အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label အတူတူမအိပ်သင့်သော အရာများ. Show all posts
Showing posts with label အတူတူမအိပ်သင့်သော အရာများ. Show all posts

Wednesday, 29 May 2013

အတူတူမအိပ်သင့်သော အရာများ


မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကိုမျှဝေလိုက်
ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

 
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....
ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်း သိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ ........... :) ok
၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကိုနိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာအသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်တော်တိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့်ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....
၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀
 နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...
ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမများနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့...

အဲဒီလို ခဲ့အိပ်မယ်ဆိုရင် စအိပ်စဉ်တုန်းက အိပ်ယာပေါ်မှာ   ဖြစ်ပေမယ့်   နိုးလာရင်တော့ ထောင်ထဲရောက်ချင်ရောက်နေပါလိမ့်မယ်။ ( ခြင်ထောင်ဖြစ်ချင် ဖြစ်မှာပေါ့နော့၊ ခြင်ကိုက်မှာဆိုးလို့ နေမှာ။) ဟတ်ဟတ် ကဲကဲ အတည်
 ပြောပါမယ်။ အဲဒီလို ခဲ့အိပ်မယ်ဆိုရင် ရရှိလာမဲ့ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်ရဲ့ နာမည်၊ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ အနာဂတ် စတာတွေနဲ့ အလဲ အထပ် လုပ်ရတတ်ပါတယ်။

သူငယ်ချင်း အားလုံး ကျန်းမာချမ်းသာကြပါစေ။