အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label အမေ သို့ မဟုတ် မြင်တွေ့ နိုင်သော ဘုရား. Show all posts
Showing posts with label အမေ သို့ မဟုတ် မြင်တွေ့ နိုင်သော ဘုရား. Show all posts

Sunday, 24 November 2013

အမေ သို့ မဟုတ် မြင်တွေ့ နိုင်သော ဘုရား


=========================

မင်းကလေးဘ၀မှာ မင်းဘယ်အချိန်မှာပဲငိုငို သူမက မင်းရဲ့ ဘေးမှာ အမြဲတမ်းရှိနေတတ်တယ်။ဒီလိုနဲ့ မင်းရှင်သန် ကြီးပြင်းလာတယ်။

မင်းခြေဖ၀ါးနုနုလေးပေါ် မတ်တပ်စမ်းထနိုင်တဲ့ အချိန် သူမက ပျော်လွန်းလို့ ထခုန်ခဲ့တယ်။
မင်းဟာယုံကြည်မှုတွေနဲ့ ကြီးပြင်းလာခဲ့တယ်။
မင်းရဲ့ ပထမဆုံး မွေးနေ့ ပွဲကို သူမရဲ့ ပျော်ရွင်မှုနဲ့ ကျင်းပပေးခဲ့တယ်။ မင်းကိတ်မုန့် စားခဲ့ရတယ်လေ။

မင်းပထမဆုံးကျောင်းတတ်တဲ့နေ့ က သူမက မင်းကို သကြားလုံးလေးတွေ ပေးလိုက်တယ်။
မင်းတော်တော် သဘောကျမှာပဲ။

သူမက သူ့ အတွက် အ၀တ်ဝယ်မယ့်ငွေနဲ့  မင်းဝတ်ဖို့ 
အ၀တ်တွေ ၀ယ်ပေးခဲ့တယ်။
မင်းလည်း သူငယ်ချင်းတွေကို သူမ၀ယ်ပေးတဲ့ အ၀တ်တွေနဲ့ လိုက်ကြွားခဲ့တယ်လေ။

မင်းနေမကောင်းတော့ သူမက ဆရာဝန်ဆီ ခေါ်သွားပေးခဲ့တယ်။
နောက်တော့ မင်းနေကောင်းသွားတယ်လေ။

သူမရဲ့ မိတ်ဆွေရဲ့ ကလေးနဲ့ မင်းရန်ဖြစ်တော့ သူမက သူ့ မိတ်ဆွေနဲ့ စကားများခဲ့တယ်။
မင်းရဲ့ အပြစ်ကင်းမှုကို သက်သေပြဖို့  သူ့ မိတ်ဆွေကို ဆုံးရှံးခဲ့ရတယ်။
မင်းဒါကို သတိမထားမိခဲ့ဘူး။

သူစုထားတဲ့ငွေနဲ မင်းကို စက်ဘီးလေး ၀ယ်ပေးခဲ့တယ်။
မင်းကလည်း ဂုဏ်ယူစွာနဲ့ စီးခဲ့တယ်။
မင်းပထမဦးဆုံး ရုံးတတ်တဲ့နေ့ မှာ အမေက မင်းအကြိုက်ဆုံး မနက်စာကို ပြင်ဆင်ပေးခဲ့တယ်။
မင်း အမှီခို ကင်းလာပြီလေ။

မင်းပထမဆုံးရတဲ့ လစာနဲ့ အိမ်ပြန်လာတော့ သူမက တံခါးဝကနေ မျှော်နေခဲ့တယ်။
သူမက ဘုရားသခင်ရဲ့ ချီးမွမ်းမှုကိုပဲ မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် မင်းသူငယ်ချင်းတွေနဲ့  ဧည့်ခံပွဲလုပ်နေခဲ့တယ်။

မင်းချစ်သူနဲ့ လက်ထပ်တုန်းက သူမကဆုတွေ ပေးလိုက်တယ်။
သူမရဲ့ အချစ်တွေကို ချွေးမအတွက်ပါ မျှဝေပေးခဲ့တယ်။

အခုသူမအသက်ကြီးလာခဲ့ပြီ။
အထီးကျန်ဆန်လာတယ်။
ဒါပေမယ့် သူမက မင်းအတွက် အမြဲတမ်း စဉ်းစားပေးနေတုန်းပဲ။

သတိရစမ်းပါ။သူမမှာ ရှိတာတွေ မင်းကို အားလုံးပေးခဲ့တယ်ဆိုတာကို။
အချိန်မနှောင်းခင် မင်းရဲ့ သူမအပေါ်ထားတဲ့ ချစ်ခြင်းကို ထုတ်ပြလိုက်စမ်းပါ။

ခဏလောက် စဉ်းစားကြည့်ပါ။
မင်းအတွက် သူမစွန့် လွတ် အနစ်နာခံခဲ့ရတာကို အတိတ်ကာလတစ်လျှောက်မှာ မင်းအတွက် နာကျင်စွာနဲ့ 
ရုန်းကန်ခဲ့ရတာကို။
ဒါတွေက မင်းတစ်ယောက်တည်းအတွက်ပါ။

မင်းပိုင်ဆိုင်တဲ့ အချိန်တွေထဲက အနည်းငယ်ကို သူမအတွက် နည်းနည်းလောက်ပေးလိုက်ပါ။
မင်းရဲ့  ချစ်ခင် ဂရုစိုက်မှုတွေထဲက အနည်းငယ်ကို သူမကို ဝေမျှလိုက်ပါ။
ဒါက သူမအမျှော်လင့်ဆုံးအရာပါ။

သူမကို ချစ်ကြောင်းပြောပေးပါ။
သူမကို ဂရုစိုက်ကြောင်းပြောပေးပါ။
မင်းဘယ်ကိုပဲ ရောက်ရောက် သူမက မင်းနဲ့ အတူရှိနေချင်တယ်။

The Only God You Can See ကို ဘာသာပြန်ဆိုသည်။

ဟိုးဟိုးကျော်
Like · ·