ကျွန်တော်တို့တွေဟာ ပစ္စည်းအသစ် အဆန်းတစ်ခု ထွက်လာပြီ ဆိုယင် စမ်းသပ်တဲ့ 
အနေနဲ့ စမ်းသုံးကြည့်ချင်ကြတဲ့ စိတ်ကလေးတွေ ဖြစ်တက်သလို သူများထက် ဦးအောင်
 ဦးဦးဖျားဖျား သုံးချင်တဲ့ စိတ်ကလေးတွေကလည်း ဖြစ်တက်ပါတယ်။ ဒါကြောင့် 
လက်ရှိ မိမိ ကွန်ပျုတာပေါ်မှာ Windows 7 တင်သုံးထားပြီး windows 8 ကိုလည်း 
စမ်းသပ်သုံးစွဲချင်သူများ အတွက် လက်ရှိ Windows 7 ကိုလည်း အလုပ်မပျက် 
ဆက်လုပ်နိုင်ပြီး Microsoft က ထုတ်ထားတဲ့ Windows 8 consumer preview 
ကိုလည်း စမ်းသပ်သုံးနိုင်အောင် Dual-Boot လုပ်ပြီး windows 8 ကို install 
ပြုလုပ်နည်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ကတော့ windows 8 ကို မတင်ခင်မှာ လုပ်ရမယ် အလုပ်တစ်ခုကတော့ 
windows 8 တင်နိုင်ဖို့အတွက် ကွန်ပျူတာ မှာ ရှိတဲ့ harddrive ကို windows 8
 အတွက် partition အသစ်တစ်ခု ပိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ လက်ရှိ
 windows 7 ကိုလည်း မထိခိုက်နိုင်ပဲ အသစ်ပိုင်းထားတဲ့ partition မှာ 
windows 8 ကို dual-boot အနေနဲ့ တင်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ ဖြစ်ပြမယ်
 အဆင့်တွေကို အလွယ်တကူလုပ်ခြင်းဖြင့် မိမိကွန်ပျုတာပေါ်မှာ windows 8 ကို 
အလွယ်တကူ တင်နိုင်မှာ ဖြစ်ပါတယ်။
Partition အသစ် ပြုလုပ်ခြင်း
အဆင့် (၁) အနေနဲ့ကတော့ windows 8 မတင်ခင် partition အသစ်မပိုင်းခင်မှာ 
မိမိကွန်ပျုတာမှာ ရှိတဲ့ အရေးတကြီး ဒေတာတွေကို အယင် backup လုပ်ထားပေးပါ။ 
ဒါမှလည်း windows 8 ကို တင်တဲ့ အချိန်မှာ တစ်ခုခုဖြစ်ခဲ့မယ် ဆိုယင် 
အရေးကြီးတဲ့ ဖိုင်တွေ မပျောက်နိုင် ၊ မပျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ 
ထိုနောက်မှာတော့ windows 8 တင်နိုင်ဖို့ အတွက် ပထမဦးဆုံး အဆင့်လို့ 
ခေါ်နိုင်တဲ့ new partition ပြုလုပ်ခြင်း အဆင့်ကို လုပ်ဆောင်တော့ မှာ 
ဖြစ်ပါတယ်။ new partition အသစ်အတွက် လိုအပ်တဲ့ အနည်းဆုံး ၀င်ဆန့်နိုင်မှု 
ပမာဏကတော့ 20GB ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း windows 8 အတွက် လိုအပ်တဲ့ 
ပမာဏအပြင် windows 8 တင်ပြိး နောက်ပိုင်းမှာ လိုအပ်တဲ့ Essential software 
တွေကို တင်နိုင်မှာ ဖြစ်ပါတယ်။ အခု windows 8 တင်နိုင်ဖို့ အတွက် 
လိုအပ်တဲ့ new partition ကို စတင်ပြီး ရယူနိုင်ဖို့ အတွက် Disl Management 
