အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ
Blogger templates
လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Monday, 24 February 2014
မိမိ Facebook Wall ပေါ်မှာ ဘယ်သူမှ စာမရေး/ပုံမတင်နိုင်အောင်လုပ်မယ်
ကျွန်တော်အခုရေးမယ့်အကြောင်းအရာလေးက လူအများသိချင်နေကြမှာပါ
သိပြီးသားလူလည်းရှိမှာပါ သို့သော် ဒီပို့စ်လေးကို မရေးချင်ပေမယ့်
တောင်းဆိုးထားတဲ့ လူတွေကြောင့် ရေးပေးလိုက်ရပါတယ်ခင်ဗျာ..
လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ကျွန်တော့်ကို မန္တလေးက အစ်ကိုတစ်ယောက်
ဖုန်းဆက်တယ် သူ့သူငယ်ချင်းကောင်မလေးရဲ့ facebook wall ပေါ်မှာ လူတစ်ယောက်က
ညစ်ညမ်းပုံတင်သွားတယ်.. ကောင်မလေးက ယှက်တာပေါ့ အဲဒါနဲ့ အကူအညီတောင်းတယ်
အဲဒါနဲ့ ဒီပို့စ်လေးရေးဖို့ဖြစ်သွားတာပါ ... အဲလိုမျိုးတွေဟာ မြန်မာလူမျိုးတွေအချင်းချင်း
မလုပ်သင့်တဲ့ အရာတွေပါ.. သူတစ်ပါး သိက္ခာကို စော်ကားတာ အရမ်းကို
မတရားလွန်းပါတယ် မလုပ်ကြပါနဲ့လို့ ကျွန်တော်အောင်ကျော်ကပဲ တောင်းပန်ပါတယ်ဗျာ
ကဲစရေးတော့မယ်နော်
စစချင်း မိမိ facebook လေးကို ဖွင့်လိုက်ပါ ပြီးရင် ညာဘက်မှာ Down arrow လေးရှိတယ်
အဲဒါလေးကိုနှိပ်လိုက် ပြီး၇င် Privacy settings ဆိုတာကိုနှိပ်လိုက်ပါ အောက်မှာပုံပြထားပါတယ်
နံပါတ် (၂) လုပ်ဆောင်ရမှာကတော့ Time and Tagging ရဲ့ ညာဘက်က Edit Setting ဆိုတာကို
နှိပ်လိုက်ပါ မရှင်း၇င် အောက်မှာပုံပြထားပါတယ်
နံပါတ်(၃) အနေနဲ့ အပေါ်က အတိုင်းနှိပ်လိုက်ရင် box လေးတစ်ခုထပ်ပေါ်လာပါလိမ့်မယ်
အဲဒီ မှာ ကျွန်တော် အနီနဲ့ဝိုင်းထားတဲ့နေရာလေးမှာ No One ဆိုပြီး သော့ခတ်
ထားတဲ့ပုံလေးဖြစ်အောင် ပြောင်းလိုက်ပါ ပြိးရင်တော့ Done ကိုနှိပ်လိုက်နော်
ဒါဆိုရင် သင့် Facebook Timeline ပေါ်မှာ ဘယ်သူမှ ရေးခွင့်မရှိတော့ပါဘူး
အောက်ကပုံလေးလိုပေါ့
Credit to www.aungkyaw.com
ပုံနဲ့တကွ လေ့လာချင်ရင် ဒီလင့်စ်လေးထဲဝင်ပြီးလေ့လာနိုင်ပါတယ်ခင်မျာ
http://servicebyart.blogspot.com/2013/06/facebook-wall_20.html
Sunday, 23 February 2014
Girls` Generation`s Yuri looking pretty
Girls` Generation`s Yuri looking pretty in white outfits while Girl’s Day group is hot!
17 hours ago
ft
Girls’ Generation’s Yuri attended the opening event of fashion brand “2econd floor” that was held at Lotte Department store in Jamsil, Seoul, on February 21.
Yuri dressed up in white shirt and white skinny jeans. She looks shiny and casual, ready to welcome spring.
