်ပါတယ်။
2။ Cookies
ကွတ်ကီးမုန့်တွေကိုစားသုံးနိုင်ပါတယ်။
3။ Olive Oil
သံလွင်ဆီဖြင့်ဟင်းလျှာများကိုထည့်သွင်းချက်ပြုတ်စားသုံးနိုင်ပါသည်။
4။ Salmon
ကတော့ကျွှန်တော်တို့မြန်မာမှာတော့အသားစီမ်းတွေသိပ်စားလေ့မရှိပါဘူး
သူဖော်ပြပေးထားတဲ့အတိုင်းပြန်ညွန်းပေးလိုက်တာပါ။ဂျပန်တို့ကိုးရီးယား
တို့စားသုံးတာများပါတယ်။အသားစီမ်းတွေကိုတခါတလေစားသုံးပေးနိုင်ပါတယ်။
5။ Red Grapes
အနီရောင်စပျစ်သီးများကိုစားသုံးပေးပါ။
6။ Thyme
လို့ခေါ်တဲ့ဟင်းခပ်အမွေးကြိုင်ထဲကတမျိုးဖြစ်ပါတယ်။
7။ fish oil
ငါးကြီးဆီ ကိုစားသုံးပေးပါ။
8။ Tart Cherries
ချယ်ရီသီးကိုစားသုံးပေးပါ။
အဲ့ဒါလေးတွေဟင်းလျှာအနေနဲ့ပဲဖြစ်ဖြစ်၊ သရေစာအနေနဲ့ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ စားသုံးပေးသွားမယ်ဆိုရင်
အရိုးအဆစ်အကိုက်ခဲများကိုကင်းဝေစေပါတယ်တဲ့
- See more at: http://winkabarkyaw2.blogspot.com/#sthash.dYKm55mg.dpuf

သင်အရိုးအဆစ်အကိုက်ခဲဝေသနာများခံစားနေရပါသလား

သင်အရိုးအဆစ်အကိုက်ခဲဝေသနာများခံစားနေရပါသလား

စားသင့်တဲ့အစားများပုံမှန်စားသုံးပါကခေါင်းကိုက်ဝေသနာများ
အရိုးအဆစ်များကိုက်ခဲခြင်းမှကင်းဝေးနိုင်မှာဖြစ်ပါတယ်။
အစားစာ 8 မျိုးကိုစားသုံးပေးပါ။
1။ Ginger
ဂျင်းကိုဟင်းထဲထည့်ချက်တာမျိုးလဲစားသုံးနိုင်ပါတယ်။
2။ Cookies
ကွတ်ကီးမုန့်တွေကိုစားသုံးနိုင်ပါတယ်။
3။ Olive Oil
သံလွင်ဆီဖြင့်ဟင်းလျှာများကိုထည့်သွင်းချက်ပြုတ်စားသုံးနိုင်ပါသည်။
4။ Salmon
ကတော့ကျွှန်တော်တို့မြန်မာမှာတော့အသားစီမ်းတွေသိပ်စားလေ့မရှိပါဘူး
သူဖော်ပြပေးထားတဲ့အတိုင်းပြန်ညွန်းပေးလိုက်တာပါ။ဂျပန်တို့ကိုးရီးယား
တို့စားသုံးတာများပါတယ်။အသားစီမ်းတွေကိုတခါတလေစားသုံးပေးနိုင်ပါတယ်။
5။ Red Grapes
အနီရောင်စပျစ်သီးများကိုစားသုံးပေးပါ။
6။ Thyme
လို့ခေါ်တဲ့ဟင်းခပ်အမွေးကြိုင်ထဲကတမျိုးဖြစ်ပါတယ်။
7။ fish oil
ငါးကြီးဆီ ကိုစားသုံးပေးပါ။
8။ Tart Cherries
ချယ်ရီသီးကိုစားသုံးပေးပါ။
အဲ့ဒါလေးတွေဟင်းလျှာအနေနဲ့ပဲဖြစ်ဖြစ်၊ သရေစာအနေနဲ့ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ စားသုံးပေးသွားမယ်ဆိုရင်
အရိုးအဆစ်အကိုက်ခဲများကိုကင်းဝေစေပါတယ်တဲ့
- See more at: http://winkabarkyaw2.blogspot.com/#sthash.dYKm55mg.dpuf

Wednesday, 29 May 2013

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)


(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော
အားနာခြင်းမျိုးစိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။
 အောက်ပါ ဥပမာများကို ကြည့်ပါ။




(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။
သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်
ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။
ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး
ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။
တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့  တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။


(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး 
ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသော အချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏
ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု ထင်ပါသည်။


(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း
လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍ အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင် အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊ မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကိုအားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။တာဝန်နှင့် အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကိုသိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက်
အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…

..........................စသည့် စသည့် နည်းမမှန်သော အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊ စူးစမ်းရကောင်း မှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင် နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ
မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို မျှော်တွေးကာ နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု တိုက်တွန်းရေးသားလိုက်ပါသည်

ခင်မင်မှုများစွာဖြင့်
ရွှေအိမ်စည်...