ကနေ တဆင့် partition ကို ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Start Menu မှာ 
တဆင့် Right click ကိုနှိပ်ကာ Computer option ကို သွားပြီး Manage ကို 
ကလင့်တစ်ချက် နှိပ်လိုက်ပါ။ Shortcut ကနေဆိုယင်တော့ ကီးဘုတ်မှာ ရှိတဲ့ 
Winndows key နဲ့ R key နှစ်ခုကိုအတူ တွဲနှိပ်လိုက်ပြီး Search box မှာ 
diskmgmt.msc ကို နှိပ်ပါကလည်း Disk management box ပွင့်လာမှာ ဖြစ်ပါတယ်။
အသစ်ပွင့်လာတဲ့ Dick Management box ရဲ့ နောက်ခြေ panel မှာ Graphic 
list အနေနဲ့ ပြထားတဲ့ ကွန်ပျူတာ မှာ ရှိတဲ့ harddrive မှာ ရှိတဲ့ 
ပမာဏအခြေအနေကို မြင်နိုင်ပါလိမ့်မယ်။ ထိုနောက် နေရာလွတ်များနေတဲ့ windows 7
 တင်ထားတဲ့ driver C: letter မှာပဲ ဖြစ်ဖြစ် တစ်ခြား ပိုနေတဲ့ အပိုင်းကနေပဲ
 ဖြစ်ဖြစ် windows 8 တင်နိုင်ဖို့ အတွက် နေရာလွတ် အနည်းဆုံး 20 GB ကို 
ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွတ်ပိုများတဲ့ Drive partition 
တစ်ခုပေါ်ကို မောက်စ်ကလင့် တင်လိုက်ပြီး Right click နှိပ်လိုက်ပါ။ 
ထိုနောက် Shrink Volume ကို နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာတော့ မိမိ drive 
မှာရှိတဲ့ ပမာဏအပြင် Shrink လုပ်နိုင်မယ့် ပမာဏတို့ကို ပြသပေးမယ့် box 
တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီ box မှာပဲ မိမိအတွက် လိုအပ်တဲ့ 20 GB 
ရနိုင်ဖို့အတွက် 1 GB ကို ပမာဏအားဖြင့် 1024 MB သတ်မှတ်ထားတာမို့ 20 GB 
အတွက် 20480 MB ကို ပြင်ဆင် သတ်မှတ်လိုက်ပါ။ ဒီလိုလုပ်လိုက်ပါက 
ပထမဦးဆုံးအနေနဲ့ မိမိ အသစ်ရယူလိုက်တဲ့ partition အသစ်ဟာ အသစ်စက်စက် 
ဘာမှမလုပ်ရသေးတဲ့ အဆင့်ကို ရောက်နေပါလိမ့်မယ်။ ထိုနောက်မှာတော့ 
အသစ်ပိုင်းလိုက်တဲ့ partition အသစ်ကို Right Click ကို နှိပ်လိုက်ပါက New 
Simple Volume Wizard box တစ်ခု ကျလာပါလိမ့်မယ်။ ဒီ box မှာ အခု box ဟာ 
အသစ်ပိုင်းထားတဲ့ partition အတွက် အသိအမှတ်ပြုလုပ်ပေးမယ့် အဆင့်ဖြစ်ပြီး 
စတင်ပြုလုပ်မယ် ဆိုယင် NEXT ကို နှိပ်ပါလို ဖော်ပြထားပါလိမ့်မယ်။ NEXT ကို 
နှိပ်လိုက်ပါက မိမိ ယခင် ရယူထားတဲ့ 20480 MB ကို Driver Letter 
သတ်မှတ်ခြင်း နှင့်အတူ နာမည်အသစ်တစ်ခု ပေးခြင်း လုပ်ငန်းစဉ်များကို 
ပြုလုပ်လိုက်ပါက ပထမဦးဆုံး အဆင့်အနေဖြင့် windows 8 တင်ရန်အတွက် partition