“2econd Floor” is the first woman’s clothing brand that SK Networks launched recently. It combines contemporary designs with modern femininity for young character.
yuri2 #1
yuri3 #2
yuri5 #3
Besides Yuri, all members of Girl’s Day’s were also seen attending the event. Yuri, Yura, Minah, Sojin, and Hyeri all wore clothing from the collection
girlsday #4
Hyeri and Sojin
hyeri sojin #5
Yura and Minah
minah yura #6
Sojin
sojin #7
Minah
minah #8
Yura
yura1 #9
Hyeri
hyeri1 http://blog.asiantown.net/-/24635/girls-generation-s-yuri-looking-pretty-in-white-outfits-while-girl-s-day-group-is-hot
ဝမ်းဗိုက်အဆီကျ လိုပါသလား
vancouver_boudoir_lingerie_photography
33
6
မဲပေးပါ
(၁) လေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ
ဝမ်းဗိုက် အဆီကျအောင်စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ
အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ
ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့အုပ်စု
တစ်ခုရှိအမျိုးသမီးတွေကသာဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။
စွမ်းအားမြှင့်လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့
လေ့ကျင့်ခန်း အမျိုးအစားတွေပါဝင်နေပါတယ်။
(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ။
ဗိုက်ကိုတုန်ခါစေတဲ့စက်နဲ့အဆီချပေးတာကထိုင်-ထ လေ့ကျင့်ခန်းလုပ်သလို ခြောက်လအတွင်းမှာ
ဝမ်းဗိုက်အဆီကိုသိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။
(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ။
 စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့
ဆက်စပ်မှု ရှိပါ တယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင်
အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။
ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျပါလိမ့်မယ်
။
(၄) စောစော အိပ်ရာဝင်ပါ။
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက်
ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ
တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး
ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ
ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါသကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်
အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။
(၅) ရှလကာရည် သောက်ပါ။
တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက
အချဉ်ရှောင်တဲ့ တခြား သူတွေထက်ဗိုက်ပူတာငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်
လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။ရှလကာရည်မှာအဓိကပါဝင်တဲ့
AceticAcidဟာခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့်
ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာ မစားခင်မှာ
ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာ ရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။
(၆) ဒိန်ချဉ်စားပါ။