အဖေဝလျှင် သားသမီးများ ဝနိုင် ၊ အမေ ဝ သော်လည်း သားသမီများ ဝခြင်း မရှိ


ဝသော ဖခင်များမှမွေးဖွား လာ သောသားသမီး များသည် သာမန် ကိုယ်အလေးချိန် ရှိသော ဖခင်မှမွေး ဖွားလာသော သားသမီးများ ထက် အသက် ရှစ်နှစ်မှ ကိုးနှစ် အတွင်း အ၀လွန် ကလေးများဖြစ်ရန် အလား အလာ လေးဆ ပိုများကြောင်း သြစ တြေးလျ နိုင်ငံ နယူးကာ ဆယ်တက္က သိုလ်မှ သုတေသီ များကတွေ့ရှိခဲ့ကြ သည်။ သို့သော် ၀လွန်း သောမိခင် များမှ မွေးဖွား လာသော သားသမီး များသည် ၎င်းတို့၏ မိခင်ကဲ့သို့ဝလာ ခြင်းမရှိ ကြောင်းလည်း သုတေသီ များက တွေ့ရှိခဲ့ကြသည်။


အ၀လွန်သော ဖခင်ကမွေးဖွား လာသော သားသမီးများသည် အ ဘယ်ကြောင့် သူတို့ ဖခင်ကဲ့သို့ဝလာ ကြောင်း ယခုအချိန်ထိ မသိရသေး ဟု လေ့လာရေး အဖွဲ့ခေါင်းဆောင် အမ်မလီဖရီးမင်း ကပြောကြား သည်။ သြစတြေးလျသုတေသီများက ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း သြစ တြေးလျ နိုင်ငံ၌ မိသားစုပေါင်း ၃,၀၀၀ ကျော်အား လေ့လာ ဆန်းစစ်ပြီး နောက် ယခု ကဲ့သို့ရှာဖွေ တွေ့ရှိခဲ့ကြ ခြင်းဖြစ်သည်။


သုတေသီများ ကအသက်လေး နှစ်မှ ငါးနှစ် အတွင်းကလေးများ၏ ကိုယ် အလေးချိန်ကို ချိန် တွယ်မှတ် တမ်းတင်ပြီး နောက် ၎င်း ကလေးများ အသက် ရှစ်နှစ်မှ ကိုးနှစ်အတွင်း ရောက် ချိန်တွင် တစ်ဖန် ကိုယ်အ လေးချိန် ကိုကြည့်ရှုရာ အ၀ လွန်သော ဖခင်မှ မွေးဖွား လာသော ကလေးများ သည် ထူးထူးခြားခြား အ၀လွန်သော ကလေး များဖြစ်ကြောင်း လေ့လာ တွေ့ ရှိခဲ့ကြသည်။

သြစတြေလျ ကလေးငယ်များ၏ ၂၅ ရာခိုင်နှုန်း မှာ ၀လွန်း သောက လေးများ ဖြစ်ကြောင်း၊ ကလေးများ ကိုယ် အလေးချိန် လျော့ကျ စေရန်အ တွက် ဖခင်များ ကိုယ်အလေးချိန် လျှော့ချ သင့်ကြောင်း ဖရီးမင်းကပြော သည်။

SN (Ref; Internet)

Copy From : http://www.themyanmarpost.com

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ


စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား တယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်စဉ်အခါမှာ အချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး လိုက်ပါတယ်။



စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊ တည်းဖြတ်သူ၊ ဒါရိုက်တာ နဲ့ အထူးပြုလုပ်ချက်တွေကိုဖန်တီးတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင် မှုတွေမှာ လက်ဝှေ့သမား အဖြစ် သရုပ်ဆောင်ရာကနေ စတင်ပြီးထင်ရှားကျော်ကြားခဲ့ပါတယ်။ သူဟာ လက်ဝှေ့သင်တန်းတစ်ခုကို တည်ထောင်ဖွင့် လှစ်ထားပြီး သရုပ်ဆောင် လောကတွင်သာမက အများက လေးစားရသူတစ်ယောက်ဖြစ်ပါတယ်။


 ဟောလိဝုဒ် ရုပ်ရှင်လောကမှာ သူဟာ နာမည် မကြီးခင်အချိန်က အလွန်ဆင်းရဲခဲ့ပါတယ်။ ဘယ်အထိ ဆင်းရဲခဲ့သလဲဆိုရင်အိမ်သာခန်းသန့်ရှင်းရေးဝန်ထမ်းအဖြစ်တောင် လုပ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လူနေခြုံကြား စိတ်နေ ဘုံဖျားဆိုသလို သူရည်ရွယ်ချက်ရှိရှိနဲ့ အိမ်သာခန်းသန့်ရှင်းရေး ၀န်ထမ်းအဖြစ်လုပ်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်တဲ့နေရာက ဟောလိဝုဒ် ရုပ်ရှင်မှာ ဒါရိုက်တာတွေနဲ့နီးစပ်အောင် သူက အဲဒီအလုပ်ကို လုပ်ခဲ့တာပါ။
ငယ်ငယ်တုံးက crazy ဖြစ်ခဲ့ဖူးတဲ့ RAMBO
သူဟာ သူလုပ်ကိုင်နေရတဲ့ အိမ်သာခန်းလေးတွေကို အမြဲသန့်ရှင်းနေအောင်လုပ်တယ်။ အိမ်သာခန်းကို လာရောက် ကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကို လေးလေးစားစားဆက်ဆံတယ်။ သရုပ်ဆောင်တွေကိုလည်း အရမ်း အားကျတယ်။ဒါရိုက်တာတွေကို တွေ့တိုင်းသူက ရိုသေလေးစားစွာနဲ့ ပြောလေ့ရှိတာကတော့- “လူကြီးမင်းခင်ဗျာ…ကျွန်တော့်ကို မင်းသားတင်ရိုက်ပေးပါ။ လူကြီးမင်းကသာ မင်းသားအဖြစ် တင်ရိုက်ပေးရင် လူကြီးမင်းဘာခိုင်းခိုင်း ကျွန်တော်လုပ်ပေးပါမယ်”ဒါရိုက်တာတွေကတော့ သူ့ကို သေသေချာချာကြည့်ပြီး ပြုံး

