အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label အင်္ဂလိပ်လိုလေ့ကျင့်ကြမယ်.... Show all posts
Showing posts with label အင်္ဂလိပ်လိုလေ့ကျင့်ကြမယ်.... Show all posts

Monday, 22 August 2011

အင်္ဂလိပ်လိုလေ့ကျင့်ကြမယ်...

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ။
                နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံက Company ကြီးတွေမှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် ကမ္ဘာသုံးဘာသာ စကားတစ်ခုဖြစ်တဲ့ အင်္ဂလိပ်စာဟာ အရေးကြီးပါတယ်။ နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနည်းတွေကို သင်ယူဖို့သင်တန်းတွေ ရှိ ပေမယ့် အင်္ဂလိပ်လိုဖုန်းပြောခြင်းကို သီးသန့်သင်တာမျိုးကိုတော့ မတွေ့မိပါဘူး(ကျွန်တော်လက်လှမ်းမမှီတာလည်းဖြစ်နိုင်ပါတယ်) ။  ဒါကြောင့် Oxford University က ထုတ်ဝေတဲ့ English For Telephoning စာအုပ်နဲ့ အသံဖိုင်တွေကို မျှဝေပေးလိုက်ပါတယ်။ သူ့စာအုပ်ထဲမှာ သင်ပေးတဲ့ ပုံစံက အသံဖိုင်ကို နားထောင်ပြီး မေးခွန်းတွေကို ပြန်ဖြေခြင်းပါ။ Phone Reception တွေမှာ တာဝန်ကျတဲ့ သူတွေအတွက် ပိုပြီး အသုံးတဲ့မယ်လို့ထင်ပါတယ်။ အသံဖိုင်ကို နားထောင်ရတာဖြစ်တဲ့အတွက် Listening Skill ကိုတိုးတက်စေနိုင်ပါတယ်။ အသံဖိုင်ကို နားထောင်ရင်းနဲ့ ပါးစပ်က လိုက်ပြောနေလို့ရတာမို့ Speaking Skill ကို တိုးတက်စေမယ်လို့ ထင်ပါတယ်။  အခြား အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ကျွန်တော့်မှာ ရှိပါသေးတယ်။ အဆင်ပြေရင် ပြေသလို တင်ပေးလိုက်ပါမယ်။ အတွဲလိုက်ဆိုရင် ဒေါင်းလို့မရမှာစိုးလို့ အပိုင်းလေးတွေခွဲပြီး Mediafire ကနေပဲ တင်ပေးလိုက်ပါတယ်။ လေးပိုင်းစလုံး ပြီးတော့မှ Extract လုပ်ရမှာပါ ။ Mediafire ပိတ်ခံထားရတယ်ဆိုရင် Internet Explorer ကို Ultra surf နဲ့ဖွင့်ပြီး ကျော်လို့ရပါတယ်။
http://www.mediafire.com/?56d39v73x8d4c3f
http://www.mediafire.com/?gi05y29d93m94dv
http://www.mediafire.com/?jy3jbrgewaadxnt
http://www.mediafire.com/?3xm4imul1a5cz7i
မမသူဇာအောင် ပေးပို့သည်