 အသစ်ရယူခြင်း လုပ်ငန်း ပြီးဆုံးမှာ ဖြစ်ပါတယ်။ နောက် အဆင့်ကတော့ windows 8
 ကို စတင် install ပြုလုပ်ခြင်း အဆင့်ပဲဖြစ်ပါတယ်။
Windows 8 အား မိမိ ကွန်ပျုတာ အတွင်း Dual Boot အနေဖြင့် install ပြုလုပ်ခြင်း
Windows 8 ကို စတင်ပြီး install ပြုလုပ်မယ် ဆိုတော့ သင့်ဆီမှာ windows 8
 အတွက် boot DVD သို့မဟုတ် USB နဲ့ ပြုလုပ်ထားတဲ့ USB boot တစ်ခုခုတော့ 
ရှိနေမယ်လို သတ်မှတ်ထားပါ့မယ်။ ဒါမှလည်း ဒီလုပ်ငန်းစဉ်ကို စတင်နိုင်မှာ 
ဖြစ်လိုပါ။ ဒီအဆင့်တွေကိုပါ ထပ်မံ ရှင်းကယင်တော့ အလွယ်တကူ ပြန်ပြောရယင် 
အလွယ်ကူဆုံးဖြစ်တဲ့ windows 8 boot DVD ကို CD အရောင်းဆိုင်တွေက 
ပြေးဝယ်လိုက်တာက မြန်ပါတယ်။ USB ကနေ boot အနေနဲ့ သုံးနိုင်ဖို့ အတွက်က 
လုပ်ဆောင်ရမယ် အဆင့်တွေက သင့်အတွက် စိတ်ပျက်စရာ တွေ ဖြစ်လာနိုင်မှာပါ။ 
လုပ်တက်နေယင်တော့ ဒါဟာ အလွယ်လေးပါလား ဆိုတာ သိပေမယ့် စတင်ပြုလုပ်မယ့် 
သူတစ်ယောက်အတွက်ကတော့ ပင်ပန်းမှာပါ။ ဒါကြောင့် Windows 8 boot DVD ကနေ 
တင်လိုက်တာက အလွယ်ဆုံးနဲ့ အမှန်ကန်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။( 
စကားချပ်။ ။တကယ်လို USB ကနေ Boot ပြုလုပ်ပြီး တင်နည်းကို သိချင်ယင်တော့ 
သီးသန့် ဆောင်းပါး တစ်ခု အနေနဲ့ ထပ်မံ တင်ပြပေးပါမယ်။) ဒီတော့ ပထမဆုံး 
windows 8 တင်နိုင်ဖို့ အတွက် DVD boot အခွေကို DVD Driver ထဲကို 
ထည့်လိုက်ပါ။ ထိုနောက် ကွန်ပျုတာ ကို restart ပြန်ချလိုက်ပြီး first boot 
အတွက် DVD drive ကို ရွေးချယ်ပေးရပါမယ်။ ဒီအဆင့်မှာတော့ သာမန်ကွန်ပျုတာ 
အများစုဟာ windows boot တက်ဖို့ အတွက်ကို သာမန်အချိန်မှာ Harddrive ကိုသာ 
ပေးထားတက်ပါတယ်။ ဒါကြောင့် Windows 8 boot DVD အခွေကို first boot အနေနဲ့ 
တက်နိုင်ဖို့ အတွက် keyboard ကနေ Del ဆိုတဲ့ Delete key ကို နှိပ်ထားဖို့ 
လိုပါလိမ့်မယ်။ windows 8 boot DVD တက်လာပြီး ဆိုယင်တော့ ပထမဦးဆုံး 
မြင်၇ယင် screen ပုံစံက windows 7 နဲ့ အနည်းငယ် ဆင်တူလို့ ထင်ရနိုင်ပါတယ်။ 
ဒါပေမယ့်လည်း windows 8 အတွက် ယခု အချိန်မှာ developer preview အပြင် 
consumer preview ကိုပါ ထပ်မံ ထုတ်လုပ်ထားပြီး developer preview ကတော့ 
windows 7 လုပ်ဆောင်ချက်နဲ့ အနည်းငယ် တူနိုင်ပြီး consumer preview ကတော့ 
အနည်းငယ် ပြောင်းလဲထားပါလိမ်မယ်။ တက်လာတဲ့ box မှာ windows 7 လိုပဲ Inatall
 now ကို နှိပ်လိုက်ပါ။ ဒါဆိုယင်တော့ windows တင်မယ့် လုပ်ငန်းစဉ်အတွက် 