သွားကြတယ်။ တစ်ချို့ကတော့ ခေါင်းကို ခါယမ်းသွား ကြတယ်။

တစ်ချို့ကတော့-
“မင်းရုပ်ကိုလဲ မှန်ထဲ ပြန်ကြည့်ပါဦး၊ ပါးစပ်ကရွဲ့စောင်းသေးတယ်။ စကားကဗလုံးဗထွေးနဲ့ ပီအောင်လည်း မပြော တတ်ဘူး၊မင်းနဲ့ ဒီအလုပ်နဲ့ပဲ တန်ပါတယ်”

အဲဒီလို အပြောခံရပေမယ့် စတားလုံးဟာ လုံးဝဇွဲမလျော့ခဲ့ဘူး။ တစ်နေ့နေ့တော့ ဖြစ်လာရမယ်လို့ ယုံကြည်မှု အပြည့်အ၀ ရှိနေတယ်။ ဒါရိုက်တာတွေရဲ့ ငြင်းပယ်မှုကို အကြိမ်ပေါင်း ရှစ်ရာကျော် ခံခဲ့ရတယ်။ သူ့ကိုယ်သူ တစ်နေ့ ကျရင် အောင်မြင်ထင်ရှားတဲ့ မင်းသားတစ်လက် ဖြစ်လာရမယ်လို့လဲ အမြဲယုံကြည်နေတယ်။

သူဟာ ယုံကြည့်မှုရှိနေယုံမကဘူး Rocky ဆိုတဲ့ ဇာတ်လမ်းကို အတွဲလိုက် ရေးသားနေတယ်။ သူအဲဒီလိုရေးသား ထားတာကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ ဒါရိုက်တာကလည်း ဒီဇာတ်လမ်းကို အလွန် သဘော ကျပြီးဒေါ်လာ (၃၅၀၀၀)နဲ့ရောင်းဖို့ပြောတယ်။ သူက ဒီဇာတ်လမ်းကို သူနဲ့ရိုက်မှာသာ ရောင်းနိုင်မယ်လို့ ပြောတယ်။ ဒါရိုက်တာကလည်း လက်မလျော့ဘူး။   ငွေထပ်တိုးပေးတယ်။ စတားလုံးကလည်း လုံးဝလက်သင့် မခံဘူး။ နောက်ဆုံး တော့ဒါရိုက်တာက အလျော့ပေးလိုက်တယ်။

stallone ၏ ပထမဦးဆုံးနှင့် အအောင်မြင်ဆုံး ဇတ်ကား rocky

ဒီလိုနဲ့ စတားလုံးဟာ Rocky ဇာတ်လမ်းကို စရိုက်ပြီး ရုံတင်လိုက်တဲ့အခါမှာတော့ ၀က်ဝက်ကွဲအောင်   အောင်မြင်မှု ရသွားတယ်။တကယ်တော့ သူ့ရဲ့အောင်မြင်မှုဟာ ရည်မှန်းချက်ကြီးမားခဲ့လို့သာဖြစ်တယ်။ သူသာ ရည်မှန်းချက်မထား ဘဲအိမ်သာခန်းသန့်ရှင်းရေးအလုပ်ကိုသာ လုပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရည်မှန်းချက်ရှိလို့သာ သူဟာ သူနဲ့လိုက်ဖက်မယ့် ဇာတ်လမ်းကို အချိန်ရတိုင်းရေးသားနေလို့သာ အခုလို အောင်မြင်ထင်ရှား ကျော်ကြား ခဲ့ရတာပါ။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း မိမိရဲ့ဘ၀အတွက် ရည်မှန်းချက်များ ချမှတ်ပြီး အားလပ်တဲ့အချိန်လေးတွေ ကိုအကျိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ထိပ်တန်းကို တက်လှမ်းနိုင်ရမယ်ဆိုတာ ရဲရဲကြီးပြောဝံ့ပါတယ်။

http://en.wikipedia.org/wiki/Sylvester_Stallone

အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ မုဒိန်းကျင့်


အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ မုဒိန်းကျင့်

ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။






ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။  ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။

ဇင် ​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။
ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

ယောက်ျားပီးပီသသ သန့်ပြန့်ချောမောလှတဲ့ ကမ္ဘာ့အခန့်ညားဆုံး အမျိုးသမီးဆယ်ယောက်



အခုပြောပြမယ့်သူတွေက မွေးဖွားလာစဉ်တုန်းကတော့ အမျိုးသမီး တယောက်လို မွေးဖွါးလာခဲ့ ကြပေမယ့်လို့ သူတို့စိတ်က ကိုယ့်ကိုယ်ကို အမျိုးသားတယောက်လိုပဲ ခံယူသတ်မှတ်ထားကြသူတွေဖြစ်တဲ့ အတိုင်း ဘ၀ကို အမျိုးသားတယောက်လို ပြောင်းလဲနေထိုင်ပြီး အသက်ရှင်နေထိုင် သွားခဲ့ကြသူတွေပါ။ ဒါပေမယ့် ဒီလူတွေကို ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့၊ ရွေးထားတဲ့ ဆယ်ယောက်စလုံးက သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့သူတွေဖြစ်သလို လှပခန့်ညားတဲ့ အမျိုးသားစစ်စစ်တွေ လုံးလုံးကို ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။

