ရုရှားရုပ်မြင်သံကြား REN TV ရဲ့ သတင်းကြေငြာသူ 
တတ်ယာနာ လီမန်နိုဗာဟာ ဒီလ အစောပိုင်းက သတင်းရုပ်သံလွှင့်နေတာ 
အရှိန်အဟုန်နဲ့ ပျံသန်းနေတဲ့ ငှက်ကလေး တကောင်လိုပါပဲ။  ဒါပေမယ့် 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက် ဗုဒ္ဓဟူးနေ့ ကတော့ အင်တာနက် ဝဒ်ဆိုဒ်တွေပေါ်မှာ
 ဗိုင်းရပ်ပိုးတကောင် အဖြစ်ရောက်သွားခဲ့ပါတယ်လို့  လန်ဒန် နေ့ စဉ် 
တယ်လီဂရဖ် သတင်းစာက ရေးသားလိုက်ပါတယ်။ အခုတော့ အခြေအနေ တင်းမာမှုက သူမကို
 ရုပ်မြင်သံကြားဌာနက အလုပ်ဖြုတ်ဖို့ ဖန်တီးလာပါတယ်။
တတ်ယာနာ လီမန်နိုဗာဟာ ရုရှားရုပ်မြင်သံကြားမှာ သတင်းကြေငြာသူအဖြစ် 
ဆက်ပြီး လုပ်လို့        မဖြစ်နိုင်ဘုး။ လုပ်ရလိမ့်မယ် မဟုတ်ဘူးလို 
့ဆုံးဖြတ်ချက် ချလိုက်ပြီလို့  ဆိုထားပါတယ်။ အဲ့ဒီ 
သတင်းရုပ်သံလွှင့်ချက်ကတော့ အာရှပစိဖိတ် ပူးပေါင်းရေးအသင်းကြီးရဲ့ 
ဥက္ကဌရာထူးကို အလှည့်ကျ တာဝန်ယူရာမှာ၊ ရုရှားသမ္မတ ဒမစ်ထရီ မက်ဗီဒက်က 
အမေရိကန်သမ္မတ အိုဘားမားကို အစားထိုး နေရာယူမှာဖြစ်ကြောင်း 
ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နံမည်ကို 
ပြောတဲ့အခါ ရုပ်မြင်သံကြား သတင်းစာနယ်ဇင်းဆုတွေ ရရှိ ပိုင်ဆိုင်ထားသူ 
တတ်ယာနာ လီမန်နိုဗာက အင်မတန်ရိုင်းတဲ့ သကေတဖြစ်တဲ့ လက်ခလယ် 
လက်ချောင်းကို ထောင်ပြလိုက်ပါတယ်။
ဒီရုရှားရုပ်မြင်သံကြား အစီအစဉ်ကို ရုရှားတပြည်လုံးက ကြည့်ရှုသူ သန်း ၁၂ဝ ကျော်ရှိပါတယ်။
ဒီရုရှားရုပ်မြင်သံကြား အစီအစဉ်ကို ရုရှားတပြည်လုံးက ကြည့်ရှုသူ သန်း ၁၂ဝ ကျော်ရှိပါတယ်။
သူမထင်တာက ဒီနေရာမှာ သတင်းဆိုင်ရာ အရုပ်နဲ့  သုမရဲ့ အသံကိုသာ 
လွှင့်နေတယ်၊ သူမဟာ ကင်မရာရိုက်ကွင်းပေါ်မှာ မရှိဘူးလို့ ထင်ပြီး၊ 
စောစောပိုင်းက သုမကို နောက်ပြောင်ထားတဲ့ စတူဒီယို ခန်းမထဲက 
စက်မှုပိုင်းဆိုင်ရာ ပညာရှင်တွေကို ရည်ရွယ်ပြီး လက်ခလယ် လက်ချောင်းကို 
ထောင်ပြလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ 
ရိုက်ကူးထားချက်တွေကို ကြည့်တဲ့အခါ သတင်းကြေငြာသူ တတ်ယာနာ လီမန်နိုဗာဟာ 
သုမရဲ့ ပဟေဠိဆန်တဲ့ အယ်ဒီတာ့ အာဘော်သတင်းကို ဖတ်လွှင့်နေဆဲမှာ ကင်မရာကို 
ကြည့်နေတာ တွေ့ ရပါတယ်။
Copy From : http://patheincity.com
Copy From : http://patheincity.com



0 comments:
Post a Comment