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀
မီလီဂရမ်လောက် ရနေရင်ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး
တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ကယ်လ်စီယမ်ဟာအဆီကို လောင်ကျွမ်းစေ
လို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြား အစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့
ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံ မာတဲ့ အစေ့အဆန်၊
ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ။
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။
အကြောင်း ကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း
ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာကအင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။
(၈) ဗီတာမင်ဒီကို ရယူပါ။
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်
ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို
ဖြစ်စေနိုင်ပါတယ်။
(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက
ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ
ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့
လွှမ်းမိုးမှုကို တိုးစေတာ ကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
From: နှင်းဆီဖူးလေးများ-Love BUDS
ထိုင်းဝန်ကြီး ချုပ် ဟောင်း နှစ်ဦး မြန်မာ နိုင်ငံ မှာ ဗေဒင် ၊ ယတြာ အစီအရင် တွေ လုပ်
30226513-01_big
7
1
မဲပေးပါ
The FNG BKK ထိုင်းဝန်ကြီး ချုပ် ဟောင်း သက်ဆက် ရှင်နာဝတ်ထရာ က သူ့ မိသားစု ၊ သူ့  လုပ်
ဖော် ကိုင်ဖက် အချို့ နဲ့ မြန်မာ နိုင်ငံ ရန်ကုန် မြို့  မှာ တွေ့ ဆုံ ခဲ့ တယ် လို့  လွှတ်
တော် အမတ် တစ်ဦး ဖြစ်သူ ဆုံချိုင်း ဆ၀န်ကန် ကို ကိုကား ပြီး ဘန်ကောက်ပို စ်
သတင်းစာ  မှာ ဖော် ပြထား ပါတယ်။
ရန်ကုန် ကို ရောက်ရှိ နေစဉ် မှာ ဘန်ကောက် က စီးပွား ရေး လုပ် ငန်းစု ဦးစီး ကွပ်
ကဲတဲ့ ရန်ကုန် မြို့  ချတ်ထရီယမ် ဟိုတယ် ရဲ့ ၁၀ ထပ် မြောက် အခန်း တစ်ခု မှာ
တည်း ခို ခဲ့ ပြီး ၂၀၀၈ ခုနှစ် မှာ ပါတီ ဖျက် သိမ်း ခံရ ပြီး ၀န်ကြီးချုပ် ဘ၀ ကနေ နိုင်
ငံရေး လုပ် ခွင့် ငါးနှစ် အပိတ် ခံရ တဲ့ ဆုံချိုင်း ၀ုန်ဆ၀တ် နဲ့  အဖွဲ့  ကို တွေ့ ဆုံ ခဲ့ ပါတယ်။
ဆုံချိုင်း ၀ုန်ဆ၀တ် က တော့ ရှစ် ထပ် မြောက် က အခန်း တစ်ခု မှာ တည်းခို ခဲ့ ပါတယ်။
ပြည်သူ့  အာဏာ (ပီပီပီ) ပါတီ ရဲ့  ခေါင်းဆောင် ဆုံ ချိုင်း ၀ုန်ဆ၀တ် ဟာ သက်ဆင်
ဖ ညီမ တို့  နဲ့  တွေ့  ဆုံ မှု ကို ထိုင်း ပြည်သူ အချို့  က ဝေဖန် မှု ပြု ကြရာ မှာ ဖေဖော်
ဝါရီ က ၂ ရက် နေ့  က ရွေးကောက် ပွဲ မှာ နိုင်ငံ ရေး လုပ် ခွင့် ပြန်ရ ပြီး လွှတ်တော် အမတ်
အဖြစ် ၀င်ရောက် အရွေးခံထား တဲ့ ဆုံ ချိုင်း ပါနေ လို့  ကြောင့် လို့  ဆို ပါတယ်။
ထိုင်းဝန်ကြီး ချုပ် ဟောင်း နှစ်ဦး ဟာ အထက် မြန်မာ နိုင်ငံ မန္တလေး မြို့ ကို သွားရောက်
ခဲ့ ပြီး အဲဒီ မှာ ဗေဒင် ၊ ယတြာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တစ်ဦး နဲ့  တွေ့ ဆုံ ကာ  ညီမငယ် ယင်
လပ် အစိုးရ ကို ပုန်ကုန် ထကြွ နေ တဲ့ ဆူထပ် သောင်ဆူဗန် တို့  ကို ဓာတ်ရိုက် ၊ ဓာတ်ဆင်