(၁) Balian Buschbaum

ထမဦးဆုံးတယောက်ကို မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ဘာလီယံ ဘွခ်ျဘွေမ် လို့ ခေါ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တဲ့သူဖြစ်ပြီး ဂျာမဏီနိုင်ငံမှာ ဒုတိယ အကောင်းဆုံး တုတ်ထောက် အမြင့်ခုံ အားကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ သူ့ကျန်းမာရေး အခြေအနေကြောင့် အားကစားလောက ကနေ အနားယူခဲ့သူပါ။ သူဟာ ငယ်ငယ်ကတည်းကနေ လိင်ပြောင်းလဲခွဲစိတ်ချင်နေခဲ့သူ တယောက်ပါ။ အဲဒါကြောင့် ၂၀၀၈ ခုနှစ်မှာတော့ တရားဝင် အမျိုးသားတယောက်အနေနဲ့ လိင်ပြောင်းလဲ ခွဲစိတ်ခဲ့ယုံသာမကဘဲ နာမည်ကိုပါ တရားဝင်ပြောင်းလဲနိုင်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။

(၂) Buck Angel
အပြာရုပ်ရှင်ဇတ်ကားလို့ပဲပြောရမလား လူကြီးကားလို့ပဲပြောရမလား မသိဘူးနော်။ အဲလိုအဲလို ဟိုဟာမျိုးဇာတ်ကားတွေကို ရိုက်ကူးဖန်တီးသူတယောက်အနေနဲ့ နာမည်ကျော်တဲ့ ဘတ်အိန်ဂျယ်ကို လိင်တူချစ်သူအသိုင်းအ၀ိုင်းက မသိတဲ့သူ မရှိသလောက်ပဲလို့ ဆိုပါတယ်။ ဘတ်တယောက်ကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့ဦး။ ၂၀၀၇ ခုနှစ်မှာ အဲဒီလိုမျိုးဇာတ်ကားတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုသတင်း ဖန်တီးသူဆုကိုတောင် လက်ခံရရှိခဲ့တဲ့သူပါ။ ဆုရတဲ့ခေါင်းစဉ်နာမည်က “ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်သူများထဲက အကောင်းဆုံး ဖျော်ဖြေတင်ပြနိုင်သူ” လို့ ခေါ်ပါတယ်။ အခုလောလောဆယ်မှာတော့ လိုက်လံစေ့စပ်ဆော်သြသူ၊ ပညာပေးသူ၊ ကျောင်းဆရာ၊ စာရေးဆရာ စသဖြင့် အလုပ်မျိုးစုံမှာ အောင်မြင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုကိုလည်း တည်ထောင်ထားနိုင်ခဲ့တဲ့သူပါ။

(၃) Loren Cameron

လောရင်းရက်ဇ် ကယ်မရွန် ကတော့ လိင်ပြောင်းလဲခွဲစိတ်ထားပြီးတဲ့ အမေရိကန် ဓါတ်ပုံဆရာ၊ စာရေးဆရာနဲ့ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတယောက်ပါ။ အဓိကအားဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်စားနေထိုင်တဲ့ သူတွေရဲ့ ရုပ်ပုံတွေကို ပုံဖော်ရိုက်ကူးတဲ့အလုပ်ကို အများဆုံးလုပ်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတင် ဗွီဒီယိုတခုကိုလည်း သူကိုယ်တိုင် ရိုက်ကူးနိုင်ခဲ့တဲ့ သူပါ။ သူရဲ့ဓါတ်ပုံတွေဟာ ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်တဲ့သူတွေကို မြင်တဲ့ သာမန်လူတွေရဲ့ အမြင်ကို ပိုရှင်းလင်းကြည်လင်အောင် လုပ်ဆောင်နိုင်တဲ့ ပုံရိပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

(၄) Ian Harvie
အီယန် ဟာဗွီးကတော့ အမေရိကန်နိုင်ငံသား ဟာသလူရွင်တော်တယောက် ဖြစ်ပါတယ်။ သူရဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့ ဘ၀အကြောင်းအရာတွေကို သူတင်ဆက်တဲ့ ဟာသတွေမှာ အမြဲအသုံးပြုလေ့ရှိတဲ့ သူတယောက်လည်းဖြစ်ပါတယ်။ နာမည်ကျော် ဟာသမယ် မာဂရက်ချို အပါအ၀င် အခြားနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ အတော်များများနဲ့လည်း လက်တွဲပြီး ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ သူတယောက်အနေနဲ့လည်း လိင်တူချင်းချစ်သူတွေအကြားမှာ နာမည်ကြီးတာဖြစ်ပါတယ်။