လိုအပ်တာတွေ ကို သူအလိုလို ပြင်ဆင်ပါလိမ့်မယ်။ ထိုနောက်မှာတော့ upgrade 
ဆိုတာနဲ့ custom နှစ်ခုထဲက custom လုပ်ငန်းစဉ်ကို ရွေးချယ်ရပါမယ်။ upgrade 
ကို ရွေးချယ်လိုက်မယ် ဆိုယင်တော့ မိမိလက်ရှိတင်ထားတဲ့ windows 7 ကို over 
raw အနေနဲ့ ပြုလုပ်သွားပါမယ်။ windows 8 တင်တဲ့ နောက်အဆင့်တွေကတော့ 
အရေးကြီးဆုံး ဖြစ်တဲ့ Driver ရွေးချယ်ခြင်း အဆင့်ပါပဲ။ ပထမအဆင့်မှာ 
မိမိပြုလုပ်ထားတဲ့ new partition ပေါ်မှာ သတ်မှတ်ပြိး windows 8 ကို 
အလွယ်တကူပဲ install ပြုလုပ်ခြင်းဖြင့် windows 8 တင်ခြင်း လုပ်ငန်းစဉ် 
ပြီးဆုံး သွားပါပြီ။ 
Windows 7 ကို First boot အဖြင့် သတ်မှတ်ပေးခြင်း
Windows 8 တင်ပြီး နောက်ပိုင်း restart ပြန်ကျပြီး windows 
ပြန်တက်လာချိန်မှာတော့ ပုံမှန်တက်လာနေကြပုံစံမျိုးမဟုတ်ပဲ Graphical boot 
menu အသစ်တစ်ခု အနေနဲ့ စတင်မြင်ရပါလိမ့်မယ်။ အဲဒီမှာတော့ ယခင်တင်ထားတဲ့ 
Windows 7 နဲ့ ယခုတင်လိုက်တဲ့ windows 8 ရယ်ဆိုပြီး OS နှစ်ခုကို 
မြင်နိုင်ပါလိမ်မယ်။ ဘာမှ မပြောင်းလဲခင်မှာတော့ ပထမဦးဆုံးအနေနဲ့ Windows 8
 ဟာ first boot အနေနဲ့ Default အနေနဲ့ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် windows
 7 ကို first boot အနေနဲ့ဖြစ်အောင် ပြုပြင်ရပါမယ်။ တကယ်လိုသာ windows 7 ကို
 first boot အနေနဲ မရွေးထားဘူဆိုယင် ၃ စက္ကန့်ကြာပြီးချိန်မှာ အလိုလိုနေယင် 
windows 7 က default အနေနဲ windows တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် windows 8
 ကို default ဖြစ်စေဖို့အတွက် boot screen ရဲ့ အောက်ခြေမှာ Change Defaults
 or Choose Other Options ဆိုတာကို နှိပ်ပြီး Choose the Default Operation
 System ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထိုနောက် Windows 7 ကို menu ကနေ 
ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို boot တက်ချိန်မှာ windows 8 ကို 
သုံးချင်တယ်ဆိုယင်လည်း ၃ စက္ကန့် မပြည့်ခင် ရွေးချယ်က 
အသုံးပြုနိုင်ပါလိမ့်မယ်။   http://moezartko.wordpress.com/2012/04/16/windows-7-%E1%80%94%E1%80%B2%E1%82%95-windows-8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%B4%E1%80%90%E1%80%AC%E1%80%B1%E1%80%95%E1%81%9A%E1%80%99/

0 comments:
Post a Comment