လုပ် ဖို့  ဖြစ်တယ် လို့  ဘန်ကောက် ပို့  စ် က ရေးသား ထား ပေမယ့် တစ်ဆက် တည်း မှာ
ပဲ ဆုံချိုင်း ပြော စကား ကို ကိုကား ပြီး  ” ယတြာ အစီအမံ မဟုတ် ပါ ဘူး ၊ ဘုန်းတော် ကြီး
တွေ သိက္ခာ ထပ် ပွဲ မှာ သံသရာ အပယ် တံခါး ပိတ်ဖို့  အတွက် ချွေးနဲစာ ထဲက တတ်စွမ်း
သမျှ ပါ ၀င် တာ ပါ ” လို့ ပြော ပါတယ်။
ထိုင်း နိုင်ငံ မှာ နိုင်ငံ ရေး မှတ် ချက် တွေ ကို Facebook ကနေ ပေး ရာ မှာ ကျော်ကြား တဲ့
ဘလောက်ဂါ နဲ့  နိုင်ငံ ရေး အကဲ ခတ် ဆီဝါ ဘွန်လတ် ကို FNG က ဆက်သွယ်မေး မြန်း
ရာမှာ တော့ ” သူ မြန်မာ ပြည် က ပြီး ရင် လာအို သွား ပါ အုံး မယ်။ ထိုင်း နဲ့  လာ အို မှာ
အခြေစိုက် တဲ့ ရှပ် နီ တွေ ထိုင်း နိုင်ငံ မြောက်ပိုင်း ကို စိမ့်ဝင် ပြီး မြောက် ပိုင်း ကို ခွဲ ထွက်
ဖို့  အကြံ ” လို့  ပြော ပါတယ်။
သက်ဆက် ဟာ မြန်မာ စစ်တပ် ရဲ့ ကျောထောက် နောက်ခံ နဲ့  တက်ကြွ တဲ့ ရှပ် နီ
အချို့  ကို မြန်မာ နိုင်ငံ မှာ သင်တန်း ပေး မှု တွေ ရှိ ကြောင်း ထိုင်း နိုင်ငံ ရေး အသိုင်း
အ၀ိုင်း က လည်း ခန့်  မှန်း ပြော ဆို ကြပါတယ်။
၂၀၀၁ ခုနှစ် မှ ထိုင်း ၀န်ကြီး ချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ တဲ့ သက်ဆင် ရှင်နာဝတ်ထ
ရာ ဟာ ၂၀၀၆ ခုနှစ် မှာ စစ်တပ် က အာဏာသိမ်းပြီး ရာထူး က ဖယ်ရှား ခြင်း ကို ခံ ရ ပါတယ်။
သူ့  ရဲ့  ညီမ ဖြစ် သူ ယင်လပ်ရှင် နာဝတ်ထရာ အစိုးရ က လည်း ဆန္ဒ ပြမှု တွေ ကြုံ ရတာ ကြောင့်
လွှတ်တော် ကို ဖျက် သိမ်းပြီး အိမ်စောင့် အစိုးရ အနေ နဲ့  ပြီးခဲ့ တဲ့ သတင်း ပတ် က ရွေးကောက်
ပွဲ ကျင်း ပခဲ့ ပါတယ်။
သက်ဆင် ဟာ ၂၀၁၃ ခုနှစ် အတွင်း မှာ မြန်မာ နိုင်ငံ ကို နှစ် ကြိမ် လာရောက် ခဲ့ ပြီး ၂၀၁၄ ခုနှစ်
အတွက် ကတော့ ပထမ ဆုံး အကြိမ် ဖြစ် ပါတယ်။ ၂၀၁၃ ခုနှစ် က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့ စင်္ကာပူ ခရီးစဉ် မှာ တော့ သက်ဆင် က လာရောက် တွေ့  ဆုံ ခဲ့ ပါတယ်။
ချမ်းသာ ကြွယ် ၀ ပြီး စီးပွားရေး စွမ်းဆောင် နိုင်မှု အမြင် ရှိတာ ကြောင့် ဒေသတွင်း နိုင်ငံ တွေ က သူ့ 
ကို နှစ်သက် ကြ ပါတယ်။
8607242781_6dc059a373_z
About these ads
အင်ပါယာ စတိတ် အဆောက်အဦ တွင် အ၀တ်ဗလာ အမျိုးသမီး အား ဓာတ်ပုံ
အင်ပါယာ စတိတ် အဆောက်အဦ တွင် အ၀တ်ဗလာ အမျိုးသမီး အား ဓာတ်ပုံ ရိုက်ကူးမှု အတွက် ဓာတ်ပုံဆရာ တရား စွဲခံရ
boobs14n-7-web
18
9
မဲပေးပါ
အမေရိကန် နိုင်ငံ နယူးယောာက် ပြည်နယ် ရှိ အင်ပါယာ စတိတ် အဆောက် အဦ ၏ ၈၆ ထပ် မြောက်
တွင် အပေါ်ပိုင်း ဗလာ ကျင်း အမျိုးသမီး တစ်ဦး အား ဓာတ်ပုံ ရိုက် ကူးခဲ့ မှု အတွက် အဆောက်အဦ
စီမံခန့် ခွဲ မှု အုပ်စု က ဓာတ်ပုံ ဆရာ အယ်လင် ဟန်ဆန် အား ဒေါ်လာ ၁.၁ သန်း လျှော် ကြေး ပေး
ရန် တရား စွဲ ဆိုထားသည်။
အဆောက်အဦ စီမံခန့် ခွဲ မှု အဖွဲ့  က ဓာတ်ပုံဆရာ ၏ လုပ်ရပ် သည် အဆောက် အဦ ၏ ဂုဏ် သတင်း ကို
ဖျက်ဆီး မှု ဖြစ်သည် ဟု ဆိုသည်။
အယ်လင် ဟန်ဆန် သည့် အပေါ် ပိုင်း ဗလာ ကျင်းသည့် အမျိုးသမီး များ အား နယူးယောက် ပြည်နယ်
တစ်ဝှမ်း တွင် Boobs Around Town ဓာတ်ပုံ ပရောဂျက် အဖြစ် ဓာတ်ပုံ ရိုက်ကူးနေခြင်း ဖြစ်သည်။
Photographer Allen Henson, who took topless photos of women on observation deck of Empire State Building in August, is now being sued for $1.1 million by the management.