(၅) Lucas Silveira
လူကပ်စ် ဆီလ်ဗေးရာကို ကနေဒါနိုင်ငံမှာ ၁၉၇၉ ခုနှစ်ကမွေးဖွားခဲ့တာပါ။ သမိုင်းမှာတော့ ရော့ဒ်ဂီတလောကထဲကို ဆန့်ကျင်ဖက်လိင်လို ပွင့်ပွင့်လင်းလင်းပြောင်းလဲနေထိုင်ပြီး ၀င်ရောက်ခဲ့တဲ့ ပထမဦးဆုံးသောသူလို့ ပြောလို့ရနိုင်ပါတယ်။ ပြီးတော့ နာမည်ကျော် တေးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ချက်ချင်းဆိုသလို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့သူပါ။ တေးသီချင်းနဲ့ပတ်သက်လို့ အဆို၊ အရေး၊ အတီး အကုန်ကျွမ်းကျင်တဲ့ သူတယောက်ဖြစ်ပါတယ်။ အဓိက တီခတ်တဲ့တူရိယာက ဂစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

(၆) Katastrophe
ရိုကို ကာရီယာတိုးစ် လို့ခေါ်တဲ့သူကို အများစုက ကာတာစထရိုဖီ လို့ပဲ လူသိများကြပါတယ်။ သူကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်တဲ့ ရပ့်အဆိုတော် တယောက်အဖြစ်နဲ့ လူသိများကြတာဖြစ်ပါတယ်။ ကာတာစထရိုဖီလည်း တေးရေးဆရာနဲ့ တေးထုတ်လုပ်သူ တယောက်ဖြစ်ပါတယ်။

(၇) Thomas Beatie
သောမတ်စ်ဘီတီကိုတော့ ယောက်ျားပုံစံနဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးခဲ့တဲ့သူတယောက်အနေနဲ့ တစ်ကမ္ဘာလုံးက သတိထားမိခဲ့တဲ့သူတယောက်ပါ။ ဘီတီတယောက် မွေးလာတုန်းကတော့ မိန်းကလေးဖြစ်ခဲ့ပေမယ့် အသက်နှစ်ဆယ်ကျော်အထိ ယောက်ျားလေးတယောက်လိုပဲ နေထိုင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယောက်ျားဟိုမုန်းတွေစားပြီး လိင်ပြောင်းလဲဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဇနီးကလေးမရနိုင်ဘူးဆိုတာကို သိသွားတဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဟိုမုန်းဆေးစားတာတွေကိုပြန်ရပ်ပြီး အလှူရှင်တွေရဲ့ သုတ်ပိုးနဲ့ ကလေးရအောင် ကိုယ်ဝန်ပြန်ဆောင်ပေးခဲ့တဲ့သူပါ။ ကလေးသုံးယောက် ရပြီးတဲ့နောက်မှာတော့ ယောက်ျားဟိုမုန်းဆေးတွေကို ပြန်စားနေပြီလို့ ဆိုပါတယ်။
(၈) Ryan Sallans
ရိုင်ယန် ဆားလန်စ်ကတော့ လောလောဆယ်မှာ လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ အမေရိကန်တ၀ှမ်းမှာ လိုက်လံဆော်သြော်နေတဲ့ သူတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်ဝတ်စားသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံ ကျိုးပမ်းနေသူတယောက်လည်း ဖြစ်ပါတယ်။ အမျိုးသမီးဘ၀ကနေပြီး အမျိုးသားဘ၀ရအောင် နှစ်ပေါင်းအတော်ကြာအောင် ပြင်ဆင်ကုသခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာမှ ယောက်ျားစစ်စစ်ဘ၀ကို ရရှိခဲ့တဲ့သူပါ။ လယ်ရီကိန်းရဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်၊ လိုဂို ချယ်နယ်ရဲ့ ရုပ်သံအစီအစဉ်နဲ့ အခြားမဂ္ဂဇင်းတွေ အတော်များများမှာ ဖော်ပြခံခဲ့ရတဲ့ သူတယောက်လည်းဖြစ်ပါတယ်။

(၉) Andreas Krieger
အန်ဒရီစ် ကရိဂါ ကတော့ အရှေ့ဂျာမဏီနိုင်ငံရဲ့ နာမည်ကျော်သံလုံးပစ် အားကစားသမား တယောက်ဖြစ်ခဲ့ဖူးသူပါ။ သူမ မသိလိုက်ပဲ anabolic steroids လို့ခေါ်တဲ့ ဟိုမုန်းဆေးတွေအကြွေးခံရတဲ့ နောက်ပိုင်း ယောက်ျားနဲ့ပိုတူလာခဲ့တဲ့ သူတယောက်လည်းဖြစ်ပါတယ်။ လိင်ပြောင်းလဲခွဲစိတ်တာကိုတော့ ၁၉၉၇ ခုနှစ်မှာ အပြီးသတ်ခွဲစိတ်နိုင်ခဲ့သူပါ။ သူ့ကိုသာဆေးမတိုက်ခဲ့ဘူးဆိုရင် သူ့ရဲ့လိင်စိတ်အစစ်အမှန်ကို ကောင်းကောင်းရှာဖွေတွေ့ရှိနိုင်ခဲ့မှာပါလို့ အများပြည်သူကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသူပါ။ အားကစားလောကကနေပြီးတော့ ၁၉၉၀ ခုနှစ်မှာ အနားယူခဲ့ပြီးဖြစ်ပါတယ်။

(၁၀) Chaz Bono
ချက်စ် ဘာနားကတော့ ကမ္ဘာကျော်အဆိုတော် ရုပ်ရှင်မင်းသမီး ချာ ရဲ့ သမီးဖြစ်ပါတယ်။ အသက် ၂၅ နှစ်မှာ သူမကိုသူမ လိင်တူချင်းချစ်သူပါလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သူပါ။ အဲဒီနောက်မှာတော့ လိင်ပြောင်းလဲခွဲစိတ်ဖို့အတွက် နှစ်နှစ်တိတိ အချိန်ယူခဲ့ပြီး အခုခါမှာတော့ ပျော်ရွင်တဲ့ ယောက်ျားစစ်စစ်ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးသူ ဖြစ်နေပါပြီ။ လောလောဆယ်မှာ ကြယ်ပွင့်များနဲ့ ကခုန်ခြင်းလို့ခေါ်တဲ့ (နာမည်ကျော်များနှင့် အတူယှဉ်တွဲအကပြိုင်ရခြင်း) အစီအစဉ်တခုမှာ ၀င်ယောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

နေားနွဲ့နှောင်း

Monday, 20 May 2013

စိတ်ဝင်စားစရာကောင်းလို့ ဗဟုသုအနေနဲ့တင်လိုက်တာပါ.



သူလမ်းရောင်နေစဉ် ရုတ်တရက်ဘဲ မျက်စိမှာ ကျိန်းစပ်သလိုခံစားလိုက်ရတယ်....

ပုံမှန်လိုဘဲ ဖုန်ဝင်တယ်လို့ ထင်ခဲ့တယ်၊ သူ့မျက်လုံးက ဖုန်ခါထုတ်ရန် မျက်လုံးကို ပွတ်တယ်...
ပြီးတော့ မျက်လုံးတွေ နီလာတယ်... ရက်အနည်းငယ်တော့ ဘာမလိုဘူးဆိုပြီး ထားထားတာပေါ့
အနည်းငယ်ကြာလာတော့ မျက်လုံးတွေက နီးတဲ့အဆင့်ကနေ ရောင်လာတယ် သူ့မျက်လုံးဟာ ပိုပိုရောင်ရမ်းလာတယ်...
ပိုပြီးနီရဲပြီး ဖောင်းလာတယ်.... အဲဒီအချိန်မှာ သူဆရာဝန်ပြဖို့ရန် ဆုံးဖြတ်လိုက်တယ်.... ဆရာဝန်က ချက်ချင်းဘဲ ခွဲစိတ်ဖို့လိုအပ်မယ်လို့ပြောတာပေါ့... ဆရာဝန်ကလည်း အကြိတ်လို့ဘဲထင်တာပေါ့ အမှန်တကယ်တော့ အကြိတ်ကနေ အကောင်အဆင့်ဖြစ်သွားတယ်တဲ့.....
ကြည့်ကြအုံး.... မျက်လုံးမှာလည်း အဲလို အကောင်တွေရှိတတ်တယ်တဲ့နော်...
ရက်အကြာကြီး ယားသလိုခံစားရပြီး မျက်လုံး နီရဲလာမယ် ရောင်ရမ်းလာမယ်ဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြဖို့ လိုအပ်မယ်နော်..
ဗဟုသုတလေးပါ... သူငယ်ချင်းတစ်ယောက်ကနေ တဆင့် ဖော်ပြလိုက်တယ်..

ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ


လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း
ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။

ထိုင်းလူမျိုးတွေဖြစ်ကြတဲ့ လိင်ခွဲစိတ်ထားတဲ့ မိန်းမလျာ တဦးနဲ့ ယောင်္ကျားလျာ တဦးတို့ရဲ့ အချစ်နဲ့ သူတို့ အိမ်ထောင်ရေးဖြစ်ရပ်ကို မှတ်တမ်း တင်ထားတာပါ။ ရိုမန်တစ် အချစ်လို့ တင်စားပြီး ဘန်ကောက် ပို့စ် က ဖော်ပြထားပါတယ်။

နောက်ဆုံးတော့လည်း ယောင်္ကျားနဲ့ မိန်းမ လက်ထပ်ဖြစ်တာတော့ မှန်ပေမယ့် ဓမ္မတာအတိုင်း မဟုတ် ဘဲ ယောင်္ကျားတဖြစ်လဲ မိန်းမနဲ့ မိန်းမ အသွင်ပြောင်း ယောင်္ကျာလျာ တို့ဖြစ်နေတာပါ။

သူတို့မှာ တရားဝင် လက်ထပ်စာချုပ်လည်း ရှိကြပါတယ်။ သူတို့ဘ၀ကို သူတို့က ပျော်ပိုက်နေကြတယ်လို့ ဆိုပါတယ်။ လူတွေက သူတို့ကို ထူးထူးဆန်းဆန်း အဖြစ် အမျိုးမျိုး ဝေဖန်ကြပေမယ့် သူတို့ အချစ်ကတော့ ပြိုလဲမသွားပါဘူးတဲ့။

သူတို့ ၂ ဦးရဲ့ အိမ်မက်မှာ သူတို့ ကိုယ်ပိုင် သားသမီး တဦးလိုချင်တာနဲ့ အိမ်ကောင်းကောင်းတလုံး ပိုင်ဆိုင် ချင်တယ်လို့လည်း ပြောထားပါတယ်။
ဓါတ်ပုံ - ယောင်္ကျားလျာနဲ့ မိန်းမလျာတို့ရဲ့ ဘ၀ ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