Photographer Allen Henson, who took topless photos of women on observation deck of Empire State Building in August, is now being sued for $1.1 million by the management.
Photographer Allen Henson, who took topless photos of women on observation deck of Empire State Building in August, is now being sued for $1.1 million by the management.
The cover of Photographer Allen Henson's latest book, Fashion on the Rocks.
Customers at a trendy East Village restaurant were treated to dinner and a show when one of Allen Henson’s models  sat down at a table and bared her breasts in July.
Allen Henson’s 19-year-old model Cheyenne Lutek is flanked by two unidentifed New York City police officers on Avenue C.
Allen R. Henson
Customers at a trendy East Village restaurant were treated to dinner and a show when one of Allen Henson’s models bared her breasts there in July.
Allen Henson
About these ads
လူမျိုးတုန်း သတ်ဖြတ် မှု အတွက်
လူမျိုးတုန်း သတ်ဖြတ် မှု အတွက် တရားခွင် က မေးခွန်း တွေ ကို မလာဒစ် မဖြေ
140128123653-ratko-mladic-story-top
8
1
မဲပေးပါ
နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့တွင်  အခြေစိုက် သည့်  နိုင်ငံ တကာ ရာဇ၀တ် ခုံရုံး
တွင် တရားစွဲ ဆို စစ်ဆေးခံနေရသည့် ဘော့စနီးယား ဆာဘ်ဗိုလ်ချုပ် ဟောင်း ရက်ကို
မလာဒစ် က သူ့  ကို စွဲ ဆို ထား တဲ့ အမှု တွေ အတွက် မေးခွန်း တွေ ကို ဖြေဆို ဖို့ 
ငြင်းဆန် ခဲ့သည်။
တရားရုံး ၏ မေးခွန်း ခြောက်ခု တွင်  တစ်ခု ကို သာ ဖြေကြား ခဲ့ပြီး ကျန်တာ တွေ ကို သူ က
ဖြေဆို ဖို့  ငြင်းဆန် ခဲ့သည်။
ကုလ သမဂ္ဂ က ယူဂိုဆလားဗီးယား စစ်ရာဇ၀တ် မှု တွေ အတွက် ကျောထောက်
နောက် ခံ ပေးထား တဲ့ တရားရုံး ကို လည်း မလာဒစ် က စေတန် ရဲ့ ငရဲ လို့  ပြော
ပြီး စစ်ရာဇ၀တ် မှု တွေ အတွက် အပစ် မရှိ ဘူးလို့  သူ က ပြော ပါတယ်။
၁၉၉၂ မှ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့သည့် ဘော့စနီးယား ပဋိပက္ခ  များ အတွင်း ဌာနေ
မွတ်စလင် များ ကို ၈၀၀၀ ကျော် ကို ရက်စက် စွာ သတ်ဖြတ် ခဲ့သည့် ဘော့စနီးယား ဆာဘ်
ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် ကို  ယခင် နှစ် မေလ ၂၆ ရက်နေ့  က သူ ပုန်းအောင်း