Wednesday, 3 April 2013

ကျည်ကာကား(၅)စီးတောင်ဝယ်မယ်တဲ့



အရင်က...တရုပ်တွေနဲ့မြန်မာစစ်ပွဲတုန်းက...တရုပ်တွေက....စစ်သားတွေကို...ဘိန်းကျွေးပြီး...စစ်တိုက် ခိုင်းတယ်....ခုအန္ဒိယကုလားစစ်တပ်က....ဘာရည်ရွယ်ချက်လည်းတော့မသိဘူး....မြန်မာပြည်ကိုမူးယစ်
ဆေးဝါးတွေပြန်သွင်းနေပြီ......လုပ်ကြပေအုံးဟေ့......မယုံတော့မရှိနဲ့ဗျ......တချို့ဘားတွေ....ညသန်း
ကောင်ကျော်ထိဖွင့်တဲ့....ကော်ဖီဆိုင်တွေမှာလည်း...မူးယစ်ဆေးဝါးတွေရောင်းနေတယ်.....အဲ့ဒီဆိုင်တွေ
ကို...ဘယ်သူတွေပိုင်တာလည်း...ဆိုတာ..စုံစမ်းကြည့်....မဟုတ်ယင်...ကျုပ်ကိုပါးလာရိုက်........တချို့မိန်း
ခလေးငယ်တွေဆို....စိတ်ကြွဆေးတွေတိုက်ခံရပုံရတယ်....မနေနိုင်မထိုင်နိုင်တွေဖြစ်ပြီး....လမ်းမပေါ်
ထွက်ပြီး...ဟိုလူလိုက်ဆွဲ....ဒီလူ့လိုက်ဆွဲနဲ့.....နောက်ဆုံးတော့...တက္ကစီသမားကိုတက် ပြီးမုဒိန်းကျင့်ပါ
လေရော......တက္ကစီသမားတချို့ကတော့...အချောင်ဆိုပြီးသုတ်သွားပါလေရော....တချို့အမျိုးကောင်း
တွေကြတော့....ကားပေါ်မှာအမူးပြေတဲ့အထိထိန်းထားပေးတယ်.....တချို့ကတော့.... ပြသနာတက်မှာ
ဆိုးလို့....မောင်းပြေးတယ်......ဒါတွေဟာ...ခုလက်ရှိ....ရန်ကုန်မြို့တွင်းရှိ......club, Bar, Coffee Shop .....ဆိုင်တွေရဲ့. .ညစဉ်ဖြစ်ပျက်မူ တွေဘဲ... .တိုင်းပြည်မှာ ...မရှိသင့်တာ ... ပြင်သင့်တာကို....မျက်နှာမလိုက်...ဆရာတပည့်အထာတွေ...ဖျောက်ပြီး...ပြုပြင်ကြပါအုံး......
FROM- Ko Pauk

CDMA 800 MHZ ဆင်းကဒ် တခုကိုကျပ် တထောင့်ငါးရာနဲ့ တန်ဖိုးနည်းဖုန်းတွေ ဧပြီ ၂၄ ရက်နေ့ ကစ ရောင်းတော့မှာပါ။


CDMA 800 MHZ ဆင်းကဒ် တခုကိုကျပ် တထောင့်ငါးရာနဲ့ တန်ဖိုးနည်းဖုန်းတွေ ဧပြီ ၂၄ ရက်နေ့ ကစ ရောင်းတော့မှာပါ။
အစိုးရ ရုပ်မြင်သံကြား သတင်းက ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ကြေညာ သွားရာမှာ ဒီထောင့်ငါးရာထဲမှာ ဖုန်းခေါ်ဖို့ ကျပ်သုံးရာလဲ ပါတယ်လို့ ဆိုပါတယ်။ ငွေထပ်ဖြည့်ဖို့ ကဒ် တကဒ်ကို ငါးထောင်၊ တလကို အနည်းဆုံး ၂ထောင့်ငါးရာဘိုး သုံးရမှာ တယ်လို့ သတင်းမှာ ကြေညာပါတယ်။
ဝယ်ပြီး ၁၅ ရက်အတွင်း ပိုက်ဆံထပ်မဖြည့်ရင် ဖျက်သိမ်းမှာ ဖြစ်တယ်လို့ လဲ ကြေညာသွားပေမယ့် သုံးစွဲသူတွေဘက်ကတော့ ကာလရှည် တောင်းဆိုနေကြတဲ့ တန်ဘိုးနည်းဖုန်းတွေကို သုံးခွင့် ရတော့ပါဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုခ ကျပ် ၅၀ သတ်မှတ်ထားပြီး ဖုန်းအ၀င်ပေးရန် မလိုဘူးလို့လဲ သိရပါတယ်။
တန်ဘိုးနဲ ဖုန်းကဒ် ရောင်းချမှု ပထမအစီအဖြစ် ဆင်းကပ် အရေအတွက် တလကို ၃ သိန်းခွဲ ရောင်းချပေးသွားမယ်လို့ သိရပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း လိုင်း ၆ သန်းနီးပါး အသုံးပြုနေပါတယ်။
Credit :  DVB TV News