ရာ ဆာဗီးယား မြောက် ပိုင်း ရှိ ဗော့ဗိုဒစ် ခရိုင် လာဇာရေဗို မြို့ ငယ်လေး တွင် ဖမ်းဆီး ရမိခြင်း
ဖြစ်သည်။
ဂျုရီလူကြီး များ စုံညီ တရား ခွင်ဉ် မလာဒစ် သည် လက်ခုပ် လက်ဝါး တီးခြင်း ၊ လက်မထောင်
ခြင်း တို့  ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး တရားသူ ကြီးများ က သူအား စွဲဆိုထား သည့် အမှု ပေါင်း ၁၁
ခု အနက် မှ အစုလိုက် အပြုံ လိုက် မျိုးပြုတ် သတ်ဖြတ် ခဲ့ မှု များ ကို စစ်ဆေး နေချိန် ဉ် ဖြစ်သည်။
ဘော့စနီးယား ၏ သားသတ်သမား ဟု နာမည် ကြီးသည့် မလာဒစ် ကို ယခင် နှစ် ဇွန်လ ၁ ရက်နေ့ 
က နိုင်ငံ တကာ တရား ရုံး သို့  လွှဲပြောင်း ပေး ခဲ့ သည်။
မလာဒစ် သည် ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ၁၉၉၅ ခုနှစ် ဉ်  ဆာရာယေဗို မြို့ ကို ၄၃ လ
ကြာ ပိတ်ဆို့ ထားစဉ် အတွင်း ခြောက်လသား ကလေး မှာ စဤ အသက် ၈၉ နှစ် အရွယ် ထိ လူ
ပေါင်း ၈၀၀၀ ကျော်ကို ရက်စက် စွာသတ် ဖြတ်ရန် အမိန့် ပေး ခဲ့သူ ဖြစ်ပြီး သူ၏ တပ်ဖွဲ့ များ က
သတ် ဖြတ်မှု ကြောင့် သေဆုံးသူများ တွင်အမျိုးသမီး နှင့် ကိုယ်ဝန်ဆောင် များ လည်း ပါဝင်သည်။
၂၀၁၁ ခုနှစ် တွင်  ဘောစနီးယား အစိုးရက မလာဒစ် ကို ဖမ်းမိနိုင်ရေး အတွက် ဆုငွေ တစ် သန်း
ထုတ်ပြန် ထားရာ မှ ဆုငွေ ၁၄ သန်း သို့ တိုးမြှင့် ပြီး နောက် တွင် ဖမ်းဆီး ရရှိ မိခဲ့ခြင်း ဖြစ်သည်။
မလာဒစ် သည် ၁၉၆၁ ခုနှစ် မာရှယ် တီးတိုး လက်လက် ထက် တွင် ယူဂိုဆလာဗီးယား တပ်မတော်
သို့  ၀င်ရောက် ခဲ့သည်။
မလာဒစ် သည် ၂၀၀၈ ခုနှစ် က ဖမ်းဆီးရမိခဲ့သည့် ရာဒိုဗန် ကာရာဇစ်(မလာဒစ် ၏ ဆရာ)
၊ သမ္မတဟောင်း ဆလို ဗိုဒန် မီလို ဆီဗစ် တို့ ပြီးလျှင် အဆင့် မြင့် ဆုံး စစ်ရာဇ၀တ် ကောင်
ဖြစ်ပြီး ၁၉၉၅ ခု နှစ် နိုင်ငံ တကာ ရာဇ၀တ်မှု ဆိုင်ရာ တရား ရုံး မှ ဖမ်းဝရမ်း ထုတ် ပြီး ချိန်
မှ စ၍ ၁၆ နှစ် ကျော် တိမ်းရှောင်ပုန်းအောင် နေခဲ့သည်။
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် (အားလုံးသိခွင့်ရအောင် ရှယ်ပေးပါ)
===========================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
◘◘နည်းလမ်း(၁)◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
◘◘နည်းလမ်း(၂)◘◘
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
◘◘နည်းလမ်း(၃)◘◘
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။
Credit to >> ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
Unlike · · · 3 hours ago ·