Sunday, 31 March 2013

Love Coffee ညစ်ညမ်းကော်ဖီ




“သ င်္ကြန် အ တွင်း မိန်း က လေး များ အ ထူး သ တိ ပြု ရ မည့် ကာ မ စိတ် ကြွ စေ နိုင် သည့် ကော် ဖီ မစ်” ဆို တဲ့ သ တိ ပေး သ တင်း တ ခု ကို (ဖေ့စ် ဘွတ်) မှာ အ ခု တ လော တွေ့ ရ ပါ တယ်။ ဒါ နဲ့ လေ့ လာ ကြည့် တော့ ဒီ လို ဒီ လို တွေ့ ရ ပါ တယ်။
ကော် ဖီ မစ် တော့ မ ဟုတ် ပါ။ တ ရုပ် လုပ် ဖြစ် ပါ တယ်။ Love Coffee (XS-X0014-D) လို့ အ ရောင်း ကု မ္ပ ဏီ ရဲ့ ဝက်ဘ် ဆိုက်မှာ တွေ့ ရ ပါ တယ်။

Aphrodisiac coffee products "လိင် စိတ် အား ပေး စေ တဲ့ ကော်ဖီ" လို့ ရေး ထား ပါ တယ်။ ကြော် ညာ တဲ့ ဆိုက က ရေး ထား တဲ့ အ င်္ဂ လိပ် စာ က အ မြီး အ မောက် သိပ် မ တည့် တာ လည်း သ တိ ထား မိ ပါ တယ်။ ကြော် ညာ ထဲမှာ (ပရက် ဆီးဒင့်) ဆို သူ ဟာ ဒီ ကော် ဖီ ဆို တာ သောက် ပြီး ၁ဝ မိ နစ် နေတော့ အ သက် ရှူ မ ဝ သ လို ဖြစ် လာ၊ ခေါင်း ထဲ ရှိ တာ ကို ဖွင့် ပြ ချင် လာ၊ ဆန့် ကျင် ဘက် လိင်နဲ့ အ တူ နေ ချင် လာ တယ် လို့ ဆို ပါ တယ်။
3000 mg ပါတဲ့ ၄ ထုပ်ကို စက္ကူ ဘူးမှာ ထည့်ပြီး ရောင်းချ ပါ သတဲ့။ တထုပ်ကို ရေနွေး ပူပူ ၁၅ဝ စီစီ ထဲမှာ ဖျော် ရတယ်။
သတိ ပေးချက် တွေလည်း ရေးထား ပါသေး တယ်။ အသက် ၁၈ နှစ် အောက် မိန်း ကလေး များ မ သောက်ရ။ မဖွယ် မရာ လိင် ဆက်ဆံ ရာမှာ မသုံးရ။ ကိုယ်ဝန် ဆောင်နေရင် ရှောင်ကျဉ်ပါ။
ဒီ ကုမ္ပ ဏီရဲ့ ထုတ် ကုန် စာ ရင်း ထဲမှာ ဒါ တွေ လဲ ပါ သေး တယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာ ရေးနှင့် လိင်ဘက် ဆိုင်ရာ ထုတ် ကုန်များ = ကွန်ဒွမ်၊ လိင် ဆေး တောင့်၊ လိင် ဆေးပြား၊ ဗိုင် ယာ ဂရာ (ပန်း သေခြင်း အတွက် ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခု ပြော နေတာ က ဒီခေါင်း စဉ် အောက် ကပါ။
တရုပ် နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုး မြို့က ထုတ်နေ တာဖြစ် ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုး အတွက် ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျား အင်္ဂါ ကြီးဆေး၊
• Mens Coffee ယောက်ျား သောက် ကော်ဖီ၊
• Ten days erection ကျား အင်္ဂါ သန် မာ စေ မဲ့ ဆေး၊
• STIFF NIGHTS ကျား- စိတ် လာ ဆေး၊
• Love Coffee မ- စိတ် လာ ဆေး စတဲ့ တခြား ဆေး အ မျိုးမျိုး တွေလည်း ရောင်း တယ်လို့ ကြော် ညာမှာ  ပါတာ ဖတ် ရ ပါ တယ်။
ကြော် ညာ မှန်း သိ တာ တာ နောက် တ ချက်က သူ့ ဝက်ဘ် ဆိုက်ကို ဖွင့် နေရင်း ဆေး အရောင်း ကိုယ်စား လှယ်က We are online ကျွန်တော် တို့ အွန်လိုင်း မှာရှိ ပါတယ် ဆိုပြီး အသိ ပေးချက်က တောက်လျှောက် ထွက်နေ ပါတယ်။ FDA ခေါ်တဲ့ အစိုးရ ကနေ တရားဝင် ခွင့်ပြုချက် မပါတာ သတိထား ရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှု အတွက် သုတေ သန လုပ်ထား တာတွေ မတွေ့ ရပါ။
ဒေါက်တာတင့်ဆွေ

မ်ာဒယ်လေး.....နာမည်ကြီးချင်လို့ လား? လူသိများချင်လို့ လား?(ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာလား?


 
 အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။ 

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ 
 

ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။ 
 
 ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။
  ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ်   နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

 ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။
 ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။ အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။ ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

 ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။ အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။ 
 ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။ cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
 
 
၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။ vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။ ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

 ၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။ 
 
 ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။ ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။ 
 
၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။  
 
  ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူ့မျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။ 
 

From:စင်္ကာပူဖီး